← Chapters

အရှုံးမပေးခြင်း ခရီး

Vol. 77 Ch. 1068

အရှုံးမပေးခြင်း ခရီး

Vol. 77 Ch. 1068

“ဒီကိုလာခဲ့... ဘာမဖြစ်ဘူး... ရဲ့ကျိလင်...”

မိန်းကလေးကို လှမ်းကာ အော်ဟစ်လိုက်ပြီးနောက် ဝေ့ဝူယင်က နောက်သို့ ပြန်လှည့်ကာ လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းလေလိုက်၏။ သူ၏ ခန္ဓာကိုယ်က တရွေ့ရွေ့ပင် ပင်လယ် အနက်ပိုင်းဆီသို့ ဆက်လက် ရွေ့လျား သွားခဲ့သည်။

မိန်းကလေးမှာ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ သူက သူမ၏ နာမည်ကို မည်ကဲ့သို့ သိနေသနည်း။ ထို့အပြင်... သူက ပင်လယ်ကို ဖြတ်သန်းရန် အပြည့်အဝ ယုံကြည်ချက် ရှိနေသည့်ပုံ ပေါ်သည်။

အဘယ်ကြောင့်မှန်း မသိသော်လည်း ရဲ့ကျိလင်မှာ ဝေ့ဝူယင်ကို ယုံကြည်သင့်သလို ခံစားလိုက်ရသည်။ ခရီးသုံးသွယ်၌ အခြားလူ တစ်ယောက်၏ လမ်းကြောင်းကို လိုက်ရန် တားမြစ် မထားပါချေ။ သို့သော်လည်း... မည်သူက ပြိုင်ဘက်ကို သူ့ လမ်းကြောင်း အတိုင်း လိုက်ခိုင်းမည်နည်း။

မိန်းကလေးမှာ နေရာတွင်ပင် ရပ်ရင်း ချီတုံချတုံ ဖြစ်နေခဲ့၏။ ဝေ့ဝူယင်က တရွေ့ရွေ့ပင် ဆက်လက် ခရီးနှင် နေကာ မကြာခင် အစက်အပျောက် တစ်ခုမျှသာ ကျန်ရှိပေတော့သည်။

မိန်းကလေးက အံကို တင်းတင်း ကြိတ်ရင်း ဆုံးဖြတ်ချက် ချလိုက်၏။ သူမက ခပ်မြန်မြန်ပင် သဲဖြင့် ဖွဲ့စည်းထားသည့် လှေကလေးကို ယူဆောင်ကာ ဝေ့ဝူယင် ချန်ထားခဲ့သည့် လမ်းကြောင်း အတိုင်း အပြေးကလေး လိုက်ပါသွားတော့သည်။ အကယ်၍ သေချာကြည့်မည် ဆိုပါက သူမ၏ လှေကလေးမှာ တစ်ယောက်စာ မဟုတ်ပဲ နှစ်ယောက်စာ အထိ ကျယ်ဝန်းသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

ရဲ့ကျိလင်မှာ ဝေ့ဝူယင် ချန်ထားတဲ့သည့် လမ်းကြောင်း အတိုင်း အပြေးကလေး ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ ရေစက်ကြိုးပိုင်ရှင် လူငယ်လေး အချို့မှာ သူမကို အော်ဟစ် တားဆီးချင်သော်လည်း အဆုံးသတ်၌ ပါးစပ်ကိုသာ ပိတ်ထားလိုက်ကြသည်။ ယခု... ပြိုင်ဘက် နှစ်ယောက် လျော့နည်းသွားပြီ ဖြစ်လေရာ ထိပ်ဆုံး သုံး‌ယောက် နေရာကို ဝင်ရောက်ရန် သူတို့၏ အခွင့်အရေးမှာ ပိုမို၍ များပြားသွားခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ အခွင့်အရေးမျိုးကို သူတို့ မည်ကဲ့သို့ လက်လွှတ်ခံပါမည်နည်း။

မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက် ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်က ထိုင်ရာမှ ထရပ်က အလန့်တကြား အော်ဟစ်လိုက်၏။

“ရဲ့ကျိလင်က ခရီးကို ရောက်နိုင်သမျှ ရောက်ဖို့ သူ့ကို အသုံးချနေတာပဲဟ”

“...”

