← Chapters

#ခွန်းလွန်ကောင်းကင်ဘုံရေကန်#

Vol. 21 Ch. 302

#ခွန်းလွန်ကောင်းကင်ဘုံရေကန်#

Vol. 21 Ch. 302

လျိုယွမ်ရှင်းပြချက်ပြီးနောက်တွင် ယဲ့ချိုးပိုင်တို့က ခွန်းလွန်ကောင်းကင်ဘုံရေကန်အကြောင်း သိလာကြသည်။ 

ခွန်းလွန်ကောင်းကင်ဘုံရေကန်က ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းပြီးကတည်းကပင် နယ်နိမိတ်မဲ့နယ်မြေ၏ ကောင်းချီပေးနေရာတခုပင်ယ 

ခွန်းလွန်နှင်းတောင်၏ အနောက်ပိုင်းရှိ အနက်ပိုင်းတွင် တည်ရှိပြီး ရေကန်က လုံး၀သန့်စင်သည့်အော်ရာဖြင့် ပြုလုပ်ထားသည့် ရေကန်တစ်ကန်ပင်။ 

ရေကန်ထဲရှိ အော်ရာက အတော်လေးကြွယ်၀သည်။ 

ဆယ်နှစ်တကြိမ် ‌ဤရေကန်ကို ဖွင့်လေ့ရှိသည်။ 

ယခုတကြိမ်တွင် ခွန်းလွန်ကောင်းကင်ဘုံရေကန်၏ဖွင့်လှစ်ခြင်းက တစ်လအကြာတွင် ဖြစ်လာပေလိမ့်မည်။ 

မြို့အင်အားစုတခုစီတွင် သက်ဆိုင်ရာဝေစုများရှိကြသည်။ ထို့ကြောင့် လုံချီချန်းတွင် သုံးနေရာရှိသည်။ 

ဤနေရာသုံးနေရာအတွက် ယှဉ်ပြိုင်ရန်အတွက် ခေါင်းဆောင်သုံးဦးနှင့် မြို့တော်၀န်စံအိမ်က ခွန်းလွန်ကောင်းကင်ဘုံ ရေကန်မဖွင့်လှစ်ခင် ဆယ်ရက်အလိုတွင် နေရာများအတွက် ပြိုင်ပွဲတခု ကျင်းပပေလိမ့်မည်။ 

ယန်ချီကတိပေးသည့် ခွန်းလွန်ကောင်းကင်ဘုံရေကန်‌ဝေစုခွဲတမ်းနှင့်ပတ်သက်၍ တကယ်တမ်းတွင် သူကယန်မိသားစု၏ ဝေစုအတွက် ပြိုင်ပွဲကို ကိုယ်တိုင်ယှဉ်ပြိုင်တိုက်ခိုက်ရန် ဖြစ်သည်။ 

သို့သော် ကျပန်းကျင့်ကြံသူ သို့မဟုတ် တခြားအင်အားစုများအတွင်မူ ခွဲတမ်းပြိုင်ပွဲတွင် ပါ၀င်ရန်အတွက်ပင် အရည်အချင်းမရှိပါ။ 

ဟီလင်းအပြုံးဖြင့်ပြောသည်။ 

"ခွန်းလွန်ကောင်းကင်ဘုံရေကန်ကို ၀င်တာက သိုင်းဧကရာဇ်နယ်ပယိအောက်က လူငယ်မျိုးဆက်တွေအတွက်ပဲ ကန့်သတ်ထားတာပါ"

"ဒီတော့ခင်ဗျားရဲ့ခွန်အားအရဆိုရင် အစ်ကိုယဲ့၊ နေရာတနေရာအတွက် ယှဉ်ပြိုင်ဖို့ဆိုတာက မခက်ခဲပါဘူး"

ဤသည်အတွက် ဟီလင်းက ဤအချက်ကို ချီးမွမ်းကာ ပြောဆိုခဲ့ခြင်းမဟုတ်ပေ။ ယဲ့ချိုးပိုင်တို့သုံးယောက်က ယခုလိုခွန်အားမျိုးကို အမှန်တကယ် ပိုင်ဆိုင်ထားသောကြောင့်ပင်။ 

မည်သို့ပင်ဆိုစေကာမူ သူတို့က သိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့နေသည့် သိုင်းဧကရာဇ်တ၀က်နယ်ပယ်တစ်ဦးကို သတ်ရန်အတွက် အင်အားစုများအဖြစ် ပူးပေါင်းလိုက်ကြသည်။ 

သတ်ဖြတ်ခြင်းနှင့်ရှုံးနိမ့်ခြင်းက အယူအဆနှစ်ခုပါ!

