#ဓားနှလုံးသားသိမ်မွေ့လာခြင်း#
Vol. 21 Ch. 304
ခန်းမိသားစုအကြီးအကဲရောက်လာသောအခါ ရှေ့က ပရမ်းပတာဖြစ်နေသည်ကိုမြင်လိုက်ရသည်။ မဟာမိတ်အင်အားစုနှစ်ခုက တဖက်သတ်သတ်ဖြတ်သုတ်သင်ခံနေရသည်။
သူ့မျက်လုံးများက ဒေါသဖြင့် ပြည့်နှက်သွား၏။
ယန်မိသားစုက အခု အရှေ့ပိုင်းလမ်းမှာ ရှိနေသင့်တာမဟုတ်ဘူးလား!
ဘာလို့အစောင့်တွေကို မြောက်ပိုင်းလမ်းကို စေလွှတ်နိုင်ရတာလဲ!
သို့သော် ယခုဤအကြောင်းကို တွေးနေရန်အတွက် အချိန်မရှိပါ။
မဟာအကြီးအကဲ ရှေ့သို့တလှမ်းလှမ်းလိုက်စဉ် အင်ပါယာတ၀က်စွမ်းအားရှင်၏ အော်ရာက ပေါက်ကွဲသွားခဲ့သည်။
ခန်းမိသားစုက မဟာအကြီးအကဲကလည်း သိုင်းဧကရာဇ်နယ်ပယ်ကို ထိတွေ့ရန် အရည်အချင်းပြည့်မီသည့် အားကောင်းသော လူတစ်ယောက်ပင်။
သူက သိုင်းဧကရာဇ်နယ်ပယ်အောက်တွင် ရှိသည်ဟုဆို၍ရသည်။ ခန်းမိသားစု အကြီးအကဲတွင် ပြိုင်ဘက်မရှိသော်လည်း ဒီပြင်းထန်မှု၏ဖိအားကို ရင်ဆိုင်နေရသည်။
ယဲ့ချိုးပိုင်တို့သုံးယောက်၏ သွင်ပြင်လက္ခဏာများက ပြောင်းလဲသွားခြင်းမရှိပါ။
"ငါ့ကိုလက်လွှဲလိုက်"
ထိုသို့ပြောပြီးနောက် လက်ထဲက မိစ္ဆာနက်ဓားကို မကိုင်လိုက်သည်။
ထိုအခိုက်အတန့်မှာပင် မဟာဓားဂိုဏ်း၏ အဓိပ္ပာယ်က ကောင်းကင်ပေါ်သို့ ထပ်မံထိုးတက်လာပြီး မြောက်ပိုင်းလမ်းတခုလုံးကို ၀န်းရံပစ်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ယန်ချီ အံ့ဩသင့်သွားမိသည်။
အရင်ကနှင့်စာပါက သူတို့၏ခွန်အားက ထပ်ပြီး တိုးတက်လာပြန်ပြီ။
ငါတကယ်ကိုကြောက်နေမိတယ်!
သူတို့ကဒီနေရာတင်မဟုတ်ဘူး ကုန်းတွင်းတခုလုံးက သူတို့ရဲ့စင်မြင့်ဖြစ်နေသင့်တာ!
ခန်းမိသားစု၏မဟာအကြီးအကဲက ဓားဆန္ဒကိုခံစားမိသဖြင့် သူ့မျက်လုံးများ၌ အတော်လေး ထိတ်လန့်သွားသည့်အသွင် ပေါ်ပေါက်လာသည်။။
သို့သော် ဤသည်က အဆုံးမဲ့သတ်ဖြတ်ခြင်းဆန္ဒအဖြစ် ပြောင်းလဲသွား၏။
အရမ်းငယ်လွန်းတယ်!
နတ်ဘုရားတ၀က်နယ်ပယ်ရဲ့ ကျင့်ကြံခြင်းအခြေခံပဲရှိသေးတယ်!
ဓားပညာနယ်ပယ်က မဟာဓားဂိုဏ်းနယ်ပယ်ကိုတောင် ရောက်နေပြီ!
ဓားပညာနယ်ပယ်ကို တိုးတက်အောင်လုပ်ဖို့ ဘယ်လောက်တောင်ခက်ခဲလဲ!
