#လူသတ်အငွေ့အသက်#
Vol. 21 Ch. 296
ယဲ့ချိုးပိုင်လက်ထဲက ကျောက်စိမ်းသန့်စင်ပုလင်းကိုကြည့်ရင်း သုံ့ရှောင်ချင်းတုန်ယင်သွားပြီး မေးလိုက်မိသည်။
"ဆေးလုံးလား"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဟုတ်ပါတယ်"
"ဒါက ယွမ်သလင်းကျောက်ဆယ့်လေးငန်းအတွက် အစားထိုးဖို့ သုံးမယ်ဆိုရင် လုံလောက်မှာပါ"
သုံ့ရှောင်ချင်းနှင့် ကျန်းလျန်ချန်းတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
နှစ်ဦးစလုံး၏မျက်လုံးထဲတွင် လေးနက်သည့်အရိပ်အယောင်များကို မြင်နေရသည်။
မည်ကဲ့သို့သောဆေးလုံးမျိုးက ယွမ်သလင်းကျောက် ဆယ့်လေးသန်းတန်လေသနည်း။
ယဲ့ချိုးပိုင်ကဲ့သို့လူက ဟန်ဆောင်လိမ့်မည်ဟုသော သုံ့ရှောင်ချင်း မတွေးတောထားပါ။
ဤဆေးကိုထုတ်ပြီးကတည်းက သူက ယုံကြည်ချက်ပြည့်၀ပြီးသားဖြစ်ရပေမည်။
ဤဆေးက ယခုလေးတင်က ဆေးလေးလုံးထက်ပိုကောင်းသည်။
သုံ့ရှောင်ချင်းက လေးနက်သည့်အမူအရာဖြင့်ယူလိုက်သည်။ ဤကျောက်စိမ်းပုလင်းထဲတွင် ဆေးတလုံးတည်းသာရှိသည်။
၎င်းက အနီရောင်ဆေးလုံးတလုံးဖြစ်ပြီး ဆေးလုံး၏ကိုယ်ထည်၌ အလွန်ရိုးရှင်းသည့် ရွှေရောင်မျဉ်းကြောင်းသုံးကြောင်း ရေးဆွဲထားသည်။
ထိုမျဉ်းကြောင်းများပတ်ပတ်လည်တွင် ဇူစာလုံးများဖြင့် ထွင်းထုထားပုံရသည်။ ရွှေရောင်အလင်းတခုက မှိန်မှိန်လေး တောက်ပနေသည်။
ဤဆေးကိုလည်း အရင်က လုချန်ရှန်း သန့်စင်ထားခြင်းပင်။ ၎င်းကို နဂါးနီဝိဉာဉ်ဆေးဟုခေါ်သည်။
ယူပြီးသောအခါ မမြင်ရသည့်နဂါးအကြေးခွံများ ဆေးလုံးမျက်နှာပြင်၌ ပေါ်လာသည်သာမက ဤနဂါးအကြေးခွံများက ပြင်းထန်သောထိုးနှက်မှုကိုလည်း ခံနိုင်စွမ်းရှိသည်။
ဤဆေးလုံးက မည်မျှပင်အားကောင်းလေသနည်း။
လုချန်ရှန်းကိုယ်တိုင်ပင်လျှင် မသိပေ။
သို့စေကာမူ အထဲတွင် အနံ့တခုကလည်း ပါ၀င်နေသည်။
ကျန်းလျန်ချန်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ယဲ့ချိုးပိုင် အကျိုးသက်ရောက်မှုကို ဖော်ပြပြီးနောက် သုံ့ရှောင်ချင်းသည်လည်း အလေးအနက်ထားလာပြီး ကျန်းလျန်ချန်းကို မေးလိုက်သည်။
"အန်ကယ်ကျန်း၊ ချိုးဖျက်ကြည့်လို့ရလား"
ဆေးလုံးထဲက ထွက်ပေါ်လာသည့်အော်ရာကြောင့် အန်ကယ်ကျန်းခေါင်းခါယမ်းကာပြောသည်။
