#ပရမ်းပတာဖြစ်ရပ်#
Vol. 21 Ch. 301
ထိုအခိုက်အတန့်၌ နယ်နိမိတ်မဲ့နယ်မြေက တောင်တန်းတခု၏ သဘာ၀ဂူထဲတွင် ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ရှောင်ဟိုင်တို့ ဆုတ်လာခဲ့ကြသည်။
သုံးဦးသားက ဤခရီးစဉ်ကနေ အမြတ်အစွန်းများစွာ ရရှိခဲ့ကြသည်။
ကျန်းလျန်ချန်း၏ဓားဆန္ဒအောက်၌ ယဲ့ချိုးပိုင်တွင် ဓားအသိအမြင်သစ်တစ်ခု ရရှိလာခဲ့သည်။ တချိန်တည်းမှာပင် နယ်ပယ်ကလည်း နတ်ဘုရားတ၀က်နယ်ပယ်သို့ ချိုးဖျက်သွားခဲ့သည်။
ဓားအသိခံယူချက်နှင့်ဆိုပါက ဤသည်က မဟာဓားဂိုဏ်း၏ နယ်ပယ်သို့ပင် ရောက်ရှိခဲ့သည်။
နတ်ဘုရားတ၀က်နယ်ပယ်တွင် မဟာဓားဂိုဏ်းနယ်ပယ်သို့လည်း ရောက်ရှိခဲ့သည်ဟု ဆို၍ရသည်။
ဤသည်ကပင် ထိုဓားကျင့်ကြံသူများအား ယဲ့ချိုးပိုင်ကို သူတို့၏တပည့်အဖြစ် ခေါ်စေချင်လောက်သည်အထိ ရူးသွပ်သွားစေရန် လုံလောက်သည်။
ယဲ့ချိုးပိုင်၏ ဓားသိုင်းနယ်ပယ်ကလည်း အလျင်အမြန် တိုးတက်လာသည်။ အဘယ်ကြောင့်ဆိုသော် အခြေခံအုတ်မြစ်က အလွန်ခိုင်ခံ့သောကြောင့်ဖြစ်သည်။
နယ်ပယ်ကိုချိုးဖျက်ရာ၌ မည်သည့်အတားအဆီး၊ အချုပ်အနှောင်မှ မရှိဘဲ သာမန်ကိစ္စရပ်လေးတခုပမာသာဖြစ်ခဲ့သည်။
တဖက်ကကျောက်တုံးတစ်တုံးကလည်း ကြယ်ကျောက်တုံးကိုဖြတ်သန်းသွားပြီး နယ်ပယ်ကလည်း နတ်ဘုရားတ၀က်နယ်ပယ် နောက်ဆုံးအဆင့်ထိ ရောက်သွားခဲ့သည်။
နှစ်ဦးသားကနိုးနေကြလေပြီ။ သူတို့က ရှောင်ဟိုင်ကို ကြည့်နေကြသည်။
ထိုအခိုက်အတန့်၌ ရှောင်ဟိုင်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။
လက်ထဲကမိုယွမ်တုံကင်ကို ကိုင်ထားလေရာ ယင်းထဲက ကြောက်ခမန်းလိလိမှော်စွမ်းအင်က ရှောင်ဟိုင်ကို လွှမ်းခြုံထားသည်။
တချိန်တည်းမှာပင် ရှောင်ဟိုင်၏ မျက်ခုံးများကြားမှ လေနက်အမျှင်တန်းများ ထွက်လာသည်။
ယဲ့ချိုးပိုင်နှင့် ရှီရှန်းတို့ကဒါကိုမြင်သည်။ ကြည့်ရသည်မှာ သူကအချိန်တိုအတွင်း နိုးထမည့်ပုံမပေါ်သေးပါ။
ဂူ၀င်ပေါက်ရှိရာသို့ပြန်လာကြပြီး နှစ်ဦးသားက တချိန်တည်းမှာပင် ရှောင်ဟိုင်ကို ကာကွယ်လိုက်ကြသည်။
ကန္တာရနယ်မြေတွင် ရှောင်ဟိုင် မှတ်ဉာဏ်အပိုင်းအစတပိုင်းကို ရရှိခဲ့သည်။ ဤသည်က သူ့စိတ်ထဲက မှတ်ဉာဏ်တချို့ကို တစချင်းတပိုင်းချင်း ပြန်လည်ရရှိလာစေသည်။
သို့စေကာမူ သူသိထားသည့်အရာက အတော်လေးအကန့်အသတ်ရှိသည်။ ထိုမြင်ကွင်း၏အဆုံးတွင် ရှောင်ဟိုင် မမြင်ရသည့်အသူရာချောက်တခုကို တွေ့လိုက်ရသည်။
ချောက်ထဲတွင် တိမ်မည်းများလှုပ်ရှားနေသကဲ့သို့ ကြောက်ခမန်းလိလိနတ်ဆိုးစွမ်းအင်များ တဟုန်ထိုးတက်လာသည်။
ချောက်၀တွင် ကျောက်ပြားတခုရှိသည်။
ကျောက်ပြားပေါ်၌ အက္ခရာနှစ်ခု ရေးထိုးထားသည်။
"မှော် အသူရာချောက်....."
