#၀န်းရံထားသည်#
Vol. 21 Ch. 306
ခန်းမိသားစုအကြီးအကဲ မြေပေါ်လဲကျသွားပြီးနောက် အသက်ရှူခြင်းလုံး၀မရှိဘဲ အသက်ရှိနေသည့် လက္ခဏာအားလုံးက ပပျောက်သွားသည်။
လူတိုင်းက သူတို့ရှေ့ကမြင်ကွင်းကို မျက်ကန်းများပမာစိုက်ကြည့်နေကြရင်း အံ့ဩသင့်နေကြသည်။
ယဲ့ချိုးပိုင်က သိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့ရန် အရည်အချင်းပြည့်၀သည့် သိုင်းဧကရာဇ်တ၀က် စွမ်းအားရှင်တစ်ဦးကို သတ်ရန်အတွက် နတ်ဘုရားတ၀က်နယ်ပယ် အစောပိုင်းအဆင့် ခွန်အားကို အသုံးပြုခဲ့လေသည်။
နယ်ပယ်များအကြားခြားနားချက်က ဒေါင်လိုက်ရှိနေသည့်ရေမြောင်းတခုပမာ။
ခန်းမိသားစုမဟာအကြီးအကဲသေဆုံးခြင်းက မြောက်ပိုင်းလမ်းတွင် တပ်စွဲထားသည့် ခန်းနှင့်လီမိသားစုအစောင့်များအား ပျက်သုဉ်းခြင်းသို့ တိုက်ရိုက်ဦးတည်သွားစေသည်။
ယန်ချီအမိန့်ပေးသည်။
"တိုက်ပွဲမြေပြင်ကိုရှင်းလင်းပြီး မြောက်ပိုင်းလမ်းက တပ်ရင်းကို ပြန်တည်ဆောက်ကြ"
သို့သော် ရှီရှန်းမေးခွန်းတခုမေးလိုက်၏။
"ဒီအချိန်မှာ တိုက်ခိုက်မှုကို ကျုပ်တို့ အရှေ့ပိုင်းလမ်းကို တိုက်ရိုက်လွှဲပြောင်းပေးသင့်တာမဟုတ်ဘူးလား"
"ဘာပဲဆိုဆို အခုသူတို့တပ်တွေက လုံး၀သုတ်သင်ခံနေရပြီ၊ တဖက်က ဒီနေရာကသတင်းတွေကို ခဏအတွင်းမှာ သိမှာ မဟုတ်သေးဘူး၊ ကျုပ်တို့ နှစ်သင်းတွဲအခြေအနေရပ်တခုကို ဖန်တီးဖို့အတွက် အရှေ့ပိုင်းလမ်းကို တတ်နိုင်သမျှ မြန်မြန်သွားဖို့ပဲလိုတယ်"
ဘေးကယဲ့ချိုးပိုင်က ထိုစကားလုံးများကို ကြားသောအခါ အပြုံးဖြင့် ခေါင်းညိတ်သည်။
သူ့၏ဂျူနီယာညီလေးက တုံးအသောလူတစ်ယောက်မဟုတ်ပါ။
ဤသည်ကိုကြားသောအခါ ယန်ချီကလည်း ရုတ်တရက်ဆိုသလို အလှည့်အပြောင်းများကို နားလည်သွား၏။
ဤသည်က သတင်းအချက်အလက်၌ ခြားနားမှုတခုကို ဖန်တီးပေးနေသည်က ထင်ရှားသိသာနေသည်။
ယခုပြိုင်ဘက်တပ်များက လုံး၀ဖျက်ဆီးခံရသောအခါ မြောက်ပိုင်းလမ်းက အစောင့်တက်တွေ လုံး၀ဖျက်ဆီးခံရတော့မယ်ဆိုတာကို သူတို့မသိသည့်အချက်က ရှောင်လွှဲ၍မရနိုင်ပေ။
