← Chapters

ငါတို့ဘာကစားကြမလဲ

Vol. 19 Ch. 262

ငါတို့ဘာကစားကြမလဲ

Vol. 19 Ch. 262

အချိန်တွေ တိတ်ဆိတ်စွာ စီးဆင်းရင်းနှင့် နောက်ဆုံးလသည် တဖြည်းဖြည်းနှင့် ကုန်ဆုံး သွားတော့သည်။

တောင်ထွတ် ရွေးချယ်မှု အခမ်းအနား စတင်ရန် တစ်ရက်သာ လိုတော့ပေသည်။

အပြင်ဘက်တောင်၏ လေထု၏ တင်းမာမှုမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီး တပည့်တိုင်း၏ အမူအရာမှာ တင်းမာ နေကြသော်လည်း သူတို့မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာတွင် ကြောက်ရွံ့ခြင်းများကို ဖုံးကွယ်ကာ ထားနေကြသည်။ မနက်ဖြန်တွင် ကျင်းပမည့် တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ အလွန်ပင် အရေးကြီးကြောင်း လူတိုင်း နားလည်ကြပေသည်။

ခြေတစ်လှမ်းတည်းနှင့် နဂါး ဖြစ်သွားနိုင်သလို ခြေတစ်လှမ်းတည်း ဖြင့်လည်း တီကောင် ဖြစ်သွားနိုင်ပေသည်။

ကန်ရွှမ်းကလန်သို့ ရောက်ရှိခဲ့သော သုံးလအတွင်းတွင် သူတို့အားလုံး၏ အင်ပါယာများ ကလန်များတွင်ပင် မမျှော်လင့်နိုင်သည့် အမျိုးမျိုးသော ကျင့်ကြံခြင်း အရင်းအမြစ်များ ကြီးကျယ် ခန်းနားသော အဆောင်အအုံကြီး များကို မြင်တွေ့ခဲ့ရ ပေသည်။

ထိုအရာများက အပြင်ဘက်တောင်မျှပင် ရှိသေးသော်လည်း သူတို့၏ မျက်စိများကို ပွင့်စေခဲ့သည်။ သူတို့သာ အတွင်းတောင် တပည့်များ ဖြစ်လာပါက မည်သည့် အရာများကို တွေ့မြင်ရမည်နည်း။

ထိုနေ့သို့သာ ရောက်ရှိလာပါက သူတို့အား ကြီးမြတ်သော ကျင့်ကြံခြင်းပေါ်သို့ ခြေလှမ်း စတင်လှမ်းနိုင်မည် ဖြစ်သည်။

တောင်ထွတ် ရွေးချယ်မှု အခမ်းအနားသည် သူတို့အား ပထမဆုံး ကန်ရွှမ်းကလန်နှင့် မျက်နှာချင်းဆိုင် စမ်းသပ်မှုဖြစ်ပြီး နောက်ဆုံး ဖြတ်သန်းရမည့် နဂါးဂိတ်ဝလည်း ဖြစ်သည်။

***

တောင်ပေါ်ရှိ စမ်းချောင်း နံဘေး၌ …

နေ့စဉ် လေ့ကျင့်ခြင်း ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ဇူယွမ်က လူအုပ်ကြီးကို စိုက်ကြည့်ပြီး ပြောလိုက်သည် “လူတိုင်း မနက်ဖြန်ဟာ ဆိုရင် တောင်ထွတ် ရွေးချယ်မှု အခမ်းအနား ဖြစ်တယ်။ အဲဒီပွဲမှာ ငါတို့ရဲ့ အနာဂတ်တွေကို ဆုံးဖြတ် ပေးလိမ့်မယ်”

စုန့်ဝမ်ရှီ၊ ချောင်းရှိုး၊ ကျောင်းခွန်တို့ လူစုတို့မှာ တည်ငြိမ်သော အမူအရာများနှင့် ရှိနေကြပြီး သူတို့၏ မျက်လုံးများတွင် လေးစားမှု အပြည့်ဖြင့် ဇူယွမ်ကို ကြည့်နေကြသည်။

