#ချေမွဖျက်ဆီးခံရခြင်း!#
Vol. 21 Ch. 308
မိစ္ဆာနတ်ဘုရားဆင်းသက်လာခဲ့သည်။
လက်ရှိရှောင်ဟိုင်တွင် အရင်ဘ၀က မှတ်ဉာဏ်များမရှိတော့သော်လည်း မောက်မာမှုကို အရိုးများထဲတွင် ထွင်းထုထားပြီး ကမ္ဘာကြီးကိုပင် မထီမဲ့မြင်ပြုနေသည့် မာနတရားပင်။
ရှောင်ဟိုင် လီယွန်၏စကားလုံးများကို တိုက်ရိုက်ပင် ပြန်ဖြေကြားသည်။
လူတိုင်းက ရှောင်ဟိုင်နောက်က ဧရာမအရိပ်ကြီးကို ကြည့်နေကြသည်။
အဆင့်နိမ့်လူတစ်ယောက်က မြေကြီးပေါ်သို့ပင် ဒူးထောက်ကျသွားပြီး သူ့မျက်နှာက ချွေးအေးများဖြင့်ဖုံးလွှမ်းသွားပြီး သူ့မျက်လုံးများ၌ အကြောက်တရားများရှိနေသည်။
ကြောက်စိတ်အပြင် သူ့နှလုံးသား၌ ရိုသေမှုတခုပါရှိနေသည်။
နောက်တွင်တိုက်ခိုက်နေကြသည့် အကြီးအကဲယန်နှင့် ခန်းမင်တို့က ဤသည်ကိုခံစားမိသေညအခါ တခဏမျှ ရပ်လိုက်ကြသည်။
သူတို့၏မျက်နှာများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့ကြ၏။
ဤကြောက်ခမန်းလိလိနတ်ဆိုးစွမ်းအင်က နှစ်ဦးစလုံး၏စိတ်ကို အမှန်တကယ် ကြောက်ရွှံ့သွားစေသည်။
ဒီရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှုက ကြောက်ဖို့ကောင်းလိုက်တာ!
ဒီလိုအငွေ့အသက်မျိုးကိုတောင် ထုတ်လွှတ်ပေးနိုင်စွမ်းရှိတာလား!
ရှောင်ဟိုင်ကို တိုက်ရိုက်ရင်ဆိုင်နေသည့် လီယွန်ကမူ တိုက်ရိုက်ခံစားနေရသည်။
ဤကြီးမားလွန်းသည့် မှော်နက်စွမ်းအင်က သူမနှလုံးသားကို တုန်ခါသွားစေသည်။
ဤသည်က သူမကို တခဏမျှ မလှုပ်ရှားရဲစေသည်အထိ ဖြစ်သွားခဲ့သည်။
ရှောင်ဟိုင်၏နက်မှောင်သည့်မျက်လုံးများက မှော်စွမ်းအင်ဖြင့်ပြည့်နှက်နေပြီး သူမအား ထူးမခြားနားစွာနှင့် မထီမဲ့မြင် စိုက်ကြည့်နေလေသည်။
ဤသည်က လီယွန်ကိုတဖက်လှည့်ကာ ထွက်ပြေးသွားချင်သည်အထိ ဖြစ်သွားစေသည်။
ဒါက အစွမ်းထက်သူများအကြား တိုက်ပွဲရဲ့ အဓိကအကြောင်းရင်းပါ!
တိုက်ခိုက်ရေးစိတ်ဓာတ်ပျောက်သွားသည်နှင့် ဒါမှမဟုတ် ရန်သူကို ကြောက်လာမည်ဆိုပါက တိုက်ပွဲ၌အောင်ပွဲ၏ဟန်ချက်ကလည်း လုံး၀ပြောင်းလဲသွားပေလိမ့်မည်!
သင့်၏ခွန်အားက ပြိုင်ဘက်ထက် အားကောင်းနေလျှင်ပင် အနိုင်ရနိုင်ချေနှုန်းက သိသိသာသာကျဆင်းသွားပေလိမ့်မည်!
