အခန်း (၁၁၇၅)
Vol. 84 Ch. 1175
“ငါက ရှန်းလျူယွင်ပဲ”
ရှန်းလျူယွင်က ကြောင်အနေသည်။ ခဏအကြာတွင် သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“ငါက ပြန်လည်မွေးဖွားလာတဲ့အတွက် ရှန်းအာရှန့် ဖြစ်သွားပြီ”
“ရှန်းအာရှန့်”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
ရှန်းအာရှန့်က ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။
“ရှန်းအာရှန့်က ဒီဘဝမှာ ပြောင်းလဲမှုမရှိဘဲ ဒီနေ့စကပြီး ယွင်လန်ဓားအင်မော်တယ်ကို ခစားမယ်။”
“ဘုန်း”
ကမ္ဘာတစ်ခုလုံးက သူ့စကားကို တုံ့ပြန်နေသည့်အလား တုန်ခါလာသည်။
လူတိုင်းက တိတ်ဆိတ်သွားသည်။
အင်မော်တယ်ဘုရင်က အင်မော်တယ်သခင်ကို အရှုံးပေးလိုက်သည်။
ထိုကိစ္စကို မည်သူက စိတ်ကူးထားမည်နည်း။
အင်မော်တယ်ဘုရင်များသည် လောကတွင် အသန်မာဆုံး ဖြစ်သင့်သည်။
“ဘန်း”
နတ်ဘုရားရင်းမြစ်နန်းတော်တွင် ကမ္ဘာတစ်ခုက ပျက်စီးပြီး ပျောက်ကွယ်သွားသည်။
နန်းတော်သခင်၏ မျက်နှာထားက အလွန်ဆိုးဝါးနေသည်။
“အင်မော်တယ်ဘုရင်ကျန်းရှုံးက ဘယ်မှာလဲ”
“ဟွမ်ကျန်းရှုံးက ဘယ်ရောက်နေတာလဲ”
“သူ့ကို တိုက်ခိုက်ခိုင်းလိုက်။ သူက နတ်ဘုရားလောကရဲ့ မျိုးဆက်သစ်တွေထဲမှာ အသန်မာဆုံးပဲ။ ဟန်မူယဲ့ကို သတ်ခိုင်းလိုက်”
နန်းတော်သခင်က ဟိန်းဟောက်သည်။
“နန်းတော်သခင်၊ ဟွမ်ကျန်းရှုံးက အဖွဲ့တစ်မှာပါ။ သူက တတိယအဆင့်မှာပဲ ဟန်မူယဲ့နဲ့ တွေ့နိုင်ပါလိမ့်မယ်”
ရှေ့ဆုံးတွင် ဝင်္ကပါကို ထိန်းချုပ်နေသော တာအိုတန်ခိုးရှင်က နောက်လှည့်လာပြီး ညင်သာစွာ ပြောလိုက်သည်။
မရေမတွက်နိုင်သော အလင်းလွှာများ၏ရှေ့တွင် မရေမတွက်နိုင်သော ခံစားချက်နှင့် ဆွေးနွေးသံများ ပေါ်ထွက်လာသည်။
အင်မော်တယ်ဘုရင်သည် အင်မော်တယ်သခင်ကို အညံ့ခံလိုက်သည်။ ထိုမြင်ကွင်းသည် အင်မော်တယ်လောက၏ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
အင်မော်တယ်ဘုရင်၏ ဂုဏ်ကျက်သရေသည် ကျဆင်းသွားသည်။
သူတို့၏ နှလုံးသားထဲတွင် ရည်ရွယ်ချက်များ ပေါ်ထွက်လာသည်။
သုံးရက်အကြာတွင် ကျယ်လောင်သောအသံနှင့်အတူ စင်မြင့်များအားလုံးက အလိုလျောက် ပျံသန်းသွားကြသည်။
“ဒုတိယအဆင့် စနေပြီ”
အလင်းလွှာတွင်ရှိသော မြင်ကွင်းကို ကြည့်လိုက်ပြီး ကျင့်ကြံသူများက တီးတိုးပြောနေကြသည်။
ရွှေတောင်ထွတ်၏ ဒုတိယအဆင့်တွင် စောင့်ကြပ်နေသော မရေမတွက်နိုင်သည့် သားရဲများကို ကျော်ဖြတ်ရမည်။
ထိုအဆင့်တွင် တချို့သားရဲများက ခုခံမှုတွင် ကျွမ်းကျင်ပြီး တချို့က တိုက်ခိုက်မှုတွင် ကျွမ်းကျင်သည်။
သို့သော် အဓိကအချက်သည် ထိုအဆင့်ကို ရှင်းလင်းရန် တစ်ရက်သာ အချိန်ရသည်။
တစ်ရက်အတွင်း မရှင်းလင်းနိုင်လျှင် သားရဲများက ပြိုင်ပွဲဝင်ကို ဝိုင်းရံထားပြီး ဆုတ်ခွာရန် တွန်းအားပေးလိမ့်မည်။ သို့မဟုတ် သေဆုံးသွားနိုင်သည်။
“ဒီအဆင့်ရဲ့ စည်းကမ်းတွေကရော ပြောင်းသွားပြီလား ....”
