ဝေဟင်သုံးပါး စမ်းသပ်ပွဲ သို့မဟုတ် ခရီးသုံးသွယ် စမ်းသပ်ပွဲ
Vol. 77 Ch. 1065
တစ်နာရီခန့် ကြာမြင့်ပြီးနောက် ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချကာ စာအုပ်ကို ပြန်သိမ်းလိုက်၏။ သူ၏ အမူအရာက စိတ်ပျက်ခြင်းနှင့် မချင့်မရဲ ဖြစ်ခြင်းတို့ ရောယှက်နေသည်။
စာအုပ်က အလွန် အဖိုးတန်ပေသည်။ ကြယ်တာရာ အမြုတေ အဆင့်လေးကို မရောက်သေးသည့် ကျင့်ကြံသူ တစ်ယောက် အာကာသ လမ်းစဉ်နှင့် ပတ်သက်၍ ထိုးထွင်း သိမြင်မှုများ ရရှိရန်၊ လျှို့ဝှက် ဆန်းကြယ်သည့် အာကာသ ကျင့်စဉ်များကို အသုံးပြုနိုင်ရန် လုံလောက်သည်။
သို့သော်လည်း... အချိန်၊ အာကာသ၊ ဟင်းလင်းပြင်နှင့် နက္ခတ် တည်းဟူသော လမ်းစဉ် လေးခုကို အလွန် နက်ရှိုင်းစွာ ဖမ်းဆုပ်ထားနိုင်သူ တစ်ယောက် အတွက်တော့ ထိုစာအုပ်က လုံးဝ မသုံးမဝင် သလောက်ပင်။
သူက ဟင်းလင်းပြင် နဂါးတစ်ကောင် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်နှစ်ကျော် ချီပျစ်ခဲခြင်း အဆင့်မှာ ရှိစဉ်ကတည်းက အာကာသ လမ်းစဉ်နှင့် ပတ်သက်သည့် သူ၏ ဗဟုသုတများမှာ ထိုစာအုပ်ထဲက အရားများထက် ပိုမိုပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ကျေနပ်ဖို့ ကောင်းတာတစ်ခုက... စာအုပ်၏ နှစ်ပေါင်း သုံးဆယ် လျှို့ဝှက်ချက်များကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သူ့ထံတွင် အခြားလူများ၏ ဝိညာဉ် အော်ရာများကို မြင်နိုင်သည့် စွမ်းအား မရှိချေ။ ကောင်းကင်ဘုံ နတ်မျက်လုံးများတွင်ပင် ထိုကဲ့သို့ စွမ်းရည် မရှိချေ။ လူတစ်ယောက်၏ ဝိညာဉ်မှ ဖြစ်ပေါ်လာသည့် အော်ရာကို သက်ဆိုင်ရာလူသာ မြင်နိုင်ပေသည်။ သို့သော်လည်း ဝိညာဉ်ချည်နှောင်ခြင်း ဆိုသည့် စကားလုံးက စာအုပ်၏ အလုပ်လုပ်ပုံနှင့် ပတ်သက်၍ သူ့ကို ဉာဏ်အလင်း ရစေခဲ့သည်။
အာကာသ လမ်းစဉ် စာအုပ်ထဲ၌ ရေးသားထားသည့် စကားလုံးများမှာ မူလ ပိုင်ရှင်၏ ဝိညာဉ် အော်ရာနှင့် တိုက်ရိုက် ချိတ်ဆက် နေသည်။ ဝိညာဉ် အော်ရာ ပိုင်ရှင် သို့မဟုတ်... ၎င်းနှင့် ချိတ်ဆက် နေသူများသာ ထိုစကားလုံးများကို မြင်နိုင်ပေသည်။
ကံကောင်းထောက်မတာက တစ်ခုက သူ့ထံတွင် ဝိညာဉ် အလင်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ဝေ့ဝူယင် အိုရီ၏ ဒြပ်စင် ဝိညာဉ်အလင်းကို သုံးကာ စာအုပ်ထဲရှိ စကားလုံးများကို ပြန်လည် သန့်စင်ခဲ့သည်။ ထို့နောက်... ကိုယ်ပိုင် ဝိညာဉ်အော်ရာနှင့် ပြန်လည် အစားထိုးခဲ့သည်။ ထိုနည်းဖြင့် နှစ်ပေါင်းသုံးဆယ် ပဟေဠိမှာ ပြေလည် သွားခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင် အတွေးများကို ပြန်လည် ရုတ်သိမ်းရင်း ပြတင်းပေါက် အပြင်ဘက်သို့ ပြန်လည် ကြည့်လိုက်သည်။ လျူစုယင်၏ အဆိုအရဆိုလျှင် ခရီးစဉ်က သုံးဆယ့်နှစ်ရက် ကြာမြင့်လိမ့်မည် ဖြစ်သည်။ ကောင်းကင် သင်္ဘော စထွက်သည့် အချိန်မှာ ငါးနာရီမျှသာ ရှိပေသေးသည်။ ဝေ့ဝူယင် ပြတင်းပေါက် အပြင်ဘက် ခုန်ထွက်ကာ ပေါ်တယ် တစ်ခုသာ ဖန်တီးလိုက်ချင်တော့သည်။ သို့သော်လည်း... အချို့အရာများကို လျှို့ဝှက် ထားသင့်ကြောင်း သူသိပေသည်။
“ဒါနဲ့ ဝေဟင်သုံးပါး စမ်းသပ်မှု ဆိုတာက ဘာလဲ...”