"ငါတို့အစွမ်းကုန်တိုက်ခိုက်မယ်ဆိုရင်တောင် ခံစစ်ကို မချိုးဖျက်နိုင်မှာကို ကြောက်မိတယ်"
တာအိုနယ်ပယ်က စွမ်းအားရှင်တစ်ယောက်၏ ထိုးနှက်ချက်ကို အပြည့်အ၀ ခုခံနိုင်စွမ်းရှိခြင်း။
ဤသည်ကဆိုလိုသည်က ဤဆေးလုံး၏ တန်ဖိုးက အရင်ဆေးလုံးလေးလုံးထက် မနိမ့်ကျဟူသည်ကိုပင်။ သို့သော် သုံ့ရှောင်ချင်း ခေါင်းကို အသာလေးခါယမ်းသည်။
"ဒီအကျိုးသက်ရောက်မှုတခုတည်းနဲ့ လုံလောက်မှာမဟုတ်ဘူး"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ ကျုပ်တို့မပြီးသေးပါဘူး"
တခြားလုပ်ဆောင်ချက်တွေရှိသေးတာလား။
သုံ့ရှောင်ချင်း၏ မျက်လုံးအစုံ၌ အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာများပေါ်လာသည်။
ယဲ့ချိုးပိုင်ဆက်ပြောသည်။
"နဂါးအကြေးခွံကို ဖုံးထားပြီးတဲ့အခါကျရင် အထဲမှာပါ၀င်တဲ့ နဂါးထွက်သက်က အသုံးပြုသူရဲ့ ကာယကြံ့ခိုင်မှုကို သိသိသာသာပြောင်းလဲသွားစေလိမ့်မယ်"
"တချိန်တည်းမှာပင် အဲဒါက အသုံးပြုသူရဲ့ ကြွက်သားနဲ့ အရိုးတွေကို ပြုပြင်ပေးလိမ့်မယ်"
ဒီတော့ ဒီဆေးလုံးက အသက်ကို ကယ်တင်နိုင်ရုံတင်မဟုတ်ဘဲ တာအိုနယ်ပယ်က စွမ်းအားရှင်တစ်ယောက်ရဲ့ ထိုးနှက်မှုကိုလည်း ခံနိုင်တာပေါ့။
ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာနှင့် အရိုးတွေကိုပါ ပြောင်းလဲပေးနိုင်တာလား။
ကျန်းလျန်ချန်း လေးနက်သည့်အသွင်ဖြင့်မေးသည်။
"ဘယ်နယ်ပယ်မဆို အဆင့်မြှင့်တင်ပေးနိုင်လား"
ယဲ့ချိုးပိုင် အပြုံးဖြင့်ခေါင်းညိတ်သည်။
"သီအိုရီအရတော့ ဒီလိုပါပဲ"
မည်သို့ပင်ဆိုစေကာမူ ဤသည်က ဆရာ၏ မူရင်းစကားများပင်။ သို့သော် မကြိုးစားခဲ့ဖူးသေးပါ။
အရင်က ကိုယ်ခန္ဓာကို ပြုပြင်ရန်အတွက် ဤဆေးလုံးထက်ပိုကောင်းသည့် ဆေးလုံးတစ်လုံးပြိ သူရယူခဲ့သည်။
လုချန်ရှန်းသန့်စင်သည့် ဆေးလုံးက ယဲ့ချိုးပိုင်အတွက်သာဖြစ်သည်။
ယဲ့ချိုးပိုင်တွင် လက်စွပ်နှစ်ကွင်းရှိပါသေးသည်။
ကျန်းလျန်ချန်းပင့်သက်ရှိုက်လိုက်မိသည်။
ဤသို့ဆိုပါက ယွမ်သလင်းကျောက် ဆယ့်လေးသန်းကို သူတို့ရှန်ကျင်းကုန်သည်များအသင်းက အခွင့်ကောင်းယူ၍ရသည်။
