← Chapters

#ကျွန်အဖြစ်ခေါ်ဖို့လား? ခင်ဗျားကမထိုက်တန်ဘူး!#

Vol. 21 Ch. 307

#ကျွန်အဖြစ်ခေါ်ဖို့လား? ခင်ဗျားကမထိုက်တန်ဘူး!#

Vol. 21 Ch. 307

ရှောင်ဟိုင်၏ကိုယ်ခွန်အားက ပျမ်းမျှအားဖြင့် ဧကရာဇ်တ၀က်အဆင့်စွမ်းအားရှင်နှင့် ယှဉ်၍မရပေ။ 

ထို့ကြောင့် ပြိုင်ဘက်က သိုင်းဧကရာဇ်ပယ်ကို ထိတွေ့နေပြီဖြစ်သည့် သိုင်းဧကရာဇ်တ၀က်အဆင့် စွမ်းအားရှင်ဖြစ်လေရာ သူအလေးအနက်ထားရန် လိုအပ်သည်။ 

သေချာတာတခုကတော့ ပြိုင်ဘက်က ပို၍အားကောင်းလေလေ၊ ရှောင်ဟိုင်က ပို၍ စိတ်လှုပ်ရှားလာလေလေပင်။ 

သူ့အတွက်မူ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို သွေးထဲထိပင် တံဆိပ်ခတ်ထွင်းထုထားသည်။ 

သူ့ထံတစ်ဦးတည်းသာ ပြေး၀င်လာသည်ကို မြင်ရသောအခါ လီယွန်အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ကလူမြူဆွယ်သည့်အသွင် ကြည့်လိုက်၏။ 

"တယောက်တည်းနဲ့ ငါ့ကိုထိန်းချုပ်ချင်တာလား"

"အရမ်းလျှော့တွက်လွန်းတယ်"

စကားပြောပြီးသည့်နောက် လီယွန်၏အော်ရာက ရုတ်တရက်ပေါက်ကွဲသွားသည်။ 

ပန်းရောင်အော်ရာများက အမှုန်များအဖြစ် ပြောင်းလဲသွားပြီး ရှောင်ဟိုင်ထံ ပြေး၀င်သွား၏။ 

အနောက်တွင် အကြီးအကဲယန်က ကျယ်လောင်စွာ သတိပေးနေသည်။ 

"မိတ်ဆွေလေး၊ နောက်ဆုတ်နေ၊ ဒီပန်းရောင်အော်ရာက လီယွန်ရဲ့ထူးခြားတဲ့ နည်းလမ်းတခုပဲ၊ ရှူသွင်းလိုက်တာနဲ့ ညို့ဓာတ်အောက်မှာ ကျသွားလိမ့်မယ်"

ညို့ဓာတ်!

ဤသည်က လီယွန်၏ရှင်သန်ခြင်းအတွက် ဆိုလိုရင်းပေတည်း။ 

တူညီသောနယ်ပယ်က စွမ်းအားရှင်ပင်လျှင် ဤပန်းရောင်အော်ရာကို ထိပ်တိုက်ရှူရဲမည်မဟုတ်ပါ။ 

ရှုသွင်းပြီးသည်နှင့်တပြိုင်နက် တိုက်ခိုက်ရေးစွမ်းအားက အကြီးအကျယ်လျော့ကျသွားပေလိမ့်မည်။ 

တချိန်တည်းမှာပင် လီယွန်ကိုရင်ဆိုင်ရင်း အရှိန်နှင့် အမြန်နှုန်းကလည်း သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။ 

ဤအချက်များသည် သေခြင်းရှင်ခြင်းတိုက်ပွဲများ၌ အတော်လေးအရေးပါသည်။ 

နည်းနည်းလေးမှားယွင်းမိသည်နှင့် အသတ်ခံရနိုင်သည်။ သို့သော် ယဲ့ချိုးပိုင်နှင့် ရှီရှန်းတို့က လုံး၀စိုးရိမ်ခြင်းမရှိဘဲ နှလုံးသားထဲကနေသာ တိတ်တိတ်လေး ပြုံးနေခဲ့ကြသည်။ 

ဒါကိုရှောင်ဟိုင်ကတားဆီးလိုက်ရုံပဲလေ!

ရှောင်ဟိုင်ဘယ်လောက်တောင် စိတ်ပိုင်းဖြတ်ထားသလဲဆိုတာ ကြည့်ပါဦး!