ပြီးခဲ့သောလတွင် ဇူယွမ်က သူ၏ ကတိအတိုင်း သူတို့အားလုံး၏ မူလကျင့်စဉ်များကို ညွှန်ကြား ပြသပေးခဲ့ပြီး သူတို့အားလုံး၏ ခွန်အားကို အများအပြား တိုးတက် သန်မာ လာစေခဲ့သည်။

စုန့်ဝမ်ရှီက ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီး အလေးအနက် ပြောလိုက်သည် “မောင်လေး ဇူယွမ်။ အစ်မတို့အားလုံး မောင်လေးရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အနာဂတ်မှာ မောင်လေး လိုအပ်တာရှိရင် ပြောလိုက်ပါ အစ်မတို့ တတ်နိုင်တာ အကုန် လုပ်ပေးပါ့မယ်”

ကျောင်းခွန်ပင်လျှင် အလေးအနက် ခေါင်းညိတ်ပြီး ပြောလိုက်သည် “ငါ ကျောင်းခွန်၊ တစ်ယောက်နဲ့မှ ရင်းရင်းနှီးနှီး မသိဖူးဘူး။ ညီငယ်လေးဇူယွမ် မင်းကတော့ ပထမဆုံးပဲ။ ငါတို့ အတွင်းတောင်ကို ဝင်ပြီးတဲ့ အချိန်ကျရင် မင်းအကူအညီ လိုအပ်တာနဲ့ မင်းကိုငါ ဆင်ခြေတစ်ခုတောင် မပေးဘဲ ကူညီမယ်”

အခြားသော တပည့်များကလည်း တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြသည်။ ပြောနိုင်သည် တစ်ခုမှာ သူတို့အားလုံး၏ ရင်ထဲတွင် ဇူယွမ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်နေကြခြင်း ဖြစ်သည်။ ဇူယွမ်သာ သူတို့ရှေ့မှ မရပ်တည်ခဲ့ပါက လုဖန်း ဦးဆောင်သော ရှန်ဇူတပည့်များကို သူတို့ စိန်ခေါ်ခွင့် ရရှိမည် မဟုတ်ပေ။

ထို့အပြင် ဇူယွမ်က သူတို့အားလုံးကို သင်ကြား ပြသပေးရန်ပင် အချိန်ပေးခဲ့ပေသည်။ သူက သူတို့အားလုံးကို သူ၏ စိတ်ရင်း အမှန်အား ပြသခဲ့ပေသည်။

ထိုစကားများကို ကြားရချိန်တွင် ချောင်းရှိုးက ပြုံးလိုက်ပြီး “ညီငယ်လေး ယွမ်ကတော့ အတွင်းတောင်ကို ဝင်ရောက်ပြီးရင် မင်းရဲ့ အလားအလာ ကတော့ အကန့်အသတ်မဲ့ပဲ။ ပြီးရင် မကြာခင်မှာ ကလန်ရဲ့ ပင်မထောက်တိုင် တစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းက ရွေးချယ်ခံ အဆင့်ထဲမှာ ပါသွားလိမ့်မယ်။ အဲဒီလိုသာ ဖြစ်လာလို့ကတော့ ငါတို့က ဘယ်လို ကူညီနိုင်တော့မှာလဲ”

သူ၏ တမင်တကာ စလိုက်သော စကားလုံးများက လူအုပ်ကြီးကို ရယ်မောသံများ ကျိန်ဆဲသံများ ထွက်ပေါ်လာစေပြီး လေထုကို ပိုမို အသက်ဝင်သွား စေပေသည်။

ဇူယွမ်က ရယ်မောကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး “ကျွန်တော် ခင်ဗျားတို့ကို ကူညီတာက တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ လုဖန်းတို့လူစုနဲ့ တိုက်ခိုက်နိုင်ဖို့ပါ။ အဲဒါကြောင့် ကျွန်တော်တို့က တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက် ဖြည့်ဆည်း ပေးတာပါပဲ”