ဤတုံကင်က ရှန်ကျင်းကုန်သည်များအသင်းက အသူရာနတ်ဆိုးချောက်ကနေ ယူဆောင်လာခဲ့ခြင်းပင်။
မှတ်ဉာဏ်ထဲက မှော်ချောက်နက်ကြီးကို နယ်နိမိတ်မဲ့နယ်မြေက သက်ရှိတွေရဲ့ တားမြစ်နေရာတခုဖြစ်တဲ့ နတ်ဆိုးချောက်နဲ့ ခွဲထုတ်လို့မရနိုင်မှာကို ငါကြောက်နေမိတယ်!
ဤသည်ကရှောင်ဟိုင်၏အတွေးပင်။
ဤမိုယွမ်တုံကင်က မှော်စွမ်းအင်က ရှောင်ဟိုင်ကို အတော်လေးရင်းနှီးသည့် ခံစားချက်တခုကို ပေးဆောင်နေသည်။
ဤနတ်ဆိုးအသူရာချောက်တွင် ဤတုံကင်၏ အခန်းကဏ္ဍက ဘာများပင် ဖြစ်လေသနည်း။
မိုယွမ် သူ့မှတ်ဉာဏ်ထဲတွင် ပေါ်ပေါက်လာရခြင်းနှင့် သူ့အသက်ရှူသံနှင့် မည်သည့်အတွက်ကြောင့် အတော်လေးလိုက်ဖက်နေရသည့် အကြောင်းရင်းကိုမူ နတ်ဆိုးအသူရာချောက်သို့ သွားပြီးမှသာ လေ့လာနိုင်ပေလိမ့်မည်။
ထိုအခိုက်အတန့်၌ ရှောင်ဟိုင်မျက်လုံးအစုံဖွင့်ကာ ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
"အစ်ကို၊ ကျွန်တော်မိုယွမ်(ကျိန်စာသင့်ဝိဉာဉ်)နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ လိုတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
မိုယွမ်က အတော်လေးလူသိများသည့် နယ်နိမိတ်မဲ့နယ်မြေက သက်ရှိများ၏ တားမြစ်နေရာတခုဖြစ်သည်။
"ယွမ်ချီမြို့ကို အရင်သွားကြရအောင်၊ အချိန်ကျတဲ့အခါကျရင် ကြေးစားအသင်းအဖွဲ့၀င်တွေကို သိလားဆိုတာ မေးကြည့်လိုက်မယ်"
ဤစကားကိုကြားသောအခါ ရှောင်ဟိုင်ခေါင်းညိတ်လိုက်သည်။
လူတစုက ယွမ်ချီမြို့သို့ လျှောက်သွားခဲ့ကြသည်။ သို့သော် ယနေ့ယွမ်ချီမြို့တွင် ပုံစံတခုပြောင်းလဲနေခဲ့သည်။
လီမိသားစုနှင့် ခန်းမိသားစုက ယန်မိသားစုနှင့် လုံး၀အရေခွံများကို ခွာပစ်လိုက်ကြပြီဖြစ်ကာ ယန်မိသားစုစွမ်းအားကို အရူးအမူး ထိပါးနေသည်။
ယန်မိသားစုအတွက်မူ သူတို့က အကူအညီအတွက် လုံချီမြို့ကို အကူအညီ တောင်းခဲ့သော်ငြားလည်း ဤအရာအားလုံးက အချိန်လိုအပ်သည်။
မိသားစုနှစ်စုက အပြည့်အ၀လှုပ်ရှားကြပြီး ယန်မိသားစု၏စွမ်းအားက အတော်လေး လျင်မြန်သောအရှိန်ဖြင့် ကျူးကျော်ထိုးဖောက်ခံနေရသည်။
ငါတို့အကူအညီအတွက် မစောင့်နိုင်တော့မှာကိုတောင် ကြောက်နေမိတယ်!
