#အကြံပြုချက်များ#
Vol. 21 Ch. 303
လူတိုင်းက ယန်ချီအား အံ့ဩစွာ စိုက်ကြည့်လိုက်ကြသည်။
ဒီလိုလုပ်ဖို့လိုလို့လား!
ဒါမှမဟုတ် ယန်မိသားစုကတကယ်ပဲ သူတို့အပေါ် စိတ်သက်သာရာရနေတာလား!
ယန်ကျင်းဟိုက်ပင်လျှင် ယန်ချီကို ကြည့်လိုက်မိသည်။
ဒါပေမယ့်ငါ့နှလုံးသားကတော့ နည်းနည်းစိတ်သက်သာရာရသွားခဲ့တယ်!
မိသားစုခေါင်းဆောင်အနေနဲ့ ဆုံးဖြတ်ချက်တခုချတဲ့အခါ သတ္တိရှိဖို့နဲ့ ပြတ်သားဖို့လိုတယ်!
နည်းဗျူဟာဆိုတာလည်းပါ၀င်ရမယ်!
ယခု ယန်ချီတွင် ဤကဲ့သို့ စရိုက်မျိုးရှိနေသည်မှာ သိသာထင်ရှားနေလေပြီယ
ယဲ့ချိုးပိုင်ကလည်း ယန်ချီကို အံ့ဩသင့်တကြီး ကြည့်လိုက်သည်။ ဤလူက အတော်လေးပြတ်သားသည်။
အကြီးအကဲများက တစ်ဦးတစ်ဦး စိတ်ပျက်လက်ပျက်ကြည့်လိုက်မိကြသည်။ ယန်ချီဤသို့လုပ်လာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြချေ။
သို့သော် ယခုအနေအထားတွင် အကြီးအကဲများတွင် ငြင်းဆန်ရန် အကြောင်းပြချက်မရှိတော့။
အကယ်၍ သူသာ ယန်မိသားစုခေါင်းဆောင်၏အမွေကို ရယူနိုင်ပါက ဤသည်က သူတို့အတွက် ကြီးမားသည့် သက်ရောက်မှုရှိပါသည်။
အကြီးအကဲများက တစ်ဦးပြီးတစ်ဦး ခေါင်းညိတ်လိုက်ကြသည်။
"ကောင်းပြီ၊ ယန်ချီက ဒီလိုအာမခံချက်တခုပေးတယ်ဆိုမှတော့ အချိန်တခုထိ ယုံကြည်ပေးလိုက်ကြတာပေါ့"
"ဒါပေမယ့် ဒီဖြစ်ရပ်က ကလေးစကားစရာမဟုတ်ဘူး၊ ကျုပ်တို့ တန်ပြန်ဆောင်ရွက်မှုတွေအတွက် ဆွေးနွေးဖို့လိုသေးတယ်"
သို့သော် ယန်ချီက အကြီးအကဲများကို နောက်ထပ်အာရုံစိုက်မနေဝောာ့ဘဲ ယဲ့ချိုးပိုင်တို့ကို ယန်ကျင်းဟိုင်အနားသို့ ခေါ်လာပြီး တန်ပြန်ဆောင်ရွက်မှုများကို ဆွေးနွေးကြသည်။
ယန်ချီ၏နှလုံးသားထဲတွင် ဤအကြီးအကဲများက လုံး၀ဦးနှောက်ချွတ်ယွင်းနေကြသည့်အဖိုးကြီးများသာယ
ဒီတခါကျရှုံးပါက ယန်မိသားစု ပျောက်ကွယ်သွားရပေလိမ့်မည်။
ဤသို့ဆိုပါက ယန်မိသားစု၏အမွေရဖို့ အခွင့်အရေးရပါကလည်း ဘာများ အကျိုးရှိတော့မည်နည်း။
ယခုလိုဦးနှောက်ပြဿာနာရှိနေသည့် လူမျိုးနှင့်အတူ တန်ပြန်ဆောင်ရွက်မှုတွေအတွက် ဆွေးနွေးရန် မေးမြန်းခြင်းက ဘာများအကျိူးရှိမည်နည်း။
သူတို့ပရမ်းပတာမဖန်တီးခြင်းကသာ ကောင်းပေလိမ့်မည်။
