#လူသတ်လိုသည့် ရည်ရွယ်ချက် ရုတ်တရက်ပေါ်ပေါက်လာခြင်း#
Vol. 21 Ch. 297
ညအမှောင်ထဲတွင် ကြယ်အပြည့်ကောင်းကင်ယံအောက်၌ သတ်ဖြတ်ငွေ့များကို နောက်ထပ်ဖုံးကွယ်ထားခြင်း မရှိကြတော့ဘဲ ပို၍ပို၍ပင် သိသာထင်ရှားလာကာ ယဲ့ချိုးပိုင်တို့သုံးယောက်ကို လွှမ်းခြုံသွားသည်။
ဤကြယ်တာယာကောင်းကင်အောက်တွင် ရှီရှန်း၏ ရှီရှန်း၏ အလုံးစုံခွန်အားကို တိုးမြှင့်ထားသည်။ တချိန်တည်းမှာပင် အသိကိုလည်း မြှင့်ခဲ့သည်။
ဘေးပတ်၀န်းကျင်ကို အာရုံခံမိသည့်အပေါ် ရှီရှန်း မျက်လုံးအစုံဖွင့်လိုက်စဉ် သူ့မျက်လုံးများ၌ ကြယ်ရောင်အလင်းတန်းတခု လင်း၀င်းသွား၏။
"လူရှစ်ယောက်ရှိတယ်၊ ခုနှစ်ယောက်က သိုင်းဧကရာဇ်တ၀က်နယ်ပယ်ဖြစ်ပြီးတော့ ကျန်တစ်ယောက်က သိုင်းဧကရာဇ်တ၀က်နယ်ပယ်ထက် ပိုမြင့်တယ်"
သိုင်းဧကရာဇ်တ၀က်နယ်ပယ်အထက်က။ ဤသည်က ရှီရှန်းက သိုင်းဧကရာဇ်နယ်ပယ်ကဟု ပြောဆိုနေခြင်းပင်။
ယဲ့ချိုးပိုင် ခပ်ပေါ့ပေါ့ရယ်မောလိုက်၏။
"ဒီလက်ရေးက အတော်လေးကြီးတာပဲ"
ယဲ့ချိုးပိုင်က အံ့ဩသင့်ခြင်းမရှိပါ။
သူတို့တုံကင်ကို အနိုင်ရခဲ့ပြီးနောက် ဤသည်ကို တွေးတောထားပြီးဖြစ်သည်။
ဒုတိယထပ်က ဘယ်ခန်းမတွေလဲ။
ဒါမှမဟုတ် ခန်းမသုံးခုလုံးက ပါ၀င်ပတ်သက်လာတာလား။
သို့စေကာမူ အောက်ကပြန့်ကြဲနေသည့် အင်အားစုများအား ယဲ့ချိုးပိုင် ထည့်သွင်းစဉ်းစားခြင်းမရှိချေ။
အကြောင်းပြချက်နှစ်ခုရှိသည်။
မိုယွမ်တုံကင်၏ သွေးဆောင်မှုသည် ကြီးမားသော်လည်း ပထမ၊ ယဲ့ချိုးပိုင်တို့သုံးယောက်က ဇီကျင်းတုံကင်ကို ပိုင်ဆိုင်ထားသည်။ အကယ်၍သူတို့သာ လှုပ်ရှားလာပါက ဤသည်က ရှန်ကျင်းကုန်သည်များအသင်းကို ဆန့်ကျင်နေခြင်းပင်။
သူတို့၏ခွန်အားနှင့်ဆိုပါက ဤနယ်နိမိတ်မဲ့နယ်မြေ၏ နံပါတ်တစ်ကုန်သည်များအသင်းနှင့် ဆန့်ကျင်ရန် အရည်အချင်းမပြည့်မီပါ။
ဒုတိယ သူတို့က ယဲ့ချိုးပိုင်ဆီက ဤအသူရာနတ်ဆိုးတုံကင်ကို ရခဲ့လျှင်ပင် ခြေလှမ်းတစ်သောင်း နောက်ဆုတ်ရမည်။
သို့မဟုတ် သူတို့တွင် အသူရာနတ်ဆိုးချောက်ကို စူးစမ်းလေ့လာရန်အတွက် ခွန်အားရှိနိုင်မည်လား။
နယ်နိမိတ်မဲ့နယ်မြေ၏ အသက်အန္တရာယ်တားမြစ်နေရာသုံးခုအနက် တခုဖြစ်သည့် မိုယွမ်သည် အတော်လေးအန္တရာယ်များသည်။
အသက်ကန့်သတ်နယ်မြေဟူသည် ဘာကို ဆိုလိုနေတာလဲ။
တာအိုနယ်ပယ်က စွမ်းအားရှင်တစ်ယောက် ၀င်သွားမည်ဆိုလျှင်ပင် ကျရှုံးမည့် အလားအလာပိုများသည်။