ချက်ချင်းပင် ရေစက်ကြိုး ပိုင်ရှင် အားလုံး၏ မျက်လုံးများမှာ ဉာဏ်အလင်းမျးဖြင့် တဖျပ်ဖျပ် တောက်ပသွားကြ၏။ ဟုတ်သည်။ လူငယ် ချန်ထားခဲ့သည့် လမ်းကြောင်း အတိုင်း လိုက်ရင်း တစ်မိုင်ခန့် ရောက်လည်း ထိုအရာက အမြတ် ဖြစ်သည်။ ၎င်းအား ဖြတ်ကျော်ရန် လိုအပ်သည့် ဝိညာဉ် စွမ်းအင်များကို သူတို့ ချွေတာနိုင်ပေလိမ့်မည်။

သူတို့က ချက်ချင်းပင် ဖန်တီးထားသည့် သဲလှေများကို ယူကာ ဝေ့ဝူယင် ချန်ထားတဲ့သည့် အတိုင်း ပြေးလေတော့သည်။ သို့သော်လည်း... သူတို့ မိုင်ဝက်မျှ အရောက်မှာပင် လမ်းကြောင်းမှာ စတင် ပြိုပျက်လာကာ ပင်လယ်ရေမှာ သူတို့ ခေါင်းများပေါ် အရှိန်အဟုန်နှင့် ပြုတ်ကျ လာခဲ့တော့၏။ သူတို့ အတွက် အစစ်အမှန် ဝိညာဉ်ခရီးစဉ်က စတင်ခဲ့ပြီ ဖြစ်လေသည်။

အရှေ့ မိုင်အနည်းငယ်ခန့် အကွာတွင်တေ့ ဝေ့ဝူယင်မှာ ရဲ့ကျိလင်နှင့် အတူ ပုံမှန်ပင် ခရီးနှင် နေခဲ့၏။ ရဲ့ကျိလင်မှာ လမ်းကြောင်းိကု အပြည့်အဝပင် အာရုံစိုက်ထားကာ အန္တရာယ် တစ်စုံတစ်ရာ ပေါ်လာပါက အဆင်သင့် ဖြစ်အောင် သဲလှေကလေးကို ပြင်ဆင်ထားသည်။

ရေစက်ကြိုး ပိုင်ရှင်များထံမှ အော်ဟစ်သံများ၊ ကြွေးကြော်သံများကို သူမ ရှင်းလင်းစွာပင် ကြားနိုင်ပေသည်။ ပင်လယ်က လမ်းကြောင်းက တဖြည်းဖြည်း ပြိုကျနေသည်ကိုလည်း သူမ မြင်နိုင်ပေသည်။ ၎င်းက မကြာခင် သူမတို့ ရှိနေသည့် နေရာအထိ ရောက်ရှိ လာနိုင်ပေသည်။

ရဲ့ကျိလင် ဝေ့ဝူယင်၏ ကျယ်ပြန့်သည့် နောက်ကြောပြင်ကို လှမ်းကာ ကြည့်လိုက်မိ၏။ လူငယ်မှာ နှစ်ဖက်ကို နောက်သို့ ပစ်ထားကာ သူ၏ အမူအရာက ပန်းခြံတစ်ခုထဲ လမ်းလျှောက်နေသလို သက်တောင့်သက်သာ ရှိလှသည်။

သူတို့ နှစ်ယောက်မှာ တိတ်တဆိတ်ပင် ဆက်လက် လျှောက်လာကြ၏။ အချိန်များက တရွေ့ရွေ့ ရွေ့လျား နေကာ မကြာခင်မှာပင် နာရီ သုံးဆယ်ခန့် အထိ ကြာမြင့် သွားခဲ့သည်။ အဆုံးသတ်၌ တစ်ဖက် ကမ်းခြေကို သူတို့ တွေ့လိုက်ရလေ၏။