ကျင့်ကြံခြင်းက ဤနယ်ပယ်သို့ ရောက်ရှိသွားပါက ကြွက်သားနှင့်အရိုးများကို ပြောင်းလဲပြီး သန်မာအောင် လုပ်ရန်ဟူသည် အတော်လေးခက်ခဲသွားလေပြီ။
ဤအခြေခံဖြင့်သာ ကြွက်သားနှင့်အရိုးများကို သန်မာအားကောင်းအောင် လုပ်နိုင်ပါက အနာဂတ်တွင် အခြေအနေရပ်များကို ပိုမိုချောမွေ့စွာ ချိုးဖျက်နိုင်ပေလိမ့်မည်။
အကယ်၍ သင်က သင့်ကိုယ်ခန္ဓာ၏အော်ရာကို ရေနှင့်ယှဉ်ပါက အသား၊ အကြောနှင့် အရိုးများက ရေသန့်ဘူးဖြစ်သည်။
အကယ်၍ပုလင်းကသာမကြီးဘူး၊ လုံလောက်သောနေရာလွတ်မရှိဘူး၊ မမာကျောဘူးဆိုပါက ဝိဉာဉ်စွမ်းအင်ကို မည်သို့မည်ပုံ ပို၍ကိုင်တွယ်ထားနိုင်မည်နည်း။
ယဲ့ချိုးပိုင် နှစ်ဦးသား၏ အမူအရာများကို ကြည့်ရင်း ပြုံးကာပြောလိုက်သည်။
"ဘာလို့လဲ၊ ဒါကမလုံလောက်သေးလို့လား"
သုံ့ရှောင်ချင်းခေါင်းညိတ်သည်။
"လုံလောက်ပါပြီ၊ ဒါပေမယ့် ဒီဆေးလုံးကို ရှင့်ကိုယ်တိုင်အတွက် မသိမ်းဆည်းထားချင်တာ သေချာပြီလား"
ယဲ့ချိုးပိုင်တို့သုံးယောက်က တစ်ဦးကိုတစ်ဦးကြည့်ရင်း ပြုံးလိုက်ကြသည်။
သူတို့ကိုယ်ခန္ဓာ၊ ကြွက်သားနှင့် အရိုးများက အစွန်အဖျားတခုကို ရောက်နေပြီဟု ဆို၍ရသည်။ ဤဆေးလုံးက နောက်ထပ်မလိုအပ်တော့ပါ။
ဤသည်ကိုမြင်သောအခါ သုံ့ရှောင်ချင်း ခေါင်းညိတ်လျက် ကျောက်စိမ်းပုလင်းကို ယူကာ သိုလှောင်လက်စွပ်ထဲ ထည့်သွင်းလိုက်၏။
ယဲ့ချိုးပိုင်ကလည်း နှုတ်ဆက်ရန်အတွက် ပြင်ဆင်နေလေပြီ။
"ဒီလိုဆိုမှတော့ အရင်ဆုံးနှုတ်ဆက်ကြတာပေါ့"
သုံ့ရှောင်ချင်းပြုံးကာ သုံးဦးစလုံးကို တံခါး၀သို့ လိုက်ပို့ပေးသည်။
"အနာဂတ်မှာ ရှင့်တခုခုလိုအပ်တယ်ဆိုရင် ကျွန်မဆီကို လာလို့ရပါတယ်"
"ဒီကိစ္စပြီးရင် ကျွန်မလည်း လုံချီမြို့ကနေ ထွက်သွားတော့မှာပါ"
"ရှင် ကျွန်မကိုရှာချင်တယ်ဆိုရင် နယ်နိမိတ်မဲ့အင်ပါယာမြို့ကို တိုက်ရိုက်လာနိုင်သလို ရှန်ကျင်းကုန်သည်များအသင်းစံအိမ်တွေကနေတဆင့် သတင်းပို့လို့လည်းရပါတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်ပြီးနောက် သုံးဦးသားထွက်သွားကြသည်။
ယဲ့ချိုးပိုင်တို့သုံးဦး၏ နောက်ကျောကိုကြည့်ရင်း သုံ့ရှောင်ချင်းပြောသည်။
"အန်ကယ်ကျန်း၊ သူတို့နောက်ကွယ်က လူကဘယ်သူလဲ"
ဤကဲ့သို့ဆေးလုံးမျိုးကို သန့်စင်နိုင်သောသူ၊ အဆင့်နိမ့်လတ္တီကျူနယ်မြေတခုလုံးတွင်ပင်လျှင် လူများစွာရှိမည်မဟုတ်။
ကျန်းလျန်ချန်းခေါင်းခါယမ်းသည်။
"ဒီလိုဆေးလုံးမျိုးကို တခါမှမကြားဖူးသလို တခါမှလည်းမမြင်ဖူးဘူး"
သုံ့ရှောင်ချင်းလည်း တခါမှမတွေ့ဖူးလေရာ သက်ပြင်းသာ ချလိုက်မိတော့သည်။
"မေ့လိုက်ပါတော့၊ သူတို့နဲ့ဆက်ဆံရေးကို အရင်ထိန်းထားကြတာပေါ့၊ တနေ့တော့ သူတို့နောက်ကွယ်ကလူကို ကျွန်မမြင်တွေ့နိုင်မှာပါ"
"ဒါပေမယ့် အန်ကယ်ကျန်း၊ သူတို့သုံးယောက်ကို ခဏလောက်ကာကွယ်ပေးဖို့ အန်ကယ့်ကိုပဲ ဒုက္ခပေးရတော့မယ်"
ကျန်းလျန်ချန်းခပ်ယဲ့ယဲ့ခေါင်းညိတ်သည်။ သူကအံ့ဩသင့်ခြင်းမရှိပါ။ ထို့နောက် လက်ဖျောက်တစ်ချက်နှင့်အတူ ထိုနေရာကနေ ပျောက်ကွယ်သွား၏။
သုံ့ရှောင်ချင်း ကောင်းကင်ကို မော့ကြည့်ရင်း နူးညံ့စွာရေရွတ်သည်။
"ကျွန်မတို့ သူတို့ကိုသေခွင့်ပေးလို့မရဘူး၊ မဟုတ်ဘူးဆိုရင် ရှန်ကျင်းကုန်သည်များအသင်းရဲ့ ရင်းနှီးမြှုပ်နှံမှုက ကျရှုံးသွားရလိမ့်မယ်...."
....
လုံချီမြို့က လမ်းများက ယွမ်ချီမြို့ထက် ပို၍ခမ်းနားထယ်ဝါသည်။
သာမန်ကျပန်းကျင့်ကြံသူများ၏ နယ်ပယ်ဖြင့်ပင် ဤသည်ကို မြင်နိုင်သည်။ ၎င်းက ယွမ်ချီမြို့ထက် ပိုမိုမြင့်မားသည့် အဆင့်တခုတွင် ရှိနေသည်။
လမ်းပေါ်၌ ရှီရှန်းက သံသယစိတ်ဖြင့်မေးသည်။
"စီနီယာအစ်ကို၊ သူတို့ဆိုလိုနေတဲ့ပုံအရ အဲဒီဆေးလုံးက သေချာပေါက် ယွမ်သလင်းကျောက် ဆယ့်လေးသန်းကျော်တယ်"
ရှောင်ဟိုင်ကလည်း ယဲ့ချိုးပိုင်ကို ဝေခွဲမရဖြစ်နေသည့် အမူအရာဖြင့် ကြည့်သည်။
ယဲ့ချိုးပိုင် ခပ်ပေါ့ပေါ့ရယ်မောလိုက်ပြီးနောက် လေးနက်သည့်အမူအရာဖြင့် ပြောလာသည်။
"သေချာပေါက်ငါသိတာပေါ့၊ ဒါပေမယ့် ဒီဆေးလုံးက အကြွေးဆပ်ဖို့သက်သက်တင် သုံးတာမဟုတ်ဘဲ ငါတို့ရဲ့ခွန်အားကို သူတို့ကို ပြဖို့အတွက် သုံးတာဆိုလည်း ဟုတ်တယ်"
ဤနည်းလမ်းဖြင့်သာ ရှန်ကျင်းကုန်သည်များအသင်းက ယဲ့ချိုးပိုင်တို့သုံးယောက်အပေါ် ပို၍အာရုံစိုက်လာပေလိမ့်မည်။
ဤနည်းလမ်းဖြင့် အဆင်ပြေချောမွေ့သည့် အနေအထားကို ပို၍ကူညီရာကျပေလိမ့်မည်။
ဤသည်ကိုမဆိုထားနဲ့၊ ယဲ့ချိုးပိုင်က ဘေးဘီဝဲယာကြည့်ရင်း ပြောလိုက်သည်။
"ငါတို့ရှန်ကျင်းကုန်သည်များအသင်းစံအိမ်က ထွက်လာပြီးတဲ့နောက်မှာ ငါတို့ကို ပစ်မှတ်ထားပြီး ငါတို့နောက်က လိုက်လာနေတဲ့ ကျင့်ကြံသူတွေအများကြီး ရှိနေတာကို မင်းတို့သတိထားမိလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။ သူကလည်း သတ်ဖြတ်ခြင်းအငွေ့အသက်တချို့ကို ခံစားရသော်လည်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။
ရှီရှန်းကနေ့ဘက်တွင် မွေးဖွားခဲ့ပြီး ကြယ်စွမ်းအားကို လွန်ကဲစွာ ထုတ်သုံးလုပ်ဆောင်နိုင်ခြင်းမရှိပေ။
သို့စေကာမူ ယဲ့ချိုးပိုင်၏ သတိပေးချက်အောက်တွင် သူကလည်း ထိုမှိန်ဖျော့ဖျော့အော်ရာများကို တွေ့ခဲ့သည်။
ယဲ့ချိုးပိုင်ဆက်ပြောသည်။
"ဒီတော့ငါပေးခဲ့တဲ့ဆေးလုံးက အဓိပ္ပာယ်ရှိတယ်..."
သုံးဦးသားက လုံချီမြို့မှထွက်ကာ ယွမ်ချီမြို့သို့ ပြန်သွားပြီး တာ၀န်ကို လက်လွှဲပေးရန် ပြင်ဆင်လိုက်ကြသည်။
ကြေးစားအစည်းအရုံး၏စည်းမျဉ်းက သင်အလုပ်လက်ခံသည့်နေရာ၌ လွှဲပြောင်းပေး၍သာရသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်က ယွမ်ချီမြို့ ကြေးစားအစည်းအရုံး၏ "စွမ်းဆောင်ရည်" လည်းဖြစ်သည်။
သုံးဦးသားက လုံချီမြို့ကထွက်ခွာပြီး တောင်တန်းများအကြားမှ လျှောက်နေစဉ် အနီးပတ်၀န်းကျင်က လူသူကင်းမဲ့နေသည်။
ညတာက တဖြေးဖြေးကျဆင်းလာသည်။
ကောင်းကင်ကြီးက ကြယ်များဖြင့် ပြည့်နှက်နေပြီး ကြယ်ရောင်ဖြာ၀င်းကာ မှောင်မိုက်သည့် ညကောင်းကင်ထက်တွင် တွဲလျောင်းကျနေကြသည်။
ထိုအခိုက်အတန့်၌ ရှီရှန်း၏မျက်နှာက အနည်းငယ်မည်းမှောင်သွားသည်။
"အစ်ကို၊ ကြည့်ရတာ သူတို့က ဆက်မထိန်းထားနိုင်ကြတော့ဘူးနဲ့တူတယ်"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"တည်နေရာပုံစံတခုကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ ငါသိပါတယ်"
ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်စဉ် ရှေ့နှင့်နောက်ထွက်ပေါက်နှစ်ခုတည်းသာရှိသည်။
သို့သော် ယဲ့ချိုးပိုင်တွင် မျက်စိစုံမှိတ်ကာ ထွက်ပြေးရန်အတွက် ရည်ရွယ်ထားခြင်းမရှိချေ။
အပိုင်း(297) coming။