ယခုအချိန်တွင် ယန်ချီက အခြေအနေရပ်ကို စတင်ရှင်းပြသည်။
"အခုလီမိသားစုနဲ့ ခန်းမိသားစုတို့က တဆင့်ပြီးတဆင့် ဖိအားပေးနေတယ်"
"ငါတို့အင်အားစုအများစုက လုံး၀သိမ်းပိုက်ခံထားရတယ်"
"အရှေ့ပိုင်းစီးပွားရေးလမ်းနဲ့ မြောက်ပိုင်းစီးပွားရေးလမ်းတို့က ရုန်းကန်နေရဆဲဆိုပေမယ့် အကြာကြီး တည်မြဲနိုင်မှာမဟုတ်တော့ဘူး"
အရှေ့ဘက်နှင့်မြောက်ဘက်ရှိ စီးပွားရေးလမ်းများက ယခုတွင် ယန်မိသားစု၏ နောက်ဆုံးအင်အားဖြစ်ပြီး အဓိကအကျဆုံးနေရာလည်းဖြစ်သည်။
ကျူးကျော်ထိုးဖောက်ခံရသည်နှင့်တပြိုင်နက် ယန်မိသားစု၏ ၀င်ငွေရင်းမြစ်က လုံး၀ပျောက်ကွယ်သွားရပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ အရင်းအမြစ်များကို တင်သွင်းသောအခါ ရောင်းချရန်အတွက် နေရာကောင်းတခုကိုလည်း ရှာရန်လိုအပ်သည်။
ယန်ကျင်းဟိုင် ယဲ့ချိုးပိုင်တို့ကိုကြည့်ကာ မေးလိုက်သည်။
"တခြားကောင်းတဲ့နည်းလမ်းတခုခုများရှိလား၊ မိတ်ဆွေလေး"
ယဲ့ချိုးပိုင်တခဏမျှ တွေးတောနေပြီးနောက် ယန်ကျင်းဟိုင်ကို ကြောက်စိန်ကင်းကင်းဖြင့် ရင်ဆိုင်ကာ မေးသည်။
"နှစ်ဘက်စလြံးရဲ့ အမြင့်ဆုံးတိုက်ခိုက်ရေးအင်အားကဘယ်လောက်လဲ"
ယန်ချီအလျင်အမြန်ပြောသည်။
"ဒီအကြောင်းကိုတော့ မစိုးရိမ်ပါနဲ့၊ နှစ်ဘက်စလုံးရဲ့ တိုက်ခိုက်ရေးအင်အားက သိုင်းဧကရာဇ်နယ်ပယ် အထက်က လှုပ်ရှားကြမှာမဟုတ်ပါဘူး"
ရှီရှန်းခေါင်းညိတ်သည်။
"အဆင်ပြေတယ်"
ယဲ့ချိုးပိုင် ရှီရှန်း၏ပခုံးကို ပုတ်လိုက်၏။
"မင်းနိမ့်ချပြီးနေလို့မရဘူးလား"
ရှောင်ဟိုင်က ရိုးသားစွာပြောသည်။
"ဒါက အမှန်တရားကို ပြောနေတာပဲလေ"
ယဲ့ချိုးပိုင် ပျော်ရွှင်စွာပြောလေသည်။
"ဒီလိုပါပဲ"
သုံးယောက်သားအကြားက စကားဝိုင်းကိုကြည့်ရင်း ယန်ချီစိတ်သက်သာရာရစွာ သက်ပြင်းချသည်။
ယန်ကျင်းဟိုင်ကလည်း ရှက်ပြုံးပြူံးလိုက်သည်။ မိသားစုခေါင်းဆောင်တဖြစ်လဲ သူက သိုင်းဧကရာဇ်တ၀က်သာဖြစ်သည်။
ယန်ကျင်းဟိုင်ပြုံးသည်။
"မိတ်ဆွေလေးသုံးယောက်၊ ဒီကိစ္စမှာ သိုင်းဧကရာဇ်နယ်ပယ်အောက်က လူတွေအတွက် မင်းတို့အဆင်ပြေရဲ့လား"
ယဲ့ချိုးပိုင်းခေါင်းညိတ်သည်။