အလင်းလွှာ၏ရှေ့တွင်ရှိသော လူတစ်ယောက်က တီးတိုးပြောလိုက်သည်။
စည်းကမ်းများက အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့သည်။
ဒုတိယအဆင့်၏မြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်းက အံ့အားသင့်သွားသည်။
အလင်းလွှာတွင် ဟန်မူယဲ့က တစ်ယောက်တည်း ဖြစ်နေသည်။
သူစုစည်းထားသော လူများကို မမြင်ရတော့ပေ။
သူက ခန်းဆောင်တစ်ခုတွင် တစ်ယောက်တည်း ရပ်နေသည်။
အလင်းလွှာမှတစ်ဆင့် ခန်းဆောင်အား ဝိုင်းရံထားသော မရေမတွက်နိုင်သည့် သားရဲများကို မြင်နေရသည်။
ထိုနေရာသည် သားရဲများ၏ အဓိကနယ်မြေတစ်ခု ဖြစ်သည်။
“ရှေးခေတ်မိစ္ဆာသားရဲတွေပဲ”
ခြေလေးချောင်းနှင့် အနက်ရောင်ကြေးခွံရှိသော သားရဲများကို ကြည့်လိုက်ပြီး လူတစ်ယောက်က အော်ဟစ်သည်။
ရှေးခေတ်တွင် ထိုသားရဲများသည် စိတ်ထိန်းချုပ်ပြီး လူများ၏နှလုံးသားကို ခန့်မှန်းနိုင်သောကြောင့် ကျော်ကြားသည်။
“အဲဒါက အိပ်မက်ဆိုးခွေးပဲ”
“အိပ်မက်တွေကို စားသုံးပြီး ဝိညာဉ်ကို ထိန်းချုပ်တယ်”
“နဂါးမျိုးဆက်ကျောက်ထူ၊ အိပ်မက်တွေကို လမ်းပြနိုင်တယ် ....”
သားရဲများ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာပြီး ဟန်မူယဲ့ကို ဝိုင်းရံထားလိုက်သည်။
“အားလုံးက ရှေးခေတ်မှာ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ သားရဲတွေပဲ”
ဟန်မူယဲ့က ရွှေကျီးကန်း၏အသံကို ကြားလိုက်ရသည်။
“ဝင်္ကပါကို ထိန်းချုပ်နေတဲ့လူတွေက မင်းရဲ့ခွန်အားကို တွက်ချက်ထားတာပဲ ဖြစ်လိမ့်မယ်”
“သူတို့ရဲ့အမြင်မှာ မင်းရဲ့ ဝိညာဉ်စွမ်းအားက အားအနည်းဆုံးပဲ”
ထိုစကားကြောင့် ဟန်မူယဲ့က ရယ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်သည် နဂါးမိကျောင်း၏ စွမ်းအားနှင့် ပေါင်းစပ်ထားသည်။
သူက အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီး အစစ်အမှန်ဝိညာဉ်စွမ်းအားကိုလည်း ပေါင်းစပ်ထားသောကြောင့် အလွန်တည်ငြိမ်သည်။
သူ၏ ဓားနည်းစနစ်နှင့် စည်းမျဉ်းစွမ်းအားများကြောင့် လေးနက်သော ခံစားချက်ကို ပေးနိုင်သည်။
ထို့ကြောင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် ဟန်မူယဲ့၏ ဝိညာဉ်စွမ်းအားက အားနည်းသည်ဟု ထင်ရသည်။
သို့သော် သူက မူလဝိညာဉ်ဓားသုံးလက်ကို စုစည်းပြီး လောက၏ အရှားပါးဆုံးစွမ်းအားများကို သယ်ဆောင်ထားကြောင်း သူတို့ သိသွားလျှင် မည်သို့ ဖြစ်နေမည်နည်း။