သူက လုဖန်းကို မကြောက်ရွံ့ သော်လည်းပဲ လုဖန်း၏ ဘေးတွင် ရှိနေသူများမှာ များလှပေသည်။ ထိုအရာက လုဖန်းကို သူရင်ဆိုင်သည့် အချိန်တွင် အလွန်ပြဿနာ ပေးပေလိမ့်မည်။ ထိုကြောင့် ဇူယွမ်က စုန့်ဝမ်ရှီနှင့် ကျောင်းခွန်တို့ လူစုကို စည်းရုံးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်က သူတို့အပေါ် မည်မျှပင် အကျိုးပြုခဲ့ပါစေ ထိုအရာက သူ၏ အနာဂတ် ကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း စုန့်ဝမ်ရှီတို့ လူစုမှာ ရယ်မော လိုက်ကြသည်။ ဇူယွမ်၏ မူလအစ ရည်မှန်းချက်မှာ မည်သို့ပင် ဖြစ်ပါစေ သူတို့အားလုံးက သူ့ထံမှ အကျိုးအမြတ် ရရှိခဲ့ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ မျက်လုံးထဲတွင် ထိုအရာက အမှန်ပင် လုံလောက်နေပြီ ဖြစ်သည်။

“တောင်ထွတ် ရွေးချယ်မှု အခမ်းအနားက မနက်ဖြန်ပဲ သည်ရက်ပိုင်း အတွင်း ငါတို့ကြာရှည်စွာ လေ့ကျင့်ခဲ့ရတယ်။ ဒီအချိန်က အနားယူရမဲ့ အချိန်ပဲ။ သွားကြစို့။ သင်းရနံ့တစ်ရာ အိမ်တော်မှာ ငါဒကာခံမယ်” ဇူယွမ်က မတ်တတ်ရပ်လိုက်ပြီး ပြုံးဖြီးဖြီးနှင့် ပြောလိုက်သည်။

သူ၏ စကားများက ရုတ်တရက် သြဘာပေးသံများ ဆက်တိုက် ထွက်ပေါ်လာစေပြီး များစွာသော တပည့်များကို ပျော်ရွှင်သွားစေသည်။ သင်းရနံ့တစ်ရာ အိမ်တော်မှာ လွန်စွာ ဈေးကြီးလှပေသည်။ ထို့ပြင် တပည့်များမှာ ရှန်ဇူတိုက်ကြီးမှ တပည့်များကဲ့သို့ ချမ်းသာခြင်းလည်း မရှိပေ။ ထို့ကြောင့် သူတို့ထဲမှ အများစုမှ သင်းရနံ့တစ်ရာ အိမ်တော်ကို တံခါးဝမှသာ ရပ်ကြည့်နိုင်ကြပြီး အထဲသို့ ဝင်ရောက်ရဲခြင်း မရှိကြပေ။ သည်နေ့တွင် သူတို့အားလုံး၏ ရင်ထဲမှ ဆန္ဒများကို ဇူယွမ်က ဖြည့်ဆည်း ပေးလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထား မိကြပေ။

ထို့ကြောင့် သူတို့အားလုံးမှာ စိတ်အား ထက်သန်စွာ ဟေးလားဝါးလား အသံများပြုကာ သင်းရနံ့တစ်ရာ အိမ်တော်သို့ ဦးတည် လိုက်ကြသည်။

သူတို့အားလုံး သင်းရနံ့တစ်ရာ အိမ်တော် အတွင်းသို့ ဝင်ရောက် လိုက်သော အချိန်တွင် အထဲ၌ လုဖန်းနှင့် အခြားသော ရှန်ဇူတပည့်များ ရှိနေသည်ကို မြင်လိုက် ရသောကြောင့် သူတို့အားလုံး၏ မျက်နှာများမှာ တစ်ခဏမျှ အေးခဲ သွားတော့သည်။

တစ်ချိန်တည်းမှာပဲ လုဖန်း၊ ယန်ရှိုး၊ ချင်းကျိန်း တို့လူစုကလည်း ဝင်ရောက် လာကြသူများကို မြင်လိုက်ကြရသည်။ ချင်းကျိန်းက ပထမဆုံး ပြက်ရယ်ပြုကာ ပြောလိုက်သည် “အို … မင်းတို့ကောင်တွေ ဒီကိုလာဖို့ တတ်နိုင်တယ်ပေါ့”