ထို့ကြောင့် အချိန်အတိုင်းအတာတခုအထိ သူတို့က မြောက်ပိုင်းလမ်းကို လူတွေထပ်ပို့မည်မဟုတ်ပါ။
ဤနေရာတွင် အခြေအနေရပ်ကို စောင့်ကြည့်ရန်အတွက် ကင်းထောက်တစ်ယောက်၊ နှစ်ယောက်ပို့ထားရန်သာလိုအပ်သည်။
ယန်မိသားစု၏ကျန်သောအစောင့်များက ယဲ့ချိုးပိုင်တို့နှင့်အတူ အရှေ့ပိုင်းလမ်းသို့ လိုက်ပါသွားနိုင်သည်။
ဤနည်းလမ်းဖြင့်ဆိုပါက တဖက်က အချိန်တိုအတွင်း သတိထားမိမည်မဟုတ်ပေ။
"ဒီလိုဆိုမှတော့ ညီအစ်ကိုရှီပြောတဲ့အတိုင်း လုပ်လိုက်ပါ"
ဤသည်ကိုပြောလာသောအခါ ယန်ချီက လက်ဝှေ့ယမ်းကာ ယန်မိသားစုအစောင့်များကို ညွှန်ကြားသည်။
"စစ်မြေပြင်ကိုသန့်ရှင်းဖို့နဲ့ တစ်ဦးချင်းစီရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့အတွက် လူနှစ်ယောက် ဒီမှာနေခဲ့ကြ၊ ကျန်တဲ့သူတွေက ငါ့နောက်ကနေ အရှေ့ပိုင်းလမ်းကိုလိုက်ပြီး ငါ့ယန်မိသားစုရဲ့ဖျက်ဆီးခံလိုက်ရတဲ့ အင်အားစုအားလုံးကို ပြန်ယူကြရမယ်"
အစောင့်များက တခဏမျှအော်ဟစ်လိုက်ကြပြီး ချက်ချင်းဆိုသလို အရှေ့ပိုင်းလမ်းသို့ အလျင်အမြန်ဦးတည်လိုက်ကြ၏။
မကောင်းသည့်သတင်းအချက်အလက်ဟူသည် အလိုအပ်ဆုံးက အချိန်နှင့် တပြေးညီတည်းဖြစ်ရန်ပင်။
ထိုအချိန်တွင် အရှေ့ပိုင်းလမ်းတွင် ခန်းနှင့် လီမိသားစုအစောင့်များက ထိုနေရာ၌ စုဝေးနေကြသည်။
ယန်မိသားစုက အထိုးနှက်ခံရပြီးနောက် တဖြည်းဖြည်းဆုတ်ခွာသွားရသည်။
ထိုအချိန်တွင် ယန်မိသားစု၏ ဒုတိယအကြီးအကဲက နောက်ကနေထိုမြင်ကွင်းကို ကြည့်နေပြီး သူ့မျက်နှာက အတော်လေး မည်းမှောင်နေသည်။
တကယ်လို့ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် အရှေ့ပိုင်းလမ်းတွေက ရက်တ၀က်အတွင်းမှာတင် ခန်းနှင့်လီမိသားစုရဲ့ လုံး၀သိမ်းပိုက်ခြင်းကို ခံရမှာကို ငါကြောက်နေမိတယ်!
ဒုတိယအကြီးအကဲကမေးသည်။
"အကူအညီတွေအခုထိမရောက်သေးဘူးလား"
အစောင့်ကခေါင်းခါယမ်းသည်။
"ဟိုးဘက်က သတင်းအချက်အလက်က အခုထိမရောက်သေးပါဘူး"
ဤသည်ကိုကြားသောအခါ ဒုတိယအကြီးအကဲက နှလုံးသားထဲကနေ သက်ပြင်းချလိုက်မိသည်။
ဒီတကြိမ်တော့ ယန်မိသားစု မကျော်လွှားနိုင်တော့မှာကို ငါကြောက်နေမိတယ်!
