#ဤကမ္ဘာကြီးထဲတွင် ကောင်းကင်ကို ထိန်းချုပ်ခြင်း#
Vol. 21 Ch. 300
တာအိုစွမ်းအားက ဤလောက၏ စည်းမျဉ်းများ၏ အသန့်စင်ဆုံးစွမ်းအားဖြစ်သည်။
အနုပညာအသိခံယူချက်သည် ကောင်းကင်နှင့်မြေကြီးကြားရှိ သဘာ၀စွမ်းအားကို ခံစားရခြင်းဖြစ်သည်ဟုဆိုပါက တာအိုစွမ်းအားက ဤကမ္ဘာကြီးကို တိုက်ရိုက်ထိန်းချုပ်သည့် စည်းမျဉ်းများ၏ စွမ်းအားဖြစ်သည်။
ဤနှစ်ခုကြားတွင် အရမ်းကြီးကွာဟချက် မရှိသော်ငြားလည်း ခံစားချက်နှင့် ထိန်းချုပ်မှုကြားတွင် ကြီးမားသည့် ကွာဟချက်တခုရှိသည်။
တချိန်တည်းမှာပင် စည်းမျဉ်းများ၏ စွမ်းအားသာမရှိပါက ဤကမ္ဘာကြီးထဲတွင် ကောင်းကင်လမ်းကြောင်းဟူသည် ရှိလာမည်မဟုတ်ပေ။
တစ်နည်းအားဖြင့် ဆိုရမည်ဆိုပါက ကောင်းကင်လမ်းကြောင်းသည် စည်မျဉ်းစွမ်းအားအမျိုးအစားတခုဖြစ်သည်။
အကယ်၍ ဟုန်ရင်ကသာ ပြန်လည်မွေးဖွားခြင်းဥပဒေကို အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်မည်ဆိုပါက ကန္တရနယ်ပယ်တွင် ကောင်းကင်အမိန့်ကို ပြန်လည်ထိန်းသိမ်းနိုင်ပေလိမ့်မည်။
ဤသို့ဆိုပါက ဟုန်ရင်သည်လည်း ကန္တရနယ်ပယ်၌ ကောင်းကင်လမ်းကြောင်း၏ အရှင်သခင်တစ်ဦးဖြစ်လာပေလိမ့်မည်။
ယနေ့တွင် ဟုန်ရင်က ကောင်းကင်နှင့်လူသားနယ်ပယ်မှ နိုးထလာခဲ့သည်။
သူမရပ်လိုက်သောအခါ သူမအား ၀န်းရံထားသည့် ပြန်လည်မွေးဖွားခြင်းအဓိပ္ပာယ်က ထိုအချိန်တွင် အဆက်မပြတ် ပြောင်းလဲနေသည်။
ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးထားသည့် အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်သည့်စွမ်းမားက ပြန်လည်မွေးဖွားခြင်းအဓိပ္ပာယ်ကို တဖြည်းဖြည်း အစားထိုးလာသည်။
ကျိုထျန်းပုသည် ဤမြင်ကွင်းကို အံ့ဩသင့်နေသည့် မျက်နှာအမူအရာဖြင့် ကြည့်နေသည်။
ပြီးတော့မှာလား!
ဤသည်ကို မြင်သောအခါ လုချန်ရှန်း လက်ဆန့်ထုတ်လိုက်စဉ် ကမ္ဘာကြီးနှင့် ဆက်သွယ်ပေးထားသည့် ပြန်လည်မွေးဖွားခြင်းနိယာမစွမ်းအားက ဟုန်ရင်၏ကိုယ်တဝိုက်တွင် အရူးအမူး ထိုးတက်လာတော့သည်။
မင်းကနားလည်ဖို့ကြိုးစားနေတယ်ဆိုမှတော့ မီးပေါင်းထည့်ပေးတာပေါ့!
ထိုအခိုက်အတန့်၌ ဟုန်ရင်နိုးထနေသည့်တိုင် သူမစိတ်ထဲတွင် သူမကိုယ်ပတ်လည်က ပြန်လည်မွေးဖွားခြင်းနိယာမစွမ်းအားကို နားလည်အောင်လုပ်နေဆဲပင်။
တာအိုစွမ်းအားကဘာလဲ!
စည်မျဉ်းစွမ်းအားနဲ့ အနုပညာအသိခံယူချက်ရဲ့ စွမ်းအားကြားက ကွာဟချက်က ဘာလဲ!