အကယ်၍အရင်ကသာ ပြောမည်ဆိုပါက သူတို့က အဖွဲ့တွင် ပူးပေါင်းလာရန် လူသုံးယောက်လိုအပ်မည်ဖြစ်သလို သိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့နေသည့် သိုင်းဧကရာဇ်တ၀က်နယ်ပယ် စွမ်းအားရှင်တစ်ဦးကိုသတ်ရန်အတွက် သူတို့၏ အိပ်ကတ်ထဲက ကဒ်များကိုပင် သုံးရပေလိမ့်မည်။
ယခုတွင်မူ သူတို့၏နယ်ပယ်က တိုးမြှင့်သွားပြီဖြစ်လေရာ ဤသည်က ပြဿာနာမရှိတော့။
ဤသည်အပြင် ယဲ့ချိုးပိုင်တစ်ယောက် သူ့၏လက်ရှိဓားသိုင်းခွန်အားကို စမ်းသပ်ကြည့်ချင်နေသည်။
တချိန်တည်းမှာပင် ယန်ကျင်းဟိုင် အစီအစဉ်တခုချမှတ်လေသည်။
"အရှေ့လမ်းပေါ်ကအင်အားက အခုအားအနည်းဆုံးပဲ၊ ဒီတော့ မိတ်ဆွေလေးသုံးယောက်ကို အရှေ့လမ်းကိုသွားစေချင်တယ်၊ ဘယ်လိုထင်လဲ"
သူ့ဖခင်၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တခုခုမှားယွင်းနေသည်ဟု ခံစားမိသည့်အလား ယန်ချီမျက်မှောင်ကြုတ်သွားသည်။
ဒါပေမယ့် ဘာလဲငါမပြောနိုင်ဘူး!
ယဲ့ချိုးပိုင်က အားနည်းချက်များကို တိုက်ရိုက်ပင် ထောက်ပြသည်။
"ဒါက ဘေးအန္တရာယ်အကင်းဆုံးလမ်းကြောင်းဆိုရင်တောင် ကျုပ်တို့အခြေအနေက အခုအချိန်မှာ ဆိုးရွာနေတယ်"
"တကယ်လို့ခင်ဗျားတစ်ကျော့ပြန်လာချင်ရင် ဖြည်းဖြည်းချင်းလုပ်လို့မရဘူး၊ ဒီလိုဆိုရင် တဖက်လူရဲ့ ဖြည်းဖြည်းချင်း ဝါးမြိုစားသောက်ခြင်းကို ခံရလိမ့်မယ်"
ယဲ့ချိုးပိုင်ပြောသည်ကို ကြားသောအခါ ယန်ကျင်းဟိုင်ရော ယန်ချီပါ ခေါင်းညိတ်လိုက်ကြသည်။
ယဲ့ချိုးပိုင်ဆက်ပြောသည်။
"အခုလုပ်ရမယ့်အရာက အခြေအနေကို ပြောင်းလဲဖို့အတွက် ပိုပြီးပြင်းထန်ဖို့လိုတယ်"
"ဒါဆို ဘယ်လိုမျိုးလဲ"
ယန်ချီမေးသည်။
"အခုငါတို့က ဖြည်းဖြည်းချင်းတိုက်ခိုက်နေပြီး လုံမိသားစုဆီက ကယ်ဆယ်ရေးအဖွဲ့တွေကိုစောင့်နေတာပါ၊ ဒီနည်းနဲ့ဆိုရင် ငါတို့ ဖြည်းဖြည်းချင်း အနိုင်ယူနိုင်မှာ မဟုတ်ဘူးလား"
"ကျုပ်ခင်ဗျားကိုမေးခွန်းတခုမေးပါရစေ"
ယဲ့ချိုးပိုင် ယန်ချီကို စိုက်ကြည့်လိုက်၏။
"လုံမိသားစုလာပြီးတော့ ထောက်ပံ့ပေးမယ်ဆိုတာကို တဖက်ကရောသိလား"
ယန်ချီအနည်းငယ်ထိတ်လန့်သွားသည်။
ယန်ကျင်းဟိုင်က ဘေးကနေရယ်မောနေသည်။ ဤပြဿာနာကို သူသိထားသည်မှာ သိသာထင်ရှားနေသည်။
"တဖက်လူက ငါတို့လိုချင်တာကို ဘယ်လိုလုပ်သိနိုင်မလဲ"