ထို့ကြောင့်ယဲ့ချိုးပိုင်တို့သုံး‌ယောက်၏ ခွန်အားနှင့်ဆိုပါက ဤယွမ်ချီမြို့်လေးတွင် နေရာတစ်နေရာရဖို့ လုံလောက်သည်ထက် ပိုသည်ဟု ဆို၍ရသည်။ 

ယဲ့ချိုးပိုင် ရှောင်ဟိုင်နှင့်ရှီရှန်းကို လှမ်းကြည့်ကာ အပြုံးဖြင့် မေးလိုက်သည်။ 

"ဘယ်လိုထင်လဲ"

ရှီရှန်ပြောသည်။ 

"စီနီယာအစ်ကိုပြောတာ နားထောင်တာပေါ့"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

သူတို့အတွက် ယခုသူတို့လိုအပ်နေသည်က ခွန်အားကို အလျင်အမြန်တိုးတက်လာစေရန်အတွက် အတွေ့အကြုံများပင်။ 

ဤနည်းလမ်းဖြင့် သူတို့ကဤအရာများကို ကိုင်တွယ်နိုင်ပေလိမ့်မည်။ 

ဤသည်ကိုမြင်ရသောအခါ ဟီလင်းပြုံးလိုက်သည်။ 

"ကောင်းပါပြီ၊ ခင်ဗျားတို့ကို ယန်မိသားစုနေအိမ်ကို ခေါ်သွားပေးပါမယ်"

ယခုအချိန်တွင် ယန်မိသားစု၏အခြေအနေက မကောင်းပါ။ 

စက်မှုလုပ်ငန်းနှင့်အင်အားအလုံးစုံက လီမိသားစုနှင့် ခန်းမိသားစုတို့၏ တိုက်စားခြင်းအောက်တွင် ကျဆင်းသွားခဲ့သည်။ 

တချိန်တည်းမှာပင် ယန်မိသားစု၏ လက်ရှိအနေအထားဖြင့် အကူအညီအများကြီး ရရှိရန်ဟူသည် မဖြစ်နိုင်ပေ။ 

အဝေးရှိ လုံချီမြို့တွင်ရှိနေသည့် လုံမိသားစုက အချိန်မီ မကူညီနိုင်ခဲ့ပေ။ 

သူတို့ကူညီမည်ဆိုလျှင် တန်ပြန်ဆောင်ရွက်မှုမရှိလျှင်ပင် သုံးရက်ကြာပေလိမ့်မည်။ 

ယန်မိသားစုက ဘာမှမရှိတော့ပါ။ 

ထိုအခိုက်အတန့်၌ ယန်မိသားစု၏ အစည်းအဝေးခန်းမ၌ လက်ရှိယန်မိသားစုခေါင်းဆောင် ယန်ကျင်းဟိုင်က သုန်မှုန်သည့်အမူအရာဖြင့် အပေါ်ခုံတွင် ထိုင်နေခဲ့သည်။ 

အောက်တွင် ယန်မိသားစုအကြီးအကဲများနှင့် ယန်ချီရှိနေသည်။ 

ယန်ကျင်းဟိုင်က လေးနက်သည့်အသံဖြင့်ပြောသည်။ 

"ဒီအကြောင်းကိုပြောကြရအောင်၊ အခုအ‌ခြေအနေကို ဘယ်လိုချိုးဖျက်မလဲ"

အကြီးအကဲအားလုံး၏မျက်နှာများက ရေထဲတွင်စိမ့်၀င်နေကဲ့သို့ သူတို့၏မျက်လုံးများ၌ ၀မ်းနည်းမှုများရှိနေသလို စိတ်ပျက်မှုများလည်းရှိနေသည်။ 

ယန်ကျင်းဟိုင်အတွင်းစိတ်မှ သက်ပြင်းချရင်း အကြီးအကဲများ၏ အသွင်အပြင်ကို ကြည့်နေခဲ့သည်။ 

ငါကြောက်တာက အင်အားကွာဟချက်မဟုတ်ဘူး!

အပြင်ပကလူတွေက အပြည့်မ၀မ၀င်လာကြသေးတာကို ငါကြောက်နေတာ!