ရဲ့ကျိလင်၏ မျက်လုံးများက ပြူးကျယ်သွားကာ ဝေ့ဝူယင်၏ နောက်ကြောကို ထိတ်လန့် တုန်လှုပ်စွာဖြင့် ကြည့်လိုက်မိ၏။ နာရီသုံးဆယ်... သူက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည့် ဝိညာဉ်အင်အားမျိုးကို ပိုင်ဆိုင်ထားသနည်း။

ကမ်းခြေကို ရောက်ရှိသွားသော အခိုက်၌ သူတို့မှာ တံခါးလို ဘောင်တစ်ခုကိုသာ တွေ့လိုက်ရ၏။ ၎င်းမှာ ဖွင့်ဟထားကာ တစ်ဖက်တွင်တော့ ငွေရောင် အရည်များ ရှိနေခဲ့‌လေသည်။

“နောက်ထပ် ခရီးက ဘာဖြစ်မလဲ မသိဘူး...”

ဝေ့ဝူယင် စိတ်ဝင်တစားဖြင့် ရေရွတ်လိုက်၏။ ထို့နောက် သူက ရဲ့ကျိလင်ဘက်ကို ပြန်လှည့်၍ ပြုံးပြလိုက်ကာ ငွေရောင် အရည်များ အတွင်း နောက်တစ်ကြိမ် တိုးဝင်လိုက်တော့သည်။

ပျောက်ကွယ်သွားသည့် ဝေ့ဝူယင်ကို ကြည့်ရင်း ရဲ့ကျိလင်မှာ အိပ်မက် တစ်ခုလို ခံစားလိုက်ရ၏။ သဲသောင် ကမ်းခြေများ၊ ထက်ပိုင်းကွဲသွားသည့် ပင်လယ်၊ နောက်ပြီး လှပသည့် ငွေရောင် မျက်ဝန်းများ... ရဲ့ကျိလင် တံခါးပေါက်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် လှပစွာ ပြုံးလိုက်ရင်း ဝေ့ဝူယင် နောက်ကို လိုက်လိုက်လေတော့၏။

ငွေရောင်အရည်များထဲမှ တစ်ဖက်ကို တိုးထွက်လိုက်သည်နှင့် ဝေ့ဝူယင်မှာ လုံးဝ ခြားနားသည့် မြင်ကွင်း တစ်ခုကို တွေ့မြင်လိုက်ရသည်။ သာယာ ကြည်လင်သည့် ပင်လယ် ကမ်းခြေနှင့် ခြားနားစွာပင် ၎င်းက မီးခိုးရောင် တိမ်တိုက်များ၊ အသက်မဲ့ မြေဆီလွှာများနှင့် စစ်လက်နက်များ မိုင်ပေါင်းများစွာ ပြန့်ကျဲနေသည့် ပတ်ဝန်းကျင် တစ်ခု ဖြစ်ပေသည်။

ထိုနေရာ၌ အလောင်းများ မရှိပါချေ။ သို့သော်လည်း... ကျိုးပဲ့နေသည့် လက်နက်များ၊ ထိခိုက် ပျက်စီးထားသည့် ဝတ်ရုံများနှင့် သံချပ်ကာများ၊ လေထုအတွင်း သင်းပျံ့နေသည့် သွေးရနံ့တို့က ထိုနေရာတွင် ကြောက်မက်ဖွယ် စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်သေခံနေပေသည်။ ထိုအရာက ဒုတိယမြောက် ခရီးဖြစ်သည့် အရှုံးမပေးခြင်း ခရီးပင် ဖြစ်လေသည်။

ဝှစ်...

မကြာခင် ပုံရိပ် တစ်ခုမှာ ဝေ့ဝူယင် နံဘေး၌ ပေါ်လာခဲ့၏။ ရဲ့ကျိလင်က တလက်လက် တောက်ပနေသည့် ဝိုင်းစက်စက် မျက်ဝန်းကလေးများဖြင့် အရှေ့ရှိ လောကကြီးကို လေ့လာလိုက်သည်။ ပထမ စမ်းသပ်မှု နှစ်ကြိမ်တွင် ဒုတိယမြောက် ခရီးကို သူမ တစ်ကြိမ်မှ မရောက်ဖူးပါချေ။

စက္ကန့်အနည်းငယ် အကြာတွင်ပင်... လျူစုယင်၏ ကြေညာသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့လေ၏။