တိုက်ပွဲရှေ့တည့်တည့်တွင် လီမိသားစု၏ မဟာအကြီးအကဲဖြစ်သည့် လီယွန်က သိုင်းဧကရာဇ်နယ်ပယ်ကိုပင် စိန်ခေါ်နိုင်သည့် သိုင်းဧကရာဇ်တ၀က်နယ်ပယ် စွမ်းအားရှင်တစ်ဦးဖြစ်သည်။
သူမ၏ကျင့်ကြံခြင်းကလည်း တိုးမြှင့်လာလေရာ ဤသည်က သူမကိုပို၍ စွဲမက်ဖွယ်ဖြစ်လာစေသည်။
သူမဘေးတွင် ခန်းမိသားစု၏ ဒုတိယအကြီးအကဲတဖြစ်လဲ သိုင်းဧကရာဇ်နယ်ပယ်နှင့် မထိတွေ့နိုင်သေးသည့် သိုင်းဧကရာဇ်တ၀က်အဆင့်ခွန်အားရှိသော ခန်းမင်ရှိသည်။
လီယွမ်ကျောင်းက အပြုံးဖြင့်ဆိုသည်။
"အကြီးအကဲယန်၊ လက်လျှော့လိုက်ပါ၊ ယန်မိသားစုက ကျုပ်တို့ကို ဘယ်လိုများ ဆက်ပြီး ခုခံနိုင်မှာလဲ"
ခန်းမင်ကလည်း တည်ငြိမ်သောမျက်နှာဖြင့် ငေါ့တော့တော့ပြောလိုက်၏။
"ခင်ဗျားက လုံမိသားစုအကူအညီကို စောင့်နေတုန်းပဲလား"
"လုံချီမြို့ကို ခင်ဗျားစေလွှတ်ခဲ့တဲ့လူတွေကို လမ်းတ၀က်မှာ ကျုပ်တို့ဖမ်းပြီးသတ်ပစ်လိုက်ပြီ၊ အချိန်တိုအတွင်းမှာ သူတို့ကို ရှာပြီး ထောက်ပံ့မှုတွေလုပ်ဖို့ပြောဆိုတာက မဖြစ်နိုင်ပါဘူး"
"အဲဒီအချိန်ကျရင် လုံမိသားစုက တုံ့ပြန်ရင်တောင် ခင်ဗျားတို့က ပျက်သုဉ်းသွားမှာကို ကျုပ်စိုးရိမ်နေမိတယ်"
ဤသည်ကိုကြားသောအခါ အကြီးအကဲယန်၏ မျက်နှာအသွင်အပြင်က အကြီးအကျယ် ပြောင်းလဲသွား၏။
ယခုသူတို့မှီခိုးအားကိုးနိုင်သည့် တခုတည်းသောအရာက လီမိသားစု၏ ကူညီထောက်ပံ့မှုပင်။
သူတို့ပြောသည့်အတိုင်းသာဆိုပါက အချိန်ဆက်ဆွဲနေလျှင်ပင် မျှော်လင့်ချက်မရှိပါ။
ယန်မိသားစု၏ အစောင့်များကလည်း ဤသည်ကို သိကြပါသည်။
ယန်မိသားစု၏အတော်လေးနိမ့်ကျသွားကာ သူတို့ကရက်တ၀က်ခန့်သာ နေနိုင်ခဲ့ကြသည်။
ယခုဤတဖက်သတ်အခြေအနေက တစ်နာရီပင် မကြာတော့မည်ကို သူကြောက်နေမိသည်။
အကြီးအကဲယန် စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
သူ့နှလုံးသားထဲတွင် တုံ့ဆိုင်းမှုအနည်းငယ်ရှိနေသည်။
သူတို့နောက်ဆုတ်ပါက အရှေ့ပိုင်းလမ်းကို စွန့်ခွာပြီး ယန်မိသားစုဆီသွားရပေမည်။
သို့သော် အရှေ့ပိုင်းလမ်းများကိုသာ တဖက်က သိမ်းပိုက်သွားမည်ဆိုပါက ယန်မိသားစုရှင်ကျန်ရစ်လျှင်ပင် အချည်းနှီး နေရတော့မည်ကို သူကြောက်နေမိသည်။
ဤသည်က လုံမိသားစု၏ဆုံးဖြတ်ချက်ကိုပင် သက်ရောက်လာနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ နိုင်ငံရေးအရလက်ထပ်ခြင်းက နှစ်ဖက်စလုံး၏ အကျိုးစီးပွားနှင့် တနည်းအားဖြင့် ဆက်စပ်နေသည်။
အကယ်၍ ယန်မိသားစု၏ ကြဇာဂုဏ်ကသာ လုံး၀ယိုယွင်းသွားမည်ဆိုပါက တဖက်ကို ယန်မိသားစုတွင် နောက်ထပ်တန်ဖိုးမရှိတော့ဘူးဟု တွေးတောမိစေပြီး လက်ထပ်စာချုပ်ကို တိုက်ရိုက်ဆုတ်ဖြဲပစ်သည့် အခြေအနေထိ ဦးတည်သွားပေလိမ့်မည်။
အကြီးအကဲယန် လက်ရှိအခြေအနေကို ကြည့်ရင်း အံကြိတ်ထားမိသည်။
အကျပ်ရိုက်ခြင်း!