ဝေ့ဝူယင်က နောက်ထပ် ခေါင်းစဉ် တစ်ခုကို စပ်စုဖို့ ဆုံးဖြတ်လိုက်၏။ လျူစုယင်က မျက်လုံးများကို မှိတ်ထားရာမှ နောက်တစ်ကြိမ် ပြန်ဖွင့်ကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ယခုတစ်ကြိမ် သူမ၏ အကြည့်က အနည်းငယ် ပြောင်းလဲ သွားကာ ထူးဆန်းခြင်းများနှင့် ပြည့်နှက်နေ၏။
“ဝေဟင်သုံးပါး စမ်းသပ်မှု ဆိုတဲ့ နာမည်က အာကာသ ဝေဟင်ဂိုဏ်းထဲက ဝေဟင်ဆိုတဲ့ နာမည်ကို ယူပြီး အလွယ်ခေါ်ကြတာ... သူ့ရဲ့ တကယ့် နာမည် အမှန်က ခရီးသုံးသွယ် စမ်းသပ်မှုပဲ...”
“ခရီးသုံးသွယ် စမ်းသပ်မှုက အာကာသ ဝေဟင်ဂိုဏ်းရဲ့ အဓိက လိုအပ်ချက် သုံးခု ဖြစ်တဲ့ ဝိညာဉ်၊ ခွန်အားနဲ့ အဆုံးမဲ့ခြင်းတွေကို စစ်ဆေးတယ်... စစ်ဆေးမှု တစ်ခုချင်းစီကို ဝိညာဉ်ခရီး၊ လက်မလျှော့ခြင်း ခရီးနဲ့ လှည့်လည်ခြင်း ခရီး လို့ ခေါ်ကြတယ်”
“...”
ဝေ့ဝူယင် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ တစ်ချိန်တည်း၌ လျူစုယင်ထံမှ ထူးဆန်းသော အကြည့်ကို ခံစားမိလေရာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
‘ဝိညာဉ်အလင်းကြောင့်လား...’