လီယွန် သူမ၏အနီရောင်နှုတ်ခမ်းများကို ကိုင်လိုက်ပြီး ချက်ချင်းဆိုသလို မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ တချိန်တည်းမှာပင် သူမလက်အစုံကို ဆန့်ထုတ်လိုက်၏။
ညို့ဓာတ်ပန်းရောင်အော်ရာက လီယွန်လက်ထဲတွင်စုဝေးလာပြီး ချက်ချင်းဆိုသလို ပန်းရောင်နှင်းဆီတစ်ပွင့်အဖြစ် ပြောင်းလဲသွားကာ ရှောင်ဟိုင်ထံပစ်လိုက်သည်။
နှင်းဆီပန်းကအတော်လေးလှပပြီး ဆူးဖြင့်ပြည့်နှက်နေသည်။
အကယ်၍သင်သာဂရုမစိုက်ပါက သင့်တကိုယ်လုံးတွင် ဆူးစိုက်ခံရပြီး အနာတရများ ဖြစ်သွားပေလိမ့်မည်။
ဤသည်ကလီယွန်၏ အားအကောင်းဆုံးနည်းလမ်းဖြစ်ပြီး သူမ၏ သိုင်းဧကရာဇ်တ၀က်အဆင့်အော်ရာအကုန်လုံး ပါ၀င်သည်။
ဤလှည့်ကွက်ကိုသုံးပြီးသောအခါ လီယွန်၏ မျက်နှာအသွင်အပြင်က ချက်ချင်းဖြူဖျော့သွားပြီး အရောင်ကင်းမဲ့သွားကာ လေးကန်စွာ အသက်ရှုနေရသည်။
ဤလှုပ်ရှားမှုက လီယွန်ကို အော်ရာအများအပြား ကုန်ခမ်းသွားစေတာ သိသာထင်ရှားနေသည်။
တချိန်တည်းမှာပင် ဤပန်းရောင်နှင်းဆီထဲတွင်ပါ၀င်သည့်စွမ်းအားက လူတိုင်း၏ အမူအရာများကို ပြောင်းလဲသွားစေသည်။
ရှောင်ဟိုင်၏အမူအရာကား မူလအတိုင်းပင် လုံး၀ပြောင်းလဲခြင်းမရှိဘဲ လီယွန်အားကြည့်နေသည်က အဆင့်မြင့်လူတစ်ယောက်က ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်အသွင်။
တချိန်တည်းမှာပင် ရှောင်ဟိုင်ကလည်း လှုပ်ရှားပာ သူ့လက်သီးကို မြှောက်လိုက်လေသည်။
ရှောင်ဟိုင်လက်သီးမြှောက်လိုက်သောအခါ သူ့နောက်က ဧရာမတစ္ဆေကြီးကလည်း လက်သီးမြှောက်လိုက်လေသည်။
လူတစ်ယောက်နှင့်အရိပ်တစ်ခု၏ လှုပ်ရှားမှုများက လုံး၀လိုက်ဖက်ကိုက်ညီနေသည်။
ပန်းရောင်နှင်းဆီက ရှောင်ဟိုင်အနားသို့ ချဉ်းကပ်လာခဲ့သည်။
ဘန်း!
အသံလှိုင်းများ၏ ပေါက်ကွဲသံနှင့်အတူ ကြောက်ခမန်းလိလိ အနက်ရောင်စွမ်းအားက ရှောင်ဟိုင်လက်သီးထဲတွင် စုဝေးလာသည်။
သူ့နောက်က တစ္ဆေကြီး၏ လက်သီးတွင်လည်း အနက်ရောင်တောက်ပနေပြီး တစ်ချက်တည်းဖြင့် ထိုးနှက်လိုက်၏။
တစ္ဆေနက်ကြီး၏လက်သီးက ပန်းရောင်နှင်းဆီကို တိကျစွာပင် ထိမှန်သွားပြီး တခဏကြာ ပန်းရောင်အော်ရာများက ပြည့်လျှံနေခဲ့ပြီး တခြားတဘက်တွင် နတ်ဆိုးစွမ်းအင်ရှိနေခဲ့သည်။
ပန်းရောင်နှင်းဆီ၏ရှေ့ပြေးအသွင်က ဤရိုက်ချက်နှင့်အတူ တားဆီးခံလိုက်ရသည်။
ရှောင်ဟိုင်ကမူ သူ့မျက်နှာကမူလအတိုင်းပင် ထူးမခြားနားစွာရှိနေပြီး သူ့ကိုယ်ခန္ဓာက လုံး၀တုန်လှုပ်ခြင်းမရှိချေ။
လီယွန်သွေးတစ်လုပ်အန်လိုက်ရသည်။
သူမပါးစပ်ထောင့်က နီရဲသည့်သွေးများစီးကျလာသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လီယွန်တုန်လှုပ်ချောက်ချားသွားသည်။
သူမ၏အားအကောင်းဆုံးရိုက်ချက်ပင်လျှင် ရှေ့က ကိုယ်ကာယပညာရှင်အား မတုန်လှုပ်စေနိုင်ခဲ့ပေ။
ဒီမွန်းစတားက ဘယ်နေရာကရောက်လာတာလဲ!