ကျောင်းခွန်တို့ လူစုမှာ သူ၏ လှောင်ပြောင်မှုကြောင့် ချက်ချင်းပင် ဒေါသ ထွက်သွားကြသည်။

“မင်းတို့တောင် လာနိုင်ရင်။ ငါတို့က ဘာလို့ မလာနိုင်ရမှာလဲ” ဇူယွမ်က အရှေ့သို့ ထွက်လာခဲ့သည်။ သူ၏ အမူအယာက ပြောင်းလဲခြင်း မရှိဘဲ ချင်းကျိန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ထိုအကြည့်က ချင်းကျိန်းအား မူလတောင်တွင် ဇူယွမ်က သူအား ဖိနှိပ်ခဲ့သည်များကို ပြန်လည် အမှတ်ရသွားစေပြီး ချက်ချင်းပင် တုန်ယင် သွားတော့သည်။ ထို့နောက် သူ၏ အမူအယာမှာ ပျက်ယွင်းသွားပြီး မည်သည့်စကားမျှ ထပ်မပြောရဲတော့ပေ။

ဇူယွမ်က သူ့အား ဂရုစိုက်မနေတော့ပဲ စုန့်ဝမ်ရှီတို့ လူစုကိုသာ ကြည့်လိုက်ပြီး ပြောလိုက်သည် “လာကြ အထဲဝင်ကြမယ်”

အခြားသော အဖွဲ့၏ လွှမ်းမိုးမှုနှင့် ဝင့်ကြွားမှုက သူတို့အား နောက်ကြောင်း ပြန်လှည့် စေချင်အောင် ပြုလုပ်လိုက်သဖြင့် သူတို့အားလုံးမှာ သက်သောင့်သက်သာ မရှိသလို ခံစား လိုက်ရသော်လည်းပဲ ဇူယွမ်၏ ဦးဆောင်မှု အောက်တွင် သူတို့အားလုံး အဆာက်အဦ အတွင်းသို့ ဝင်ရောက်လိုက်ပြီး ရှန်ဇူတပည့်များကို ဖြတ်သန်းကာ သူတို့ထိုင်မည့် စားပွဲဝိုင်းအား ရှာဖွေကာ ထိုင်လိုက်ကြသည်။

အုပ်စုနှစ်ခုက ဆန့်ကျင်ဘက် အနေအထားတွင် ထိုင်လျက်ရှိကြပြီး သင်းရနံ့တစ်ရာ၏ အိမ်တော်၏ လေထုပင်လျှင် တင်းမာလာခဲ့သည်။

လုဖန်း၏ အကြည့်မှာ အနည်းငယ် အေးစက်သွားပြီး သူနှင့် ဇူယွမ်တို့ အကြည့်များ ရင်ဆိုင်မိချိန်တွင် မီးဖွားများပင် ပွင့်ထွက်သွားသည့် အလားပင်။

ထပ် …

တင်းမာနေသော လေထုအောက်တွင် ခွက်တစ်ခွက်အား စားပွဲပေါ်သို့ ဆောင့်ချလိုက်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ ကျောင်းခွန်တို့ လူစုက ထိုနေရာသို့ လှမ်းကြည့် လိုက်ချိန်တွင် သူတို့၏ အမူအရာများမှာ ရုတ်တရက် ပြောင်းလဲ သွားတော့သည်။

သူတို့အားလုံးက လုဖန်းဘေးတွင် ထိုင်နေသော အနက်ရောင် ဝတ်စုံနှင့် မိန်းမပျိုကို မြင်လိုက်ကြသည်။ သူမမှာ အတော်ပင် လှပသော်လည်း သူမ၏ မျက်လုံးအစုံမှာ အေးစက်ပြီး မောက်မာဟန် အထင်းသား ပေါ်လွင်နေသည်။

အားလုံး၏ အကြည့်ကို ပိုမိုဖမ်းစားသည့် အရာမှာ သူမ၏ သေးကျဉ်းသော ခါးလေးတွင် စည်းနှောင်ထားသော ရွှေရောင်ခါးစည်းစ ဖြစ်သည်။