ဝေ့ဝူယင်မှာ အရူးတစ်ယောက် မဟုတ်ချေ။ ဝိညာဉ်အလင်း၏ တည်ရှိမှုနှင့် အရေးပါမှုများ အကြောင်းကို သိရှိပြီး ဖြစ်သည်။ မူလ အလင်း ရင်းမြစ်အရ ပုံမှန်အလင်း အမျိုးအစားမျးမှာ အနက်၊ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းနှင့် အဖြူတို့ ဖြစ်သည်။ ထူးခြားသော နည်းလမ်းများနှင့် အဂ္ဂိရတ် ထုတ်ကုန်များကို သုံးမှသာ အစစ်အမှန် အလင်း ဖွဲ့စည်းလာနိုင်သည်။
သို့သော်လည်း... ဝိညာဉ်အလင်းမှာ အစစ်အမှန် အလင်းထက် ပိုမို လျှို့ဝှက် ဆန်းကြယ်ပေသည်။ ၎င်းမှာ ကွင်းဆယ့်သုံးကွင်း ဝိညာဉ် ဆင်းတု၊ မဟာ အာကာသ ဆုံမှတ် ပဲ့တင်သံလှိုင်း၊ အနက်ရောင် မြေဆွဲအား ဗဟိုထု တို့နှင့် ညီမျှသည့် ဖြစ်တည်မှု တစ်ရပ် ဖြစ်သည်။ ၎င်တို့ကို ကျင့်ကြံခြင်း အခြေခံ တစ်ခုချင်းစီ၏ အဆုံးစွန်သော အကန့်အသတ်ဟု ဆို၍လည်း ရပေသည်။
“ခရီးသုံးသွယ်ပေါ့လေ... နာမည်ကတော့ အမိုက်သားပဲ... ဒါနဲ့ အဲဒါက အခြားဂိုဏ်းတွေမှာ လုပ်တဲ့ ရွေးချယ်ခံ စမ်းသပ်မှု သုံးခုလိုမျိုးလား”
ဝေ့ဝူယင်က မေးလိုက်၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၌ နှစ်အနည်းငယ် ကျင်လည်ခဲ့ပြီး နောက်တွင် ဂိုဏ်းအများစု သတ်မှတ်ထားသည့် ရွေးချယ်ခံ စမ်းသပ်မှု သုံးခု အကြောင်း သူ ကြားဖူးနားဝ ရှိခဲ့ပြီး ဖြစ်သည်။ တန်ခိုးရှင် ဂိုဏ်းကြီးများတွင် ရွေးချယ်ခံတိုင်း လိုလိုမှာ ထိုအဆင့် သုံးဆင့်ကို ကျော်ဖြတ်ရသည်ချည်း ဖြစ်သည်။
“မတူဘူး...”
လျူစုယင်က ခေါင်းခါလိုက်၏။ သူမ၏ အကြည့်များက ပြန်လည် တည်ငြိမ်သွားကာ အသံမှ, ယခင်ကလို တုံးတိပုံစံမျိုး ပြန်ဖြစ်သွားသည်။
“ခရီးသုံးသွယ်က အာကာသ ဝေဟင်ဂိုဏ်းနဲ့ ရေစက် ဘယ်လောက်ပါလဲ ဆိုတာ ဆုံးဖြတ်တာ”
“...”
ဝေ့ဝူယင်က တစ်ခဏမျှ စဉ်းစားလိုက်၏။
“တန်ခိုးရှင်စု... ခင်ဗျားက ဘာလို့ ကျုပ်ကို ရေစက်ပါတဲ့လူ ဖြစ်စေချင်နေတာလဲ... နောက်ပြီး ခင်ဗျားတို့ ဟင်းလင်းပြင် ဝေဟင်ဂိုဏ်းနဲ့ ပတ်သက်ပြီး ကျုပ် ဘာတစ်ခုမှ မသိရသေးဘူး... ကျုပ် သိထားတာက နှစ်ခုထဲ... နံပတ်တစ် ခင်ဗျားတို့ ကျုပ်ရဲ့ လက်အောက်ငယ်သား နှစ်ယောက်ကို အတင်းအကြပ် ချိပ်ပိတ်တယ်... နံပတ်နှစ် ကျုပ်ကို ဒီနေရာ အတင်း ခေါ်လာတယ်... အဲဒါက ပုံမှန် တပည့် စုဆောင်းတဲ့ လုပ်ငန်းစဉ်နဲ့ နည်းနည်း ကွာခြား မနေဘူးလား”
“...”
လျူစုယင်မှာ တိတ်ဆိတ် သွား၏။ အတန်ကြာပြီး နောက်မှ သူမက သက်ပြင်းတစ်ချက် ချရင်း ဝေ့ဝူယင်ကို ကြည့်လိုက်သည်။
“နင် သူတို့ အကြောင်း ဘာလို့ မမေးတာလဲ...”
“...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။ တစ်ချိန်လုံး နီးပါး မိန်းကလေးမှာ မည်သည့် ခံစားချက် အရိပ်အယောင်ကိုမှ ထုတ်ဖော်ပြရန် ဆန္ဒ မရှိခဲ့သော်လည်း ယခုတွင်တော့ သိလိုစိတ်ကို ပထမဆုံး အကြိမ် ဖော်ပြလာခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်ရင်း...
“ကျုပ် မစိုးရိမ်လို့ပါ...”