“အရှုံးမပေးခြင်း ခရီးစတင်ပြီ... စစ်မြေပြင်ကို ဖြတ်သန်းကြပါ... ရေစက်ကြိုး ပိုင်ရှင်တို့... ဒီခရီးမှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုပဲ ခွင့်ပြုတယ်... ကျန်တဲ့ ခွန်အားတွေကို သုံးရင် ခရီးစဉ် ကျရှုံးတယ်လို့ သတ်မှတ်မယ်”

ဝေ့ဝူယင်မှာ ကွင်းပြင်ကျယ်ကြီးကို လှမ်းကာ ကြည့်လိုက်မိ၏။ အာကာသ ဝေဟင်ဂိုဏ်း၏ စမ်းသပ်မှုများမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ကျင့်ကြံခြင်း လမ်းစဉ်၌ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ လျစ်လျူ အခံရဆုံး ခွန်အားပင် ဖြစ်သည်။ ကျင့်ကြံသူ အများစုမှာ ရုပ်ပိုင်းဆိုင်ရာထက် ဝိညာဉ် ကျင့်ကြံခြင်းကိုသာ ပိုမို၍ အာရုံစိုက်လေ့ ရှိကြသည်။

“လက်နက်တွေကိုရော သုံးခွင့်ပြုလား...”

ဝေ့ဝူယင်က မေးလိုက်၏။

“စစ်မြေပြင်ပေါ်မှာ ရှိတဲ့ လက်နက်တွေပဲ ခွင့်ပြုတယ်...”

လျူစုယင်က ဖြေလိုက်၏။ ဝေ့ဝူယင် ခေါင်းညိတ်ကာ မျက်စိ ကစားလိုက်သည်။ မကြာခင် သံချပ်ကာ တစ်ခုထဲ စိုက်ဝင်နေသည့် ဆေဘာတစ်စင်းကို သူ တွေ့ရှိလိုက်ရ၏။ ဝေ့ဝူယင် ထိုနေရာကို လျှောက်သွားကာ ဆေဘာကို ဆွဲထုတ်လိုက်၏။

ဟူး... ဟူး...

ထိုကဲ့သို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် အဝေးတစ်နေရာတွင် အညစ်အကြေးများမှာ စတင်ကာ ဝှေ့ယမ်း လာခဲ့၏။ ပထမ၌ လေပွေ့တစ်ခုသာ ဖြစ်သော်လည်း နှစ်ခုမှ သုံးခု... ထိုမှ တစ်ဆင့် ရာချီအထိ ပိုမို များပြား လာခဲ့လေသည်။

လေပွေများမှာ ဝှေ့ယမ်းရင်း ဝှေ့ယမ်းရင်း ကျပန်း လက်နက်များ ကိုင်ဆိုင်ထားသည့် လူသား သဏ္ဌာန် ပုံရိပ်များ အသွင် ဖွဲ့စည်း သွားကြ၏။ အချို့က လေးနှင့် မြှားများကို ကိုင်ဆောင်ထားကြကာ အချို့ကလည်း ဒိုင်းကာများကို ကိုင်ဆောင်ထားကြသည်။ အများစုကတော့ ဓား၊ လှံ၊ ဆေဘာ စသည့် သတ်ဖြတ်ရေး လက်နက်များကို ကိုင်ဆောင် ထားကြ၏။

ရဲ့ကျိလင်မှာ ဦးရေပြား တစ်ခုလုံး ထုံကျင်လာခဲ့၏။

“ဂါး...”