အဆင့်တစ်ဆင့်စီ မြှင့်တင်လိုက်တိုင်း ၎င်း၏တိုက်ခိုက်ရေးစွမ်းအားကလည်း အဆမတန်တိုးလာတတ်သည်။
ယခုလေးတင်ပင် ဤမဟာဓားဂိုဏ်း၏ဆန္ဒက သူ့ကိုအန္တရာယ်ရှိသည့်ပမာ ခံစားရစေသည်။
ဒီလိုလူမျိုးက မရှိနေသင့်ဘူး!
ဤသည်ကိုတွေးမိပြီးနောက် ခန်းမိသားစု၏ မဟာအကြီးအကဲက ပြန်လည်ထိန်းချုပ်ရန် ရည်ရွယ်မနေတော့ဘဲ ဧကရာဇ်တ၀က်စွမ်းအားရှင်အော်ရာက ယဲ့ချိုးပိုင်ထဲသို့ ဖိသိပ်ကျဆင်းလာသည့် တောင်တစ်တောင်ပမာ ဖိသိပ်လိုက်၏။
တချိန်တည်းမှာပင် သူကဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်၏။
ဓားရှည်၏ဓားသွားက ညီညာမနေဘဲ ချွန်ထွက်နေသည့်အစွန်းများက အတော်လေးထက်ရှသည်။
ဓားထိပ်တွင် တောက်ပသည့်အနီရောင်သွေးများရှိနေပြီး သွေးရနံ့များက ထောင်းထနေသည်။
ဤဓားရှည်က အမျိုးအမည်မသိသည့် သွေးဖြင့် စွန်းထင်းခြယ်သထားသည်က သိသာထင်ရှားနေသည်။
ခန်းမိသားစုအကြီးအကဲက ဓားရှည်ကို ထုတ်လိုက်သောအခါ ယဲ့ချိုးပိုင်၏ အသွင်အပြင်ကလည်း အနည်းငယ် ပြောင်းလဲသွား၏။
သူဤအကြောင်းကိုကြားဖူးပါသည်။
ခန်းမိသားစုတွင် ဓားရှည်ကိုင်သည့် အကြီးအကဲတစ်ဦးရှိပြီး ခန်းမိသားစုအတွက် မရေမတွက်နိုင်လောက်စည့် အတားအဆီးများကို ရှင်းပစ်ခဲ့သည်။
ဓားတစ်ချက် အသက်တစ်ချောင်း!
ထိုဓားအောက်ရှိ သေသူများ၏ဝိဉာဉ်များက အရေမတွက်နိုင်လောင်အောင်ရှိသည်။
၎င်း၏အားက အတော်လေးပြင်းထန်သည်။
နှလုံး, ပုံမှန်မဟုတ်တဲ့သွေးဆာမှု!
ယန်ကျင်းဟိုင်ပင်လျှင် ဤလူအကြောင်း ပြောပါက မျက်နှာလေးနက်သွားရသည်။
ခန်းမိသားစု၏အကြီးအကဲက ဓားရှည်ကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်ထားသည်။
ထိုအခိုက်အတန့်၌ သူ့မျက်လုံးများက သွေးများဖြင့် ဖုံးလွှမ်းနေသည်။
သူ့ပတ်ပတ်လည်က သန့်စင်သည့်အော်ရာကလည်း ဤကြမ်းကြုတ်လှသည့် အော်ရာ၏ သက်ရောက်ခြင်းကို ခံရပြီး ကြောက်ခမန်းလိလိအော်ရာအဖြစ် ပြောင်းလဲသွားသည်။
ဤအော်ရာက မုန်တိုင်းတစင်းကဲ့သို့ပင် ယဲ့ချိုးပိုင်ထံ ဦးတည်လာနေပြီး သူ့ကိုယ်ခန္ဓာကို ဆွဲယမ်းပစ်သည်။
ယဲ့ချိုးပိုင်ကမူ အကျိုးသက်ရောက်ခြင်းမရှိသော်လည်း ဤဧရာမသွေးရောင်အော်ရာကို ခံစားမိသောအခါ သူအနည်းငယ် စိတ်မသက်မသာဖြစ်လာရသည်။
နယ်ပယ်၏ကွာဟချက်ကိုကား ပြင်ဆင်၍မရတော့ပါ။
ဓားစက်ကွင်းကို တိုးချဲ့လိုက်၏။
ဧရာမဓားဂိုဏ်း၏အဓိပ္ပာယ်က မယုံနိုင်စရာကောင်းလွန်းပြီး ဤအော်ရာကို အပြင်၌ တွန်းထုတ်ထားသည်။
ချက်ချင်းဆိုသလို တုံ့ဆိုင်းမနေဘဲ သူရှေ့သို့ ညင်သာစွာလှမ်းလိုက်၏။
မှော်နက်ဓားကိုကိုင်လျက် ယဲ့ချိုးပိုင်လက်ဦးမှုကိုရယူကာ ခန်းမိသားစု မဟာအကြီးအကဲထံသို့ ပြေး၀င်သွားသည်။
ဓားဆန္ဒက အရိပ်တခုပမာ လိုက်ပါလာပြီး ယဲ့ချိုးပိုင်တကိုယ်လုံးကို ဖုံးအုပ်ပေးထားသည်။
ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်က လူနှင့်ဓား တသားတည်းဖြစ်သွား၏။
ငါကဓား!