မိမိတို့ဘက်၏တိုက်ခိုက်ရေးစိတ်ဓာတ်က လုံး၀ပျောက်ဆုံးနေလေပြီ။ 

ယန်ကျင်းဟိုင် သူ့သားယန်ချီကို မျှော်လင့်ချက်ရှိသည့် အသွင်ဖြင့် ကြည့်ကာ မေးလိုက်သည်။ 

"ချီအာ၊ မင်းအခုဘာလုပ်လို့ရလဲ"

ဤသည်ကသူ့သားတဖြစ်လဲ မိသားစု၏ အမွေခံလည်းဖြစ်သည်။ 

တချိန်လုံး ယန်ကျင်းဟိုင်က ယန်ချီအပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့သည်။ 

တခဏမျှတွေးတောပြီးနောက် ယန်ချီက စူးရှသည့်အသံဖြင့်ပြောလာသည်။ 

"သုံးဘက်စလုံးရဲ့ ထိပ်တန်းတိုက်ခိုက်ရေးအင်အား‌တွေက လှုပ်ရှားမှုတခုကို အလွယ်တကူလုပ်မှာ မဟုတ်ဘူး"

"ပြီးတော့ ဒါကမြို့တော်၀န်စံအိမ်က ချမှတ်ထားတဲ့ စည်းမျဉ်းလည်းဖြစ်တယ်"

တကယ်တမ်းတွင် မိသားစုသုံးစု၏ ထိပ်တန်းစစ်အင်အားက သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်ကိုပင် ရောက်နေလေပြီ။ 

ယခုလိုအားကောင်းသည့်ကစားသမားတစ်ဦးကသာ လှုပ်ရှားလိုက်ပါက ဤသည်က ယွမ်ချီမြို့ကို ကြီးမားသည့်ပျက်စီးမှုကို ဖြစ်ပေါ်စေလိမ့်မည်။ 

"ဒီတော့ ဒါက အလယ်အလတ်တန်းစား တိုက်ခိုက်ရေးအင်အားနဲ့ အဆင့်နိမ့်တိုက်ခိုက်‌ရေးအင်အားကြားက တိုက်ပွဲတခုဖြစ်လာဖို့သေချာတယ်"

"ဒါပေမယ့် ကျွန်တော်တို့ယန်မိသားစုရဲ့ အလယ်အလတ်နဲ့ အဆင့်နိမ့်တိုက်ခိုက်ရေးအင်အားက လီကျားခန်းမိသားစုလောက် အားမကောင်းတာ ရှင်းလင်းနေတယ်"

"အရင်က ကျွန်တော်ဆုတစ်ခုပို့ရင်း ကြေးစားအစည်းအရုံးရဲ့ ကြေးစားအုပ်စုကို အကူအညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် တခြားဘက်ကလည်း ဒါကိုစဉ်းစားခဲ့မှာပါ"

ယန်ကျင်းဟိုင်ခေါင်းညိတ်သည်။ 

သူကအိမ်ထောင်ဦးစီးဖြစ်လေရာ ဤကိစ္စရပ်များကို နားလည်ပါသည်။ 

သူတို့တွင် အရင်းအမြစ်အများအပြားရှိသည်ကို မဆိုထားနဲ့၊ ကြေးစားအစည်းအရုံးအတွက် လီမိသားစုနှင့် ခန်းမိသားစုအတွက် ယှဉ်ပြိုင်ရန်ဟူသည်ပင် မဖြစ်နိုင်ပါ။ 

ဤသည်သာမက ယွမ်ချီမြိူ့တွင် ပင်မအင်အားစုသုံးခုအကြား တိုက်ပွဲတွင် ဘယ်ဘက်က ကူညီကူညီ ကျေးဇုးတင်ခံရမည်မဟုတ်ပေ။  

ထို့ကြောင့် ကြေးစားအစည်းအရုံးတွင် ကြေးစားအနည်းငယ်ကသာ ဤတာ၀န်ကို လက်ခံရန်အတွက် ရွေးချယ်ကြသည်။ 

သူတို့ပါ၀င်ရမည်ဆိုလျှင်ပင် လီမိသားစုနှင့် ခန်းမိသားစုဘက်က ပါ၀င်ရန်အတွက်သာ ရွေးချယ်ကြပေလိမ့်မည်။ 

မည်သို့ပင်ဆိုစေကာမူ နှစ်ဖက်စလုံး၏ အနိုင်ရနိုင်‌ချေ ရာခိုင်နှုန်းကိုကြည့်မည်ဆိုပါက ယန်မိသားစုက လေထဲက ဖယောင်းတိုင်တစ်တိုင်ပမာသာ။ 

