#လျှို့ဝှက်စီးဆင်းမှု#
Vol. 21 Ch. 295
မည်သူမှဤသည်ကို တွေးမထင်ထားခဲ့ကြပေ။
အနည်းငယ်မျှ လေလံတင်ပြီးနောက် ဈေးက ယွမ်သလင်းကျောက်ဆယ့်တစ်သန်းအထိကိုပင် ရောက်သွားလေပြီ။
ရှန်ကျင်းလေလံပွဲ၏ ယခင်လေလံပွဲများတွင်ပင် ဤသည်က အတော်လေးရှားပါးသည်ဟုဆို၍ရသည်။
ဤနယ်စပ်မြို့တွင် ကျင်းပသည့် လေလံပွဲကိုမူကား ပြောစရာပင်မလိုတော့။
မီးတောက်နီဂိုဏ်း၏ စွမ်းအားရှင်က အံကြိတ်လိုက်သည်။
ယခုတကြိမ်တွင် သူတို့က ဤအသူရာနတ်ဆိုးတုံရင်အတွက် လုံချီမြို့ကိုလာရန် မိုင်ထောင်ချီခရီးနှင်ခဲ့ရသည်။
သို့စေကာမူ ဈေးနှုန်းက သူတို့မျှော်လင့်ထားသည်ထက် အများကြီးလွန်ကဲနေသည်ဟု ဆို၍ရသည်။
မီးတောက်နီဂိုဏ်းခန်းမထဲတွင် အနက်ရောင်၀တ်စုံ၀တ်ဆင်ထားသည့်လူကဆိုသည်။
"ဘယ်လောက်ပဲကုန်ကျပါစေ ရအောင်လုပ်ပါ၊ အကျိုးကျေးဇူးတွေက မင်းအတွက် မရှိမဖြစ် လိုအပ်လာလိမ့်မယ်"
ထိုလူ၏စကားလုံးများကို ကြားသောအခါ မီးတောက်နီဂိုဏ်း၏ စွမ်းအားရှင်က တည်ငြိမ်သွားပြီး အနက်ရောင်၀တ်စုံရှင်ကိုကြည့်ကာ လေးစားစွာပြောသည်။
"နားလည်ပါပြီ"
ထို့နောက်ချက်ချင်းပင် ဈေးတင်လိုက်လေသည်။
"ဆယ့်နှစ်သန်း"
ဆယ့်နှစ်သန်း!
နောက်ထပ်ယွမ်တသန်းပေါင်းထည့်လိုက်တာလား။
ဒီမိုယွမ်တုံကင်ရဲ့ဈေးနှုန်းက ဆယ့်ငါးသန်းကျော်တော့မှာလား။
ကံကောင်းခြင်းတံခါး၀က ကုနင်က မီးတောက်နီဂိုဏ်းရှိရာဖက်သို့ လှမ်းကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်ရင်း သံသယဖြင့်ပြောလာသည်။
"မီးတောက်နီဂိုဏ်းရဲ့နောက်ခံက ဒီလောင်အားမကောင်းသင့်ဘူး"
"ဆယ့်နှစ်သန်းက မီးတောက်နီဂိုဏ်းအတွက် အရင်းအမြစ်များစွာကို သုံးစွဲစေဖို့ လုံလောက်နေပြီ"
"ဂိုဏ်းရဲ့ကျောရိုးမကြီးကိုတောင် ထိခိုက်နိုင်တယ်လို့ ပြောလို့ရတယ်"
ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် မိသားစုအင်အားတခု၏ အသုံးပြုနိုင်သည့် လည်ပတ်မှုအရင်းအနှီးက တကယ်တမ်းတွင် အပေါ်ယံမျက်နှာပြင်နောက်ခံထက် အများကြီးပိုနည်းသည်။
ယွမ်သလင်းကျောက်ဆယ့်နှစ်သန်းရဲ့ လည်ပတ်မှုအရင်းအနှီး။
မီးတောက်နီဂိုဏ်းကဲ့သို့ ပထမတန်းစား အင်အားစုတခုအတွက်ပင်လျှင် အရင်းအမြစ်အများကြီးကို သုံးရပေလိမ့်မည်။
ဤအရင်းအမြစ်များကိုကား အလွယ်တကူ ထုတ်ယူရန်ဟူသည် မဖြစ်နိုင်ဟုဆို၍ရသည်။
