#အံ့ဖွယ်လေးခု၊ ပင်းရှန်မြစ်#
Vol. 21 Ch. 305
မြောက်ပိုင်းလမ်းတွင် ထိုအခိုက်အတန့်၌ အော်ရာက အတော်လေးအရမ်းကာရော ဖြစ်လာသည်။
အကယ်၍မော့ကြည်မည်ဆိုပါက မြောက်ပိုင်းလမ်းများ၏ကောင်းကင်၌ ကြောက်ခမန်းလိလိသတ်ဖြတ်ခြင်းဆန္ဒနှင့် ယဲ့ချိုးပိုင်၏ သတ်ဖြတ်ခြင်းဆန္ဒတို့က တိုက်မိနေသည်ကို တွေ့နိုင်ပါသည်။
တဖြည်းဖြည်းနှင့် နှစ်ခြမ်းကွဲတော့မည့် အသွင်တခုကို ပြသနေသည်။
ပတ်ပတ်လည်၌ တိမ်များက လူနှစ်ဦး၏တိုက်ခိုက်မှုကြောင့် လွင့်ပြယ်နေသည်။
တခဏအကြာတွင် တခြားဘက်ကို ကူညီရန်အတွက် ဘယ်သူမှမရှိခဲ့ပေ။
ဤမြင်ကွင်းကိုကြည့်ရင်း ခန်းမိသားစု၏ အကြီးအကဲက အနည်းငယ်မယုံနိုင်ဖြစ်နေပုံရသည်။
သူဒါကိုဘယ်လိုလုပ်လိုက်တာလဲ!
ပြိုင်ဘက်က နတ်ဘုရားတပိုင်းနယ်ပယ် အစောပိုင်းအဆင့်က ဂျူနီယာတစ်ဦးသာဖြစ်သည်။
သူကသိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့ရန် အရည်အချင်းပြည့်မှီသည့် သိုင်းဧကရာဇ်တပိုင်းစွမ်းအားရှင်တစ်ယောက်ပင်။
သူတို့နယ်ပယ်အကြားက ကွာဟချက်က မည်မျှပင် ကြီးမားလေသနည်း။
ဤသည်ကိုမည်သို့ပြင်ဆင်မည်နည်း။
သို့သော် ယဲ့ချိုးပိုင်လုပ်ခဲ့သည်။
သူခြိမ်းခြောက်ခဲ့သည်သာမက ယခုတွင် မိမိ၏တိုက်ခိုက်မှုကိုပင် ကာကွယ်ခဲ့သည်။
သူကဘာကိုမှ မထိန်းချုပ်ထားခဲ့ပါ။
ဤမြင်ကွင်းကိုကြည့်နေကြသည့် ယန်မိသားစု၏ အစောင့်များကလည်း တုန်လှုပ်ချောက်ချားသွားကြ၏။
အစည်းအဝေးခန်းမတွင် သူတို့က ယဲ့ချိုးပိုင်တို့အကြောင်းကိုကြားခဲ့သည်။
သူတို့နှလုံးသားထဲတွင် အနည်းငယ် ပဟေဠိဖြစ်နေခဲ့ကြသည်။
မည်သည့်အတွက်ကြောင့် ယန်ချီက ယဲ့ချိုးပိုင်တို့ကို ယုံကြည်ဖို့အတွက် ရွေးချယ်သည့်အနေဖြင့် မိသားစုခေါင်းဆောင်အဖြစ် ရာထူးကိုပင် စွန့်လွှတ်ခဲ့ရလေသနည်း။
ယခုတွင်မူ ရှေ့ကမြင်ကွင်းကိုမြင်ရပြီးနောက် သူတို့နားလည်လာခဲ့ကြသည်။
နတ်ဘုရားတ၀က်နယ်ပယ်အစောပိုင်းအဆင့်က မဟာသိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့လုနီးပါးဖြစ်နေသည့် သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်တစ်ယောက်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
ဤကဲ့သို့ခွန်အားမျိုး၊ ဤကဲ့သို့ပါရမီမျိုး!