သေခြင်းတရားကသာလျှင် အချိန်၏ အကြောင်းအရာတခုသာ။ 

အကြီးအကဲတစ်ဦးကပြောသည်။ 

"ဒီကနေလွတ်မြောက်ဖို့ လမ်းမရှိတော့ဘူးလား"

"လုံချန်မြို့မှာ သတင်းတွေကလာနေတုန်းပဲရှိသေးတယ်၊ လုံမိသားစုရဲ့ထောက်ပံ့မှုစာရင်းကနေ ကျွန်တော်တို့က အတော်ကြာကတည်းက ဖယ်ရှားခံထားရမှာကို ကျွန်တော်ကြောက်နေမိတယ်"

ယန်ကျင်းဟိုင်မေးလိုက်သည်။ 

"ချီအာ၊ မင်းအရင်ကပြောခဲ့တဲ့ ကြေးစားအစည်းအရုံးမှာ လူသုံးယောက်ပါတဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့ရှိတယ်ဆိုတာကရော၊ သူတို့ဘယ်လိုဖြစ်သွားကြလဲ"

ယန်ချီအကူအညီမဲ့စွာခေါင်းခါယမ်းသည်။ 

"သူတို့က ယွမ်ချီမြို့ကိုတောင် မရောက်ကြသေးပါဘူး၊ ဒါပေမယ့် ဒါကိုအာရုံစိုက်ဖို့အတွက် သူတို့ကိုပြောထားပါတယ်၊ သူတို့ပြန်လာတဲ့အခါကျရင် ကျွန်တော်တို့ပေးခဲ့တဲ့ ဆုကြေးအကြောင်းပြောပ့လိမ့်မယ်"

"လာမလား မလာဘူးလားဆိုတာကတော့..."

ယန်ချီလည်းမသေချာပါ။ 

မည်သို့ပင်ဆိုစေကာမူ နှစ်ဖက်စလုံးက ခင်မင်ရင်းနှီးမှုသိပ်မရှိပါ။ 

ထိုအချိန်တွင် အပြင်ကနေ လူတစ်ယောက်ပြေးလာပြီး ယန်ကျင်းဟိုင်ကိုအစီရင်ခံတင်ပြသည်။ 

"မိသားစုခေါင်းဆောင်၊ အပြင်မှာ ကြေးစားအဖွဲ့နှစ်ဖွဲ့ရှိနေပါတယ်"

ယန်ချီအံ့ဩသင့်သွားပုံရသည်။ 

ယန်ကျင်းဟိုင်အလျင်အမြန်ပြောသည်။ 

"သူတို့ကိုမြန်မြန်၀င်လာခိုင်းလိုက်"

အစေခံကထိုစကားကိုကြားပြီးနောက် သဘောတူသည့်အသွင်ခေါင်းညိတ်ကာ ကြေးစားအုပ်စုများကို အထဲသို့ဖိတ်လိုက်၏။ 

အကြေးခွံချပ်၀တ်ကြေးစားအုပ်စု၏ အဖွဲ့သားခြောက်ယောက်နှင့် ယဲ့ချိုးပိုင်ခေါင်းဆောင်သည့် ကြေးစားအုပ်စုတို့ ၀င်လာကြသည်။ 

ယန်ချီ ယဲ့ချိုးပိုင်တို့ကိုမြင်ရသောအခါ စိတ်သက်သာရာရသွားခဲ့သည်။ 

ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်ရှေ့သို့ အလျင်အမြန်လျှောက်သွားပြီး စိတ်လှုပ်ရှားနေသည့်အပြုံးဖြင့် ပြောသည်။ 

"ငါမင်းတို့ကို စောင့်မျှော်နေတာပါ"

ယဲ့ချိုးပိုင်ကလည်းပြုံးသည်။ 

"ဒါတွေကငွေအတွက်ကြောင့်ပါပဲ"

ယဲ့ချိုးပိုင်ထိုသို့ပြောလာသောအခါ ယန်ချီ၀မ်းသာသွားသည်။ 

ဤသည်က ယဲ့ချိုးပိုင်က ယန်မိသားစု၏ ဝေစုခွဲတမ်းကို သဘောတူသည်ဟု ဆိုလိုနေခြင်းပင်။ 

ယန်ကျင်းဟိုင်ကလည်းပြုံးလိုက်သည်။ 

"မစိုးရိမ်ပါနဲ့၊ မင်းရဲ့ခွန်အားကို ချီအာပြောဖူးတာ ငါကြားဖူးပါတယ်၊ ယန်မိသားစုကို ဒီအခက်အခဲကနေ ကျော်လွှားဖို့အတွက် ကူညီပေးနေသရွေ့ မင်းတို့သုံးယောက်စလုံးကို ခွန်းလွန်ကောင်းကင်ဘုံရေကန်ရဲ့ ဝေစုခွဲတမ်းပြိုင်ပွဲမှာ ပါ၀င်ဖို့အတွက် ခွင့်ပြုပေးမယ်"

