← Chapters

#ပြန်လည်မွေးဖွားခြင်းဥပဒေဿ#

Vol. 21 Ch. 299

#ပြန်လည်မွေးဖွားခြင်းဥပဒေဿ#

Vol. 21 Ch. 299

ကြယ်စွမ်းအား!

ကြီးမားသည့်စွမ်းအားရှိသည်သာမက ဆန်းကြယ်ပြီး ကြမ်းကြုတ်သည့်စွမ်းအားလည်း ပါရှိသည်။ 

တချိန်တည်းမှာပင် ချိတ်ပိတ်နိုင်သည့် စွမ်းအားလည်း ပါရှိလေသည်။ 

သို့စေကာမူ ရှီရှန်း၏လက်ရှိကြယ်စွမ်းအားအပေါ် မှီခိုထားလေရာ မှောင်မိုက်သည့်ညတာတွင်ပင် ပြင်ပအရာ၀တ္ထုများက ယူဆောင်လာသည့် အာကာသတယ်လီပို့စနစ်ကို လုံးလုံးလျားလျား တားဆီးရန်ဟူသည် မဖြစ်နိုင်ပေ။ 

သို့သော် တခဏမျှ နှောင့်နှေးသွားအောင်တော့ လုပ်နိုင်သည်။ 

သိုင်းဧကရာဇ်နယ်ပယ်က စွမ်းအားရှင်၏ ပတ်ပတ်လည်၌ အာကာသစွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းဂယက်များသည် ထိုအချိန်တွင် တခဏမျှ ရပ်သွားခဲ့သည်။ 

အသက်ရှုချိန်တချက်တွင် တာအိုနယ်ပယ်က ကျန်းလျန်ချန်းအဖို့ အရာများစွာ လုပ်ဆောင်နိုင်ပေသည်။ 

ကျန်းလျန်ချန်း ရုတ်တရက် လက်တဖက်ကိုဆန့်ထုတ်ကာ လက်ချောင်းငါးချောင်းတည်းဖြင့် ပိုင်နယ်ကို ချုပ်ကိုင်လျက် သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်အား ရင်ဆိုင်နေသည်။ 

တခဏအတွင်းမှာပင် သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်၏ ပတ်ပတ်လည်၌ ထုတ်လွှတ်ပေးထားသည့် အာကာသစွမ်းအားတွင် ယခုအချိန်တွင် ချက်ချင်း ကွဲအက်သွားသည်။ 

တချိန်တည်းမှာပင် သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်၏ လက်ထဲက ကျောက်စိမ်းလည်ဆွဲကလည်း ကွဲကြေသွားသည်အထိ ဖိသိပ်ခံလိုက်ရသည်။ 

ဤမြင်ကွင်းကိုမြင်ရသောအခါ သိုင်းဧကရာဇ်နယ်ပယ်က စွမ်းအားရှင်၏မျက်နှာက အကြီးအမားပြောင်းလဲသွား၏။ 

စိတ်ပျက်အားငယ်နေသည့် အကြည့်တခုက သူ့မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ 

နောက်ဆုံးမျှော်လင့်ချက်က ဤအခိုက်အတန့်လေးမှာပင် ဖျက်ဆီးချေမွခံလိုက်ရလေပြီ။ 

ကျန်းလျန်ချန်း ထိုစွမ်းအားရှင်အားကြည့်ကာ အေးစက်စွာမေးလိုက်သည်။ 

"ငါ့ကိုပြောပြ၊ မင်းကဘယ်ဂိုဏ်းကလဲ"

"ကံကောင်းခြင်းတံခါး၀လား ဒါမှမဟုတ် မီးတောက်နီဂိုဏ်းလား"

သူ ရေခဲဝိဉာဉ်ဂိုဏ်းကို မဖော်ပြခဲ့ခြင်းက ရေခဲဝိဉာဉ်ဂိုဏ်း၌ အမျိုးသားဟူ၍ မရှိသောကြောင့်ဖြစ်သည်။ သူတို့က အမျိုးသမီးများကိုသာ စုဆောင်းကြသည်။ 