သတ်ဖြတ်ခြင်းဓားသည် နဂါးမိကျောင်း၏ ခန္ဓာကိုယ်ကို ဖိနှိပ်ပြီး သန့်စင်နိုင်သည်။
ထောင်ချောက်ဓားနှင့် အင်မော်တယ်သတ်ဖြတ်ခြင်းဓားသည်လည်း အားကောင်းပြီး မိုးကြိုးနှင့် သွေးမျိုးဆက်စွမ်းအားကို ထိန်းချုပ်ထားသည်။
“သူတို့က ဟန်မူယဲ့ရဲ့ အားနည်းချက်ကို သိသွားပြီပဲ”
လူတစ်ယောက်က အလင်းလွှာတွင်ရှိသော မြင်ကွင်းကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
နောက်ကွယ်တွင်ရှိသော လူများက ဟန်မူယဲ့၏ အားနည်းချက်ကို မြင်နေရုံသာမက ဝင်္ကပါကို ထိန်းချုပ်ပြီး ဟန်မူယဲ့ကို အခက်တွေ့အောင် လုပ်ခဲ့သည်။
ဝိညာဉ်စွမ်းအားတွင် ကျွမ်းကျင်သော သားရဲများက ဟန်မူယဲ့ကို ဖိနှိပ်ပြီး တစ်ခါတည်း ရှုံးနိမ့်သွားအောင် လုပ်ပစ်လိမ့်မည်။
“ဂါး”
ပေသုံးဆယ်ကြီးမားပြီး ဝက်ဝံနက်တစ်ကောင်နှင့်တူနေသော အိပ်မက်ဆိုးခွေးက ပါးစပ်ဖွင့်လိုက်ပြီး ဟိန်းဟောက်သည်။ ထူးဆန်းသော အရိပ်တစ်ခုက ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။
ချက်ချင်းဆိုသလိုပင် ရောင်စုံနတ်ဘုရားအလင်းများက ဟန်မူယဲ့ဆီသို့ ရောက်လာကြသည်။
ဝိညာဉ်စွမ်းအားတွင် ကျွမ်းကျင်သော သားရဲများက တိုက်ခိုက်လိုက်ကြသည်။
“ဝီ”
ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင် ရွှေအလင်းသည် သွယ်ယှက်ပြီး စွမ်းအားကို ခုခံနေပုံရသည်။
သို့သော် ထိုစွမ်းအားသည် အလွန်များပြားသော သားရဲများကို မည်သို့ ခုခံနိုင်မည်နည်း။
“ဘန်း”
ဟန်မူယဲ့၏ ရွှေအလင်းက ပေါက်ကွဲထွက်သွားသည်။ ထို့နောက် ရောင်စုံနတ်ဘုရားအလင်းသည် သူ၏ စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်လာသည်။
အလင်းလွှာတွင်ရှိသော သူ၏ ပုံရိပ်က တောင့်တင်းသွားသည်။
“မကောင်းတော့ဘူး”
အလင်းလွှာကို စောင့်ကြည့်နေသော လူတစ်ယောက်က တီးတိုးပြောသည်။
“သူ့ဝိညာဉ်က ဝါးမြိုခံရတော့မယ်”
လူတစ်ယောက်က နောင်တများနှင့်အတူ ပြောသည်။
သူတို့၏အမြင်တွင် ဟန်မူယဲ့က လောင်ကြေးသန်းတစ်ရာသာ မဟုတ်ပေ။ သူက သူတို့ကို မျှော်လင့်ချက်ရှိလာအောင် လုပ်ပေးခဲ့သည်။
အင်မော်တယ်ဘုရင်များက ပြိုင်ဘက်ကင်းမဟုတ်ကြောင်း ပြသပေးခဲ့သည်။
ဤလောကတွင် အနိုင်မယူနိုင်သောအရာများ မရှိပေ။
သူတို့က ရှေ့ဆက်သွားသော ဟန်မူယဲ့ကို မြင်ချင်သည်။
သူတို့က ကျဆင်းသွားသော နတ်ဘုရားရင်းမြစ်နန်းတော်ကို မြင်ချင်သည်။
သို့သော် အားလုံးက ပျက်စီးသွားခဲ့သည်။
အားကောင်းသော သားရဲများ၏ လက်အောက်တွင် ဟန်မူယဲ့က လမ်းပျောက်သွားခဲ့သည်။