ထိုသို့ဖြစ်လေရာ အဆိုပါတကွဲတပြားဖြစ်နေသည့် အင်အားစုများက ဒါကို ဘယ်လိုစူးစမ်းနိုင်မည်နည်း။
ထို့ကြောင့် ဒုတိယထပ်က ခန်းမများရှိ ပထမတန်းစားပြည်တွင်းအင်အားစုသုံးခုသာရှိတော့သည်။
ယဲ့ချိုးပိုင်ညင်သာစွာရယ်မောလိုက်သည်။
"လူတိုင်းကို စီနီယာတွေအဖြစ် သတ်မှတ်လို့ရပါတယ်၊ ကျုပ်တို့သုံးယောက်ဆီက ထပ်ပုန်းနေစရာများလိုသေးလို့လား"
အချိန်တခဏအကြာတွင် ဤထူးခြားကာ တိတ်ဆိတ်နေသည့်ချိုင့်ဝှမ်းမှ တုံ့ပြန်သံတစ်သံထွက်လာသည်။
"ကလေးလေးက နှလုံးကောင်းပြီး သေရမှာကို မကြောက်ဘူးဘဲ"
ထိုအသံကျလာသည်နှင့် လူရှစ်ယောက်က ယဲ့ချိုးပိုင်တို့သုံးယောက်ကို ၀န်းရံထားလိုက်ကြသည်။
လူရှစ်ယောက်၏မျက်နှာများက အော်ရာဖြင့်ဖုံးထားလေရာ သူတို့၏အစစ်အမှန် မျက်နှာကို မြင်ရရန်ဟူသည် မဖြစ်နိုင်ပေ။
"ဒါပေမယ့် မင်းမှာ... ဇီကျင်းတုံကင်ရှိနေတာလား"
ချန်းယွမ်နယ်ပယ်တစ်ဦးနှင့် နတ်ဘုရားတ၀က်နယ်ပယ်တွင် ရှိပုံရသည့် ဂျူနီယာနှစ်ဦး။
သူတို့မှာ ခရမ်းရွှေရောင်အမိန့်တခုရှိတာလား။
ဒါကမယုံနိုင်စရာကောင်းလွန်းတယ်။
ခွန်အားအရဆိုရင် ဒါကလုံး၀မဖြစ်နိုင်ဘူး။
သူတို့နောက်ကွယ်က အင်အားကြောင့်လား။
ဒါပေမယ့် ရှန်ကျင်းကုန်သည်များအသင်းရဲ့ ဇီကျင်းအမိန့်က အာဏာအပေါ် မမှီခိုထားဘူးလေ။
ပါရမီကိုကြည့်တာများလား။
ဒီနယ်ပယ်က လက်ခံနိုင်စရာမရှိဘူးလေ။
ဘာပဲဖြစ်ဖြစ် ဒါကငါတို့အလုပ်မဟုတ်ပါဘူး။
သူတို့၏တာ၀န်က ယဲ့ချိုးပိုင်တို့သုံးယောက်လက်ထဲက အသူရာနတ်ဆိုးတုံကင်သာ။
"မင်းငါတို့ကို ရှာတွေ့သွားပြီဆိုမှတော့ ငါတို့စောင့်နေရတဲ့ရည်ရွယ်ချက်ကိုလည်း မင်းသိသင့်ပါတယ်"
"လက်လွှဲပေးလိုက်ပါ၊ ငါမင်းအတွက် ပျော်စရာအချိန်ကောင်းတခုပေးမှာပါ"
သူတို့အားအသက်ရှင်ခွင့်ပေးရန်ဟူသည် မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေကာမူ မည်သည့်အနာဂတ်ပြဿာနာမှ မကျန်ရှိခဲ့သင့်သလို ပေါင်းပင်များကို ခုတ်လှဲပြီးသည်နှင့် အမြစ်များကိုပါ ဖယ်ရှားပစ်ရမည်။
ယဲ့ချုးပိုင် ခပ်ပေါ့ပေါ့ရယ်မောကာ နတ်ဆိုးနက်ဓားကို ထုတ်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက သေရတော့မှာပဲ၊ အသက်ရှင်သန်ဖို့ အခွင့်အရေးအတွက် ဘာလို့အကောင်းဆုံးကြိုးစား မတိုက်ခိုက်ချင်ရတာလဲ"
စကားပြောပြီးသည်နှင့် ကျန်းဇောင်ဓားက လေပေါ်သို့ထိုးတက်သွားသည်။