ဟုန်ရင်ဘာတွေးနေသလဲဆိုတာကို သိနေသည့်အလား လုချန်ရှန်းက နူးညံ့စွာပြောသည်။
"စည်းမျဉ်းတွေရဲ့စွမ်းအားကို ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေနဲ့ ဆက်သွယ်ပြီး သဘာ၀ရဲ့စွမ်းအားကို ထိန်းချုပ်ပါ၊ ပြီးရင် ကိုယ်ပိုင်အသုံးချဖို့အတွက် ပြောင်းလဲပစ်ပါ"
ကောင်းကင်နှင့်မြေကြီးနိယာမတွေကို ဆက်သွယ်ဖို့လား!
လုချန်ရှန်းပြောသည်ကို ဟုန်ရင်ကြားပါသည်။
သူမအတိတ်ကို ပြန်သတိရသွား၏။ လုချန်ရှန်းက တိုက်ခိုက်ရန်အတွက် ဓားနည်းလမ်းကို အသုံးပြုခဲ့သည်။
ဥပမာပြောရရင် နယ်နိမ်တ်ကိုးခုကို ဖြတ်ထုတ်ဖို့အတွက် ထုတ်ထားသည့်ဓားနဲ့ သာမန်ဓားအနုပညာဆန္ဒကို ယှဉ်မယ်ဆိုရင် ဘယ်လောက်အားကောင်းသလဲဆိုတာ ငါလည်းမသိဘူး!
ကောင်းကင်နဲ့မြေကြီးက စည်းမျဉ်းတွေရဲ့ စွမ်းအားဆက်သွယ်မှုကို ကိုယ်ပိုင်သုံးစွဲမှုအဖြစ် ပြောင်းလဲပစ်ရမှာမဟုတ်ဘူးလား!
ထောင်နဲ့ချီတဲ့လမ်းကြောင်းတွေက ပန်းတိုင်တခုတည်းကို ဦးတည်ထားတယ်!
ဓားလမ်းကြောင်းဖြစ်စေ၊ ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းဖြစ်စေ အဆုံးသတ်မှာတော့ ဒါတွေအားလုံးက စည်းမျဉ်းတွေရဲ့ စွမ်းအားပဲလေ!
ထိန်းချုပ်ခြင်းနှင့်အသုံးပြုခြင်းအတွက် နည်းလမ်းက တူညီသည်။ လုချန်ရှန်း ဓားကိုသုံးခဲ့သည့်နေရာ၏မြင်ကွင်းကို ပြန်မြင်ယောင်စဉ် လုချန်ရှန်းယခုပြောခဲ့သည့်အရာနှင့် သူမ၏ကိုယ်ပိုင်နားလည်နိုင်စွမ်းက အချင်းချင်းအတည်ပြုစေခဲ့သည်။
ဟုန်ရင်ကိုယ်ပတ်ပတ်လည်က ပြန်လည်မွေးဖွားခြင်းဆိုလိုရင်းနှင့်အတူ ပြောင်းလဲခြင်းအမြန်မှုန်းက ထိုအခိုက်အတန့်၌ အရှိန်မြှင့်တက်လာသည်ယ
သူမက ကမ္ဘာကြီး၏ စည်းမျဉ်းစွမ်းပားကို ဆက်သွယ်နိုင်ပုံရသည်ဟု ခံစားလာရသည်။
နောက်ထပ်သုံးရက်ကြာသွားသည်။
ယခုလေးတွင် လူတိုင်း၏မျှော်လင့်ချက်နှင့် အထိတ်တလန့်ဖြစ်နေသည့် အကြည့်များအောက်၌ ဟုန်ရင်၏ ပြန်လည်မွေးဖွားခြင်းဆိုလိုရင်းက လုံး၀ပြောင်းလဲသွားခဲ့သည်။
စွမ်းအားအမျှင်စက ကောင်းကင်နှင့်မြေကြီးကြားက စည်းမျဉ်းစွမ်းအားနှင့် လုံး၀ပေါင်းစပ်သွား၏။
ဧကရာဇ်မင်းဆရာကပြုံးလိုက်သည်။
"အရှင်မက နောက်ဆုံးတော့ အောင်မြင်သွားပြီ"
ခုံကျန်းဟန်ကလည်း ကောင်းကင်နှင့်မြေကြီးကြားက စည်းမျဉ်းစွမ်းအားနှင့် ပေါင်းစပ်နေပုံရသည့် ဟုန်ရင်ကို ကြည့်နေခဲ့သည်။
သူ့နှလုံးသားထဲက ထိတ်လန့်မှုက ဖော်ပြ၍မရလောက်အောင်ပင် များပြားနေခဲ့သည်။
သူတို့နှစ်ဦးစလုံးက သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်တွင် ရှိနေကြသော်လည်း နှစ်ဦးလုံးထံ တကြိမ်တည်းမှာပင် ပစ်လွှတ်လိုက်ပါက သူတို့တချက်တည်းကိုပင် တောင့်ခံနိုင်မည်မဟုတ်ပေ။
လုချန်ရှန်းဤမြင်ကွင်းကိုကြည့်ရင်း သူ့နှလုံးသားကိုလည်း အလျှော့ပေးထားကာ ဝါးကုလားထိုင်ပေါ် ပြန်ထိုင်ရင်း ဟုန်ရင်ကိုယ်တဝိုက်က ပြန်လည်မွေးဖွားခြင်းနိယာမကို ရုပ်သိမ်းလိုက်၏။
နောက်ဆုံးတော့ ပြီးသွားပါပြီ!
