Chapters

သခင်လေးက အတင်းရောင်းရဲဝယ်ရဲတယ်

Vol. 55 Ch. 1081

သခင်လေးက အတင်းရောင်းရဲဝယ်ရဲတယ်

Vol. 55 Ch. 1081

ပေထင်းဟွမ်သည်နှာမှုတ်လေသည်။ တစ်စုံတစ်ယောက်သည် ဤအခွင့်အရေးကိုယူပြီး သူမကို ရှင်းထုတ်ချင်နေကြောင်းကိုမသိလျှင် သူမသည် ပေထင်းဟွမ်မဟုတ်တော့ပေ။ “သခင်လေးက တစ်ခုခုကို အားမထုတ်နိုင်ရင် တခြားလူကိုမေးရမယ့်ကိစ္စဆိုတာမျိုးကို အရင်ကတစ်ခါမှ မတွေ့ဖူးပါဘူး၊ ပြီးတော့ ဒီနေ့ ဒီဆေးပစ္စည်းတွေအတွက် အရင်းအမြစ်အရည် မရှိရင်တောင် လိုချင်နေတုန်းပဲ”

“ဟွန့် ဟွန့် ပင်မတိုက်ကြီးရဲ့ ပြည်မကြီးမှာ နာမည်ကြီး သခင်လန်ချန်းမို ရဲ့တပည့်က ဒီလိုမျိုး အတင်းကြီး အရောင်းအ‌ဝယ်လုပ်ရတာကိုကြိုက်တာကိုး၊ အဲဒိကောင်မလေး မျက်လုံးဖွင့်ပြီး ကောင်းကောင်းကြည့်ရမယ်” လုကျီအား နတ်စွမ်းအားဖြင့် ရစ်ပတ်ပြီး အဘက်ဘက်သို့ဖြန့်လိုက်ရာ ပြတင်းပေါက်နှင့် တံခါးများပင် လှုပ်ခါသွားလေသည်။ ၎င်းသည် မည်မျှအကွာအဝေးထိ ပျံ့သွား သည်ကိုမသိပေ။ ဖြစ်တန်ရာသည်မှာ တန့်ကာမြို့မှလူများအားလုံး ကြားနိုင် သည်။

ပေထင်းဟွမ်၏မျက်လုံးများကို မြူခိုးများနှင့် ကာနေပြီဖြစ်နေသည်။ သူမ၏ မျက်လုံးထဲမှ လူသတ်မည့်အကြည့်များသည် သိသာလွန်းသည်။ အလွန် ကောင်းသည်။ သူမ ဂရုမစိုက်ဆုံးလူကို မည်သို့ထိခိုက်အောင်လုပ်ရမည်ကို သူမ သိနေသည် “မင်းက အသက် ၃၀ ရှိပြီလား၊ သုံးရက်နေရင် အမြင့်ဆုံးနေရာ မှာ ဘယ်သူထိုင်ရမှာလဲ၊ မင်ဟုန်ရဲ့ လူလား ဒါမှမဟုတ် အနောက်တောရိုင်းက ငကြောက်လား”

မင်ဟုန်သည် ဝိညာည်နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ်ဖြစ်ကာ ပတ္တမြား ကမ္ဘာတစ်ခုလုံးတွင် ပေထင်းဟွမ်မှလွဲပြီး သူ့အား မည်သူမှ ထိုကဲ့သို့ မဆူငေါက် ရဲပေ။

အမြဲတမ်း နွေဦးရောင်သမ်းနေသော လုကျီ၏မျက်လုံးများသည် ခက်ထန် လကာ သူမ၏ နှုတ်ခမ်းရဲရဲများတုန်ယင်လာသည် “အမြင့်ဆုံးသခင်ကို ဘယ်လို တောင်ခေါ်ရဲတာလဲ ဟုတ်တယ်” လုကျီသည် အေးစက်စွာပြောလိုက်သည် “ကြည့်ရတာ မင်း ဒီနေ့အသက်မရှင်ချင်တော့ဘူးထင်တယ်”

ထိုသို့ပြောပြီးနောက် လုကျီသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်အဖွဲ့ဝင် ဖြစ် ကြောင်းကို ပေထင်းဟွမ်သိလိုက်ရသည်။ သည်တစ်ကြိမ်တွင် ဝိညာဉ်နတ် ဘုရားမျိုးနွယ်သည် ပိုက်ဆံအမြောက်အများသုံးခဲ့သည်။ အမြင့်ဆုံးသခင် တစ် ယောက်ချင်းစီသည် လေဟာနယ်ထဲတွင် အက်ကြောင်းတစ်ခုဖွင့်နိုင်ကာ အာရုံ ကိုယ်ပွားကို စေလွှတ်နိုင်သည်။ ယခုအခါ လမ်းနှစ်ခုဆင်းသက်လာရာ ဆိုလို သည်မှာ ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် တခြားအင်အားစု၏ အမြင့်ဆုံးသခင် ကို အကူအညီတောင်းထားခြင်းဖြစ်မည်။