ဤသည်က လီမိသားစုနှင့် ခန်းမိသားစုတို့၏ အကြံများလည်းဖြစ်သည်။
မိုးခြိမ်းသံနှင့်အတူ ယန်မိသားစုက ဖျက်ဆီးခံနေရသည်။
ယန်မိသားစုပိုင်ဆိုင်သော အရင်းအမြစ်များကို အသုံးပြုကာ မြို့တော်၀န်စံအိမ်သို့ ပို့ပေးကြသလို ယွမ်ချီမြို့က မြို့တော်၀န်နေအိမ်အား လုံချီမြို့က မြို့တော်၀န်စံအိမ်၏ လက်စားချေခြင်းကနေ ကာကွယ်ရန်အတွက် သူတို့နှင့်ပူးပေါင်းရန် လုပ်ဆောင်နေကြသည်။
ဤနည်းလမ်းဖြင့်သာ လီမိသားစုနှင့် ခန်းမိသားစုကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
ယဲ့ချိုးပိုင်တို့သုံးယောက် ယွမ်ချီမြို့သို့ ရောက်လာသောအခါ တခုခုမှားယွင်းနေသည်ကို သတိထားမိလိုက်ကြသည်။
ယွမ်ချီမြို့တွင် အော်ရာများက နေရာတိုင်းလိုလိုရှိနေကြပြီး တစ်စုံတစ်ယောက်ကမူ လေထဲတွင်ပင် တိုက်ခိုက်နေသည်။
တကိုယ်တော်ကျင့်ကြံသူတစ်ယောက်က လမ်းမပေါ်ကနေ ဤမြင်ကွင်းကိုကြည့်နေပြီး ပြောလိုက်သည်။
"မင်း မြို့တော်၀န်စံအိမ်ကို ဂရုမစိုက်တော့ဘူးလား"
တယောက်က နှာခေါင်းရှုံ့လိုက်သည်။
"မြို့တော်၀န်စံအိမ်ကလည်း ဒီမြင်ကွင်းကို မြင်ရတာ အရမ်း၀မ်းသာနေမှာကို ငါကြောက်မိတယ်၊ ဘယ်သူပဲအနိုင်ရပါစေ သူက အကျိုးအမြတ်ရမှာပဲလေ"
ဤစကားလုံးများကိုကြားသော်လည်း ယဲ့ချိုးပိုင်တို့သုံးဦး၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခြင်းမရှိပါ။
မည်သို့ပင်ဆိုစေကာမူ ယွမ်ချီမြို့က မိသားစုရုန်းကန်လှုပ်ရှားမှုများက သူတို့နှင့် လားလားမျှ မသက်ဆိုင်ပါ။
သုံးဦးစလုံးက ကြေးစားအစည်းအရုံးသို့ ပြန်လာခဲ့ကြသည်။
အစည်းအရုံးထဲတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့သည်။
အစည်းအရုံးက ကြေးစားအဖွဲ့အားလုံးက မစ်ရှင်ဘောင်ကွက်ဘေးတွင် စုဝေးနေကြ၏။
"လီမိသားစုနဲ့ ခန်းမိသားစုကပေးတဲ့ အခကြေးငွေက ယန်မိသားစုထက် သိသိသာသာပိုမြင့်နေတယ်"
"ယန်မိသားစုက အခုလုံချီနဲ့ ဂျက်ကီချန်းတို့ရဲ့မိသားစုနဲ့ စေ့စပ်ထားတယ်ဆိုပေမယ့် မင်္ဂလာပွဲက မပြီးမြောက်သေးဘူး၊ အဲဒါကြောင့် လုံမိသားစုကအရင်းအမြစ်တွေကို ယန်မိသားစုက အခုခံစားလို့မရသေးဘူး"
"လုံမိသားစုက အပြေးအလွှားလာကူမယ်ဆိုရင်တောင် အချိန်နည်းနည်းယူရလိမ့်မယ်...."