လောကတွင် နာမည်ကြီးသော ရှေးခေတ်၏ ထိုသားရဲများသည် ဟန်မူယဲ့၏ ဝိညာဉ်ကို ထိန်းချုပ်လိုက်ကြသည်။
အလင်းလွှာ၏ရှေ့တွင် နတ်ဘုရားကလန်သားများက ပြုံးနေကြသည်။
‘အဲဒီဟန်မူယဲ့က တခြားလူတွေကို ထိန်းချုပ်တဲ့နေရာမှာ တော်တယ်မဟုတ်လား’
‘သူက ကျွမ်းကျင်သူတွေကို စုစည်းခဲ့တယ်မဟုတ်လား’
‘အခု သူ့ဝိညာဉ်က ထိန်းချုပ်ခံနေရပြီ။ တခြားလူတွေက မသိကြသေးဘူး’
‘တတိယအဆင့်မှာ အဲဒီအကြောင်းပေါ်သွားရင် ကြည့်ကောင်းနေတော့မှာပဲ’
“ဟမ့်၊ သူ့ရဲ့ အခြေခံအုတ်မြစ်က အားနည်းလွန်းတယ်”
နတ်ဘုရားရင်းမြစ်နန်းတော်တွင် လူတစ်ယောက်က အေးစက်စွာ နှာမှုတ်လိုက်သည်။
“ငါက သူ့လျှို့ဝျက်ချက်တွေကို တကယ်မြင်ချင်တယ်”
လူတစ်ယောက်၏ မျက်လုံးများက တောက်ပလာသည်။
တခြားလူများကလည်း စိတ်ဝင်စားနေကြသည်။
“ထားလိုက်ပါတော့။ အရေးကြီးတဲ့ကိစ္စတွေကို ဦးစားပေးရမယ်”
နန်းတော်သခင်က ခေါင်းခါလိုက်ပြီး အလင်းလွှာကို ညွှန်ပြသည်။
“သူ့ကို ထိန်းချုပ်ပြီး တတိယအဆင့်ကို သွားခိုင်းလိုက်ပါ”
သူ၏စကားအဆုံးတွင် ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး မျက်လုံးများက တောက်ပလာသည်။
သားရဲများ၏ ခန္ဓာကိုယ်က အရွယ်အစားအမျိုးမျိုးရှိသော လူသန်ကြီးများအဖြစ် ပြောင်းလဲသွားသည်။
အပြင်လူများက အသွင်ပြောင်းထားသော သားရဲများကို ထွင်းဖောက်မြင်နိုင်မည်မဟုတ်ပေ။
“မင်းက မကောင်းဆိုးဝါးလေးပဲ။ ဒီလောက်များတဲ့ သားရဲဝိညာဉ်တွေကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်လိုက်တာလဲ”
ရွှေကျီးကန်းက ပြောလိုက်သည်။ ထိုစကားကို ကြားရသောအခါတွင် ဟန်မူယဲ့က ပြုံးသည်။
‘သူတို့က စိတ်နယ်ပယ်ထဲကို ဝင်လာရဲတယ်လေ’
ထိုသားရဲများ၏ ဝိညာဉ်စွမ်းအားသည် သူ့စိတ်နယ်ပယ်ထဲသို့ ရောက်လာသောအခါတွင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပေ။
ထို့အပြင် ခေးအော့၊ ဟွမ်သွမ်က စကားပြောခဲ့သည်။ ထို့ကြောင့် သူက ထိုသားရဲများကို ရဲတင်းစွာ ပြန်လည်ထိန်းချုပ်ခဲ့သည်။
ထိုသားရဲများသည် ခေးအော့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။
အလင်းလွှာကို စောင့်ကြည့်နေသော လူများ၏အမြင်တွင် ဟန်မူယဲ့က သားရဲများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
သို့သော် အမှန်တွင် ဟန်မူယဲ့က ထိုသားရဲများ၏သခင် ဖြစ်သွားသည်။
ဟန်မူယဲ့က ခန်းဆောင်ထဲမှ ထွက်လာသည်။ ခန်းဆောင်၏ အပြင်ဘက်တွင်ရှိသော သားရဲများက ဟိန်းဟောက်လိုက်ကြသည်။