မီးတောက်နီဂိုဏ်းထဲမှာ ဒီအသူရာနတ်ဆိုးတုံကင်ကို ဘယ်သူယူသွားမှာလဲ။
ပြီးတော့သူ့ရဲ့လုပ်ဆောင်ချက်ကရောဘာများလဲ။
ကံကောင်းခြင်းတံခါး၀၏ စွမ်းအားရှင်က ဤသည်ကို မှန်းဆနိုင်ခြင်းမရှိချေ။
သူတို့တွေးတောနေကြစဉ် ယဲ့ချိုးပိုင်၏ အသံက တုံ့ဆိုင်းမနေဘဲ ထပ်မံထွက်ပေါ်လာသည်။
"သလင်းကျောက် ဆယ့်လေးသန်း"
လူတိုင်း၏မျက်နှာ၌ ထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ဈေးကို နှစ်သန်းအထိ တိုက်ရိုက် တိုးမြှင့်ပစ်လိုက်တာလား။
သူ့အသံပုံစံကြည့်ရတာ ဒါကသူ့အတွက် ဘာမှမဟုတ်ပုံဘဲ။
မီးတောက်နီဂိုဏ်းသာမက ကံကောင်းခြင်းတံခါး၀ပင်လျှင် မျက်နှာအမူအသွင်များ ပြောင်းလဲသွားကြ၏။
စင်မြင့်ပေါ်က သုံ့ရှောင်ချင်းက ဇီကျင်းခန်းမအား လေးနက်စွာ ကြည့်လိုက်မိသည်။
ဆိုလိုရင်းအနည်းငယ်ရှိနေတယ်။
တကယ်တော့ ဒါက ယဲ့ချိုးပိုင်၏ အကြံအစည်တခုများဖြစ်နေသည်လား။
အစကတည်းက သူတို့က တတိယထပ်က ဇီကျင်းခန်းမ၌ ရှိနေခဲ့ကြသည်။
တဖက်လူက ခန်းမထဲတွင် မည်သူရှိသလဲဆိုတာကို မသိပါ။ သို့သော် ဇီကျင်းတုံကင်နှင့်ဆိုပါက ဇီကျင်းခန်းမကလူက သေချာပေါက် တမူထူးခြားသည့်လူ ဖြစ်ရပေလိမ့်မည်။
ဈေးကိုအတော်လေးမြှင့်ပေးသည့်အကြိမ်တိုင်း ဤသည်က တဖက်လူကိုပို၍ ယုံကြည်မှုရှိလာစေသည့်အလားပင်။
ဒီလိုဆိုမှတော့ ငါကလည်း မီးခိုးဗုံးတလုံးကို လွှတ်ပေးရတော့မှာပေါ့။
မင်းဘယ်လိုလုပ်မလဲလုပ်စမ်း။
သို့သော် ယဲ့ချိုးပိုင်၏ ဘဏ္ဍာရေးအရင်းအမြစ်တွေက အတော်လေးအားကောင်းပြီး ဤအရာများကို သူက အလေးအနက်ပင် မှတ်ယူမထားပေ။
ဤနည်းလမ်းဖြင့်သာ အသူရာနတ်ဆိုးတုံကင်ကို အနိုင်ရရန် ပို၍လွယ်ကူသွားပေလိမ့်မည်။
ထင်ထားသည့်အတိုင်းပင် ကောင်းကျိုး၊ ဆိုးကျိုးများကို တွက်ဆပြီးနောက် ကံကောင်းခြင်းတံခါး၀က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဒီလိုဆိုမှတော့ ဇီကျင်းခန်းမက စီနီယာတွေအတွက် ဂုဏ်ယူပါတယ်၊ ကံကောင်းခြင်းတံခါး၀က ဒီလေလံပွဲက ထွက်ပါတော့မယ်"
ဆယ့်လေးသန်း။
ကံကောင်းခြင်းတံခါး၀က ယွမ်သလင်းကျောက်များယူလာသဖြင့် ဆက်တိုက်ရန် အရင်းအနှီးရှိနေဆဲပါ။
သို့သော် ဤသည်က အတော်လေး အကန့်အသတ်ရှိသည်။
တဖက်လူက အတော်လေးယုံကြည်မှု ရှိနေလေရာ သလင်းကျောက်တွေပို၍ ရှိရပေလိမ့်မည်။
အကယ်၍ ပထမလေလံပွဲက ဆေးလေးလုံးအတွက် လေလံတင်ရန် ငွေကြေးအများအပြား မကုန်ကျခဲ့ပါက ကံကောင်းခြင်းတံခါး၀တွင် ယှဉ်ပြိုင်ရန်အတွက် မျှော်လင့်ချက်ရှိပါသေးသည်။
သို့သော် ယခုတွင်မူ အရည်အချင်းမမှီတော့သည်မှာ သိသာထင်ရှားနေလေပြီ။
မီးတောက်နီဂိုဏ်းခန်းမထဲရှိ စွမ်းအားရှင်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွား၏။
"သံအမတ်ကြီး၊ ဆယ့်လေးသန်းက ကျွန်တော်တို့ယူလာတဲ့ ယွမ်သလင်းကျောက်တွေထက် ပိုများနေပါပြီ"
၀တ်ရုံနက်နှင့်ပုံရိပ်က ခေါင်းညိတ်ကာ ခေါင်းမော့လျက် ဇီကျင်းခန်းအား စူးရှသောအကြည့်ဖြင့် နက်ရှိုင်းစွာ စိုက်ကြည့်လိုက်၏။
သူက သူနှင့်အတူ ထိုခန်းမထဲတွင် မည်သူကတိုက်ခိုက်နေသလဲဆိုတာ မြင်တွေ့ချင်နေသည့်အလားပင်။
"မေ့လိုက်တော့၊ ဒီတုံကင်ကို သူတို့လက်ထဲမှာ ခဏလောက်ထားလိုက်ကြတာပေါ့"
"ဒေါသကိုထိန်းချုပ်ထားပြီး နောက်မှ လွှတ်ပေးကြတာပေါ့"
မီးတောက်နီဂိုဏ်းက စွမ်းအားရှင်၏ မျက်သူငယ်များက ရှုံ့တွသွား၏။
"သံအမတ်ကြီး.... ဆိုလိုတာက"
၀တ်ရုံနက်လူက လေးနက်သောအသံဖြင့်ပြောသည်။
"ဒီမိုယွမ်တုံကင်က ငါတို့အတွက် အတော်လေးအရေးပါပြီး ဘယ်လိုနည်းနဲ့မဆို ငါတို့ရအောင်ယူရမယ်"
"ဒါပေမယ့်.... တဖက်လူက ဇီကျင်းတုံကင်ရှိတဲ့လူတစ်ယောက်ဖြစ်နေတယ်"
ခရမ်းရွှေရောင်အမိန့်!
ရှန်ကျင်းကုန်သည်များအသင်းသည်ပင် ယနေ့အချိန်အထိ အပိုင်းသုံးပိုင်းသာ ထုတ်ထားပေးသည်။
နယ်နိမိတ်မဲ့နယ်မြေ၏ အင်ပါယာတွင်ပင်လျှင် မရှိလေရာ ဤသည်က မည်မျှထိ အရေးပါသည်ကို မြင်တွေ့နိုင်သည်။
တချိန်တည်းမှာပင် ဇီကျင်းတုံကင်ကို ပိုင်ဆိုင်ထားသည့် လူက မည်မျှပင် အစွမ်းထင်လိုက်လေမည်နည်း။
"ဒီတော့ဘာဖြစ်လဲ"
၀တ်ရုံနက်၏ကိုယ်က အနက်ရောင်နတ်ဆိုးစွမ်းအင်ဖြင့် ဖုံးလွှမ်းနေသည်။
ဘေးက မီးတောက်နီဂိုဏ်းက မှော်စွမ်းအင်ကို အာရုံခံမိသဖြင့် အနည်းငယ် နောက်ဆုတ်လိုက်ပာ ဤနတ်ဆိုးအော်ရာကို ခုခံရန်အတွက် အော်ရာကိုပင် ထုတ်လွှတ်လိုက်ရသည်။
"ငါတို့ကိုဆန့်ကျင်တယ်၊ ငါတို့အစီအစဉ်ကို ဟန့်တားပစ်တယ်၊ သူကဘယ်သူပဲဖြစ်ဖြစ် အမြတ်ဖြတ်သုတ်သင်ပစ်ရမယ်"
"ပြီးတော့ ဇီကျင်းတုံကင်ရှိတာ... ဟုတ်လား၊ ရှိတော့ဘာဖြစ်လဲ...."
မီးတောက်နီဂိုဏ်း၏ စွမ်းအားရှင်က နောက်ဆုံးစကားကို မကြားလိုက်ရပေ။
မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့ကလူက ထိုသို့ပြောလာလေရာ မီးတောက်နီဂိုဏ်းက တိတ်ဆိတ်စွာ နေနေတော့သည်။
သူတို့က တစ်ဦးနှင့်တစ်ဦး နှောက်ယှက်ရန်အတွက် တတ်နိုင်စွမ်းမရှိကြပါ။
....
သုံ့ရှောင်ချင်း ဘေးဘီဝဲယာကို ကြည့်နေသော်လည်း သူမအကြည့်က ဒုတိယထပ်က ခန်းမသုံးခုပေါ်၌ ကျရောက်နေဆဲပင်။
"ယွမ်သလင်းကျောက်ဆယ့်လေးသန်း၊ ထပ်တိုးပေးမယ့်လူကြီးမင်းများရှိပါသလား"
မည်သူမှအသံမထွက်သည်ကို မြင်ရသောအခါ သုံ့ရှောင်ချင်း သစ်သားတူလေးကို လက်ထဲကနေ ရိုက်လိုက်သည်။
သုံးကြိမ်တိတိရိုက်ပြီးနောက် သူမအပြုံးဖြင့်ပြောလိုက်သည်။
"မိုယွမ်တုံကင်ကိုရရှိသွားတဲ့ ဇီကျင်းခန်းမက ဂုဏ်ထူးဆောင်ဧည့်သည်ကို ဂုဏ်ပြုပါတယ်"
"ပြီးတော့ အားလုံးကိုသတိပေးချင်တာက တကယ်လို့ တယောက်ယောက်က လူသတ်ဖို့နဲ့ ပစ္စည်းလုယက်ဖို့အတွက် ထွက်သွားမယ်ဆိုရင် ရှန်ကျင်းကုန်သည်များအသင်းမှ နာမည်ဆိုးစာရင်းထဲတွင် ထည့်သွင်းသွားပါမည်"
ဤစကားလုံးများကျရောက်လာသည်နှင့် တပြိုင်နက် ဤသည်က ရှန်ကျင်းလေလံပွဲက တရား၀င်ပြီးသွားပြီဟု ဆိုလိုနေခြင်းပင်။
အင်အားစုအမျိုးမျိုးက လူများက ထိုကွင်းပြင်ကြီးကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။
မှန်ပေသည်။ ဇီကျင်းခန်းမက လူက ဘယ်သူလဲဆိုတာကို မြင်တွေ့ချင်ကြသဖြင့် ထိုင်နေသေးသည့် သူများလည်းရှိကြသည်။
ဇီကျင်းတုံကင်ကိုရနိုင်တာ။
မီးတောက်နီဂိုဏ်းခန်းမ၌ ၀တ်ရုံနက်နှင့်လူက ပြောသည်။
"အဆင်သင့်လုပ်ထား"
ထိုစကားပြောပြီးနောက် ၀တ်ရုံနက်နှင့်လူက ထိုနေရာမှ ပျောက်ကွယ်သွား၏။
ကံကောင်းခြင်းတံခါး၀က စွမ်းအားရှင်ကလည်း သက်ပြင်းချသည်။ နောက်ဆုံးတွင် ဤအရာက သူတို့နှင့် လားလားမှ မသက်ဆိုင်ခဲ့ပါ။
သူကဇီကျင်းခန်းမက လူများကိုသိချင်သေးသော်လည်း ထိုအကြောင်းကို ပြန်စဉ်းစားပြီးနောက် ထွက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။