ရေခဲဝိဉာဉ်ဂိုဏ်း၏ လေ့ကျင့်ခန်းအားလုံးက အမျိုးသမီးများအတွက်သာ လေ့ကျင့်ရန် သင့်လျော်သည်။ 

သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်က ငေါ့တော့တော့ပြုံးလိုက်သည်။ 

"ဘာပဲဖြစ်ဖြစ် ကျုပ်ကသေရတော့မှာပဲလေ၊ ဘာလို့ခင်ဗျားကို ပြောပြနေရမှာလဲ"

"ဒါပေမယ့် ငါမသေသေးခင်မှာ မင်းဒါကို ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ငါသိချင်တယ်"

သူ့မျက်လုံးများက ရှီရှန်းထံကျသွားသည်။ 

ရှီရှန်းစကားမပြောခဲ့ပါ။ 

လူသေများအတွက်၊ သူတို့ကိုသတ်ပစ်ချင်သောသူများအတွက် ရှီရှန်းတွင် ပြောစရာဘာတခုမှမရှိချေ။ 

ကျန်းလျန်ချန်းကလည်း နှောင့်နှေးမနေချင်တော့။ 

တဖက်လူက ဘာမှမပြောဘဲ ငြင်းဆန်လေရာ ဘာမှထပ်မေးစရာမလိုတော့ပေ။ 

ဤသည်ကိုတွေးတောမိသည်နှင့် ကျန်းလျန်ချန်းဓားဖြင့် ထောက်ပြလိုက်သည်။  

လက်ချောင်းနှစ်ချောင်းကြားမှ ဓားအငွေ့အသက်တခုထွက်သွားပြီး သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်၏ မျက်ခုံးအား တိုက်ရိုက်ထိုးဖောက်သွားသည်။ 

ဤအခိုက်အတန့်၌ သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်က ကျန်းလျန်ချန်း၏လက်ထဲတွင် ပုရွက်ဆိတ်တစ်ကောင်ပမာ ခုခံရန်အတွက် မည်သည့်စွမ်းအားမှမရှိခဲ့ဘဲ လုံး၀သုတ်သင်ခံလိုက်ရသည်။ 

ကျန်းလျန်ချန်းလည်း သူ့၏အော်ရာကို ပြန်လည်သိမ်းဆည်းလိုက်သည်။ 

ကျပ်သိပ်လာသည့်အော်ရာက တဖြည်းဖြည်းပင် ‌ကင်းစင်သွား၏။ 

ကွဲကြေနေသည့်တောင်ထိပ်များကလည်း ဤနေရာ၌ တချိန်က ပစ်သတ်ခံခဲ့ရသည့် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ရှိခဲ့သည်ကို ပြသလာသည်။ 

ကျန်းလျန်ချန်းခေါင်းလှည့်ကာ ယဲ့ချိုးပိုင်တို့သုံးယောက်ကို ကြည့်လိုက်သည်။ 

ယဲ့ချိုးပိုင်လက်သီးနှစ်ဖက်ဆုပ်ကာ အပြုံးဖြင့်ပြောလိုက်သည်။ 

"ကျေးဇူးပါ၊ စီနီယာ"

ကျန်းလျန်ချန်းလက်ဝှေ့ယမ်းပြပြီးနောက် ယဲ့ချိုးပိုင်ကို စိုက်ကြည့်သည်။ 

"အဲဒီဆေးလုံးကို ပေးပြီးနောက်မှာ ငါတို့ မင်းတို့ကို လျှို့ဝှက်စွာ ကာကွယ်ပေးလိမ့်မယ်ဆိုတာ မင်းသိပြီးသားမလား"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။ သို့သော် ဘာမှမပြောပါ။ 

သို့သော် ယဲ့ချိုးပိုင်၏အမူအရာကနေ ကျန်းလျန်ချန်းနားလည်လိုက်သည်။ 

သူ့နောက်က အင်အားစုက မလွယ်ကူကြောင်း ယဲ့ချိုးပိုင် နှစ်ခါတိတိ ‌ထုတ်ဖော်ပြသပြီးနောက်တွင် ကျန်းလျန်ချန်း ခပ်ရေးရေး မှန်းဆမိပြီဖြစ်သည်။ 

တဖက်လူကသူ့နောက်ခံကို ထုတ်ဖော်ရင်း ရှန်ကျင်းကုန်သည်များအသင်းကို သူတို့ညီအစ်ကိုသုံးယောက်ကို ပို၍အာရုံစိုက်လာစေရန်အတွက်ပင်။ 

"ဒါပေမယ့်မင်းနောက်ကွယ်က စွမ်းအားရှင်က ဘယ်သူလဲဆိုတာငါမမေးပါဘူး၊ ဘာပဲဆိုဆို ဒါကငါနဲ့ဘာမှမသက်ဆိုင်ဘူး"

ကျန်းလျန်ချန်း၏လက်ရှိအင်အားနှင့်ဆိုပါက အလွယ်တတကူ‌မသေနိုင်ပေ။ 

"မင်းက ဓားကျင့်ကြံခြင်းအတွက် မျိုးစေ့ကောင်းလေးပဲ၊ မင်းစိတ်ကို ဒီထဲမှာပဲ မထားနဲ့၊ ဒါကလမ်း‌စဉ်တခုတည်းပါပဲ၊ ဓားကျင့်ကြံခြင်းရဲ့နှလုံးသားက သန့်စင်နေရမယ်"

ဤစကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

ယခုတကြိမ်တွင် သူကအပြုံးကိုဖယ်ရှားကာ လေးနက်သည့်အမူအရာဖြင့် လက်သီးကျစ်ကျစ်ဆုပ်ပြီး ဦးညွတ်သည်။ 

"ကျုပ်ကိုသတိပေးတဲ့အတွက် ကျေးဇူးပါ၊ စီနီယာ"

နိုးထခြင်း၏ဂုဏ်ကျက်သရေ!

ကျန်းလျန်ချန်းက ယဲ့ချိုးပိုင်၏ လက်ဆောင်နှင့် ထိုက်တန်ပါသည်။ 

ဤသည်ကိုမြင်ရသောအခါ ကျန်းလျန်ချန်းကလည်း ခပ်ယဲ့ယဲ့ခေါင်းညိတ်ပြီး ရှောင်ဟိုင်ကိုကြည့်လိုက်သည်။ 

အမှန်အတိုင်းဆိုရမည်ဆိုပါက ဤလူငယ်သုံးယောက်ထဲတွင် သူထိုးဖောက်မြင်နိုင်စွမ်းမရှိဆုံးလူမှာ ဤအနက်ရောင်ခန္ဓာပိုင်ရှင် ကျင့်ကြံသူပင်။ 

သူ့ကိုယ်ခန္ဓာ၌ အနက်ရောင်မြူခိုးများရှိနေသည်။ 

ထိုမြူများက ကြောက်ခမန်းလိလိ နတ်ဆိုးစွမ်းအင်ဖြင့် ပြည့်နှက်နေသည်။ 

ကျန်းလျန်ချန်း၏ခွန်အားနှင့်ပင် ရှောင်ဟိုင်ကိုယ်ထဲတွင် ရှိသည့်အရာများကို ဖောက်ထွင်းမမြင်နိုင်ခဲ့ပေ။ 

ချက်ချင်းဆိုသလို ရှီရှန်းကိုကြည့်လိုက်စဉ် သူ့မျက်လုံးများက အနည်းငယ်အံ့ဩသင့်သွားသည်။ 

ကြယ်စွမ်းအားလေ့ကျင့်သူတစ်ဦး!

ကြယ်စွမ်းအားက ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်မရေမတွက်နိုင်လောက်အောင်ပင် ကြာမြင့်နေခဲ့ပါပြီ။ 

ရှေးဟောင်းစာအုပ်များတွင် ကြယ်စွမ်းအားနှင့်ပတ်သက်သည့်မှတ်တမ်းများက လက်တစ်ဆုပ်စာသာရှိသည်။ 

သို့သော် အကယ်၍ ကြယ်စွမ်းအားကို အကြီးအမားအောင်မြင်မှုရသည်အထိ ကျင့်ကြံမည်ဆိုပါက ကြယ်များ၏စွမ်းအားကို အသက်သွင်းနိုင်တာကို ကျန်းလျန်ချန်းသိသည်။ 

၎င်း၏စွမ်းအားကပင် နယ်မြေတခုကို ဖျက်ဆီးရန် လုံလောက်နေပါပြီ။ 

ဤသည်အပြင် ယခုလေးတင်က ရှီရှန်းထုတ်လွှတ်ခဲ့သည့် ကြယ်စွမ်းအားက အာကာသကျောက်စိမ်းဆွဲသီး၏ အာကာသကူးပြောင်းမှုကို အမှန်တကယ် တားဆီးနိုင်ခဲ့သည်။ 

တစ်စက္ကန်မျှဆိုလျှင်ပင် သတိထားကြည့်မည်ဆိုပါက ရှီရှန်း၏လက်ရှိခွန်အားက နတ်ဘုရားတပိုင်းနယ်ပယ်တွင်သာဖြစ်သည်။ 

"မျိုးဆက်သစ်လူငယ်တွေက အရမ်းအံ့ဩဖို့ကောင်းတာပဲ...."

သခင်မလေးက ဒါကို လှလှပပ လုပ်ဆောင်နိုင်ခဲ့တယ်!

ဒီအဖြစ်အပျက်က ရှန်ကျင်းကုန်သည်များအသင်းရဲ့ အခြေအနေရပ်တွေကိုတောင် ပြောင်းလဲပေးနိုင်တယ်!

တချိန်တည်းမှာပင် ဤသည်က မိန်းကလေးက သူမဘ၀တွင် ပြုလုပ်ခဲ့သည့် အမှန်ကန်ဆုံးအရာတခု ဖြစ်လာပေလိမ့်မည်။ 

ကျန်းလျန်ချန်းသုံးဦးစလုံးကို နှုတ်ဆက်ပြီးနောက်ပြောသည်။ 

"ရှေ့လျှောက် မင်းတို့ကိုယ်မင်းတို့ အားကိုးမှီခိုရတော့မယ်"

"တာအိုကျင့်ကြံခြင်းလမ်းကြောင်းကို မင်းတို့ကိုယ်တိုင်ပဲ ပြီးပြည့်စုံအောင် လုပ်ရမယ်"

ဤစကားလုံးများကိုပြောပြီးနောက် ကျန်းလျန်ချန်း ထိုနေရာကပင် ပျောက်ကွယ်သွား၏။ 

ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့်၊ ရှီချန်တို့က ကျန်းလျန်ချန်းထွက်သွားရာနေရာဖက်သို့ လက်နှစ်ဖက်ဆုပ်ထားကြသည်။ 

"ကောင်းပြီ၊ ခဏလောက်နောက်ဆုတ်ဖို့အတွက် နေရာတခုရှာကြရအောင်"

မည်သို့ပင်ဆိုစေကာမူ ရှောင်ဟိုင်က ဤတုံကင်ကို လေ့လာရန်လိုအပ်သည်။ 

ရှီရှန်းကလည်း ကြယ်ကျောက်တုံးကို နားလည်သဘောပေါက်သွားအောင် လုပ်ချင်သည်။ 

ယဲ့ချိုးပိုင်ကိုယ်တိုင်ကလည်း ကျန်းလျန်ချန်းထုတ်လွှတ်သည့် ဓားဆန္ဒအောက်တွင် ခံစားချက်တချို့ကို ဖျတ်ခနဲခပ်ရေးရေး ခံစားလိုက်ရသည်။ 

ရှီရှန်းရော ရှောင်ဟိုင်ပါ ခေါင်းညိတ်လိုက်ကြသည်။ 

...

တခြားတဘက်တွင် နန်ယုစံအိမ်တော်၌ မင်းဆရာ၊ ခုန်ကျန်းဟန်နှင့် ကျိုထျန်းပုတို့က ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသေးပြီး ကောင်းကင်နှင့်လူသားနယ်ပယ်တွင် ရှိနေသေးသည့် ဟုန်ရင်ကို စိုက်ကြည့်နေကြသည်။ 

လုချန်းရှန်းက ဘေးကနေ ပြန်လည်မွေးဖွားခြင်းနိယာမကို ထုတ်လွှတ်ရင်း ဟုန်ရင်အား ရစ်ပတ်ထားစေသည်။ 

ဟုန်ရင်မှာ တာအိုစွမ်းအားကို အဆက်မပြတ်ခံစားနေရသည်။ 

ယခုလ၀က်ခန့်ပင် ကြာသွားခဲ့လေပြီ။ 

ငှက်ကလေးကလည်းမေးသည်။ 

"ကောင်းကင်နဲ့လူသားနယ်ပယ်က ဒီလောက်အချိန်ကြာ တည်တံ့နိုင်တာလား"

ကလန်ထဲမှာတော့ ကောင်းကင်နဲ့ လူသားနယ်ပယ်မှာ လတ၀က်လောက်ထိ နေနိုင်တဲ့လူကို ငါတခါမှမတွေ့ဖူးဘူး!

ကောင်းကင်နဲ့လူသားနယ်ပယ်က တရုတ်ဂေါ်ဖီထုပ်လို့ ထင်နေတာလား!

ငှက်ကလေးကလည်း ကိုယ်တိုင်နားလည်မှုကို စတင်သံသယ၀င်လာသည်။ 

ဒီကောင်းကင်နဲ့လူသားနယ်ပယ်က တရုတ်ဂေါ်ဖီထုပ်နဲ့တူပြီးတော့ တန်ဖိုးရှိပုံလည်းမရဘူး.....

ငှက်ကလေး၏အမေးကို ကြားရသောအခါ လျိုရှုပြန်ဖြေသည်။ 

"ကောင်းကင်နဲ့လူသားနယ်ပယ်မှာ ပါရမီနဲ့ ခံယူချက်အသိတွေပါ၀င်တယ်၊ သူ့အခြေခံသဘောတရားတွေနဲ့ ဟုန်ရင်ရဲ့ပါရမီနဲ့ဆိုရင် လတ၀က်လောက်ကြာတာက ပုံမှန်ပါပဲ၊ အရမ်းအံ့ဩသင့်မနေပါနဲ့"

ခုန်ကျန်းဟန်က အပြင်တွင်ရှိနေသေးပြီး နိယာမ၏စွမ်းအားကို ခံစားမိသောအခါ ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ 

"ဒါကတကယ်ကို တိုတောင်းလွန်းပါတယ်၊ ဒီလိုအစွမ်းထက်တဲ့ စည်းမျဉ်းတွေရဲ့စွမ်းအားက အနုပညာအသိကို သိသိသာသာ ကျော်လွန်သွားခဲ့ပြီ....."

ဤသည်အပြင်သူက ယခုလိုစွမ်းအားမျိုးမမြင်ဖူးပေ။ 

မင်းဆရာကလည်း ခေါင်းညိတ်သည်။ 

သူအရင်ကမြင်ဖူးတာလား!

လုချန်ရှန်း၏ တည်ငြိမ်နေသည့် မျက်နှာအမူအရာကို ကြည့်ရင်း နှလုံးသားထဲတွင် မုန်တိုင်းတစင်း တိုက်ခတ်သွားသည့်ပမာ ခံစားလိုက်ရသည်။ 

ဒီလူကဘယ်နေရာကနေ လာခဲ့တာလဲ!

ထိုအခိုက်အတန့်၌ လုချန်ရှန်းတာအိုသဘောတရားများ၏ အောက်တွင် ဟုန်ရီ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ 

သူမကိုယ်တဝိုက်၌ အနုပညာခံယူချက်အသိ၏ စွမ်းအားက ပြောင်းလဲနေသည်။ 

ဖြည်းညင်းစွာ ထွက်ပေါ်လာသည့်စွမ်းအားက ၎င်းထဲတွင်ရှိနေပြီး လုချန်ရှန်း၏ တာအိုစွမ်းအားနှင့် တဖြည်းဖြည်းနီးသထက် နီးကပ်လာသည်။ 

အပိုင်း(300) coming။

All Chapters