ယခု နောက်ဆုံးအဆင့်တစ်ဆင့်သာကျန်တော့ပြီး ဤအဆင့်ကို ဟုန်ရင်ကိုယ်တိုင် ပြီးစီးအောင် လုပ်ရန်လိုအပ်သည်။
ဤသည်က ကန္တာရနယ်ပယ်ထဲက အော်ရာစုစည်းခြင်းကို တိုးမြှင့်လာစေရန်အတွက် နယ်ပယ်နှလုံးသားကို ငှားယူခြင်းပင်။
သူမကိုယ်၌ လှိမ့်၀င်လာနေသည့် ပြန်လည်မွေးဖွားခြင်းနိယာမကို ဟုန်ရင်ခံမိသဖြင့် နယ်ပယ်နှလုံးသားကို ဆုပ်ကိုင်ထားသည်။
မိုးကောင်းကင်က မိုးတိမ်များအကြား တလှမ်းချင်းလျှောက်၀င်လာပါ!
ပြန်လည်မွေးဖွားခြင်းစွမ်းအားက နယ်ပယ်နှလုံးသားကို ၀န်ရံထားပြီး အပြည့်အ၀ အသက်သွင်းစေသည်။
တချိန်တည်းမှာပင် နယ်ပယ်နှလုံးသားထဲကနေ အသံတစ်သံထွက်လာသည်။
"မူလက ကောင်းကင်လမ်းကြောင်းကို ထိန်းချုပ်ဖို့အတွက် ငါရွေးချယ်ခဲ့တဲ့လူက မင်းဆရာပဲ"
"ဒါပေမယ့် သူငြင်းဆန်ခဲ့တယ်"
"ဒါပေမယ့် အခုမင်းအရည်အချင်းက မဆိုးဘူး၊ ဒီကမ္ဘာထဲက ကောင်းကင်ကို ထိန်းချုပ်ဖို့အတွက် လုံလောက်တာထက် ပိုနေပါပြီ"
ဤသည်ကိုကြားသောအခါ ဟုန်ရင်ခေါင်းညိတ်သည်။
နယ်ပယ်နှလုံးသားက မူလကတည်းက ကောင်းကင်လမ်းကြောင်းနှင့် ဆက်စပ်နေသည်။
နယ်ပယ်နှလုံးသားအကြောင်းပြောမည်ဆိုပါက ဤသည်က ထိုနယ်ပယ်၏ဒန်တျန်ဖြစ်သည်။
ထို့နောက် ကောင်းကင်လမ်းကြောင်းက ကမ္ဘာကြီး၏ ဝိဉာဉ်နှင့်ကိုယ်ထည်ဖြစ်ပြီး နယ်ပယ်နှလုံးသားကို သယ်ဆောင်နေသည်။
ယခုတွင်မူ ဟုန်ရင်ကလည်း ပြန်လည်မွေးဖွားခြင်းနိယာမစွမ်းအားကို ထိန်းချုပ်ထားလေသည်။
စည်မျဉ်းစွမ်းအားများကနေတဆင့် ဤကမ္ဘာ၌ ကောင်းကင်လမ်းကြောင်းကို ပြန်လည်တည်ဆောက်ခြင်း!
နယ်ပယ်နှလုံးသား!