ထို့နောက် သားရဲအဖြစ်မှ အသွင်ပြောင်းလာသော လူသန်ကြီးတစ်ယောက်က လက်မြှောက်ပြီး ရောင်စုံအလင်းကို ထုတ်လွှတ်သည်။
ထိုအလင်းသည် ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပေထောင်ချီပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။
သားရဲများက တစ်ကောင်ပြီးတစ်ကောင် ဒူးထောက်လိုက်ကြသည်။
သူတို့က အညံ့ခံနေသည်။
အလင်းလွှာတွင် လူသန်ကြီးဆယ်ယောက်နှင့်အတူ တစ်လှမ်းချင်းစီ ရှေ့တက်လာသော ဟန်မူယဲ့ကို မြင်နေရသည်။ လမ်းတစ်လျှောက်တွင် သားရဲများက အညံ့ခံနေကြသည်။
ထိုအချိန်တွင် လူတိုင်း၏ ခံစားချက်က ရှုပ်ထွေးနေသည်။
အကယ်၍ ဟန်မူယဲ့က ကိုယ်ပိုင်ခွန်အားဖြင့် ထိုသားရဲများအားလုံးကို ထိန်းချုပ်ခဲ့လျှင် လူတိုင်းက အံ့အားသင့်နေပြီး အားပေးကြလိမ့်မည်။
သို့သော် ယခုအချိန်တွင် ဟန်မူယဲ့ မရှိတော့ပေ။
ထိုသားရဲများက ဟန်မူယဲ့၏ဝိညာဉ်ကို ယူဆောင်သွားခဲ့သည်။
ထိုသားရဲများ၏ နောက်ကွယ်တွင် နတ်ဘုရားလောက၏ နတ်ဘုရားရင်းမြစ်နန်းတော် ရှိနေသည်။
အစစ်အမှန်စွမ်းအားသည် နတ်ဘုရားရင်းမြစ်နန်းတော်၏ လက်ထဲတွင် ရှိသည်။
“ဘုန်း”
ရှေ့တွင် ကျယ်လောင်သော ဟိန်းဟောက်သံကို ကြားရသည်။
မြင့်မားသော မြို့တံတိုင်းတွင် များပြားသော သားရဲများ ရှိနေကြသည်။
အောက်တွင် ကျင့်ကြံသူများက အစွမ်းကုန်သုံးပြီး တိုက်ခိုက်နေကြသည်။ အင်မော်တယ်သခင်ဖြစ်စေ၊ ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်ဖြစ်စေ ဤနေရာကို ကျော်ဖြတ်ရန် ကြိုးစားနေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့က တစ်ရက်သာ အချိန်ရသည်။
တစ်ရက်အတွင်း ဤနေရာကို မကျော်ဖြတ်နိုင်လျှင် သားရဲများအားလုံးက ဆင်းသက်လာပြီး သူတို့ကို တိုက်ခိုက်လိမ့်မည်။
ထိုအချိန်တွင် ကျင့်ကြံသူတစ်သိန်းခန့် ရှိနေသည်။
ပထမပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ ၃၀%က ထွက်သွားရသည်။
တချို့က အသတ်ခံလိုက်ရသည်။ တချို့က အရှုံးပေးသွားကြသည်။
အားနည်းသော ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကလည်း ထွက်သွားကြသည်။
အင်မော်တယ်သခင်နှင့် ရင်ဆိုင်နိုင်ပြီး ယုံကြည်ချက်ရှိသော ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကသာ ဒုတိယအဆင့်သို့ ဝင်ရောက်လာကြသည်။
သူတို့အတွက် ရလဒ်သည် အရေးမကြီးပေ။ ပြိုင်ပွဲတွင် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ရန်သာ လိုအပ်သည်။