ဓားကငါ!
တယောက်ကိုတယောက်ဂရုစိုက်စရာမလိုဘူး!
ဤသည်က မဟာဓားဂိုဏ်းတွင် ၀င်ရောက်နေသည့် လက္ခဏာတစ်ရပ်ပင်။
ထိုမြင်ကွင်းကိုကြည့်ရင်း ခန်းမိသားစု မဟာအကြီးအကဲက ခက်ထန်သည့်မျက်နှာထားဖြင့် ပြုံးနေခဲ့သည်။
"မင်းက မဟာဓားဂိုဏ်းနယ်ပယ်က ဆိုရင်တောင် နယ်ပယ်ကွာဟချက်ကို ပြင်ဖို့ဆိုတာ မလွယ်ကူဘူး"
စကားပြောပြီးသောအခါ မဟာအကြီးအကဲကလည်း ဓားရှည်ကို လက်နှစ်ဖက်စလုံးဖြင့်ကိုင်လိုက်သည်။
သတ်ဖြတ်ခြင်းအငွေ့အသက်များကို သယ်ဆောင်ထားသည့် ဓားလှိုင်းဆန္ဒတခုက ယဲ့ချိူးပိုင်ထံ၀င်ရောက်သွား၏။
ဤသည်က လေဟာနယ်ကိုပင် ဖြတ်တောက်သွားပုံရသည်။
ဤကြောက်စရာကောင်းတဲ့ ဓားဆန္ဒကို ရင်ဆိုင်နေရသည့်တိုင် ယဲ့ချိုးပိုင် နောက်ဆုတ်သွားခြင်းမရှိသလို ရှောင်တိမ်းသွားခြင်းလည်းမရှိပါ။
ဓားစက်ကွင်းထဲရှိ ဓားဆန္ဒက အရူးအမူးလောင်ကျွမ်းနေပြီး မြစ်ရှည်ကြီးတစ်စင်း ပေါင်းစပ်သွားကာ ယဲ့ချိုးပိုင်းကိုကျော်ရင်း ကြောက်ခမန်းလိလိဓားဆန္ဒနှင့် ပထမဆုံးစုဆုံသွား၏။
ဓားဆန္ဒကိုခုခံရင်း ယဲ့ချိုးပိုင် ဓားဆန္ဒကို ဖြတ်ကာ ခန်းမိသားစု၏အကြီးအကဲထံ ပြေး၀င်သွားသည်။
သူကမျက်နှာချင်းဆိုင်ဆိုင်ချင်သည်။
ဓားနှင့်ဓားကို ဆုံစည်းစေချင်သည်။
နယ်ပယ်ကွာဟချက်က ဖြည်းဆည်းရန်အတွက် ခက်ခဲသော်လည်း ယဲ့ချိုးပိုင်က နှစ်များစွာ ခရီးပေါက်ခဲ့သည်။
မည်သည့်အချိန်ကများ သူတိုက်ပွဲကို ထိပ်တိုက်ရင်မဆိုင်ဘဲ နေခဲ့ဖူးလေသနည်း။
ရှုံးနိမ့်ခဲ့ခြင်းမရှိသလို တဆင့်ချင်း တိုက်ပွဲတိုင်းတွင် အကြိမ်တိုင်း အနိုင်ယူခဲ့သည်။
ဤအရာအားလုံးက ယဲ့ချိုးပိုင်လက်ထဲကဓားကို ပို၍ပို၍ပင်ထက်ရှလာစေသလို ယဲ့ချိုးပိုင်၏ဓားဆန္ဒကိုလည်း ရှေ့ဆက်ခွင့်ပေးလေသည်။
မည်သူမှမရပ်တန့်နိုင်!
ယဲ့ချိုးပိုင်၏ ဓားဆန္ဒကို မည်သူမှမချိုးဖျက်နိုင်!
ယဲ့ချိုးပိုင်က အရမ်းဆိုးသွမ်းတာလား!
တခြားဂျူနီယာညီအစ်မများနှင့် ဂျူနီယာများဖြင့် ယှဉ်ပါက ဤသည်က အရမ်းသာမန်ဆန်လွန်းသည်။
သို့စေကာမူ ဤသည်က အပြင်ပန်းသက်သက်ပါ။
လုချန်ရှန်း၏ ပထမဆုံးတပည့်တဖြစ်လဲ သူတို့အားလုံး၏ အစ်ကိုကြီးဖြစ်သည့် ယဲ့ချိုးပိုင်၏ပါရမီက မဆိုးပေ။
ဓားနှလုံးသားက ကြည်လင်သည်။
ဟွမ်ယွမ်ဓားကိုယ်ခန္ဓာ!
ဤကိုယ်ခန္ဓာမျိုးက ဓားကျင့်ကြံသူတစ်ဦးအတွက်မဟုတ်ဘဲ အားလုံးအတွက် အတော်လေးလိုက်ဖက်သည်။
ကမ္ဘာကြီးတခုလုံး၌ ပရမ်းပတာများက ပထမဆုံးစတင်ခဲ့ပြီး ကမ္ဘာကြီးကို ဖွဲ့စည်းခဲ့သည်။
ဟွမ်ယွမ်ဓားကိုယ်ခန္ဓာက ထိပ်တန်းအဆင့်ကိုယ်ခန္ဓာတခုပင်။
ယဲ့ချိုးပိုင်၏နယ်ပယ်ကို တိုးတက်အောင် လုပ်နိုင်သရွေ့ ပါးလွှာသည့်ဆံပင်ပမာ စုဆုံလာတတ်သည်။
သူ့၏တိုက်ခိုက်ရေးစွမ်းအားကလည်း တခြားဂျူနီယာညီအစ်မများနှင့် ဂျူနီယာများထက် မနိမ့်ကျပါ။
ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်၏ ဓားနှလုံးသားက နောက်တကြိမ်သိမ်မွေ့လာခဲ့သည်။
သူ့လက်ထဲက မှော်နက်ဓားက အဆက်မပြတ်တုန်ခါနေပြီး တဝီဝီမြည်နေသည့်ဓားသံကို ဖြစ်ပေါ်စေကာ ယဲ့ချိုးပိုင်၏ ဓားနှလုံးသားကို တုံ့ပြန်နေပုံရသည်။
တချိန်တည်းမှာပင် ကိုယ်ခန္ဓာထဲက ချင်းယွမ်ဓားက ဓားစည်းမျဉ်းများပါ၀င်သည့် ဓားအလင်းတခုကို ထိုအခိုက်အတန့်၌ ထုတ်လွှတ်လာသည်။
ခန်းမိသားစု၏အကြီးအကဲက အနည်းငယ်အံ့ဩသင့်သွားခဲ့သည်
သူရှင်းရှင်းလင်းလင်းခံစားနေရသည်။
သူ့ရှေ့က လူငယ်ဓားကျင့်ကြံသူ၏ ဓားဆန္ဒက ပို၍ထက်ရှလာပုံရသည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
အချိန်တိုအတွင်းမှာ အသက်ရှူကြိမ်တကြိမ်ခန့် ဖိနှိပ်မှုအောက်မှာ သူ့စိတ်အခြေအနေကို နောက်ထပ်ချိုးဖျက်မှုတခုကို လုပ်ဆောင်ခွင့်ပေးလိုက်တာလား!
ဤသို့သာဆိုပါက ဤအကောင်၏ ပါရမီက အတော်လေးကြောက်မက်ဖွယ် ကောင်းနေလေပြီ။
ခန်းမိသားစုက အကြီးအကဲ၏မျက်လုံးထဲရှိ ရက်စက်ကြမ်းကြုတ်သည့်အငွေ့အသက်က ပို၍ပင်အားကောင်းလာသည်။
ဤကဲ့သို့လူမျိုးကို ရှင်သန်ခွင့်ပေး၍မရပေ။
သူ့အတောင်ပံများသာ ပြည့်နှက်သွားပါက ဤသည်က ခန်းမိသားစုအတွက် ကပ်ဘေးတခု ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ဤသည်ကို တွေးမိသောအခါ ရှေ့သို့ ပြေးလွှားလာနေသည့် ယဲ့ချိုးပိုင်ကိုကြည့်ရင်း ခန်းမိသားစု၏ မဟာအကြီးအကဲက လက်နှစ်ဖက်နှင့်ဓားရှည်ကိုကိုင်ကာ ခေါင်းပေါ်မြောက်လိုက်ပြီး သူ့ထံပြေးလာနေသည့် ယဲ့ချိုးပိုင်အား ပိုင်းချလိုက်၏။
ဓားကပုံရိပ်တခုကိုချန်ထားခဲ့သည်။
ဓားကိုယ်ထည်၏ နီရဲတောက်ပသောသွေးများက ထိုအခိုက်အတန့်၌ ရန်သူ၏သွေးကို မျိုချရန်ကြိုးစားနေသည့် မမြင်ရသည့် ပါးစပ်ကြီးတခုကို ဖွင့်လိုက်သည့်အလား ဆူပွက်လာသည်။
ယဲ့ချိုးပိုင်၏မျက်လုံးများက အတော်လေးတည်ငြိမ်နေပြီး ရှေးဟောင်းရေကန်ကလည်း တည်ငြိမ်နေသည်။
သူ့လက်ထဲက မိစ္ဆာဓားနက်ကို ဤအခိုက်အတန့်တွင် အဆုံးမဲ့ဘ၀၏ ဆိုလိုရင်းအဓိပ္ပာယ်ဖြင့် ၀န်းရံထားသည်။
ဓားပိုင်နက်တခုလုံးထဲတွင် ဓားဆန္ဒက ဓားကိုယ်ခန္ဓာပေါ်သို့ ကျရောက်လာသည်။
"အာဒိကပ္ပဓားသိုင်းကျမ်း....."
"ပင်းရှန်မြစ်"
ဤသည်ကို သူအချိန်အတော်ကြာ အသုံးမချခဲ့ပေ။
ယခုတွင်မူ ယဲ့ချိုးပိုင်က အာဒိကပ္ပဓားသိုင်း၏ ပထမဆုံးဓားကွက်ကို ပြီးပြည့်စုံစွာ ပြသရင်း ခန်းမိသားစု၏ မဟာအကြီးအကဲထံ ခုတ်ချလိုက်၏။
မဟာအကြီးအကဲက လှောင်ပြောင်သည့်ပမာပြုံးလိုက်သည်။
ထိုအခိုက်အတန့်၌ ဓားရှည်က အဆုံးမဲ့သတ်ဖြတ်ခြင်းဆန္ဒဖြင့်ပေါက်ကွဲသွား၏။ ဤဖြတ်တောက်ချက်က ဘန်းခနှင့်မြည်သံတစ်သံနှင့်အတူ အတူတကွ ရိုက်မိကြသည်။
ဘန်း!
တကြိမ်တည်းမှာပင် ရိုက်ခတ်မိသည့် အလယ်ဗဟို၌ ပေါက်ကွဲထွက်သွားသည်။
မိုးတိန်နှင့်လေများကရွေ့လျားသွားကြ၏။
မြေပြင်ပေါ်က ကျောက်ပြားများက ဤအခိုက်အတန့်မှာပင် ဧရာမအရှိန်အဟုန်ကြောင့် အလွှာလိုက်မတင်ခံလိုက်ရကာ မြေကမြေဆီလွှာအလွှာပင် ပေါ်နေသည်။
ယန်ချီနှင့် ယန်မိသားစုက အစောင့်များကလည်း ထိတ်လန့်နေကြပုံရသည်။
ယန်ချီကမူ ဤအရှိန်အဟုန်ကြောင့် တုန်လှုပ်သွားပြီး နောက်ဆုတ်နေသည်။
အားနည်းသည့်လူတချို့ကိုမူ အတွင်းပိုင်းဒဏ်ရာများအား တိုက်ရိုက်ရသွားစေသည်။
ရှောင်ဟိုင်နှင့်ရှီရှန်းတို့က ရွေ့လျားခြင်းမရှိကြသော်လည်း အနီးကပ်ကြည့်နေကြသည်။
သို့စေကာမူ သူတို့ကစိုးရိမ်ခြင်းအလျဉ်းမရှိဘဲ နားလည်မှုဖြင့် ကြည့်နေကြသည်။
အစ်ကိုကြီးက မသေချာသည့်အရာများကို မည်သောအခါမှ ပြုလုပ်မည်မဟုတ်ပါ။
အပိုင်း(305) coming။