ဒီနယ်နိမိတ်မဲ့နယ်မြေမှာ ဒီလိုမှော်ခန္ဓာလေ့ကျင့်ခြင်းမျိုးရှိတာလား!
ကုန်းတွင်းပိုင်းတွင် ကိုယ်ခန္ဓာကို အထူးပြူလေ့ကျင့်သည့် ထိပ်သီးအင်အားစုတစုရှိသော်လည်း သူတို့၏အော်ရာက ရှောင်ဟိုင်နှင့် လုံး၀ကွဲပြားသည်။
တဒင်္ဂအကြာတွင် ဤပန်းရောင်နှင်းဆီက ရှောင်ဟိုင်၏လက်သီးချက်ကြောင့် လွင့်စင်သွားပြီး ပန်းရောင်အော်ရာအစက်လေးများအဖြစ် ဆွေ့မြေ့ပျက်စီးကာ အာကာသထဲတွင် လွင့်စင်ပျောက်ကွယ်သွား၏။
လီယွန် နောက်တကြိမ် ပါးစပ်အပြည့် သွေးတစ်လုပ်အန်ကာ ရင်ဘတ်ကိုဖိထားသည်။ သူမရင်ဘတ်က မြင့်လိုက်ကျလိုက်ဖြစ်နေသည်။
လက်သီးချင်တစ်ချက်က သူမ၏အပြင်းထန်ဆုံးထိုးနှက်မှုကို ချိုးဖျက်ပစ်ခဲ့သည်။
ဤလက်သီးချက်!
သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များသာလျှင် ဤခြေလှမ်းကို လှမ်းနိုင်ပေလိမ့်မည်။
သို့သော် သူမရှေ့က ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်သူက ဤအဆင့်ကို မရောက်သေးသည်မှာ ရှင်းလင်းထင်ရှားနေသည်။
ဤသည်ကိုတွေးနေစဉ်မှာပင် ရှောင်ဟိုင်လှုပ်ရှားကာ ရှေ့တစ်လှမ်းလှမ်းလိုက်၏။
သူ့နောက်က တစ္ဆေနက်ကြီးကလည်း ခြေလှမ်းလာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ဟိုင်ထိုနေရာက ပျောက်ကွယ်သွားတာကို လီယွန်တွေ့လိုက်ရသည်။
သူမမကြောက်လန့်သွားခင်မှာပင် ရှောင်ဟိုင်၏မျက်နှာက သူမမျက်လုံးအရှေ့ပေါ်လာပြီး ရုတ်တရက်လက်ကိုဆန့်ထုတ်ကာ သူမလည်ပင်းကို တိုက်ရိုက်ပင်ညှစ်လျက် မြောက်ထားလိုက်သည်။
လီယွန်၏မျက်လုံးများက စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွား၏။
ကမ္ဘာကြီးကိုငုံ့ကြည့်နေသည့် ရှောင်ဟိုင်၏အကြည့်က သူမကို အကြောက်တရားကို ခံစားရစေသည်။
မည်မျှပင်ဆိုသည်ဟူမူ မေးခွန်းတခုက သူမလည်မြိုသို့ရောက်လာပြီး ပါးစပ်ဖွင့်ချင်သော်လည်း မဖွင့်နိုင်ခဲ့ပါ။
ကြောက်လန့်မှု!