ထိုအခိုက်အတန့်၌ တောက်ပသည့် အလင်းတန်းတခုလည်း ပေါက်ကွဲထွက်လာသည်။
နယ်ပယ်နှလုံးသားကနေ ကြီးမားသည့်အော်ရာတခု ပေါက်ကွဲထွက်လာပြီး ဤနယ်နိမိတ်၏ထောင့်တိုင်းတွင် ပြန့်ကြဲသွားသည်။
တခုခုကိုခံစားမိသည့်အလား ဤကမ္ဘာကြီး၏ ကျင့်ကြံသူများက အနည်းငယ် ထိတ်လန့်သွားကြသည်။
သူတို့က သူတို့ပတ်ပတ်လည်က အော်ရာစုစည်းခြင်းက အရူးအမူးထိုးတက်လာသည်ကို ရှင်းရှင်းလင်းလင်းခံစားနေရသည်။
ဘာတွေဖြစ်နေတာလဲ!
အလယ်အလတ်ပိုင်နက် လျှို့ဝှက်တာအိုကျောင်းတော်၏ အထွေထွေခန်းမတွင် ခေါင်းဆောင်ယန်က ကောင်းကင်ကို မော့ကြည့်ရင်း ခပ်ယဲ့ယဲ့ရယ်မောလိုက်၏။
"ကြည့်ရတာ အရှင်မင်းသမီးက အောင်မြင်သွားပုံရတယ်"
ဘေးတွင် လင်းရူဖန်းကလည်း ပြုံးလိုက်သည်။
"ကန္တာရနယ်ပယ်က ကျင့်ကြံခြင်းတိုးတက်နှုန်းကလည်း ပိုပိုပြီးကောင်းမွန်လာလိမ့်မယ်"
ချက်ချင်းဆိုသလို နှစ်ဦးသားက လက်ထဲက ဝိုက်ခွက်အားညင်သာစွာ တိုက်လိုက်ကြပြီး အပြုံးဖြင့်ပြောသည်။
"အခုမင်းပခုံးပေါ်က ၀န်ထုပ်ကို လျှော့ချဖို့ အချိန်ကျပါပြီ"
"ဒါပေါ့၊ အမွေခံကိုရှာပြီးတဲ့အခါကျရင် ငါတို့အပြင်ထွက်ပြီး ပြင်ပကမ္ဘာကို ကြည့်လို့ရပြီလေ"
"ဒါပေမယ့်၊ လောင်လင်၊ မင်းအမွေခံတယောက် တွေ့ပြီလား"
ဤသည်ကိုတွေးမိသောအခါ လင်းရူဖန်း၏မျက်နှာက လေးနက်သွားပြီး ရယ်မောကာ ဆဲလိုက်သည်။
"ပထမက အဲကောင်လေးလျန်ဖန်းကို ငါ့နေရာယူခွင့်ပေးဖို့ စီစဉ်ထားခဲ့တာ၊ ဒါပေမယ့် သူက ရှင်းယွမ်ဓားဂိုဏ်းမှာ ၀င်သွားခဲ့တယ်"
ခေါင်းဆောင်ယန်ဤစကားလုံးများကို ကြားရသောအခါ ရယ်မောလိုက်သည်။
"ဒီနေရာမှာဆိုရင် မင်းရဲ့အမိန့်တွေက ရှိနေဦးမယ်လေ"
"မင်း၊ မြေခွေးအိုကြီး"
...
လေထဲတွင် ဟုန်ရင်က တဒင်္ဂအတွင်းမှာပင် ဤသည်ကို ရှင်းရှင်းလင်းလင်းခံစားနေရလေပြီ။
ကန္တာရကမ္ဘာထဲက အရာအားလုံးက သူမ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။
ဟုန်ရင်က ဤကမ္ဘာကြီး၏ ကောင်းကင်လမ်းကြောင်းပင်။
ဤသည်သာမက ၎င်းကတုံ့ပြန်မှုရရှိပုံပေါ်သည်။
ဟုန်ရင်၏နယ်ပယ်ကလည်း ထိုအခိုက်အတန့်၌ သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်သွားခဲ့သည်။
ခွန်အားများက ပြန်လည်ထိုးတက်လာသည်။
တခဏအတွင်းမှာပင် သူမစံအိမ်တော်သို့ ပြန်သွားပြီး လုချန်ရှန်းကိုကြည့်ကာ အပြုံးဖြင့်ပြောသည်။
"ဆရာ၊ ကျွန်မအောင်မြင်သွားပြီ"
လုချန်ရှန်း လက်ဝှေ့ယမ်းလိုက်သည်။