"ဒီတော့ ဖြည်းဖြည်းချင်းဆော့ကစားဖို့ ခင်ဗျားရွေးချယ်ထားတယ်ဆိုရင် ပြိုင်ဘက်က အခြေအနေကို ချိုးဖျက်ဖို့အတွက် သေချာပေါက် အကောင်းဆုံးကြိုးစားလိမ့်မယ်"
ဤသည်ကိုကြားသောအခါ ယန်ချီရုတ်တရက် နားလည်သွားသည်။
"ဒီလိုဆိုရင် အခုငါတို့က စတင်လက်ဦးမှုရယူပြီး တိုက်ခိုက်မယ်ဆိုရင် မျှော်လင့်မထားတဲ့ ရလဒ်တွေရလာနိုင်မှာပေါ့"
ယဲ့ချိုးပိုင်ပြုံးကာ ခေါင်းညိတ်သည်။
"ဒီတော့ ကျုပ်အကြံပြုချက်က အားနည်းတဲ့မြောက်ပိုင်းလမ်းတွေကို အရင်ဆုံးကိုင်တွယ်ပြီး ဝိုင်းထားဖို့အတွက် အရှေ့ပိုင်းလမ်းတွေဆီကို ကျုပ်တို့အင်အားတွေကို လွှဲပြောင်းပေးရုံပဲ"
ဤအစီအစဉ်ကို ကြားသောအခါ ယန်ကျင်းဟိုင် သဘောတူသည့်အသွင်ခေါင်းညိတ်သည်။
ဤနည်းလမ်းကတကယ်ပင် အလုပ်ဖြစ်နိုင်သည်။
ရိုးရှင်းပုံရသော်လည်း တဖက်လူ၏ စိတ်ပညာကိုပါ ထည့်သွင်းစဉ်းစားထားလေသည်။
ယန်ကျင်းဟိုင်ပြောသည်။
"ဒီကိစ္စမှာ ယဲ့ချိုးပိုင်ရဲ့နည်းလမ်းအတိုင်း လိုက်နာကြပါ"
ချက်ချင်းဆိုသလို ယန်မိသားစုကိုယ်ရံတော်ခေါင်းဆောင်ကို အမိန့်ပေးရန်အတွက် ဆင့်ခေါ်လိုက်၏။
ယဲ့ချိုးပိုင်တို့ကမူ ယန်ချီနှင့်အတူ မြောက်ပိုင်းလမ်းသို့ ထွက်သွားကြသည်။
...
မြောက်ပိုင်းလမ်းက ယန်မိသားစု၏ အဓိကစက်မှုလုပ်ငန်းများအနက် တခုဖြစ်သည်။
အကယ်၍ မြောက်ပိုင်းလမ်းရော အရှေ့ပိုင်းလမ်းပါ ထိခိုက်ခံရပါက ထိုအချိန်တွင် ယန်မိသားစုက နာမည်သာ ကျန်ရှိပေလိမ့်မည်။
လီမိသားစုနှင့်ခန်းမိသားစု၏ လက်ရှိဗျူဟာသည် အနည်းငယ်ကွဲလွဲနေသည်။
အရှေ့ပိုင်းလမ်းများကို ချိုးဖျက်ပြီးနောက် မြောက်ပိုင်းသို့ ဦးတည်ကြသည်။
ထို့ကြောင့် မြောက်ပိုင်းလမ်း၏ လွှမ်းမိုးမှုက အတော်လေးအားနည်းသည်။
ယခုအချိန်တွင် မြောက်ပိုင်းလမ်း၌ လီမိသားစုရော ခန်းမိသားစုပါ ဦးတည်နေပြီး ဦးဆောင်သူက ခန်းမိသားစု၏ မဟာအကြီးအကဲတစ်ဦးဖြစ်သည့် သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်ပင်။
ခန်းမိသားစုအကြီးအကဲက လက်အောက်ငယ်သားများ၏ အစီရင်ခံစာများကိုနားထောင်ပြီးနောက် မေးသည်။
"အရှေ့ပိုင်းလမ်းကို အခုထိမသိမ်းသွင်းနိုင်သေးဘူးလား"
အစေခံကခေါင်းခါယမ်းသည်။