မိန်းကလေးက မျက်လုံးများကို အနည်းငယ် ပြူးကျယ်ကာ ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်၏။
“မစိုးရိမ်ဘူး ဟုတ်လား... သူတို့ ချိပ်ပိတ်ခံရတာ မဟုတ်ပဲ သေသွားနိုင်တယ် ဆိုတာ မသိဘူးလား... အာကာသ ဝေဟင်ဂိုဏ်းက ဘယ်သူစိမ်း မြေကြီး ရှန့်ထိုကိုမှ အလွှာကြားက လောကထဲ ဝင်ခွင့် မပြုဘူး... သူတို့တွေ အသတ်ခံရနိုင်တယ်”
သူမ၏ လေသံက လေးနက်မှု၊ သေချာမှုများနှင့် ပြည့်နှက် နေသည်။ ဝေ့ဝူယင် အနည်းငယ် စိုးရိမ်သွားကာ ဝူယုအား ပေးထားသည့် ဟင်းလင်းပြင် လက်စွပ်ထဲမှ ဝိညာဉ် ဆက်သွယ်မှုကို စစ်ဆေး လိုက်သည်။ ကျန့်ကျန့်ကတော့ ဆက်စပ်မှု စစ်အလံနှင့် တိုက်ရိုက် ချိတ်ဆက် နေပေသည်။
သူတို့ နှစ်ယောက်စလုံး အဆက်အသွယ် မပြတ် တည်ရှိနေသည်ကို အတည်ပြုနိုင်ပြီး နောက်တွင်မှ ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“သူတို့တွေကို ဆိတ်ငြိမ် ကွင်းပြင်မှာ ချိပ်ပိတ်ထားတာ ဆိုတော့ ကျုပ်က ဘာကို စိုးရိမ် နေရမှာလဲ... နောက်ပြီး ခင်ဗျားတို့ဂိုဏ်းက ရေစက်ပါတယ် ဆိုတဲ့လူတွေကို ခုလိုပဲ အမြဲတမ်း စုစည်းတာလား... အဲဒါက နည်းနည်း ဦးနှောက် မရှိရာ မကျဘူးလား”
“...”
လျူစုယင်က တုန့်ပြန်ခြင်း မပြုချေ။ သို့သော်လည်း... ရင်ဘတ်ထဲရှိ သူမ၏ နှလုံးသားမှာ တဒိတ်ဒိတ် တုန်ရီ နေခဲ့၏။ ဝူယုတို့ နှစ်ယောက်ကို ဆိတ်ငြိမ်ကွင်းပြင်တွင် ချိတ်ပိတ်ထားကြောင်း လူငယ် မည်ကဲ့သို့ သိရှိသွားသနည်း။
သူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ သူ့ထံတွင် ထိုမျှ ဗဟုသုတများ မရှိနိုင်ချေ။ ဝိညာဉ်အာရုံ ဆက်သွယ္မှု ရရှိရန် ဆိုလျှင် ပို၍ပင် မဖြစ်နိုင်သေးချေ။ ဆိတ်ငြိမ် ကွင်းပြင်၏ အမျိုးမျိုးသော အတားအဆီး ဝင်္ကပါများမှာ မည်သည့် ဝိညာဉ်အာရုံ ဆက်သွယ်မှုမျိုးကို မဆို ပိတ်ပင်ထားနိုင်စွမ်း ရှိသည်။
လျူစုယင် မမှားပါချေ။ ဝူယုမှာ ဝေ့ဝူယင်ထံကို ဆက်သွယ်နိုင်စွမ်း မရှိသလို သတင်းစကား ပေးပို့နိုင်စွမ်းလည်း မရှိခဲ့ပါချေ။ သို့သော်လည်း ကျန့်ကျန့်ကတော့ ဆက်စပ်မှု စစ်အလံနှင့် တိုက်ရိုက် ချိတ်ဆက်နေသူ ဖြစ်သည်။ သူတို့ နှစ်ယောက်မှာ နေ့စဉ်နေ့တိုင်း စကားလုံးပေါင်း သန်းနှင့်ချီ ဖလှယ်နိုင်ပေသည်။ ဆိတ်ငြိမ်ကွင်းပြင် ဆိုသည့် တည်နေရာကို ကျန့်ကျန့်ထံမှ ဝေ့ဝူယင် သိရှိခဲ့ရခြင်း ဖြစ်သည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။
“ကျုပ်က ရေစက်ပါတဲ့လူ မဟုတ်ဘူး ဆိုတာ ပြောပြီးပြီနော်.... ခရီးသုံးသွယ် စမ်းသပ်မှုထဲ ကျုပ်ကို ဝင်ရောက်စေချင်တာ သေချာရဲ့လား”
“..”