လုရွှမ်းယင် ရွှေရောင် ခါးစည်းအဆင့် အတွင်းတောင် တပည့်။

လုရွှမ်းယင်က အမူအရာ ကင်းမဲ့စွာဖြင့် သူမ၏ ခွက်အား စိုက်ကြည့် နေပြီးနောက် သူမ၏ အေးစက်သော အသံက သင်းရနံ့တစ်ရာ အိမ်တော်တစ်ခုလုံး ပျံ့နှံ့သွားလေသည် “ဘယ်အချိန် ကတည်းက သင်းရနံ့တစ်ရာ အိမ်တော်က လူတိုင်းကို ဝင်ခွင့် ပြုလိုက်တာလဲ။ အဲဒါက ငါ့ကို တကယ်ပဲ အစားအသောက် ပျက်စေတယ်”

သူတို့ကို ရည်ညွှန်းပြီး ပြောနေသော စကားများကို ကြားလိုက်ရချိန်မှာ ကျောင်းခွန်၊ ချောင်းရှိုးတို့ လူစုမှာ မျက်နှာများ နီမြန်းသွားပြီး ဒေါသ ထွက်လာကြသည်။ ဒေါသများက သူတို့၏ မျက်ဝန်းတွင် ပြည့်နှက် နေသော်လည်း လုရွှမ်းယင်၏ ရွှေရောင်ခါးစည်း တပည့်ဟူသော အဆင့်အတန်းကြောင့် မည်သည်မှ ပြန်မတုံ့ပြန်ရဲကြပေ။

ဇူယွမ်၏ မျက်လုံးများက တည်ငြိမ်နေပြီး ချက်ချင်းပင် တုံ့ပြန်ပြောလိုက်သည် “ရွှေရောင်ခါးစည်း တပည့် တစ်ယောက်က ဘယ်အချိန်တုန်းကများ သင်းရနံ့တစ်ရာ အိမ်တော်ရဲ့ စည်းမျဉ်းတွေကို စီမံခွင့် ရသွားတာလဲ”

ဇူယွမ်၏ ရဲတင်းသော စကားကို ကြားပြီးနောက် လုရွှမ်ယင်၏ မျက်လုံးများက ခက်ထန်သွားပြီး အေးစက်စက်ပင် ပြောလိုက်သည် “မျှော်လင့်ထားတဲ့ အတိုင်းပဲ အပြင်ဘက်တောင် တပည့် တစ်ယောက်က ဘယ်လိုပြုမူ နေထိုင်ရမလဲ ဆိုတာတောင် မသိပါလား”

သူမက သည်နေရာ၏ တာဝန်ခံရှိသော နေရာသို့ လှမ်းကြည့်လိုက်ပြီး “တာဝန်ခံလျှိုး ဒီနေရာ တစ်ခုလုံးကို ဒီနေ့ ကျွန်မ ငှားရမ်းလိုက်မယ်။ သည်မျက်စိဆံပင်မွေး စူးစရာကောင်တွေကို မောင်းထုတ်လိုက်ပါ။ ကျွန်မ အစားအသောက် ပျက်တယ်”

ထိုမကျေမနပ် ပြောဆိုမှုက တာဝန်ခံလျှိုးဟု ခေါ်သော သတ်လတ်ပိုင်း လူကြီး၏ ရင်ထဲတွင် ပြင်းထန်စွာ ခံစားရစေသည်။ လုရွှမ်းယင်မှာ ဓားကပ်ဘေး တောင်ထွတ်ကမှန်း သူကောင်းစွာ သိပေသည်။ သူ့လို သင်းရနံ့တစ်ရာ အိမ်တော်၏ တာဝန်ခံ တစ်ယောက်က သူမအား အပြစ်ပြုမိ၍ မဖြစ်ပေ။