"ဒါပေမယ့် ဆုလာဘ်က အရမ်းမြင့်မားတယ်ဆိုပေမယ့် မိသားစုသုံးစုအကြားက အငြင်းပွားမှုထဲကို အလွယ်တကူပါ၀င်န်ုင်ပြီး တဖက်ဖက်ကမကောင်းဘူးဆိုရင် ရှင်းလင်းသုတ်သင်ပစ်လို့ရတယ်"
ကြေးစားအုပ်စုအများအပြားက အခြေအနေရပ်ကို ကြည့်ရှုနေကြသည်။
မှန်ပေသည်။ ဓားတစ်ချောင်း၏အစွန်း၌ သွေးများကိုလျက်နေသည့် ကြေးစားတပ်ရင်းများလည်းရှိပြီး သူတို့ဤတာ၀န်ကို ယူထားပြီးသညးဖြစ်သည်။
ဤသည်က အဓိကအင်အားစုသုံးခုအကြားက ရုန်းကန်မှုဖြစ်ပြီး ကြေးစားအဖွဲ့အစည်းများက ကြားနေသာဖြစ်သည်။
ဆုလာဘ်ရှိနေသရွေ့ သူတို့က တာ၀န်ကို ဆောင်ရွက်နိုင်သည်။
သူတို့အကြားတွင် ကြေးစားအဖွဲ့အုပ်စု၏ ခွန်အားကို လျှော့တွက်၍မရပေ။
ထို့ကြောင့် အင်အားစုသုံးခုက ခေါင်းဆောင်သုံးဦးက ကြေးစားအဖွဲ့အစည်းများကို အလွှတ်ပေးမည်မဟုတ်။
ယဲ့ချိုးပိုင်တို့သုံးယောက် ပြန်လာပြီးနောက် သူတို့က ဤနေရာမှ တခြားသူများ၏ အာရုံကို အရမ်းကြီး မဆွဲဆောင်စေခဲ့ပါ။
ဧည့်ကြိုစားပွဲတွင်လာပြီး လျိုယွမ်က တာ၀န်များကို ရေတွက်နေသည်။
ယဲ့ချိုးပိုင်တို့သုံးယောက်ကို မြင်သောအခါ သူမျက်ခုံးပင့်လိုက်မိပြီး အနည်းငယ် လန့်သွားပြီးနောက် ပြုံးလိုက်သည်။
"ယန်မိသားစုသခင်လေးက မင်းတို့ရဲ့ ကိစ္စတွေကို ကြေးစားအစည်းအရုံးကို ရှင်းပြထားပြီးပါပြီ"
"မင်းတို့ကောင်စုတ်လေးသုံးယောက်ကို ငါတကယ်လျှော့တွက်မိတာပဲ"
ယဲ့ချိုးပိုင်ခပ်ပေါ့ပေါ့ရယ်မောလိုက်၏။
"တာ၀န်ကို လွှဲပြောင်းပေးပါ"
လျိုယွမ်ကခေါင်းညိတ်ကာ အသံသွင်းရင်းပြောသည်။
"မင်းက တာ၀န်ကိုလွန်ကဲစွာ ထမ်းဆောင်ခဲ့ကြတော့ အစည်းအရုံးရဲ့ စီနီယာမန်နေဂျာက မင်းရဲ့ကြေးစားတပ်ဖွဲ့ကို လျှို့ဝှက်ကြေးစားတပ်ဖွဲ့အဖြစ် တိုက်ရိုက်အဆင့်မြှင့်တင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်"
"အခု မင်းက လျှို့ဝှက်အဆင့်တာ၀န်တွေကိုလည်း လက်ခံနိုင်ပါပြီ"
မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်တို့သုံးယောက်က တာ၀န်ကို ထမ်းဆောင်ခဲ့ကြသည်။