လျူစုယင်ကတော့ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ မိနစ် အနည်းငယ်ကြာသည် အထိ ဘာတုန့်ပြန်မှုမှ မရှိသည်ကို တွေ့မြင်ပြီးနောက်တွင် မိန်းကလေးထံမှ နောက်ထပ် ဘာသတင်း အချက်အလက်မှ မရနိုင်တော့ကြောင်း ဝေ့ဝူယင် သဘောပေါက် သွားခဲ့သည်။
ထို့ကြောင့်ပင်... အစားအသောက် လဲလှယ်ပေးသည့် ဝန်ထမ်းကလေး လာသော အခိုက်၌ ကောင်းကင် သင်္ဘောပေါ်တွင် ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်းများ အတွက် သီးသန့်အခန်း ရှိသလား မေးမြန်းခဲ့သည်။ နောက်ထပ် သုံးဆယ့်နှစ်ရက်ကို သူ အလဟသတ် မကုန်ဆုံးချင်တော့ချေ။ တည်ခင်း ဧည့်ခံ ကျွေးမေးသည့် အစားအသောက်များမှာ အရသာ ရှိသော်လည်း သူ့ကျင့်ကြံခြင်း အတွက် သိပ်မသုံးမဝင်လှချေ။
ဝန်ထမ်းကလေးမှာ ထိုကဲ့သို့ မေးခွန်းမျိုးကို ယခင်ကလည်း ကြုံဖူးဟန် ရကာ ဝေ့ဝူယင်ကို သော့တစ်ခုနှင့် လမ်းညွှန်ချက် အချို့ ပေးခဲ့သည်။ ဝေ့ဝူယင် လျူစုယင်ကို အကျိုးအကြောင်း ပြောပြဖို့ ကြိုးစားသေးသော်လည်း မိန်းကလေးဘက်မှ လုံးဝ တုန့်ပြန်မှု မရှိနေသည်ကိုသာ ကြုံတွေ့ရသည်။ နောက်ဆုံး၌... ဝေ့ဝူယင် စာရွက်ဖြင့် စကားလုံး အနည်းငယ် ချန်ရစ်၍ နေရာ၌ ချထားကာ သီးသန့်ခန်း အတွင်းကို ဝင်ရောက် လာခဲ့သည်။
“ခရီးသုံးသွယ် စမ်းသပ်မှု... ကောင်းပြီလေ... အဲဒါက ငါရလာမယ့် ကောင်းချီး အတွက် တံခါးပေါက် ဖြစ်ချင် ဖြစ်နေမှာ”
ကောင်းကင်တာအိုမှာ သူ ကြုံတွေ့ရမည့် ကံကြမ္မာ အတွက် ချိတ်ဆက်များကို ယခုတိုင် ဖန်တီးနေဆဲ ဖြစ်ပုံ ရသည်။ ၎င်းနှင့် ပတ်သက်၍ သူ ရှင်းလင်းတိကျသည့် အရိပ်အမြွက် တစ်ခုမျှ မရရှိသေးပါချေ။
“ဒီနေရာမှာ ဆေးဖော်စပ်ဖို့ လုံခြုံပါ့မလား...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ သူက လျှို့ဝှက်ခန်းကို ဆန်းကြယ် ဓားသွား ဖိနှိပ်ခြင်း ဝင်္ကပါဖြင့် ချိပ်ပိတ်ဖို့ စီစဉ်ထားခဲ့သော်လည်း သူ့ထက် ကျင့်ကြံခြင်း အခြေခံ အဆမတန် မြင့်မားသည့် ပုဂ္ဂိုလ်များ ရှိနေကာပါက ဖော်ထုတ်ခံရမည်ကို စိုးရိမ် နေမိသည်။
"ဘုရင်ရဲ့ အိုမီဂါ ဆေဘာဝိညာဉ် အလင်းကိုသုံးပါလား...”
ဧဒင်က အကြံပေးလိုက်၏။
“ငါတို့ အလွှာတွေ ထပ်ထည့်လို့ ရတာပဲ... အလွှာတွေ... အလွှာတွေ...”