လူသား သဏ္ဌာန် ပုံရိပ်များမှာ သားရိုင်းကြီးများ သဖွယ် ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ ထို့နောက် သူတို့က လောကသခင် အဆင့်များကို ယှဉ်နိုင်သည့် အမြန်နှုန်းများဖြင့် ဝေ့ဝူယင်တို့ထံ တိုးဝင် လာကြတော့သည်။ စစ်မြေပြင်မှာ သွေးဆာနေသည့် သတ္တဝါများ အတွက် သူတို့၏ လက်နက်များကို ထိုးသွင်းရန် အကောင်းဆုံး နေရာဖြစ်ဟန် ရလေသည်။

ရဲ့ကျိလင်မှာ သူမ၏ ခွန်းအားဖြင့် သွေးဆာနေသည့် သတ္တဝါများကို ရင်မဆိုင်နိုင်ကြောင်း သိရှိလိုက်သည်။ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အော်ရာများမှာ ကြမ်းတမ်း ခက်ထန်လွန်းလှသည်။ သူမက အံကို တင်းတင်းကြိတ်ရင်း ဘေးနားရှိ လေးတစ်ခုကို ကောက်ကိုင်လိုက်၏။ ထို့နောက် ခပ်မြန်မြန်ပင် မြှားကို တပ်ဆင်ကာ လေးညှို့ကို ဆွဲလိုက်လေသည်။

“အတူတူ လာတာဆိုတော့ အတူတူ တိုက်ကြတာပေါ့....”

သူမက ဝေ့ဝူယင်ကို ကြည့်ရင်း ပြောလိုက်၏။ ဝေ့ဝူယင်မှာ မိန်းကလေး၏ သတ္တိကို အနည်းငယ် အံ့အားသင့်မိ သွားလေသည်။

လောကသခင် အဆင့်ကို ရောက်ခါစ လူတစ်ယောက် အတွက် အဆင့်တူ ရန်သူများကို ရုပ်ပိုင်းဆိုင်ရာ ခွန်အား တစ်ခုတည်းဖြင့် ရင်ဆိုင်ရန်မှာ လွယ်ကူသော အရာ မဟုတ်ချေ။ ထို့အပြင် မိန်းကလေး၏ ခန္ဓာကိုယ်မှာ တိုက်ပွဲများ အတွက် မသင့်တော်ကြောင်း ဝေ့ဝူယင် အကဲခတ်မိပေသည်။

ပိုမို၍ ဆိုးသည်က လူသား ပုံသဏ္ဌာန် ပုံရိပ်များမှာ ပိုမို ကောင်းမွန်ကာ အဆင့်မြင့်မားသည့် လက်နက်များ၊ သံချပ်ကာများကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။ သို့တိုင်အောင် ရဲ့ကျိလင်မှာ မတွန့်မဆုတ်ပဲ သူ့ဘေးနားတွင် ရပ်ကာ ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။

ဝေ့ဝူယင် ကျင်းကျူး၏ မှတ်ဉာဏ်များထဲမှ စကားတစ်ခွန်းကိုပင် ပြန်လည် သတိရလိုက်မိသည်။

“သတ္တိဆိုတာက ကြောက်ရွံ့ခြင်း ကင်းတာပဲ.... ကြောက်ရွံ့မှု မရှိပဲ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ပဲ... အဲဒါကို မြဲမြဲမှတ်ထားပါ”

ထိုစကားကို စစ်မြေပြင်ထံ မပို့လွှတ်ခင် လမ်းညွှန်ဆရာ တစ်ပါးက ကျင်းကျူးအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဂါး... ဂါး...”

သတ္တဝါများ၏ အော်ဟစ်သံက ပိုမို ပြင်းထန်လှကာ သူတို့၏ လှုပ်ရှားမှုများမှာ ပိုမို၍ မြန်ဆန်လာ၏။ သူတို့မှာ အလွန် နီးကပ် နေခဲ့ပြီ ဖြစ်လေသည်။

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ကာ လက်ထဲရှိ ဆေဘာကို မြှောက်လိုက်၏။ ထို့နောက် ရေပြင်ညီမျဉ်း အလိုက် ခုတ်ပိုင်း လိုက်လေသည်။

ဘုန်း... ဘုန်း....

လေထုမှာ ဝရုန်းသုန်းကား ဖြစ်သွားကာ မြေပြင်မှာ တဆတ်ဆတ် တုန်ရီသွား၏။ အထက်ရှိ မီးခိုးရောင် တိမ်တိုက်များက အဘက်ဘက်သို့ လွင့်ပျံ သွားကြလေသည်။

မြေပြင်ထက်ရှိ လူသား သဏ္ဌာန် ပုံရိပ်များသည်ကား...။

***

All Chapters