ညို့ယူဖမ်းစားခံရသည့် အခြေအနေတွင်ရှိနေသည့်ရှောင်ဟိုင်က ယခုအချိန်တွင် ကြည်လင်သည့်စိတ်ကို ထိန်းသိမ်းထားနိုင်သေးပြီး သတ်ဖြတ်ခြင်းတခုတည်းတွင် အာရုံစိုက်ထားမည်မဟုတ်ပါ။ 

သို့သော် ဤကဲ့သို့ညို့ဓာတ်များက ညို့ယူဖမ်းခံစားရသည့် အနေအထားတွင် ကျရောက်နေသည့် ရှောင်ဟိုင်ကို မည်သို့မည်ပုံ ညို့ယူနိုင်တော့မည်နည်း။ 

ရှောင်ဟိုင်လုံး၀နောက်ဆုတ်ခြင်းမရှိဘဲ လူတိုင်း၏ အလွန်အမင်းစိုးရိမ်နေသည့် အကြည့်အောက်တွင်ရှိနေသည်။ 

ပန်းရောင်အော်ရာထဲသို့ ဆွဲသွင်းခံလိုက်ပြီးနောက် လီယွန်ပင်လျှင် ရယ်မောလိုက်သည်။ တကယ်ပင် အံ့ဩစရာကောင်းသည့် ကောင်လေးပင်။ သူမ၏ ပန်းရောင်အော်ရာထဲ မကြောက်မရွှံ့၀င်ရဲသည်။ 

သို့စေကာမူ လီယွန်ရယ်မောသည်ကို တဖြည်းဖြည်းရပ်လိုက်သည်။ 

ရှောင်ဟိုင်က ညို့ယူဓာတ်အော်ရာကြောင့် နည်းနည်းလေးမျှပင် အကျိုးသက်ရောက်မခံရသည်ကို သူမတွေ့လိုက်ရသည်။ 

အမြန်နှုန်းရော ခွန်အားရော အတူတူပင်။ 

ဘာတွေဖြစ်နေတာလဲ!

လီယွန်၏မျက်နှာက မည်းမှောင်သွား၏။ 

ဤသည်က ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်က သူမ၏ညို့ဓာတ်အော်ရာကြောင့် လုံး၀ထိခိုက်ခြင်းမရှိခြင်းပင်။ 

ဤသည်အပြင် သူမရှေ့ကဂျူနီယာက သူမထက် အဆင့်အများကြီး နိမ့်ကျသေးသည်။ 

နောက်ကယန်ချီပင်လျှင် အံ့ဩသင့်နေရသည်။ မကြာမီသူသိလာရသည်။ ဤသုံးယောက်ထဲက မည်သူမှ ရန်မစသင့်သော မကောင်းသည့်သူများပေတည်း။ 

ဤသည်ကိုတွေးနေမိစဉ် အကယ်၍ သုံးယောက်သာ ကုန်းတွင်းပိုင်းသို့သွားမည်ဆိုပါက ဤသည်က ကြီးမားသည့် အနှောက်အယှက်တခုဖြစ်လာပေလိမ့်မည်။ 

ကုန်းတွင်းပိုင်းက လူတချို့နှင့်ပင် ယှဉ်၍ရသည့် ဤကဲ့သို့ပါရမီမျိုးက ပို၍သာမြင့်မည်ဖြစ်ပြီး နိမ့်ကျမည်မဟုတ်ပါ။ 

အကြီးအကဲယန် သူတို့ကို လေးနက်စွာ ကြည့်လိုက်မိသည်။ 

ယန်မိသားစု၏ အစည်းအဝေးခန်းမထဲတွင် သူက ဤကြေးစားအဖွဲ့အား ထိုကဲ့သို့ ဈေးနှုန်းကြီးမားစွာ ကမ်းလှမ်းရန်အတွက် တောင်းဆိုမှုကို ကန့်ကွက်ခဲ့သူများအနက် တစ်ဦးဖြစ်သည်။ 

ထိုအချိန်က သူတွေးတောထားသည်က ဤသိုင်းဧကရာဇ်တ၀က်နယ်ပယ်ကိုပင် မရောက်သေးသည့် ဂျူနီယာသုံးယောက်ကို ယခုလိုမြင့်မားသည့်လစာအား မည်သို့မည်ပုံ ပေးအပ်နိုင်မည်နည်း။ 