ဘယ်ဘက်ကိုပဲ ရွေးချယ်ရွေးချယ် ဤသည်က ယန်မိသားစုအတွက် ချောက်ကမ်းပါးကြီးတခုပမာ။
အကြီးအကဲယန် နောက်ဆုတ်ရန်အတွက် ဆုံးဖြတ်ရန်ပြင်နေခိုက် ခန်းနှင့်လီမိသားစုနောက်က ရုတ်တရက်အော်ဟစ်သံတစ်သံ ထွက်လာခဲ့သည်။
ထိုနေရာ၌ ဓားဆန္ဒကစီးဆင်းနေပြီး ကြယ်စွမ်းအားက ပုံစံအမျိုးမျိုးပြောင်းနေကာ မြေကြီးအက်ကွံသံများက ကျယ်လောင်စွာ ထွက်နေသည်။
ယန်မိသားစုကလူတိုင်းက ကြည့်လိုက်ကြစဉ် သူတို့၏မျက်လုံးများက လင်း၀င်းသွားကြ၏။
လီယွန်၏မျက်နှာအသွင်အပြင်က အုံ့ဆိုင်းသွားပြီး ရုတ်တရက်လှည့်ကာ ဒေါသတကြီးအော်ဟစ်သည်။
"ငါတို့ခန်းမိသားစုနဲ့လီမိသားစုရဲ့ ကိစ္စတွေမှာ ဘယ်သူ၀င်စွက်ဖက်ရဲတာလဲ"
သူတို့၏အမြင်အရ ယန်မိသားစုက လူများက မြောက်ပိုင်းကနေ ပြန်လာရန်ဟူသည် မဖြစ်နိုင်ပါ။
သို့သော် ယဲ့ချိုးပိုင်တို့သုံးယောက်နောက်က ယန်ချီကို တွေ့လိုက်ရသောအခါ သူမအနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ယန်မိသားစုရဲ့အမွေခံလား!
သူကဘာလို့ပေါ်လာရတာလဲ!
ဖြစ်နိုင်တာက......
လီယွမ်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး ဘေးတွင်ရှိသည့် ခန်းမင်အား ကြည့်လိုက်သည်။
ခန်းမင်၏မျက်နှာကလည်း တူညီစွာပင် ထိတ်လန့်နေသည့်အသွင် ပေါ်နေလေသည်။
နှစ်ဦးသားကတစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ သူတို့ကတခုတည်းကို တွေးတောမိကြသည်။
မြောက်ပိုင်းလမ်းများတွင် တခုခုဖြစ်ပျက်သွားခဲ့ခြင်းပင်။
အကြီးအကဲယန်က ထိုမြင်ကွင်းကို အံ့ဩသင့်တကြီးကြည့်ကာ လက်ဝှေ့ယမ်းသည်။
"အကူအညီတွေရောက်လာပြီ၊ အားလုံးငါ့နောက်ကလိုက်ခဲ့ကြ"
ထို့နောက် အကြီးအကဲယန်က သိုင်းဧကရာဇ်တပိုင်းမယ်ပယ်ခွန်အားကို အရင်ဆုံးထုတ်လွှတ်ကာ ခန်းနှင့်လီမိသားစုထံ ပြေး၀င်သွား၏။
ယန်မိသားစုက တဦးတည်းသော အသက်ရှင်ကျန်ရစ်သည့်အစောင့်ကလည်း သေခြင်းတရားကို ကြောက်ရွှံ့ခြင်းမရှိဘဲ အော်ဟစ်လျက် ပြိုင်ဘက်ထံ ပြေးသွားသည်။
လီယွန်နှာခေါင်းရှုံ့လိုက်သည်။
"အကြီးအကဲခန်း၊ သူတို့ကိုတားဖို့အတွက် အချက်ပြလိုက်ပါ"
"ငါနောက်က လူအုပ်စုကိုကိုင်တွယ်လိုက်မယ်"
ခန်းမင်ခေါင်းညိတ်ပြီး ချက်ချင်းဆိုသလို ဝိဉာဉ်စွမ်းအင်တစ်စက ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။