"အောင်မြင်ပြီလား၊ အောင်မြင်ပြီဆိုရင် မြန်မြန်သွားပြီးတော့ ဆရာတယောက်အနေနဲ့ ငါ့ဦးနှောက်ကို အာဟာရဖြည့်ဖို့ ငါ့အတွက် ငါးဟင်းတခွက်သွားလုပ်ပေး"
ဟုန်ရင်တခစ်ခစ်ရယ်မောကာ ခေါင်းညိတ်ရင်း ခါးစည်းကိုတပ်ဆင်ပြီး မီးဖိုချောင်ထဲသို့ လျှောက်သွားသည်။
အမျိုးသားဌာနခွဲနှင့် ကောင်းကင်ကိုးခွဲဌာနက ဤမြင်ကွင်းကိုစိုက်ကြည့်နေခဲ့သည်။
သူတို့၏မျက်နှာအမူအရာများက ထူးဆန်းနေသည်။
ဤကမ္ဘာ၏ ကောင်းကင်ကို ထိန်းချုပ်နိုင်လျှင်ပင် သူတို့၏အရှင်မက ထမင်းချက်ကံကြမ္မာကနေ မလွတ်မြောက်နိုင်သေးပါ။
ထို့နောက် လုချန်ရှန်း အိပ်ပျော်သွားသကဲ့သို့ မျက်လုံးအစုံမှိတ်လိုက်သည်။
တကယ်တမ်းတွင် သူ့စိတ်ထဲက စနစ်ထံမှ အသံထွက်လာသောကြောင့်ပင်။
[ဟုန်ရင်ကို ပြုစုပျိုးထောင်ခြင်းတာ၀န်ကို ပြီးမြောက်ခဲ့တဲ့အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ်၊ ဆုလာဘ်ကို ယခုပေးအပ်ပါတော့မည်]
[သမိုင်း၏နံပါတ်တစ်ခန္ဓာ: ရှေးဟောင်းမဟာကိုယ်ခန္ဓာ]
လုချန်ရှန်းချက်ချင်းလက်ခံလိုက်သည်။
ချက်ချင်းဆိုသလို သူ့ကိုယ်ထဲတွင် အပြောင်းအလဲတခုဖြစ်လာခဲ့သည်။
ကျယ်ပြောလှသည့် အသိဉာဏ်ပင်လယ်ကြီး၏ထိပ်တွင် ဓာတ်ငွေ့အမျှင်စများ ထွက်ပေါ်လာသည်။
ဒါကို ရှေးဟောင်းမဟာဝိဉာဉ်ရောင်ခြည်လို့ ယူဆလို့ရတယ်မလား!
သို့သော် တခဏအကြာတွင် စနစ်ထံမှ အသံထွက်လာသည်။
[ပိုင်ရှင်၊ ကမ္ဘာကြီးမစတင်ခင်ကတည်းက ရှေးဟောင်းမဟာအော်ရာက ဒီနေရာမှာ ရှိနေပြီးသားပါ]
လုချန်ရှန်းကလည်း ဤသည်နှင့်ပတ်သက်၍ တိုင်ကြားပြောဆိုခဲ့သေးသည်။
သို့သော် ဤသည်ကိုတွေးပြီးနောက်တွင် သူ့ကိုယ်ပိုင်ကမ္ဘာကို ကိုယ်တိုင်လုပ်နိုင်တာကို သူသိလာရသည်။
လုချန်ရှန်း နောက်တကြိမ် စိတ်လှုပ်ရှားလာပြန်သည်။
ငါးဟင်းရည်ကို သောက်သုံးပြီးနောက် ဟုန်ရင်က လုချန်ဖန်းအား နှုတ်ဆက်သည်။
"ဆရာ၊ ကောင်းကင်ဘုံဝိဉာဉ်နယ်ပယ်ရဲ့ အလုပ်ကိစ္စတွေပြီးတဲ့အခါကျရင် ကျွန်မ ကန္တာရဒေသကလူတွေဆီကို သင်ကြားပို့ချဖို့အတွက် လူတွေစေလွှတ်လိုက်ပါမယ်"
"ပြီးရင် ကျွန်မလည်း နယ်နိမိတ်မဲ့နယ်မြေကို သွားတော့မယ်"
လုချန်ရှန်း၏မျက်နှာက ခါးသီးသွား၏။
ဟုန်ရင်မေးလိုက်သည်။
"တခုခုမှားနေလို့လား၊ ဆရာ"
လုချန်ရှန်းပြန်ဖြေသည်။
"မင်းသွားတဲ့အခါကျရင် တတ်နိုင်သမျှ ပြဿာနာနည်းနည်းပဲရှာမိအောင် ကြိုးစားပါ"
ဟုန်ရင် "....."
အပိုင်း(301) coming။