သို့စေကာမူ ယခုကြည့်ရသည်မှာ ဤသုံးယောက်တွင် ဗဟုသုတအတော်လေးရှိပုံရသည်။ 

ကိုယ်ခန္ဓာကိုအားကိုးရင်း ရှောင်ဟိုင် ထိုနေရာအား ဖြတ်သန်းသွား၏။ လေတိုးသံများကပေါက်ကွဲနေပြီး အသံဗုံးများအလား ထင်ရသည်။ 

အမြန်နှုန်းက အတော်လေးမြန်ဆန်လှပြီး အဆင့်နိမ့်နယ်ပယ်ကလူများက လေထဲတွင် ဖြတ်သန်းသွားသည့် အနက်ရောင်လိုင်းတစ်ကြောင်းကိုသာ မြင်ရသည်။ 

လီယွန်၏မျက်နှာက အနည်းငယ် မည်းမှောင်သွား၏။ 

ဤဂျူနီယာလေးတယောက်ကိုပင် သူမညို့ယူမဖမ်းစားနိုင်လေရာ ဤသည်က သူမနှလုံးသားကို အပြင်းအထန် ရိုက်ခတ်သွားစေသည်။ 

ဤအချက်ကိုတွေးတော‌မိပြီးနောက် လီယွန်အမှန်တကယ် စတင်ကလေတော့သည်။ 

သူမ၏ပျော့ပျောင်းသည့်ခါးက ရေမြွေတစ်ကောင်ကဲ့သို့ပင်။ ရဲရဲနီပုံရိပ်က အောက်က အစောင့်အများစုကို စွဲလမ်းသွားစေပြီး တချို့ကမူ ညို့ဓာတ်အတွင်း တိုက်ရိုက်ကျဆင်းသွားကာ သူတို့၏ကိုယ်ခန္ဓာများက စတင်ပူနွေးလာကြသည်။ 

ကိုယ်တွင်းက အပူဒဏ်ကို မထိန်းချုပ်နိုင်ကြတော့သဖြင့် ဒွါာရခုနှစ်ပေါက်မှ သွေးများစတင်ထွက်လာကြသည်။ 

ယန်ချီ၏မျက်နှာကလည်း အပူကြောင့် ရှုံ့တွနေသော်လည်း ရှီရှန်းကြယ်စွမ်းအား၏ ကာကွယ်မှုအောက်တွင် သူက ကပ်ဆိုးမှ လွတ်မြောက်ရုံမျှလွတ်မြောက်နေသည်။ 

ရှောင်ဟိုင်၏မျက်လုံးများက လီယွန်အပေါ်ကျရောက်နေဆဲပင်။ သို့သော် သူ့မျက်လုံးထဲတွင် မှော်စွမ်းအင်ရှိနေသည်။ 

ဤသည်မှလွဲ၍ လီယွန်ကိုတွေးမိစေသည့် တခြားစိတ်၀င်စားဖွယ်ရာ ဘာတခုမှမရှိပါ။ 

ဘာတခုမှတွေးတောနေခြင်းမရှိဘဲ ရှောင်ဟိုင်၏ပုံရိပ်က တဖြည်းဖြည်းနီးကပ်လာနေလေပြီ။ 

လက်သီးကိုမြှောက်လိုက်စဉ် လက်မောင်းပေါ်က အပြာရောင်သွေးကြောများက တဟုန်ထိုးတက်လာပြီး ပေါက်ကွဲလုနီးပါးကြွက်သားများနှင့်အတူ အသားကိုဖုံးထားသည့်လိုင်းသုံးကြောင်းက တချိန်တည်းမှာပင် ထိတ်လန့်ဖွယ်ခွန်အားတခုဖြင့် ပေါက်ကွဲထွက်လာသည်။ 

အသံတစ်ချက်ဟိန်းကာ သူထိုးနှက်လိုက်သည်။ 

လက်သီးတချက်က အာကာဿကိုပင် တုန်ခါသွားစေသည်။ 

လီယွန်၏မျက်နှာအသွင်အပြင်က အကြီးအမားပြောင်းလဲသွားပြီး ကနေသည်ကိုရပ်ကာ လက်ဖဝါးဖြင့် ပေါ့ပါးစွာပင် ရိုက်ချလိုက်၏။ 

ပန်းရောင်လက်ဖဝါးတံဆိပ်က ရှောင်ဟိုင်၏ လက်သီးနှင့် တွေ့ဆုံသွားခဲ့သည်။ 

ဘန်း!