လွန်ကဲစွာကြောက်ရွှံ့မှု!
ရှောင်ဟိုင်၏ထူးမခြားနားသည့် မျက်လုံးများအောက်တွင် သူမကြောက်နေသည်။
လီယွန်၏အသွင်အပြင်ကိုကြည့်ရင်း ရှောင်ဟိုင်ရယ်မောနေသည့်အလား ပါးစပ်တွန့်ကွေးလိုက်၏။
"ကျုပ်ကိုကျွန်အဖြစ်ခေါ်သွားမှာတဲ့လား"
"ခင်ဗျားကထိုက်တန်လို့လား"
စကားပြောပြီးသည်နှင့် ရှောင်ဟိုင်၏လက်ဖဝါးက တင်းကြပ်သွား၏။
လီယွန်၏စိတ်ပျက်အားငယ်နေသည့်အကြည့်အောက်တွင် သူကသူမလည်ပင်းကို တိုက်ရိုက်ပင် ခွဲပစ်လိုက်သည်။
ခေါင်းက ကိုယ်ခန္ဓာနှင့် ကွဲကွာသွားသည်။
နောက်ထပ်အသက်ရှူခြင်းမရှိတော့!
သိုင်းဧကရာဇ်နယ်ပယ်နှင့်ထိတွေ့ရန် အရည်အချင်းပြည့်၀သည့် သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်!
ဤနေရာ၌ အမြင့်ဆုံးနယ်ပယ်ရှိသည့်လူတစ်ယောက်က ယခုကဲ့သို့ပင် ဂျူနီယာလေးတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
အနည်းငယ်မျှပင် မခုခံနိုင်ခဲ့!
ဖြစ်စဉ်တခုလုံးက သေခြင်းတရားအဖြစ် ကြေမွသွားခဲ့သည်ဟု ဆို၍ရသည်။
တခြားတဘက်တွင် ယဲ့ချိုးပိုင်နှင့် ရှီရှန်းတို့၏ခွန်အားနှင့်အတူ ခန်းနှင့်လီမိသားစုအစောင့်များတွင် ခုခံရန်အတွက် နေရာပင်မရှိပါ။
ဓားတစ်စင်းနှင့်ပုဆိန်တစ်လက်က လူပေါင်းများစွာကို သုတ်သင်သွားခဲ့သည်။
မကြာမီ ဤနေရာက ခန်းနှင့်လီမိသားစုများထဲတွင် ခန်းမင်တစ်ဦးတည်းသာ ကျန်တော့သည်။
ဤမြင်ကွင်းကိုမြင်ရသောအခါ ခန်းမင်၏မျက်နှာက ဖြူဖျော့သွား၏။
ဒီနတ်ဆိုးသုံးကောင်က ဘယ်နေရာက ပေါ်ပေါက်လာတာလဲ!
ယခုလိုအစွမ်းထက်ပါရမီနှင့် တိုက်ခိုက်ခြင်းခွန်အားအရ သူတို့က ဤနယ်စပ်မြို့က လူများနှင့် လုံး၀မတူပါ။
သူတို့က ဒီနေရာကိုလေ့ကျင့်ဖို့အတွက် လာကြတဲ့ ထိပ်သီးဂိုဏ်းရဲ့ တပည့်တွေလား!
ဤသည်ကိုတွေးမိသောအခါ ခန်းမင်သည်လည်း နှလုံးသားထဲကနေ အားနည်းမှုကို ခံစားနေရသည်။
ဤသို့ဆိုပါက ယခုတကြိမ် သူတို့နှစ်ယောက်၏အစီအစဉ်က ကလေးပုခက်လွှဲယမ်းသည့်ပမာ ဖြစ်သွားပြီး သူတို့လည်း အသတ်ခံရမည်သာ။
ထိုအချိန်တွင် လုံမိသားစုကလည်း ဒေါသထွက်နေပေလိမ့်မည်။
ယန်မိသားစုနှင့် မဟာမိတ်ဖွဲ့ကာ ယွမ်ချီမြို့ကိုလာပြီး ခန်းနှင့်လီမိသားစုများကို သုတ်သင်ပစ်ပေလိမ့်မည်။
အကြီးအကဲယန်က အောင်သူအပြုံးဖြင့် ကျေနပ်ဖွယ်ရာ ခေါင်းညိတ်နေခဲ့သည်။
"ခန်းမင်၊ ကြည့်ရတာ မင်းကျရှုံးရတော့မယ်နဲ့တူတယ်"
ထိုအခိုက်အတန့်၌ ခန်းမင်ရပ်လိုက်သည်။
ယခုအချိန်ခေါ်ပါကရောဘာထူးတော့မည်နည်း!