ယန်မိသားစု၏အမွေခံရာထူးကို စွန့်လွှတ်ရရင်ရော ဘာအရေးနည်း။
ယဲ့ချိုးပိုင်တို့ အသက်ရှင်နေသေးသရွေ့ ယန်ချီ၏အနာဂတ်လမ်းကြောင်းက တောက်ပနေပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ ပါရမီကို ပိုင်ဆိုင်ထားသည့်လူတစ်ယောက်အဖို့ သူ့နောက်ကအင်အားက မည်သို့မည်ပုံ ရိုးရှင်းနိုင်မည်နည်း။
ရှောင်ဟိုင်နှင့် ရှီရှန်းတို့ကလည်း တချိန်တည်းတွင် ရပ်မနေကြတော့ဘဲ ခန်းနှင့် လီမိသားစု၏ကျင့်ကြံသူများထံ ပြေး၀င်သွားခဲ့ကြသည်။
ထိုကျင့်ကြံသူများ၌ အမြင့်ဆုံးနယ်ပယ်မှာ နတ်ဘုရားတ၀က်နယ်ပယ် နောက်ဆုံးအဆင့်သာဖြစ်သည်။
ရှောင်ဟိုင်နှင့်ရှီရှန်း၏လက်ထဲတွင် သူက ဒုတိယလှုပ်ရှားမှုကို လှုပ်ရှားနိုင်သည်အထိပသ် မရှင်သန်နိုင်ခဲ့ပေ။
ဤသည်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတခုဟုဆို၍ရသည်။
ခန်းမိသားစုအကြီးအကဲက ဤမြင်ကွင်းကိုကြည့်ရင်း စိုးရိမ်ပူပန်လာပြီး နောက်ထပ် မစောင့်နိုင်တော့ပေ။
မဟုတ်ပါက မြောက်ပိုင်းလမ်းများကို သူတို့ကာကွယ်နိုင်ကြပေလိမ့်မည်။
ဤသည်ကိုတွေးမိသောအခါ သွေးစီးကြောင်းတစ်ကြောင်းက စတင်လောင်ကျွမ်းလေတော့သည်။
သွေးဓားလောင်ကျွမ်းသတ်ဖြတ်ခြင်းဆန္ဒ!
ပတ်၀န်းကျင်က အပူချိန်က အလွန်အမင်းမြင့်မားလာပြီး အိမ်များက စတင်အရည်ပျော်ကျလာသည်။
ခန်းမိသားစုအကြီးအကဲက ဓားရှည်ကို မြောက်လိုက်သော်လည်း တကယ်တမ်းတွင် သူ့လက်ကိုဓားသွားပေါ်၌တင်ကာ လက်ချောင်းကို လှီးလိုက်ခြင်းပင်။
လက်ချောင်းပေါ်က ဒဏ်ရာမှ သွေးစက်များက စီးကျလာပြီး ဓားသွားတခုလုံးကို ဖြည်းဖြည်းချင်းရစ်ပတ်လာသည်။
ထိုအခိုက်အတန့်၌ ဓားရှည်က အလင်းရောင်တခုဖြင့် ပေါက်ကွဲသွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးရောင်အလင်းတန်းများက စတင်လောင်ကျွမ်းလာသည်။
ချက်ချင်းဆိုသလို လက်နှစ်ဖက်ဖြင့်ဓားကို ကိုင်လျက် သူရုတ်တရက်ပိုင်းချလိုက်၏။
"သွေးနီဓား!"
ဤသည်က သူ့၏အားအကောင်းဆုံးကျင့်စဉ်ပေတည်း။
ဓားကဖြတ်တောက်သွား၏။
ဓားဖြတ်တောက်သွားသည့်နေရာက သွေးနီရောင်မီးတောက်များဖြင့်ဖုံးလွှမ်းသွား၏။
ယဲ့ချိုးပိုင်၏မျက်နှာက အနည်းငယ် လေးနက်သွားသည်။
သိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့နေပြီဖြစ်သည့် စွန်းအားရှင်များက တစ်ဦးမှ လူကောင်းများမဟုတ်ကြပေ။
နယ်နိမိတ်တောင်က အရင်ကရင်ဆိုင်ခဲ့ဖူးသည့် သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်သုံးယောက်အားသတ်ရန်အတွက် သူ့ခွန်အားအကုန်လုံးကို ပစ်လွှတ်ခဲ့ရသလို ရှင်းယွမ်ဓားကိုပင် အသုံးပြုခဲ့ရသည်။
ယခုတွင်မူ ယဲ့ချိုးပိုင်အိတ်ကပ်ထဲက ကဒ်များကို အသုံးမပြုချင်ပေ။
ရှင်းယွမ်ဓားကို မကြာခဏသုံးခြင်းက ဤအပေါ်မူတည်နေသည်။
ယဲ့ချိုးပိုင်လက်ချောင်းများကို အတူတကွဆန့်ထုတ်ကာ သူ့ဓားကိုရှေ့သို့ညွှန်လိုက်၏။
ဓားစက်ကွင်းထဲရှိ ကြောက်ခမန်းလိလိဓားဆန္ဒက အရှိန်မြှင့်တက်လာပြီး ဓားမြစ်တစ်စင်းနှင့်ပေါင်းစပ်ကာ အတော်လေးလှိုင်းထန်ရင်း ခန်းမိသားစု၏ အကြီးအကဲထံ ဦးတည်သွားသည်။
တချိန်တည်းမှာပင် ယဲ့ချိုးပိုင်ကိုယ်က အနည်းငယ် နိမ့်ကျသွား၏။ တကြိမ်တည်းတွင် လေ၊ ရေခဲ၊ မီးနှင့်သစ်သားတို့၏ အနုပညာအသိက အမှန်တကယ် ပေါ်ပေါက်လာခဲ့သည်။
အနုပညာအသိလေးခုက အတူတကွထွက်လာခဲ့ကြပြီး ခန်းမိသားစုအကြီးအကဲကို ပတ်ရံပစ်သည်။
ဤသည်က ယဲ့ချိုးကိုင် ပထအဆုံးအကြိမ် အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံကို ပထမဆုံးအကြိမ်အသုံးပြုခဲ့ခြင်းပင်။
အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံကို အကြွင်းမဲ့ဓားဘုရင်လေးဦးက ဖန်တီးခဲ့ကြသည်။
အနုပညာအသိလေးခုနှင့် မဟာသတ်ဖြတ်ခြင်းကျင့်စဉ်တခုက ဓားဆန္ဒနှင့် ပေါင်းစပ်ထားလေသည်။
၎င်း၏စွမ်းအားက ထိုကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းထက် လုံး၀မနိမ့်ကျပါ။
အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံကို ရင်ဆိုင်ရသောအခါ ခန်းမိသားစု၏ အကြီးအကဲက အနည်းငယ် တုန်ယင်သွား၏။
သို့သော်သူ့လက်ထဲက ဓားရှည်က ရှေ့သို့ ဆက်လက်ဖြတ်တောက်နေဆဲပင်။ ၎င်းက ဤဓားဖွဲ့စည်းမှုပုံစံကို အတင်းပိုင်းဖြတ်စုတ်ဖြဲပစ်ချင်သည်။
ယဲ့ချိုးပိုင် ဓားလက်ချောင်းဖြင့် ထိလိုက်သောအခါ အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံအား ဟစ်ကြွေးစေသည်။
မတူညီကွဲပြားသည့် အနုပညာအသိလေးခုက ဓားဆန္ဒနှင့် ပေါင်းစပ်သွားကြပြီး လေးရောင်ဓားရှည်တစ်လက်ကို အမှန်တကယ် ဖြစ်ပေါ်လာစေခဲ့သည်။
၎င်းက အဆုံးမဲ့စွမ်းအားကို သယ်ဆောင်ထားပြီး အလွန်အမင်းထက်ရှကာ ခန်းမိသားစုအကြီးအကဲ၏ ဓားဆီသို့ ဦးတည်သွားသည်။
ဘန်း!
အသံများကမြည်ဟီးနေသည်။
သို့သော်ယခုတကြိမ်တွင်မူ ခန်းမိသားစုအကြီးအကဲ၏ဓားက အမှန်တကယ်ပင် အသာစီးရနေခဲ့သည်။
မဟာအကြီးအကဲ၏ ဝှက်ဖဲတခုဖြစ်သည့် သွေးစက်၀န်းက မည်သို့ရိုးရှင်နိုင်မည်နည်း။
အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံကို အားကိုးရုံမျှနှင့် မလုံလောက်ပေ။
ယဲ့ချိုးပိုင်ကလည်း ဤမေးခွန်းကို တွေးတောထားသည်။
သို့စေကာမူ အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံ၊ အကြွင်းမဲ့ဓားလေးစင်းက အနုပညာအသိလေးခုကို ကိုယ်စားပြုသည်။
ဒီလေးခုကို ပြောင်းလဲနိုင်လား!
ဥပမာအားဖြင့် သစ်သား၏ အနုပညာအသိက အဆုံးမဲ့ဘ၀၏ အဓိပ္ပာယ်အတွက် အသုံး၀င်သည်။
ဤနှစ်ခုတွင် တူညီသည့်မူလဇစ်မြစ်ရှိသည်။
သို့စေကာမူ အဆုံးမဲ့ဘ၀၏အဓိပ္ပာယ်က သစ်သားအနုပညာအသိ၏ တိုးတက်လာသည့်ဗားရှင်းတခုဟု ဆို၍ရသည်။
စွမ်းအား, ဒါကိုအကြီးအမားတိုးတက်လာအောင် လုပ်လို့ရလား!
ဤသည်ကိုတွေးမိသောအခါ ယဲ့ချိုးပိုင် အာဒိကပ္ပဓားသိုင်းကို ဆောင်ရွက်ကာ အဆုံးမဲ့ဘ၀၏ ဆိုလိုရင်းအဓိပ္ပာယ်ကို အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံသို့ ယူလာပြီး သစ်သားအနုပညာအသိ၏ နေရာကို အစားထိုးလိုက်သည်။
ထိုအခိုက်အတန့်တွင် အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံက အမှန်ပင် အစိမ်းရောင် အလင်းတခုကို ထုတ်လွှတ်လာပြီး အလွန်မြန်ဆန်စွာတက်ရောက်သွား၏။
တခုတည်းအဖြစ်ပေါင်းစက်သွားသည့် လေးရောင်ဓားရှည်က အဆုံးမဲ့ဘ၀၏ အဓိပ္ပာယ်ဖြင့် ပြည့်နှက်နေခဲ့သည်။
ကြောက်ခမန်းလိလိအနီရောင်ဓားက ရပ်သွားခဲ့သည်။
ချက်ချင်းဆိုသလို ယဲ့ချိုးပိုင် ဟင်းလင်းပြင်ကို ဖမ်းဆုပ်ကာ လေးရောင်ဓားရှည်ကို ကိုင်ထားပုံရသည်။
အာဒိကပ္ပဓားသိုင်းကို အသက်၀င်လာစေပြီး ရုတ်ချည်းဝှေ့ယမ်းလိုက်လေသည်။
တံပိုးကင်းတောင်မှ မြစ်တစင်း( ပင်းရှန်မြစ်)
အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံကို ဓားအဖြစ်အသုံးပြုကာ အာဒိကပ္ပဓားသိုင်းကို ပြသလိုက်၏။
ဤလှုပ်ရှားမှုက တကယ်တမ်း၌ ယဲ့ချိုးပိုင်၏ ဒန်တျန်က ဝိဉာဉ်စွမ်းအင်အများစုကို တိုက်ရိုက်စုပ်ယူပစ်ခဲ့သည်။
ရလဒ်အနေဖြင့် ယဲ့ချိုးပိုင်၏မျက်နှာအသွင်အပြင်က ချက်ချင်းဖြူရော်သွား၏။
ဤသည်ကယဲ့ချိုးပိုင်ကို အံ့ဩသင့်သွားစေသည်။
သို့သော် ယခုတွင်မူ ဓားကိုဝှေ့ယမ်းလိုက်ပြီဖြစ်လေရာ ရပ်တန့်၍မရတော့။
အံကြိတ်လျက် ကိုယ်ထဲမှ အော်ရာကင်းမဲ့လာသည်ကို သည်းခံရင်း ဟိန်းကာ ခန်းမိသားစု၏အကြီးအကဲကို ပိုင်းချလိုက်၏။
ဤဓားကထွက်လာသည့်စွမ်းအားကြောင့် ခန်းမိသားစုအကြီးအကဲ၏မျက်နှာက ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားသည်။
သူ့ထံပိုင်းဖြတ်ရန်အတွက် ဦးတည်လာနေသည့် လေးရောင်ဓားရှည်က သူ့နှလုံးသားကို သေမင်း၏ခြိမ်းခြောက်မှုကို ခံစားရစေသည်။
သူဤအကြောင်းကို မတွေးတောနိုင်သေးခင်မှာပင် ဓားကပိုင်းဖြတ်လာပြီဖြစ်ကာ သွေးနီရောင်ဓားနှင့် စုဆုံသွားခဲ့သည်။
မီးတောက်များဖြင့်လောင်ကျွမ်းနေသည့်ဓားရှည်က အလင်းတန်းလေးရောင်ဖြင့် တောက်ပနေသည့် ဓားရှည်နှင့် ထိတွေ့သွားခဲ့သည်။
ထိုအခိုက်အတန့်၌ အာကာသက ရေလှိုင်းများအလား အပြင်းအထန် တုန်ခါသွားပြီး လေထုကပေါက်ကွဲကာထွက်လာသည်။
ဤသည်က လူတိုင်း၏မျက်နှာအမူအရာများကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့သည်။
ဤတိုက်ခိုက်မှုများ၏နောက်ဆက်တွဲကို ခုခံရန်အတွက် တစ်ယောက်ပြီးတစ်ယောက် ဝိဉာဉ်စွမ်းအင်အကာအရံများ ချမှတ်လိုက်ကြသည်။
ဒါက တကယ်ပဲ နတ်ဘုရားတ၀က်နယ်ပယ်အစောပိုင်းအဆင့်က ဓားကျင့်ကြံသူတစ်ယောက် ပြုလုပ်နိုင်တဲ့ တိုက်ခိုက်မှုတခုလား!
လူတိုင်းမယုံနိုင်ဖြစ်နေခဲ့ကြသည်။
တခဏအကြာတွင် လေထဲမှ ခရက်ခ်ဟူသော အသံတစ်သံထွက်လာသည်။
ခန်းမိသားစု မဟာအကြီးအကဲ၏ လက်ထဲရှိ ဓားရှည်က ထိုအခိုက်အတန့်တွင် အမှန်တကယ် အက်ကြောင်းများကို မွေးဖွားပေးနေလေပြီ။
မဟာအကြီးအကဲ၏မျက်သူငယ်များက ရုတ်တရက်ကျုံ့သွားခဲ့သည်။
ဓားရှည်မှ အက်ကြောင်းက ကြီးသထက်ပိုကြီးလာပြီး တခဏအကြာတွင် အပိုင်းပိုင်းအစစကွဲအက်သွားခဲ့သည်။
ယဲ့ချိုးပိုင်ကိုင်ထားသည့် လေးရောင်ဓားရှည်က မဟာအကြီးအကဲ၏ကိုယ်ကို ဖြတ်သန်းသွား၏။
ဖူး!
သွေးက မဟာအကြီးအကဲ၏ကိုယ်အစိတ်အပိုင်းအားလုံးကနေ ထွက်လာခဲ့သည်။
ထိုအချိန်တွင် မဟာအကြီးအကဲ၏မျက်လုံးများမှသွေးက ချက်ချင်းမှေးမှိန်သွားပြီး အဆုံးမဲ့မီးခိုးရောင်အဖြစ်ပြောင်းလဲသွား၏။
အသက်ရှုသံကလည်း လုံး၀ပျောက်ကွယ်သွားခဲ့လေပြီ။
ဤဓားအောက်တွင် ခန်းမိသားစု၏ အကြီးအကဲတဖြစ်လဲ သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်မည်ဟု တွေးထင်ထားခဲ့သည့် သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်က နတ်ဘုရားတ၀က်နယ်ပယ်အစောပိုင်းအဆင့်က ဓားသမားတစ်ဦး၏ လက်ထဲတွင် သေဆုံးသွားခဲ့ရသည်။
ဤသတင်းထွက်လာသည်နှင့်အမျှ လူတိုင်း၏အာရုံကို ဆွဲဆောင်နေပေလိမ့်မည်။
အပိုင်း(306) coming။