ရှောင်ဟိုင်၏လက်သီးချက်က သူမ၏ပန်းရောင်လက်ဖဝါးတံဆိပ်နှင့် ပြင်းထန်စွာပင် ထိခိုက်သွားပြီး ပန်းရောင်တံဆိပ်က ချက်ချင်းကြေမွသွား၏။ 

သို့သော်ဆန့်ကျင်ဘက်အနေဖြင့် ရှောင်ဟိုင်ကလည်း ဆယ်လှမ်းခန့်အကွာသို့ သဲကြီးမဲကြီးဆုတ်သွားရသည်။  

သိုင်းဧကရာဇ်နယ်ပယ်ကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသည့် သိုင်းဧကရာဇ်တ၀က် စွမ်းအားရှင်တဖြစ်လဲ လီယွန်က ဤထိပ်တိုက်ရင်ဆိုင်မှုတွင် ခြောက်လှမ်းကျော်အထိ ဆုတ်သွားခဲ့ရသည်။ 

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

လီယွန်တုန်လှုပ်သွားသည်။ 

ဤသည်က ကြောက်ခမန်းလိလိသမုဒ္ဒရာလှိုင်းတခုကို အစပျိုးလိုက်သည့်အလားပင်။ 

သူမ၏နယ်ပယ်က ပို၍ပင်မြင့်မားသည်။ 

အနည်းငယ်အသားစီးရနေသည့်တိုင် ဤသည်က လုံး၀ယုတ္တိမရှိပါ။ 

သူက ကိုယ်ခွန်အားတခုတည်းကိုပဲ အားကိုးပြီး ဒီခြေလှမ်းကို အောင်မြင်ခဲ့တာလား!

ခန်းမင်ကိုရင်ဆိုင်နေရင်း စိုးရိမ်ပူပန်နေရသည့် အကြီးအကဲယန်က ဤမြင်ကွင်းကို မြင်သောအခါ ဆွံအသွားခဲ့သည်။ 

ဒီကောင်ကဒီလောက်အစွမ်းထက်တာလား!

သူကလီယွန်နှင့် တွေ့နေရတာလေ!

ညို့ဓာတ်အော်ရာအကြောင်းမပြောနဲ့ဦး!

ညို့ဓာတ်အော်ရာကြောင့် အကျိုးသက်ရောက်ခြင်း မခံရဘူးဆိုရင်တောင် လက်ဖဝါးချင်ကြောင့် ဒဏ်ရာရဦးမှာမဟုတ်ဘူးလား!

ရှောင်ဟိုင်ဘေးဘီဝဲယာက ထိတ်လန့်နေကြသည့်အကြည့်များကို ကြည့်နေခြင်းမရှိဘဲ ပြုံးနေသည်။ 

သူ့ကိုယ်တဝိုက်၌ သတ်ဖြတ်ခြင်းဆန္ဒတင်စီးဆင်းလာခြင်းမဟုတ်ဘဲ တိုက်ခိုက်ရေးစိတ်ဓာတ်လည်း မြှင့်တက်လာခဲ့သည်။

ရန်သူကပို၍အားကောင်းလေလေ၊ ရှောင်ဟိုင်က ပို၍ပျော်လေလေပင်။ 

တိုက်ပွဲအတွင်း ရှောင်ဟိုင် သူ့၏ရိုးစင်းရိုးသားကာ တုံးအအမျက်နှာအသွင်ကနေ ရက်စက်ပြီးကြောက်ခမန်းလိလိအသွင်သို့ ပြောင်းပစ်နိုင်သည်။ 

ရှောင်ဟိုင် ကိုယ်ထဲက ထကြွနေသည့် အရိုးများနှင့် အတွင်းအင်္ဂါများကို လျစ်လျူရှုကာ လုံး၀အနားယူခြင်းမရှိပေ။ 

ထို့နောက် လေထဲတွင် ထပ်တစ်ဖန် တလှမ်းလှမ်းလိုက်ပြန်သည်။ 

လေဟာနယ်က လှိုင်းလုံးများထွက်လာသည်။ 

အမြောက်ဆန်တခုကဲ့သို့ ရှောင်ဟိုင်၏ပုံရိပ်က လီယွန်ထံ နောက်တကြိမ် ပြေး၀င်သွားပြန်သည်။ 