ဓားပိုင်နက်က ယဲ့ချိုးပိုင်ကို ဗဟိုပြုထားပြီး လူနှစ်ယောက်ကို ဖုံးအုပ်ထားလေသည်။
ကျန်းဇောင်ဓား၌ လှည့်ကွက်အနည်းငယ်ရှိသည်။
လူရှစ်ဦးစလုံးက အနည်းငယ်မျက်မှောင်ကြုတ်လျက် ဘေးက ရှောင်ဟိုင်ကို ကြည့်လိုက်ကြသည်။
ရှောင်ဟိုင်၏ကိုယ်၌ တချိတ်တည်းမှာပင် လိုင်းသုံးကြောင်းပေါ်လာပြီး သူ့၏ရုပ်ပိုင်းဆိုင်ရာခွန်အားက ထိုးတက်သွား၏။
ရှောင်ဟိုင်၏ အမူအရာများကြားက ကြောက်မက်ဖွယ်ရာ ရုပ်ပိုင်းခွန်အားက လေထုကို ပေါက်ကွဲသံများ အဆက်မပြတ် ဖြစ်လာစေသည်။
သူတို့ရှစ်ဦးစလုံးကို အကြောက်ဆုံးလုပ်ခဲ့သည့်လူက အနည်းငယ်ရိုးစင်းရိုးသားပုံရသည့်လူတစ်ယောက်ပေတည်း။
ကိုယ်ခန္ဓာထဲကစွမ်းအားက တကယ်တမ်းတွင် ကြယ်စွမ်းအားဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။
ထိုအခိုက်အတန့်မှာပင် ရှီရှန်း၏ကြယ်တာယာကောင်းကင်ဒန်တျန်မှ နက်ရှိုင်းသည့် ကြယ်စွမ်းအားများ ပွင့်လန်းလာသည်။
ကြယ်စွမ်းအား!
နှစ်ပေါင်းများစွာကြာ ပျောက်ဆုံးနေခဲ့သည့် ကြယ်စွမ်းအားလေ့ကျင်သူက ဤတဒင်္ဂလေးတွင် လူတိုင်း၏အမြင်အောက်၌ ပြန်လည်ပေါ်ပေါက်လာခဲ့လေပြီ။
ဤသို့ဆိုပါက မည်သည့်အတွက်ကြောင့် ရှန်ကျင်းကုန်သည်များအသင်းက ဤဂျူနီယာသုံးယောက်ကို ဇီကျင်းတုံကင် ပေးအပ်ခဲ့တာကို သူတို့နားလည်လာရသည်။
တချိန်တည်းမှာပင် ဤလူရှစ်ယောက်ဟ နှလုံးသား၌ အဆုံးမဲ့သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကိုလည်း ဖြစ်လာစေခဲ့သည်။
ဤကဲ့သို့လူမျိုးကို စော်ကားနေရခြင်းဖြစ်လေရာ တတ်နိုင်သမျှမြန်မြန်မဖယ်ရှားပါက အနာဂတ်တွင် ပြဿာနာများသာ ကျန်ရှိခဲ့ပေလိမ့်မည်။
"ဒီလိုဆိုမှတော့ စကြတာပေါ့"
သိုင်းဧကရာဇ်အဆင့်စွမ်းအားရှင်က နောက်ထပ်အဓိပ္ပာယ်မဲ့တာတွေ ပြောမနေတော့ဘဲ တခြားလူခုနှစ်ဦးကို တိုက်ရိုက်လှုပ်ရှားရန် အမိန့်ပေးလိုက်သည်။
သူကိုယ်တိုင်ကမူ လက်နှစ်ဖက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်လေသည်။
သိုင်းဧကရာဇ်နယ်ပယ်၏ ကြောက်မက်ဖွယ်ရာစွမ်းအားက ထိုအခိုက်အတန့်၌ ပေါက်ကွဲထွက်လာပြီး ဤနေရာအား တိုက်ရိုက်ပင် လွှမ်းခြုံပစ်သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောနှစ်ယောက်၏ လွတ်လမ်းက ပိတ်ဆို့ခံထားရသည်ဟု ဆို၍ရသည်။
ဤသည်က သိုင်းဧကရာဇ်နယ်ပယ်က စွမ်းအားရှင်များ၏ ကြောက်မက်ဖွယ် စွမ်းအားပေတည်း။
ယခုလိုစွမ်းအားမျိုးကို ဖွဲ့စည်းမှု၏စွမ်းအာကို အားမကိုးဘဲ ထိန်းသိမ်းထားနိုင်သော်လည်း ၎င်း၏ကိုယ်ပိုင်ကြီးမားသည့် အော်ရာကိုသာလိုအပ်သည်။
သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အတိုင်းအတာတခုအထိ ဆက်သွယ်ရယူနိုင်သည်။
ဖွဲ့စည်းပုံနည်းစနစ်ကလည်း ကောင်းကင်နှင့်မြေကြီး၏သဘာ၀စွမ်းအားကို သုံးထားခြင်းပင်။
ဆိုလိုသည်က မတူညီသည့်လမ်းကြောင်းများက တူညီသော ရည်မှန်းချက်ဆီသို့ ဦးတည်နေသည်။
သို့စေကာမူ ယဲ့ချိုးပိုင်တို့နှစ်ယောက်တွင် နောက်ဆုတ်ဖို့ ရည်ရွယ်ချက်လုံး၀ရှိမနေတာကို သူမသိခဲ့ပါ။
ရှေ့သို့ရုတ်တရက်ပြေး၀င်လာသည့် လူခုနှစ်ယောက်ကိုကြည့်ရင်း ယဲ့ချိုးပိုင်တို့သုံးဦး၏မျက်လုံးများက အံ့ဖွယ်တိုက်ခိုက်ရေးစိတ်ဓာတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။
ဓားက စွမ်းအားပြည့်၀နေပြီး ဓားစက်ကွင်းက ကြီးမားသည်။
ဓားအသိအမျှင်စများက ဓားအသိ၏ ရှည်လျားသောမြစ်တစင်းအဖြစ် စုဆုံကာ ဧရာမဓားနက်တစ််လက်အဖြစ်သို့ ထပ်မံ ပြောင်းလဲသွားသည်။
ယဲ့ချိုးပိုင်၏လှုပ်ရှားမှုနှင့်အတူ ကြီးမြတ်သည့်ဓားနက်၏လက်ကိုင်ကလည်း ပြတ်ထွက်သွားခဲ့သည်။
ကောင်းကင်ဘုံကိုးစင်းနတ်ဆိုးဓား၊ ကိုးခုမြောက်ဓား!
ရှောင်ဟိုင်လက်သီးကျစ်ကျစ်ဆုပ်လျက် ခါးပေါက်တင်ကာ မြေကြီးအား ကြမ်းတမ်းစွာပင် ဆောင့်နင်းလိုက်သည်။
ဘန်း!
ထိုအခိုက်အတန့်၌ မြေကြီးက အက်ကွဲသွားပြီး မရေမတွက်နိုင်လောက်သည့် အက်ကြောင်းများက ဆက်တိုးလာနေသည်။
"တိုက်"
အော်သံတစ်သံထွက်လာသည်။
ရှောင်ဟိုင်က အကျဉ်းထောင်ထဲကနေ ထွက်လာသည့် သမိုင်းမတွင်ခင်က ရှေးဟောင်းသားရဲတစ်ကောင်အလား သူ့ရှေ့က သိုင်းဧကရာဇ်တ၀က်နယ်ပယ် စွမ်းအားရှင်သုံးဦးထံ ချဉ်းကပ်သွားသည်။
ရှီရှန်းကလည်း လက်ဦးမှုရယူသည်။
ကြယ်စွမ်းအားက ရှီရှန်းလက်ထဲတွင် လျှို့ဝှက်အင်ပါယာပုဆိန်ပေါ်၌ စုစည်းလာခဲ့သည်။
တဝီဝီမြည်သံများ ထွက်ပေါ်နေသည်။ ၎င်းကအတော်လေးနက်ရှိုင်းပြီး ထူထဲပုံရကာ ရှေ့တည့်တည့်သို့မျက်နှာမူလျက် ကြယ်များကျဆင်းနေသကဲ့သို့ ခုတ်ပိုင်းနေသည်။
သူတို့သုံးယောက်ထံမှထွက်လာသည့် ဩဇာတိက္ကမက ခုနှစ်ဦးစလုံးကို ထိတ်လန့်သွားစေခဲ့သည်။
ဤသုံးယောက်၏တိုက်ခိုက်မှုကို သူတို့ကို အမှန်တကယ်ပင် ခြိမ်းခြောက်နေသည့်အလား ခံစားရစေသည်။
သိုင်းဧကရာဇ်နယ်ပယ်က စွမ်းအားရှင်၏ မျက်လုံးများက ရုတ်တရက် လူသတ်လိုသည့်ရည်ရွယ်ချက်ဖြင့် ပေါက်ကွဲသွား၏။
ဤလူသုံးယောက်က ရှိမနေသင့်ပေ။
ဤအဆင့်မှာပင် တိုက်ခိုက်မှုတခုစီကို သိုင်းဧကရာဇ်တ၀က်အဆင့်ကို ခေါင်းဖြတ်ပစ်နိုင်သည်အထိ ထုတ်လွှတ်နိုင်သည်။
ယခုလိလူမျိုးကသာ သိုင်းဧကရာဇ်တစ်ဦးဖြစ်လာပါက အကျိုးဆက်များက ပို၍ပင် ဆိုးရွားလာပေလိမ့်မည်။
ဤသည်ကိုတွေးမိသောအခါ သိုင်းဧကရာဇ်အဆင့်စွမ်းအားရှင်များက တိုက်ပွဲကို ကြည့်မနေနိုင်တော့ပါ။
ရှေ့တလှမ်းလှမ်းလိုက်သည်နှင့် သိုင်းဧကရာဇ်အဆင့်အော်ရာက သုံးဦးစလုံးကို ဖိနှိပ်လာသည်။
ယဲ့ချိုးပိုင်တို့သုံးယောက်က ရုတ်တရက် ရပ်လိုက်ကြသည်။
သိုင်းဧကရာဇ်နယ်ပယ်က စွမ်းအားရှင်က အမှန်တကယ်ပင် တမူထူးခြားသည်။
ဒီအဆင့်မှာ ဒီလောက်ကြီးမားတဲ့ အလျားလိုက်ကွာဟချက်တခုကို ဘယ်လိုလုပ် အလွယ်တကူဖန်တီးနိုင်တာလဲ။
ထို့အပြင် တိုက်ခိုက်မှုသုံးခုစလုံးကို ဤသိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်ကပင် လက်အနည်းငယ်ဝှေ့ယမ်းရုံမျှနှင့် တိုက်ရိုက်ဖြေရှင်းပစ်ခဲ့သည်။
သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်ခုနှစ်ဦး၏ တိုက်ခိုက်မှုများကလည်း တခုပြီးတခု ကျရောက်လာခဲ့သည်။
ယဲ့ချိုးပိုင် ထိုမြင်ကွင်းကိုကြည့်နေသော်လည်း သူကလုံး၀ထိတ်လန့်ခြင်းမရှိဘဲ ပြုံးကာပြောသည်။
"ခင်ဗျားလှုပ်ရှားမှာ မဟုတ်ဘူးလား"
အသံထွက်လာသည်နှင့်တပြိုင်နက် လူတိုင်း၏တုံ့ပြန်မှုကိုပင် သူစောင့်မနေခဲ့ပေ။
ဓားတစ်စင်းက ကောင်းကင်ယံကနေ ဆင်းသက်လာပြီး ယဲ့ချိုးပိုင်တို့သုံးယောက်ရှေ့တွင် ကျသွားကာ တိုက်ခိုက်မှုခုနှစ်ခုစလုံးကို လက်ခံလိုက်သည်။
သို့စေကာမူ ဓားကလုံး၀ရွေ့လျားခြင်းပင်မရှိ။ လူတိုင်းတုန်လှုပ်သွားကြသည်။
သိုင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်ကလည်း ထိတ်လန့်သွားသည်။
"ဘယ်စီနီယာများလဲ၊ စီနီယာတို့အတွက် ဒီကိစ္စမှာ မပါ၀င်တာပိုကောင်းပါတယ်၊ ကျုပ်...."
သို့စေကာမူ ဓားဘေးတွင် အဖိုးအိုတစ်ယောက်ပေါ်လာသည်နှင့် သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်၏ မျက်သူငယ်များက ရုတ်တရက် ရှုံ့တွသွား၏။
အဖိုးအိုက သူ့ကိုခပ်ယဲ့ယဲ့စိုက်ကြည့်ကာ မေးသည်။
"ဘာအတွက်လဲ"
အပိုင်း(298) coming။