ထိုကဲ့သို့လူမျိုးက သေချာပေါက် အလွယ်တကူ ထုတ်ဖော်ပြသမည်မဟုတ်ပေ။
ရေခဲဝိဉာဉ်ဂိုဏ်းကမူ အစောကြီးကတည်းက ထွက်သွားခဲ့လေပြီ။
ယဲ့ချိုးပိုင်တို့သုံးယောက်က ဇီကျင်းခန်းမ၏ တခြားတံခါးပေါက်တခုကနေ ထွက်လာကြသည်။
ထိုတံခါးက ရှန်ကျင်းကုန်သည်များအသင်း၏ ဧည့်ခန်းဆီသို့ တိုက်ရိုက်ဦးတည်ထားသည်။
ဤဧည့်ခန်းမက ဇီကျင်းခန်းမ၏ သီးသန့်ဧည့်ခန်းဖြစ်ပြီး ပစ္စည်းများကို လျှို့ဝှက်စွာ စုဆောင်းရန်အတွက်လည်းသုံးသည်။
ယဲ့ချိုးပိုင်တို့သုံးယောက် ၀င်လာသောအခါ သုံ့ရှောင်ချင်းနှင့် ရှန်ကျင်းကုန်သည်များအသင်း၏ ထိပ်တန်းတင်ဆက်သူများအနက် တစ်ဦးဖြစ်သည့် ကျန်းလျန်ချန်းတို့က ထိုနေရာ၌စောင့်နေကြသည်။
ယဲ့ချိုးပိုင်တို့သုံးယောက် ရောက်လာသည်ကိုမြင်သောအခါ ကျန်းလျန်ချန်း မျက်လုံးအစုံကိုဖွင့်ကာ သုံးဦးလုံးကို တချက် လှမ်းကြည့်လိုက်သည်။
နောက်ဆုံးတွင် သူ့အကြည့်က ယဲ့ချိုးပိုင်အပေါ်သို့ ကျရောက်လာသည်။
"အင်း၊ ဓားတစ်လက်က မျိုးစေ့တွေကို ပြုပြင်ပေးခဲ့တာပဲ"
သုံ့ရှောင်ချင်း ရှေ့တလှမ်းတိုးပြီးနောက် သေတ္တာနှစ်လုံးကို အပြုံးဖြင့် ထုတ်ယူကာပြောသည်။
"ရှင့်တို့ရဲ့လေလံပစ္စည်းအားလုံးက ဒီမှာပါ"
ယဲ့ချိုးပိုင်အပြုံးဖြင့် လှမ်းယူသည်။
"ကျေးဇူးတင်ပါတယ်၊ သခင်မလေးသုံ့"
သုံ့ရှောင်ချင်းပါးစပ်ပိတ်ကာ ခပ်ယဲ့ယဲ့ရယ်မောလိုက်သည်။
"ကြိုဆိုပါတယ်၊ ဒါက ကျွန်မတို့ရှန်ကျင်းကုန်သည်များအသင်းရဲ့ ရှင်တို့အပေါ် ရင်းနှီးမြှုပ်နှံမှုပါပဲ"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဆယ့်လေးသန်းကို ကျုပ်ဒါနဲ့လှဲလှယ်လိုက်မယ်လေ၊ အဆင်ပြေလား"
သုံ့ရှောင်ချင်းအနည်းငယ်လန့်သွားသည်။
"အရမ်းစိတ်ပူနေစရာမလိုပါဘူး"
သို့သော် သူမစကားကမဆုံးလိုက်ပါ။
ယဲ့ချိုးပိုင်၏လက်ထဲတွင် နောက်ထပ် ကျောက်စိမ်းပုလင်းတစ်လုံးရှိနေခဲ့သည်။
အပိုင်း(296) coming။