"အဲဒီနေရာက ခံစစ်က နည်းနည်းကျားကုတ်ကျားခဲခုခံနေတော့ နောက်နှစ်ရက်လောက် ကြာနိုင်တယ်"
မဟာအကြီးအကဲက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
"တဖက်ကို မြန်မြန်လေးသိမ်းခွင့်ပေးလိုက်၊ မဟုတ်ဘူးဆိုရင် နောက်ကျရင် ပြောင်းလဲသွားနိုင်တယ်"
အစေခံကခေါင်းညိတ်ကာ အမိန့်ကို ဖြန့်ရန်အတွက် ချက်ချင်း ပြေးဆင်းသွားသည်။
သူထွက်သွားပြီးသည်နှင့်တပြိုင်နက် နောက်ထပ်အစေခံတစ်ယောက်က ဟစ်ကြွေးစွာ ပြေးလာသည်။
"အစီရင်ခံစာ.... အစီရင်ခံစာ"
မဟာအကြီးအကဲက မျက်မှောင်ကြုတ်သွား၏။
"မင်းဘာလို့ဒီလောက် အလျင်လိုနေတာလဲ"
အစေခံ၏မျက်နှာက ထိတ်လန့်မှုဖြင့် ပြည့်နှက်နေပြီး သူ့မျက်လုံးများက ကြောက်ရွှံ့နေသည့်အသွင်ပေါ်နေသည်။
"ယန်မိသားစုက ၀င်နေပြီ...."
ဤသည်ကိုကြားသောအခါ မဟာအကြီးအကဲမှာ ထခုန်လိုက်မိပြီး သူ့မျက်နှာက ဒေါသဖြင့်ပြည့်နှက်သွား၏။
"ယန်မိသားစုမှာ ဘယ်လိုလုပ်စပြီးတိုက်ခိုက်ဖို့အတွက် အပိုအင်အားတွေ ရှိနေရတာလဲ"
အစေခံကကြောက်ရွှံ့တုန်လှုပ်သွားသည်။
"သူတို့က ပြင်ပအကူအညီကို ရှာတွေ့သွားပုံပဲ..."
"ပြင်ပအကူအညီ"
မဟာအကြီးအကဲမျက်မှောင်ကြုတ်လိုက်၏။
"သူတို့က ငါတို့ခန်းနဲ့လီမိသားစုရဲ့ ပူးပေါင်းတပ်တွေကို မကြောက်ကြတာလား"
အစေခံက ဘာမှမဖြေပါ။ သူလည်းမသိပုံပေါ်သည်။
တခဏမျှတွေးတောပြီးနောက် မဟာအကြီးအကဲကပြောလိုက်သည်။
"တချက်သွားကြည့်ကြရအောင်"
စကားပြောပြီးသည့်နောက် သူက မြောက်ပိုင်းလမ်း၌ စုဝေးနေသည့်တပ်များကို ဦးဆောင်ကာ အခင်းဖြစ်ပွားရာနေရာသို့ လျှောက်သွားခဲ့သည်။
ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်က မိစ္ဆာနက်ဓားကို လက်ထဲတွင်ကိုင်ထားပြီး ရှေ့က နတ်ဘုရားတ၀က်နယ်ပယ်နောက်ပိုင်းအဆင့်က စွမ်းအားရှင်တစ်ယောက်ကို သတ်ပစ်လိုက်သည်။
ရှောင်ဟိုင်ကလည်း အသံနိမ့်ကာ တချက်ဟိန်းလိုက်ပြီး နတ်ဘုရားတ၀က်နယ်ပယ်က လူနှစ်ယောက်၏ခေါင်းများကို ဆွဲဆိတ်ပစ်လိုက်လေရာ ပြင်းထန်စွာပင်ထိမှန်သည်။
နှစ်ဦးစလုံး၏ခေါင်းများက ချက်ချင်းဆိုသလို ပေါက်ကွဲသွား၏။
ရှီရှန်းကမူ ပုဆိန်ဖြင့် ခုတ်ပစ်သည်။
သူတို့သုံးဦး၏ခွန်အားက ယခုအချိန်တွင် မရပ်တန့်နိုင်တော့သည့်အလား။
အပိုင်း(304) coming။