သိုင်းဧကရာဇ်အဆင့်နှင့်ထိတွေ့နေသည့် လီယွန်ပင်လျှင် သူတို့လက်ထဲတွင် အသတ်ခံရသည်။
သူ့လိုသာမန်သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်တစ်ဦးက မည်သို့မည်ပုံ သူတို့၏ ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။
ခန်းမင်တခုခုပြောချင်နေသည်။
သို့သော်သူပါးစပ်ဟလိုက်စဉ်မှာပင် ဓားဆန္ဒတခုက သူ့မျက်ခုံးနှစ်ဖက်ကြားသို့ တိုက်ရိုက် ထိုးဖောက်၀င်ရောက်သွား၏။
မျက်လုံးများကိုဖွင့်ထားရင်း သူက လေပေါ်ကနေ မြေသို့ကျသွားပြီး ထိုနေရာ၌ပင် သေသွားရသည်။
လှုပ်ရှားလိုက်သူက ယဲ့ချိုးပိုင်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ကရန်သူများဖြစ်လေရာ သူ့ကိုထိန်ချန်ထားခြင်းက အသုံးမ၀င်ပါ။
အနာဂတ်ပြဿာနာများကို ရှောင်ရှားရန်အတွက် တိုက်ရိုက်သတ်ပစ်ခြင်းက ပိုကောင်းသည်။
ယဲ့ချိုးပိုင် ပေါင်းပင်များကိုခုတ်လှဲပြီး အမြစ်များကို မဖြတ်ဘဲထားရန် ဆန္ဒမရှိပါ။
သူတို့က ဆန့်ကျင်ဘက်တွင် ရပ်နေပြီးမှတော့ အနည်းငယ်မျှပင် လက်နောက်ဆုတ်ထားရန်ဟူသည် မဖြစ်နိုင်။
သူလက်ကိုထိန်ချန်ထားနိုင်သည်နှင့် တပြိုင်နက် အနာဂတ်တွင် သေရမည့်လူက သူဖြစ်လာရပေလိမ့်မည်။
အကြီးအကဲယန်က ယဲ့ချိုးပိုင်တို့ရှေ့သို့ လျှောက်လာကြသည်။
ခပ်ရှက်ရှက်ပြုံးကာ သူလက်နှစ်ဖက်တုပ်လိုက်သည်။
"အဲဒီတုန်းက ကျုပ်အမြင်အရမ်းနိမ့်ပါးနေခဲ့မိတဲ့အတွက် မိတ်ဆွေသုံးယောက်ကို တောင်းပန်ပါတယ်"
ယဲ့ချိုးပိုင်လက်ဝှေ့ယမ်းလိုက်သည်။ သူဂရုမစိုက်ပါ။
ယန်ချီကလည်းပြုံးလိုက်သည်။
"ဒုတိယအကြီးအကဲ၊ အခုဆိုရင် ကျွန်တော်ဘာလို့ ယဲ့ညီအစ်ကိုတွေနဲ့တခြားသူတွေကို ဒီလိုလောင်းကြေးမျိုးထပ်ရဲရသလဲဆိုနယ ခင်ဗျားသိသွားပြီးလောက်မှာပါ"
အကြီးအကဲယန်ခေါင်းညိတ်သည်။
ဤကိစ္စက ခန်းနှင့်လီမိသားစုထံ လက်ဆင့်ကမ်းရောက်သွားခဲ့လေသည်။
အပိုင်း(309) coming။