ထိုကြောင့် သူက ဇူယွမ်တို့ ဘက်သို့ လှည့်ကြည့်ရန်သာ တတ်နိုင်ခဲ့သည်။

ဇူယွမ်က မျက်မှောင်ကြုတ်လျက် တာဝန်ခံလျှိုးကို စိုက်ကြည့်ကာ ပြောလိုက်သည် “သင်းရနံ့တစ်ရာ အိမ်တော်က အခြား တပည့်တွေကို မောင်းထုတ်လို့ ရတယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး”

တာဝန်ခံလျှိုးက ခါးသက်သက်သာ ရယ်မောရန် တတ်နိုင်ခဲ့သည်။

လုရွှမ်းယင်က ရုတ်တရက် ထရပ်လာပြီး လက်ပိုက်ကာ ဇူယွမ်တို့ အုပ်စုအား လှောင်ပြောင်ဖွယ်ရာ ကစားစရာ အရုပ်လိုမျိုး ကြည့်ကာ ပြောသည် “နင့်ရဲ့ အစ်မတော် တစ်ယောက်က နင့်ကို အနိုင်ကျင့်တယ် လို့တော့ မပြောနဲ့နော်။ နင်ဒီမှာ ဆက်နေ ချင်သေးရင် ငါ့ရဲ့ ဓားချက်တစ်ချက်ကို နင်လက်ခံရမယ်။ နင်ခံနိုင်ရည်ရှိတယ် ဆိုရင် နင်တို့ ဒီနေ့စားသမျှ စရိတ်တွေ အကုန်လုံးကို ငါပျော်ပျော်ရွှင်ရွှင်နဲ့ ပေးပေးမယ်”

“ဒါပေမဲ့ မင်းမှာ သတ္တိမရှိဘူးဆိုရင် ငါ့ရဲ့ စားသောက်ချင် စိတ်ကို မဖျက်ဆီးပဲ အခုထွက်သွားရင် အကောင်းဆုံးပဲ” သူမ၏ စကားလုံးများမှာ အေးစက်မှုတို့နှင့် ပြည့်နှက် နေပေသည်။

ကျောင်းခွန်တို့ လူစု အမူအယာများမှာ ပျက်ယွင်း သွားတော့သည်။ လုရွှမ်းယင်မှာ ရွှေရောင် ခါးစည်းအဆင့် အတွင်းတောင် တပည့်တစ်ယောက် ဖြစ်ပြီး သူတို့လို အပြင်ဘက်တောင် တပည့်များထက် စွမ်းအား များစွာ သာလွန်ပေသည်။ မူလစဦး စတုတ္ထအဆင့် တစ်ယောက်ပင် သူမ၏ ဓားချက်တစ်ချက်ကို ဖြတ်ကျော်ဖို့ မလွယ်ကူပေ။

လုဖန်းက ထိုမြင်ကွင်းကို အသာအယာ ပြုံးလျက် ကြည့်နေခဲ့ပြီး စိတ်အတွင်းမှ လုရွှမ်းယင်ကို ချီးကျူး နေပေသည်။ အခြားတစ်ဖွဲ့က မည်သူမဆို လက်ခံ လိုက်သည်နှင့် ထိုသူမှာ မသန်စွမ်း ဖြစ်သွားမည်မှာ အသေအချာပင် ဖြစ်သည်။ လက်မခံလျှင်လည်း ထိုသူများ၏ စိတ်ဓာတ် ပျက်စီးသွားပြီး မနက်ဖြန် တောင်ထွတ် ရွေးချယ်မှု အခမ်းအနားတွင် စွမ်းအားအပြည့် ထုတ်ဖော် နိုင်တော့မည် မဟုတ်ပေ။

ဇူယွမ်၏ အမူအရာမှာ နက်မှောင်သွားသည်။ လုရွှမ်းယင်၏ အစီအစဉ်မှာ အမှန်ပင် စက်ဆုပ် ရွံရှာစရာ ကောင်းလှပေသည်။ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ မနက်ဖြန် စတင်တော့မှာ ဖြစ်သည့်အတွက် သူမက သူတို့၏ စိတ်ဓာတ် ပျက်ပြားစေရန် နည်းဗျူဟာ ဖော်ထုတ် နိုင်ပေသည်။