ဤသည်ကိုကြားသောအခါ အကြီးအကဲများ၏မျက်နှာများက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။ 

ခွန်းလွန်ကောင်းကင်ဘုံရေကန်ခွဲတမ်းပြိုင်ပွဲ!

ဤသည်က ယန်မိသားစု၏ အရေးအပါဆုံးအရင်းအမြစ်များထဲက တခုဖြစ်သည်။ 

အကြီးအကဲတစ်ယောက်က အလျင်အမြန်ပြောသည်။ 

"မိသားစုခေါင်းဆောင်၊ ဒါကိုဆုလာဘ်အဖြစ်သုံးတာ အရမ်းများသွားသလားလို့"

"တကယ်လို့ သူတို့အင်အားကသာ ဒီရေကို တဖန်ပြန်လှည့်ဖို့ လုံလောက်တယ်ဆိုရင် ငါတို့ပေးရင်ပေးရမှာပေါ့၊ဒါပေမယ့် သူတို့က ဂျူနီယာလေးသုံးယောက်ပဲလေ၊ သူတို့က ဒီလိုကြီးမားတဲ့ဆုလာဘ်အတွက် ဘယ်လို ကတိပေးနိုင်မှာတဲ့လဲ"

ယဲ့ချိုးပိုင်တို့သုံးယောက်၏ အမူအရာများက ပြောင်းလဲသွားခြင်းမရှိပါ။ 

ဤကိစ္စအတွက် အကယ်၍ တဖက်လူက ပေးမည်ဆိုပါက ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ရှောင်ဟိုင်တို့က သဘောတူညီချက်အတိုင်း လုပ်ဆောင်မည်။ 

အကယ်၍မပေးပါက သူတို့လှည့်ထွက်သွားရုံသာ။ 

ယန်ချီ၏မျက်နှာကလည်း မည်းမှောင်နေသည်။ 

ယန်ကျင်းဟိုင်က ပို၍ပင်စိတ်ဖိစီးကာ စိတ်ဓာတ်ကျလာသည်။ 

ဤမျိုးဆက်တွင် ယန်မိသားစုကျဆင်းလာရသည့် အဓိကအကြောင်းအရင်းက ဤအကြီးအကဲအုပ်စုက ခေါင်းကြည်လင်စွာ မဆုံးဖြတ်ကြသောကြောင့်ပင်။ 

"တကယ်လို့ ယန်မိသားစုသာ ပျောက်ကွယ်သွားရင် ဒီနေရာသုံးနေရာရရော ဘာအတွက် အသုံး၀င်တော့မှာလဲ"

"ဒါ့အပြင် ပြိုင်ပွဲနေရာတွေကို ဂျူနီယာလေးတွေကို ပေးမယ်ဆိုရင်ဝောာင် သူတို့မှာ ဗိုလ်စွဲဖို့အတွက် ဘယ်လိုအရည်အ်ျင်းတွေရှိလဲ"

အကြီးအကဲများ၏မျက်နှာများက အရောင်အမျိုးမျိုးပြောင်းနေသည်။ 

"ပြီးတော့ သူတို့ကအပြင်လူတွေလေ"

"ဒါတင်မကသေးဘူး၊ သူတို့က ကောင်းတယ်ဆိုရင်တောင် သူတို့သုံးယောက်ကို အားကိုးနေတာက ဘာအကျိုးရှိလို့လဲ"

ယခုတကြိမ်တွင် ယန်ချီက သူတို့ကို ကြားဖြတ်လာသည်။ 

"ယန်မိသားရဲ့အမွေဆက်ခံသူဖြစ်တဲ့ ကျွန်တော့်ဂုဏ်ပုဒ်ကို အာမခံချက်တခုအဖြစ် ကျွန်တော်သုံးပါတယ်၊ တကယ်လို့ သူတို့ခွန်အားကသာ မလုံလောက်ဘူးဆိုရင် ဒီကိစ္စအပေါ် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင် ယန်မိသားစုကနေ ထွက်သွားပါမယ်"

အပိုင်း(303) coming။

All Chapters