ဤသည်ကိုမြင်သောအခါ လီယွန်ဒေါသထွက်သွားသည်။ 

ပတ်၀န်းကျင်၌စိမ့်၀င်နေသည့် ညို့ဓာတ်အော်ရာကို လက်ဖဝါးပေါ်၌ ပြန်လည်စုစည်းလိုက်ပြီး ရှေ့ဦးစွာရှေ့သို့လှမ်းကာ ရှောင်ဟိုင်၏လက်သီးကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ 

ထိုအခိုက်အတန့်၌ ရှောင်ဟိုင် နောက်သို့ ဆယ်ငါးလှမ်းထိ ဆုတ်လိုက်ရသည်။ 

တချိန်တည်းမှာပင် သွေးက သူ့ပါးစပ်ထောင့်စွန်းကနေစီးကျလာသည်။ 

လီယွန်ကလည်း ငါးလှမ်းတိတိဆုတ်လိုက်ရသည်။ 

သို့သော် ရှောင်ဟိုင်၏ခွန်အားက လူတိုင်းကို တုန်လှုပ်ချောက်ချား‌သွားစေသည်။ 

မည်သို့ပင်ဆိုစေကာမူ ရန်သူက သိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့နေသည့် သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်တစ်ဦး ဖြစ်နေသေးသည်။ 

ရှောင်ဟိုင် ဤသို့လုပ်နိုင်စွမ်းရှိရန်အတွက် မရေမတွက်နိုင်လောက်သောလူများကို ဖြတ်ကျော်ခဲ့ရသည်။ 

နောက်သို့ဆုတ်နေသည့် ရှောင်ဟိုင်ကို လီယွန်စိုက်ကြည့်ရင်း မျက်ခုံးတချက်ပင့်ကာ ပေးစက်စွာပြောလိုက်သည်။ 

"အရင်နေ့တွေမှာသာဆိုရင် ငါနင့်ကို ငါ့ရဲ့ ယောက်ျားကျေးကျွန်အဖြစ် ခေါ်သွားမှာ၊ ဒါပေမယ့် ဒီကာလမှာတော့ ထူးခြားမှုမရှိဘူး၊ နင့်ကိုသတ်ပစ်ရမယ်"

ရှောင်ဟိုင်နှာခေါင်းရှုံ့ကာလှောင်လိုက်၏။ 

"ကျုပ်ကို ကျွန်အဖြစ်လား"

ထိုအသံကျလာသည်နှင့်တပြိုင်နက် ရှောင်ဟိုင်နောက်မှ နတ်ဆိုးစွမ်းအင်က ကောင်းကင်ပေါ်သို့ထိုးတက်လာသည်။ 

ရှောင်ဟိုင်နောက်တွင် ကြောက်ခမန်းလိလိတစ္ဆေတကောင်ပမာ စုဝေးနေစဉ် အရှေ့ပိုင်းလမ်းတခုလုံးတွင် ကြောက်မက်ဖွယ် လေထုက စိမ့်၀င်လာသည်။ 

လီယွန်၏မျက်လုံးများ၌ပင် တဒင်္ဂမျှ အကြောက်တရားများပေါ်လာခဲ့သည်။ 

ထို့နောက်သူမကချက်ချင်းတုံ့ပြန်ကာ ဒေါသတကြီးမေးသည်။ 

"နင်ကဘယ်လိုကောင်လဲ"

ရှောင်ဟိုင်ကအရပ်ရှည်ကာဖြောင့်ပြီး သူ့နောက်က တစ္ဆေကလည်း အရပ်ရှည်ကာ ဖြောင့်သည်။ 

မျက်လုံးများကအေးစက်ပြီး ကမ္ဘာကြီးကို မထီမဲ့မြင်ပြုနေသည့်အကြည့်တခုကို ပိုင်ဆိုင်ထားသည်။ 

နတ်ဆိုးတစ်ကောင်ဆင်းသက်လာသည့်အလားပင်။ 

သူကလီယွန်ကို နှစ်တသောင်းရေခဲအလား အေးစက်သည့်မျက်လုံးများဖြင့် အေးစက်စွာပြောသည်။ 

"ခင်ဗျားသိစရာမလိုဘူး၊ ကျုပ်ကို ကျွန်အဖြစ်ခေါ်ဖို့လား"

"ခင်ဗျားကမထိုက်တန်ဘူး"

အပိုင်း(308) coming။ 

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters