#တာအိုနယ်ပယ်စွမ်းအား#
Vol. 21 Ch. 298
သူ့ရှေ့ကအဖိုးအိုကိုကြည့်ရင်း သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်က ထိတ်လန့်နေပုံရသည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူဘယ်လိုလှုပ်ရှားလာတာလဲ။
တခြားသိုင်းဧကရာဇ်တ၀က်နယ်ပယ် လူခုနှစ်ယောက်ကမူ ဤအဖိုးအို၏ အသွင်အပြင်ကို မမှတ်မိသည်မှာ သိသာနေသည်။
သို့စေကာမူ သူတို့ရှေ့ကအဖိုးအိုအား ကြည့်နေကြစဉ် အဖိုးအိုက ဓားတလက်တည်းဖြင့် သူတို့၏လှုပ်ရှားမှုကို တားဆီးလိုက်၏။
ခွန်အားက သူတို့ထက်အများကြီးသာလွန်နေသည်မှာ ထင်ရှားနေသည်။
ဤသည်က သိုင်းဧကရာဇ်တ၀က်နယ်ပယ်စွမ်းအားရှင်ခုနှစ်ယောက်ကို အလွယ်တကူ မလှုပ်ရှားရဲစေခဲ့ပေ။
ဤအဆင့်ကိုရောက်နိုင်သည့်ပညာရှင်။
သူတို့ကတုံးအကြသူများမဟုတ်ပါ။
သူတို့က ရန်သူ၏ခွန်အားကို မည်သို့မည်ပုံတိုင်းတာရန်ကိုမသိဘဲ ကမ္ဘာပေါ်တွင် သူတို့သာနံပါတ်တစ်ဟု ခံစားရပြီး တိုက်ရိုက် တိုက်ခိုက်ကာ အသတ်ခံရသည့် ဦးနှောက်မဲ့သည့်လူများမဟုတ်ပေ။
ယခုလိုလူမျိုးကရှိမနေသင့်ပေ။ ထိုကဲ့သို့ လူအတွက် သိုင်းဧကရာဇ်တ၀က်နယ်ပယ်ကိုပင် အသက်ရှင်လျက် ကျင့်ကြံရန်ဟူသည် မဖြစ်နိုင်။
အဖိုးအိုက လက်ပြားရှည်သည့် ထိပ်ချွန်ဓားရှည်ကို လေပေါ်၌မြှောက်ရင်း လူရှစ်ယောက်ကို ထူးမခြားနားသည့်အသွင် စိုက်ကြည့်သည်။
"ဘာဖြစ်လို့လဲ၊ မင်းတို့ငါ့ကို လက်စားချေချင်ကြတုန်းလား၊ ဒါမှမဟုတ် ငါ့နောက်က လူတွေကိုလား"
စကားပြောနေရင်း အဖိုးအို မရည်ရွယ်ဘဲထုတ်လွှတ်သည့် ဓားအငွေ့အသက်က လူတိုင်း၏တည်ရှိမှုကို ထိုးဖောက်သွားသည့် ခံစားချက်တခုအား ခံစားရစေသည်။
အရမ်းထက်ရှလွန်းတယ်။
ယဲ့ချိုးပိုင်၏မျက်လုံးများပင်လျှင် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ဓားပညာကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည့် ဤလူက စကြာ၀ဠာဘုရင်တပါး အဆင့်ကိုပင် ရောက်နေလေပြီ။
ဤသည်အပြင် ဤဓားအငွေ့အသက်က ကောင်းကင်ဘုံနတ်ဆိုးဓားသခင်၏ ဓားဖြစ်သည့် ယဲ့ချိုးပိုင်ဓားအငွေ့အသက်၏ အင်အားနှင့် ကျန်သောသူများကိုပင် ကျော်လွန်နေခဲ့သည်။
ဒါက စကြာ၀ဠာဘုရင်အဆင့်လေးတင် မဟုတ်မှာကိုတောင် ငါကြောက်နေမိတယ်။
ဤသည်သာမက ထိုသိုင်းဧကရာဇ်တ၀က် စွမ်းအားရှင်များကလည်း ထိတ်လန့်နေပုံရသည်။
ဓား၏ရည်ရွယ်ချက်၊ ဓားအငွေ့အသက်ကို မရည်ရွယ်ဘဲ ထုတ်ဖော်ခဲ့သည်။ ဤသည်က သူတို့နှလုံးသားထဲတွင် သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားရစေသည်။
ဤကဲ့သို့အင်အားမျိုးက သူတို့ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အင်အားမဟုတ်ပါ။
သိုင်းဧကရာဇ်အဆင့်စွမ်းအားရှင်က လက်နှစ်ဖက်ဆုပ်ကာ လျင်မြန်စွာပင် အရိုအသေပေးလိုက်သည်။
"စီနီယာကျန်း၊ ကျုပ်တို့မှာ ဒီလိုရည်ရွယ်ချက်မျိုးမရှိပါဘူး၊ ဒါပေမယ့် အသူရာနတ်ဆိုးတုံကင်က ကျုပ်တို့ကို ဒီလိုဆိုးဝါးတဲ့လှုပ်ရှားမှုတခုလုပ်ရစေတဲ့အထိ အတော်လေးအရေးကြီးနေလို့ပါ"
ထိုအဖိုးကြီးက ရှန်ကျင်းကုန်သည်များအသင်း၏ ထိပ်တန်းတင်ဆက်သူဆယ်ဦးအနက်တစ်ဦးပေတည်း။
သူက တာအိုနယ်ပယ်အစောပိုင်းအဆင့်ရှိ မြို့များစွာနှင့်ဆက်နွှယ်ထားသည့် ဓားပိုင်ရှင်တဖြစ်လဲ အစွမ်းထက်ဓားသမားတစ်ဦးပင်။
ကျန်းလျန်ချန်း၏အသံက အေးစက်နေပြီး သတ်ဖြတ်လိုသည့်ရည်ရွယ်ချက် အနည်းငယ်ပါ၀င်နေသည်။
"ဒီလိုဆိုရင် ဒီမိတ်ဆွေလေးသုံးယောက်ရဲ့ အထောက်အထားကိုရော မင်းသိလား"
"သူတို့အားလုံးမှာ ခရမ်းရွှေရောင်တုံကင်ရှိပြီးတော့ ငါ့ရှန်ကျင်းကုန်သည်များအသင်းရဲ့ အထူးဧည့်သည်တွေပဲ"
"သူတို့ကိုသတ်ပြီး ပစ္စည်းကိုခိုးယူမယ့် လှည့်ကွက်မျိုးကို မင်းတို့လုပ်ရဲတာလား"
"ဒါက ရှန်ကျင်းကုန်သည်များအသင်းကို ဆန့်ကျင်နေတာမဟုတ်ဘူးလား"
ဤသတင်းကိုကြားရသောအခါ သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်တင်မဟုတ်ဘဲ တခြားသိုင်းဧကရာဇ်တ၀က်အဆင့် စွမ်းအားရှင်ခုနှစ်ယောက်ပင်လျှင် စိုက်ကြည့်နေရင်း သူတို့၏မျက်သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားခဲ့ကြသည်။
သူတို့၏မျက်နှာတခုလုံးက မယုံကြည်နိုင်သည့် အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
ဘာ!
သုံးယောက်စလုံးမှာ ဇီကျင်းအမိန့်တွေရှိတာလား။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်က အလျင်အမြန်ပြောလာသည်။
"စီနီယာကျန်း၊ ကျုပ်တို့ဒီအကြောင်းကို အရင်ကမသိခဲ့ပါ့ဘူး၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ၊ ကျုပ်အခုချက်ချင်း ထွက်သွားပေးပါမယ်၊ အနာဂတ်မှာလည်း ဒီမိတ်ဆွေသုံးယောက်ကို သေချာပေါက် ဒုက္ခမပေးတော့ပါဘူး"
"ထွက်သွားမယ်"
ကျန်းလျန်ချန်း၏မျက်လုံးများက အနည်းငယ်မျှပင် အတက်အကျမရှိသည့် ကန်လေပြင်အလား တည်ငြိမ်နေသည်။ ရှေးဟောင်းတွင်းတခုထဲက လှုပ်ရှားမှုမရှိသည့် ရေလှိုင်းများအလားပင်။
သို့စေကာမူ သူ့မျက်လုံးများထဲက ရိုးစင်းပြီး သမရိုးကျရှိနေပုံမရသည့် အကြည့်ကြောင့် အစွမ်းရှင်ရှစ်ဦးစလုံး၏ နှလုံးသားများက တုန်ခါလာရသည်။
"မင်းဘယ်လိုထင်တာလဲ၊ တကယ်လို့ ငါမင်းတို့ကို ထွက်သွားခွင့်ပေးမယ်ဆိုရင် ပြင်ပကမ္ဘာက ငါတို့ရှန်ကျင်းကုန်သည်များအသင်းကို ဘယ်လိုထင်ကြမလဲ"
"ပြီးတော့ ဒီမိတ်ဆွေလေးသုံးယောက်က ငါတို့ကိုဘယ်လိုထင်မလဲ"
ဇီကျင်းတုံကင်ကိုပေးခဲ့တယ်!
ဒါပေမယ့်မြို့ထဲကထွက်သွားပြီးနောက် တယောက်ယောက်က လူသတ်ပြီး ပစ္စည်းခိုးဖို့အတွက် ရောက်လာတယ်!
ဒါက ရှန်ကျင်းကုန်သည်များအသင်းရဲ့ ညံ့ဖျင်းမှုကို ဖော်ပြနေတာမဟုတ်ဘူးလား!
ဒီလိုဆိုရင် ဒီဇီကျင်းတုံကင်ရဲ့တန်ဖိုးကဘာလဲ!
ကုန်သည်များအသင်းတခုအတွက် တခြားသူတွေရဲ့အမြင်မှာ ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာကို ရနိုင်ဖို့က မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတခုပဲလေ!
သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွား၏။ သူခြေတလှမ်းနောက်ဆုတ်ကာ သူ့ကိုယ်ထံမှာ အော်ရာက အရူးအမူး ထွက်လာပြီး အချိန်မရွေးထွက်ပြေးရန်အတွက် အဆင်သင့်ဖြစ်နေခဲ့သည်။
သို့သော်သူကမျှော်လင့်ချက်ကို မစွန့်လွှတ်လိုသေးသဖြင့် အလျင်အမြန်ပြောသည်။
"စီနီယာကျန်း၊ မစိုးရိမ်ပါနဲ့၊ ကျုပ်တို့ဒီကိစ္စကို ဘယ်တော့မှဖြန့်မှာမဟုတ်ပါဘူး"
"တကယ်လို့ ဒီကိစ္စသာပြန့်သွားရင် ကျုပ်တို့ရှစ်ယောက်ကိုယ်တိုင်လာပြီး တွေ့ဆုံပါမယ်"
ကျန်းလျန်ချန်းခေါင်းခါယမ်းသည်။
သူ့လက်ထဲက ထိပ်ချွန်ဓားရှည်ကိုကြည့်ရင်း ကျယ်ပြန့်သည်လက်ကိုင်ကို တဖက်ဖြင့်ကိုင်ကာ ကျန်လက်တစ်ဖက်နှင့် ဧရာမဓားကို ပွတ်သပ်နေသည်။ ဤလက်ကိုင်ကျယ်သည့်ဓားရှည်က သူ့ချစ်သူတစ်ဦးအလားပင်။
"သေခြင်းတရားကပဲ သူတို့အစာအိမ်ထဲက ပုပ်သိုးမှုတွေကို လုံး၀ဖျောက်ဖျက်ပေးနိုင်မယ့် အရာတချို့ရှိတယ်"
"ပြီးတော့ မင်းတို့ကိုသတ်တာက ရှန်ကျင်းကုန်သည်များအသင်းအတွက် ဘာပြဿာနာမှ မဖြစ်လာနိုင်ပါဘူး၊ ငါဘာလို့မင်းတို့ကို အသက်ရှင်ခွင့်ပေးပြီး ရှန်ကျင်းကုန်သည်များအသင်းကို မမြင်နိုင်တဲ့ အန္တရာယ်ကို သယ်ပိုးခွင့်ပေးရမှာလဲ"
လယ်သမားနှင့်မြွေ၏ဇာတ်လမ်းက ကျင့်ကြံခြင်းလောက၌ မထူးဆန်းပါ။
နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့သည့် ကျန်းလျန်ချန်းကဲ့သို့လူမျိုးအတွက် ယခုလိုလူများကို တွေ့ရခြင်းက အံ့ဩသင့်စရာမဟုတ်ပေ။
ထို့ကြောင့် ကျန်းလျန်ချန်းက ရှင်သန်နေသည့်လူတစ်ယောက်က ပေးသည့်ကတိကို အပြည့်အ၀မယုံနိုင်ချေ။
လူသေများကသာလျှင် လျှို့ဝှက်ချက်ကို ပြန်လည်မွေးဖွားခြင်းနှင့်အတူတကွ ယူကြဉ်းသွားနိုင်ပေလိမ့်မည်။
"ဒါပေမယ့် တကယ်လို့စီနီယာကျန်း သွားခွင့်ပေးမယ်ဆိုရင် ကျုပ်တို့နောက်ကွယ်က အင်အားစုတွေက ရှန်ကျင်းကုန်သည်များအသင်းကို ပြန်ပြီးပေးဆပ်မှာပါ"
"မလိုပါဘူး"
ကျန်းလျန်ချန်း သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်၏စကားကိုကြားဖြတ်ကာ မျက်ခုံးပင့်လျက် လက်ထဲကဓားကို ဖြည်းညင်းစွာမရင်း ပေါ့ပေါ့လေးပြောသည်။
"ရှန်ကျင်းကုန်သည်များအသင်းက မင်းတို့ရဲ့အရှုံးပေးမှုကို မလိုလားဘူး"
တနည်းပြောရရင် မင်းတို့ကမထိုက်တန်ဘူး!
ကျန်းလျန်ချန်း၏သည်းခံနိုင်စွမ်းက ကုန်ဆုံးသွားပုံရသည်။
သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်ကို နောက်ဆုံးရုန်းကန်မှုလုပ်ဆောင်ခွင့်ပင် မပေးဘဲ သူ့လက်ထဲက လက်ကိုင်ကျယ်သည့်ဓားရှည်အား ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်၏။
ဤအခိုက်အတန့်မှာပင် အော်ရာက ကမ္ဘာကြီးထဲတွင် ထိုးတက်လာကာ နေရာအနှံ့ တည်ရှိနေသည့်အလား။
ဘန်း!
တောင်တန်းကြီးတ်ုလုံးက ယခုအခိုက်အတတန့်လေး၌ ဧရာမအရာကြီးတခုနှင့် တိုက်မိသည့်အလား အဆက်မပြတ်တုန်ခါနေသည်။
ယဲ့ချိုးပိုင်တို့သုံးယောက်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူတို့၏ကိုယ်များက နောက်ပြန်ဆုတ်နေသည်ကိုပင် မရပ်နိုင်ခဲ့ကြပေ။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကဲ့သို့ အော်ရာ၏ ဧရာမစီးကြောင်းက ကိုယ်ခန္ဓာတခုတည်းတွင် စုပြုံနေသည်။
ကျန်လျန်းချန်းက သူတို့ကိုကျောပေးထားကာ သူတို့ထံသူ့အော်ရာကိုမလွှတ်ခဲ့ပေ။
ယဲ့ချိုးပိုင်တို့သုံးဦးသားမှာ မခံမရပ်နိုင်ဖြစ်နေသကဲ့သို့ပင် ခံစားနေရသည်။
ဒါကတာအိုနယ်ပယ်ကစွမ်းအားရှင်လား!
ဤအဆင့်က ယခုလေးတင်သူတို့တွေ့ခဲ့သည့် သိုင်းဧကရာဇ်စွမ်းအားရှင်နှင့် အဆင့်တူမဟုတ်ပေ။
ဤကြီးမားသည့်အော်ရာအတက်အကျက ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်။
ကျန်းလျန်ချန်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည့် လူရှစ်ယောက်က ယခုအချိန်တွင် အတော်လေး၀မ်းနည်းနေကြသည်။
သူတို့ထဲတွင် ကျန်းလျန်ချန်းနှင့်အနီးဆုံးရှိ ဧကရာဇ်တ၀က်နယ်ပယ်စွမ်းအားရှင်နှစ်ယောက်က ဤအော်ရာလှိုင်း၏ ဖိသိပ်မှုအောက်တွင် သွေးမြူများအဖြစ် တိုက်ရိုက်ချေမွခံလိုက်ရသည်။
အသံလေးတစ်သံပင်မကျန်ရှိခဲ့ပါ!
ဝိဉာဉ်စွမ်းအင်ပေါက်ကွဲမှုလေးကပင် သိုင်းဧကရာဇ်တ၀က်နယ်ပယ် စွမ်းအားရှင်နှစ်ဦးကို အသိဉာဏ်များဆုံးရှုံးသွားစေသည်။
ဒါဘယ်လိုကြောက်စရာခွန်အားမျိုးလဲ!
သိုင်းဧကရာဇ်နယ်ပယ်က စွမ်းအားရှင်က တိုက်ခိုက်မှုကနေထွက်လာသည့် ဧရာမအော်ရာကို ခုခံရန်အတွက် ခွန်အားအလုံးစုံသုံးကာ အော်ရာကိုအစွမ်းကုန်မြှင့်တင်ခဲ့သည်။
ကြောက်ဖို့ကောင်းလွန်းတယ်!
တာအိုတစ်ဦး၏လက်ထဲတွင် သိုင်းဧကရာဇ်နယ်ပယ်က ပုရွက်ဆိတ်တကောင်ထက် ပိုမနေခဲ့ပေ။
ဒါကတကယ်ကောင်းလွန်းတယ်!
ငါက တာအိုနယ်ပယ်စွမ်းအားရှင်ဖြစ်တဲ့ ကျန်းလျန်ချန်းရှေ့မှာ ပုရွက်ဆိတ်တကောင်လိုပဲ!
ကျန်ရှိနေသည့် သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်များကလည်း အံကြိတ်ကာ ထိုအခိုက်အတန့်၌ နောက်ဆုတ်ချင်နေကြသည်။
သို့သော် ကျန်းလျန်ချန်းက ပြိုင်ဘက်ကို မည်သောအခါမှ ဤအခွင့်အရေးမျိုးကို ပေးမည်မဟုတ်ပါ။
ဓားရည်ရွယ်ချက်အမျှင်တန်းတခုက အရိပ်တခုကဲ့သို့ပင် လိုက်ပါသွားသည်။
ချက်ချင်းဆိုသလို သိုင်းဧကရာဇ်တ၀က်အဆင့်စွမ်းအားရှင်ငါးဦး၏ မျက်ခုံးများအကြား ထိုးဖောက်သွား၏။
အတားအဆီးဟူ၍ လုံး၀မရှိခဲ့ပါ။
ရုတ်ချည်းဆိုသလို ဓားအငွေ့အသက်က သူတို့ကို ချက်ချင်းသေဆုံးသွားစေသည်။
သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်က ဤမြင်ကွင်းကိုကြည့်ရင်း အံကြိတ်လိုက်သည်။ သူနောက်ထပ်မစောင့်နိုင်တော့ချေ။
သူ့ကိုယ်ထဲက သွေးနှင့်အဆီအနှစ်သာမက ဒန်တျန်ထဲက အော်ရာကိုပါ တိုက်ရိုက် လောင်ကျွမ်းပစ်သည်။
ထိုတဒင်္ဂအတွင်းမှာပင် အင်အားက ထိုးတက်လာခဲ့သည်။
ထိုအချိန်တိုအတွင်းမှာပင် သူက ကျန်းလျန်ချန်း၏ဖိအားပေးမှုကို ကျော်လွှားနိုင်ခဲ့သည်။
ချက်ချင်းဆိုသလို သူကျောက်စိမ်းလည်ဆွဲတခုကို ထုတ်ယူလိုက်ကာ ရုတ်တရက် ချေမွလိုက်၏။
လေဟာနယ်နေရာလွတ်တခု ပေါ်လာပြီး ထိုအချိန်အတွင်း အားသုံးကာ အလုပ်လုပ်စေသည်။
ဤဧကရာဇ်အဆင့်စွမ်းအားရှင်က ရရှိလာသည့် တိုတောင်းသည့်ကာလကို အသုံးပြုကာ ထွက်ပြေးလိုခြင်းပေတည်း။
ရှီရှန်း ကြယ်စွမ်းအားကို ကောင်းကင်ပေါ်သို့ ပစ်လိုက်စဉ် တဒင်္ဂအတွင်းမှာပင် သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်၏ ကိုယ်တဝိုက်၌ ဖြန်းကြက်သွားသည်။
အပိုင်း(299) coming။