အိုရီကလည်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သူတို့ အနေဖြင့် ဒြပ်စင်နှင့် ဆေဘာ ဝိညာဉ်အလင်း စွမ်းအင်များကို အပြင်လွှာတွင် အချက်ပေး စနစ် အဖြစ် အသုံးပြုနိုင်ပေသည်။ တစ်စုံတစ်ရာက ဝိညာဉ်အလင်းထို ထိတွေ့လိုက်သည်နှင့် သူတို့ အချက်ပြမှုများ ရရှိလိမ့်မည် ဖြစ်သည်။ ဧဒင်နှင့် ခရာတိုတို့၏ ဝိညာဉ်အလင်းများကိုတော့ ဖုံးကွယ်ခြင်း အလွှာများ အဖြစ် ချမှတ်ထားနိုင်ပေသည်။
“ကလန့်...”
ဘုရင်ကလည်း သဘောတူလိုက်သည်။ ဝေ့ဝူယင် ခေါင်းညိတ်လိုက်ကာ ဆန်းကြယ် ဓားသွား ဖိနှိပ်ခြင်း ဝင်္ကပါကို အမျိုးမျိုးသော အလွှာများနှင့် ဖန်တီးလိုက်သည်။ ချက်ချင်းဆိုသလိုပင်... ပြင်းထန်သည့် အလေးချိန်တစ်ခုကို ဝင်္ကပါမှ တစ်ဆင့် ဝေ့ဝူယင် ခံစားလိုက်ရ၏။
“...”
ရှင်းလင်းစွာပင် တစ်စုံတစ်ယောက်မှာ သူ့ကို လျှို့ဝှက်စွာ အာရုံခံနေပေသည်။ ကြည့်ရသည်က လျူစုယင် ဝိညာဉ် သလင်းကျောက်ဖြင့် ဆက်သွယ်နေသည့် တစ်စုံတစ်ယောက် ဖြစ်နိုင်ပေသည်။ အစစ်အမှန် နဂါး သွေးမျိုးဆက်၏ အာရုံမှပင် လွတ်မြောက်နိုင်သည့် တည်ရှိမှု... ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် သုန်မှုန် သွားခဲ့၏။
ဝေ့ဝူယင် ဆေးဖော်စပ်ရန် အတွက် အရေးကြီးသည့် အရာများကို စတင်ကာ ပြင်ဆင်လိုက်သည်။ သုံးဆယ့် နှစ်ရက် ဆိုသည့် အချိန်ကို အဂ္ဂိရတ် ထုတ်ကုန် လေးခု အနက် တစ်ခု ဖြစ်သည့် “ဆေးတောင့်” များ ဖော်စပ်ရန် တစ်ခုတည်း အတွက် သူ ရင်းနှီး မြှုပ်နှံထားတော့မည် ဖြစ်သည်။ ဝေ့ဝူယင် တာရာ လျှို့ဝှက် သတ္တုရိုင်းများကို ထုတ်ဖော်လိုက်တော့၏။
...
အဆုံးမဲ့ မြို့တော်၏ တစ်နေရာတွင် ဖယောင်းတိုင်မီးများ ထွန်းထားသော အခန်းအတွင်း၌ ကြာပန်း သဏ္ဌာန် ထိုင်နေသည့် ဝတ်ရုံရှည်ဝတ် ပုဂ္ဂိုလ် တစ်ယောက် ရှိနေခဲ့၏။ ဝေ့ဝူယင် စတင် ဆေးဖော်သပ်သည့် အခိုက်တွင်ပင် သူ့ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာခဲ့လေသည်။ သူ့ မျက်လုံးများမှာ အဆုံးမဲ့ အမှောင်ထု အတွင်းမှ ကြယ်တာရာများလို တဖျပ်ဖျပ် တောက်ပနေခဲ့၏။
“သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်... နောက်ပြီး မွန်းစတား ဆန်တဲ့ ဝိညာဉ်အာရုံ... တစ်ခုထက် ပိုတဲ့ ကျင့်ကြံခြင်း ဝိညာဉ်တွေနဲ့ ဝိညာဉ် အလင်း...”
ပုံရိပ်က ခပ်တိုးတိုး ရေရွတ်လိုက်၏။
“မင်းမှာ တစ်ခြားဘာတွေ ရှိသေးတာလဲ”
***