သူက လုရွှမ်ယင်၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိကောင်း ရှိပေလိမ့်မည် သို့သော်လည်း သူမက ထိုအရာကိုသာ စောင့်ဆိုင်းနေမှန်း သိသောကြောင့် သူမစွန့်စားချင်ပေ။

သို့သော်လည်း ဇူယွမ်၏ အမူအရာမှာ ပြန်လည်တည်ငြိမ်သွားသည်။

ချောင်းရှိုးက လျှို့ဝှက်စွာမေးသည် “ညီငယ်ဇူယွမ် ငါတို့ဘာလုပ်ကြမလဲ”

ဇူယွမ်၏ အမူအရာမှာ အေးဆေးတည်ငြိမ်နေပြီး “ငါတို့စောင့်မယ်”

“စောင့်မယ် …”

ချောင်းရှိုးမှာ အံ့အားသင့် သွားပြီးနောက် စိတ်ရှုပ်သွားသည်။

“အို … နင်တို့ကောင်တွေ အစောပိုင်းတုန်းက ဝင့်ကြွားနေကြပြီးတော့ အခုတော့ ငှက်ကုလားအုတ် တစ်ကောင်လို သဲထဲ ခေါင်းထိုး ထည့်ထားကြတာလား” လုရွှမ်းယင်က ဇူယွမ်တို့လူစုအား လှမ်းကြည့်ကာ သရော်လိုက်သည်။

ရှန်ဇူတပည့်များ ကလည်း ချက်ချင်းပင် လိုက်ပါ ရယ်မော လာခဲ့ကြသည်။

ကျောင်းခွန်တို့ လူစုမှာ သူတို့၏ ခုံများပေါ်တွင် မသက်မသာ ထိုင်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် ဒေါသထွက်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ ရောပြွမ်းလျက် ဇူယွမ်ကို လှမ်းကြည့် လိုက်ကြသည်။

သူတို့အားလုံး ဇူယွမ်၏ ဆုံးဖြတ်ချက်အတိုင်း စောင့်နေစဉ်မှာပင် အေးစက်ပြီး ပျင်းရိနေသော အသံတစ်သံက သင်းရနံတစ်ရာ အိမ်တော်၏ ဝင်ပေါက်ဆီမှ ထွက်ပေါ်လာခဲ့သည်။

“မင်းတို့ထဲက ဘယ်တစ်ယောက်က ကစားချင်နေတာလဲ”

နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက အပေါ်ဝဆီသို့ လှမ်းကြည့်လိုက်ကြသည်။

အံအားသင့်ဖွယ် ကောင်းစွာ လှပသော ပုံရိပ်တစ်ခုက တံခါးပေါက် နံဘေးတွင် ရပ်နေခဲ့ပြီး သတ္တဝါငယ်လေး တစ်ကောင်အား သူ၏လက်ထဲတွင် ပွေ့ထားလေသည်။ သန်စွမ်းသော ဆံနွယ်ရှည်ကြီးများကို သူမ၏ ကျောဘက်တွင် ဖြန့်ချထားပြီး သူမ၏ ကြည့်လင် ရွှန်းလဲ့သော မျက်လုံးအစုံက အရာအားလုံးကို လျစ်လျူရှု ထားသည့်ပုံ ပေါ်သည်။

လရောင်ဆန်းက သူမအပေါ်တွင် ပက်ဖျန်းနေသည်မှာ သူမအား လဝန်းကမ္ဘာမြေဆီမှ နတ်သမီးအလားပင် ထင်မှတ်စေသည်။ လှပသည်ဟု ဆိုသော လုရွှမ်းယင်ပင်လျှင် ထိုနတ်ဘုရားမလေးနှင့် နှိုင်းယှဉ်ပါက အရာအားလုံး ရှုံးနှိမ့်သွားပေလိမ့်မည်။

သူမ၏ ကြည်လင်သော မျက်ဝန်းများဖြင့် လုရွှမ်းယင်ကို လှမ်းကြည့်လိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်

“ဘာကစားကြမှာလဲ။ ငါ နင်နဲ့ လိုက်ပါကစားပေးမယ်”

All Chapters