ဥပမာအားဖြင့်ဆိုပါက သိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့နေပြီဖြစ်သည့် သိုင်းဧကရာဇ်တ၀က်နယ်ပယ်တစ်ဦးကို သတ်ဖြတ်ခြင်းပင်။
လျှို့ဝှက်ကြေးစားတပ်ရင်းများအကြား လူအနည်းစုကသာ ဤသည်ကို လုပ်နိုင်သည်။
ဤသည်အပြင် ယဲ့ချိုးပိုင်တို့သုံးဦး၏ ပါရမီနှင့် အလားအလာကို ကြည့်မည်ဆိုပါက ဤသည်က ယွမ်ချီမြို့ကြေးစားအစည်းအရုံး၏ အကြီးတန်းစီမံအုပ်ချုပ်သူကို ယခုဆုံးဖြတ်ချက်အား ချစေခဲ့သည်။
ထိုစဉ်ဘေးကနေ အသံတစ်သံထွက်လာသည်။
"အစ်ကိုယဲ့၊ ကျုပ်တို့လည်း ခင်ဗျားကို တောင်းပန်ချင်ပါတယ်"
ယဲ့ချိုးပိုင်လှမ်းကြည့်လိုက်သည်။
ဤသည်က ဟီလင်းပိုင်ဆိုင်သည့် အကြေးခွံသံချပ်ကာကြေးစားအုပ်စုတစ်စုပေတည်း။
ဟီလင်းက ခပ်ရှက်ရှက်ပြုံးလိုက်သည်။
"အစ်ကိုယဲ့ အရင်ကဖြစ်ပျက်ခဲ့တာတွေကို ဗွေမယူဖို့ ကျုပ်မျှော်လင့်မိပါတယ်"
ယဲ့ချိုးပိုင်အပြုံးဖြင့် ခေါင်းခါယမ်းသည်။
"ဘာမှမဖြစ်ပါဘူး"
တဖက်လူက အတော်လေးရက်စက်လှသည့် မည်သည့်အရာကိုမှ မလုပ်ခဲ့လေရာ ယဲ့ချိုးပိုင်ကလည်း ဤသည်ကို လိုက်ဖမ်းရန် ရည်ရွယ်ထားခဲ့ခြင်းမရှိပါ။
ဟီလင်းပြောသည်။
"ဒါပေမယ့် ယွမ်ချီမြို့မှာ ပရမ်းပတာတွေဖြစ်နေကတည်းက ယန်မိသားစုက အချိန်ကောင်းကိုမပိုင်ဆိုင်ခဲ့ဘူး၊ ပြီးတော့ သူတို့နောက်ခံက တခြားမိသားစုနှစ်ထုလောက် အားမကောင်းဘူး၊ ဒါကြောင့် ဒီကြေးအစည်းအရုံးမှာ ထောက်ပံ့မှုလုံး၀မရှိခဲ့ဘူး*
ယဲ့ချိုးပိုင်အံ့အားသင့်သွားသည်။
"ဒါကငါတို့နဲ့ဘာဆိုင်လို့လဲ"
သူတို့နှင့်ယန်မိသားစုက တာ၀န်၏ ခင်မင်ရင်းနှီးမှုကလွဲ တခြားဘာမှမရှိပါ။
ဟီလင်းပြုံးလိုက်သည်။
"မှန်ပါတယ်"
"ဒါပေမယ့် ယန်ချီ ကျုပ်ကို အရင်က ပြောခဲ့တာက တကယ်လို့ အစ်ကိုယဲ့ပြန်လာတဲ့ အခါကျရင် ယန်မိသားစုကို သေချာပေါက် ကူညီရမယ်တဲ့၊ အဲဒီအချိန်ကျရင် ယန်မိသားစုက ခင်ဗျားကို ရက်ရောတဲ့ဆုတစ်ခုပေးပါမယ်တဲ့"
ယဲ့ချိုးပိုင်မေးလိုက်သည်။
"ဘာဆုလဲ"
ထိုသို့မေးလာသောအခါ ဟီလင်း၏မျက်လုံးများ၌ တက်ကြွသည့် အမူအသွင်များ ပါ၀င်လာသည်။
"ခွန်းလွန်ကောင်းကင်ဘုံရေကန်အတွက် ဝေစု"
အပိုင်း(302) coming။