ဤကဲ့သို့အကူအညီမျိုးကို ကူညီပေးနိုင်သည်မှာ အရင်းနှီးဆုံး ဆက်ဆံ ရေးကြောင့်ဖြစ်လိမ့်မည်။ ထို့အပြင် အနောက်တောရိုင်းမှ တစ်စုံတစ်ယောက် ဆင်းသက်လာသည်ဟု ပေထင်းဟွမ် မကြားမိပေ။ တစ်ခုတည်းသော ဖြစ်နိုင် ချေမှာ အနောက်တောရိုင်းသည် တစ်စုံတစ်ယောက်ကို ဆင်းသက်ရန် ကူညီ လိုက်ခြင်းပင်။

လွန်ခဲ့သည့်နှစ်တစ်သောင်းက ပေထင်းဟွမ်၏ဝိညာဉ်သည် အနောက် တောရိုင်းအမြင့်ဆုံးဧကရာဇ်မင်း၏ အငယ်ဆုံးသမီး အနောက်တောရိုင်း မင်းသမီးလေးတွင် ကပ်နေခဲ့သည်။ ဤဘဝတွင် ပေထင်းဟွမ်သည် အနောက် တောရိုင်းနှင့် မသက်ဆိုင်သော်လည်း အနောက်တောရိုင်းမှ ဝိညာဉ်နတ်ဘုရား မျိုးနွယ် သန်မာရန်ကူညီသဖြင့် ရန်ငြိုးရှိနေတုန်းပင်ဖြစ်သည်။

လုကျီကို ပြန်ကြည့်ပြီးနောက် ပေထင်းဟွမ်၏မျက်လုံးထဲမှ လူသတ်မည့် အကြည့်များသည် ပိုသန်မာလာသည်။ သူမ၏လက်များသည် ခါးနားတွင် ဆုပ်ကိုင်ထားသည် “ငါ ဂရုအစိုက်ဆုံးလူကို မည်သူမှ ဘာမှမလုပ်ရဲစေရဘူး၊ လုပ်ရဲတဲ့သူမှန်သမျှ အကြီးလေးဆုံးတန်ရာတန်ကြေးကို ပေးဆပ်ရမယ်၊ အရမ်း ကောင်းတယ် မင်းကကံကောင်းတာပဲ မင်းက ငါ့ကိုဒေါသထွက်တယ်၊ ဒီနေ့ ငါ အသက်မရှင်ချင်တာမဟုတ်ဘူး မင်းက အသက်မရှင်ချင်တာပဲ”

“ဟားဟားဟား” အလွန်ပင်ဆွဲဆောင်မှုရှိပြီး ဝိညာဉ်မွှေနှောက်နိုင်သည့် အသံသည် ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး နတ်စွမ်းအားပါဝင်သည့် ရယ်သံသည် အဆောက်အဦးတစ်ခုလုံးကို တုန်ခါသွားစေသည်မှာ အချိန်မရွေး ပြိုကျသွားစေမည့်အတိုင်းပင် “အရမ်းရယ်ရတာပဲ၊ မင်း ဂရုအစိုက်ဆုံးလူလား၊ သခင်ပေထင်းဟွမ် မင်းဂရုအစိုက်ဆုံးလူက ဇာမဏီမြို့မှာမဟုတ်ဘူးလား၊ ငါတို့ လောင်းကြေးထပ်ကြမလား အခု ဇာမဏီမြို့မှာ လူဘယ်လောက်လောက် အသက်ရှင်နိုင်မှာလဲ အထူးသဖြင့် မင်း ဂရုစိုက်တဲ့လူတွေပေါ့”

အဲဒါဘာအဓိပ္ပာယ်လဲ။ ပေထင်းဟွမ်သည် ရုတ်တရက်ခေါင်းမော့ကာ လုကျီအား ခံစားချက်မဲ့သည့် မျက်လုံးတစ်စုံနှင့် စိုက်ကြည့်လေသည်။ အတန် ကြာပြီးနောက်တွင် သူမသည် သူမ၏အသံကို ရှာတွေ့သွားသည့်အလား နှာမှုတ်လေသည် “မင်း ဘာပြောလိုက်တာလဲ ရှင်းရှင်းပြောတာကောင်းမယ် မဟုတ်ရင်...”