သို့စေကာမူ သုံးပေအကွာ၌ ကြယ်စွမ်းအားတခုက ၎င်းကိုဖိနှိပ်လာကာ ထိုအော်ရာကို ကောင်းကင်ပေါ်သို့ ထိုးတက်သွားခြင်းကနေ ရပ်ပစ်သည်။
ခန်းမင်၏မျက်နှာက မည်းမှောင်သွားပြီး သူမတွေးတောနိုင်ခင်မှာပင် အကြီးအကဲယန်က ပြေး၀င်လာလေပြီ။
သူ့တွင်အံကြိတ်ကာ ရှေ့ဆက်ရုံမှအပ တခြားရွေးချယ်ခွင့်မရှိတော့။
ကြယ်စွမ်းအားကို ရှီရှန်းဖန်တီးခဲ့ခြင်းပင်။
တဖက်လူက အချက်ပြနိုင်သည်ဟု တွေးမိသဖြင့် သူကလေထုအလယ်၌ရှိနေကာ ကြယ်စွမ်းအားကို ဖုံးအုပ်ပြီး တဖက်လူ၏ အချက်ပြမှုကို အချိန်မရွေး ကြားဖြတ်၀င်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။
လီယွန်နှာခေါင်းရှုံ့လိုက်သည်။
"အချက်ပြတာက တားဆီးခံလိုက်ရတော့ရော ဘာဖြစ်လဲ"
သူမက သိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့နေပြီဖြစ်သည့် သိုင်းဧကရာဇ်တ၀က် စွမ်းအားရှင်တစ်ဦးပင်။
ယွမ်ချီမြို့၌ ဤသည်က ထိပ်တန်းတည်ရှိမှုတခုဟုဆို၍ရသည်။
သူမ၏ပြိုင်ဘက်ကရော!
သူမ၏ပြိုင်ဘက်က သိုင်းဧကရာဇ်တ၀က်အဆင့်ပင် မဟုတ်ပါ။
သူမကို ဘယ်လိုတားဆီးနိုင်မှာလဲ!
ဤသည်ကိုတွေးမိသောအခါ လီယွန်တိုက်ရိုက်ပင် ပြေး၀င်သွား၏။
ရှောင်ဟိုင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။
"ငါလာပြီ"
ဤစကားကိုကြားသောအခါ ယဲ့ချိုးပိုင်နှင့် ရှီရှန်းတို့က ခေါင်းညိတ်ရင်း ယန်ချီနှင့် သူ့လူများအား ကျန်ရှိနေသည့် လီနှင့်ခန်းမိသားစုများကို ကိုင်တွယ်စေသည်။
ယခုလိုစွမ်းအားရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ ရှောင်ဟိုင်က လုံး၀ထိန်ချန်ထားခြင်းမရှိပါ။
သို့သော် ရှောင်ဟိုင်က တစုံတယောက်ကို ရင်ဆိုင်ရာ၌ မည်သောအခါမှ ထိန်ချန်ထားလေ့မရှိချေ။
သူ့အတွက်မူ ရန်သူဖြစ်နေသေးသရွေ့ ခွန်အားအလုံးစုံဖြင့် စုတ်ဖြဲပစ်ရမည်။
ရှောင်ဟိုင်ကိုယ်၌ လိုင်းသုံးကြောင်း ပေါ်ပေါက်လာပြီး ထာ၀ရနတ်ဆိုးကိုယ်ထည်က ခွန်အားပြည့်၀နေကာ တချိန်တည်းမှာပင် မှော်ဆန်သည့်အခြေအနေသို့ တိုက်ရိုက်၀င်ရောက်သွား၏။
ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်၏ခွန်အားက ထိုအခိုက်အတန့်၌ အမြင့်ဆုံးအထိ ထိုးတက်သွားသည်။
အပိုင်း(307) coming။