ဇာမဏီမြို့က တိုက်ခိုက်ခံရတာလား
Vol. 55 Ch. 1082
ဘုန်း ဘုန်း ဘုန်း
အခန်းထဲမှ ခြေသံများထွက်ပေါ်လာပြီး အနီရောင်ဝတ်စုံဝတ်ဆင်ထား ကာ လှပသောမျက်လုံးတစ်စုံနှင့် နတ်သမီးအလား ထင်ရသည့်မိန်းကလေး တစ်ယောက်သည် လုကျီဘက်သို့လျှောက်လာသည်။ လုကျီအား လေးစားစွာ အရိုအသေပြုပြီးနောက် ပေထင်းဟွမ်အား ပြုံးပြလေသည် “သခင်ပေထင်းဟွမ် ဘာလို့အဲလောက်တောင် ခက်ထန်သွားတာလဲ၊ ကျွန်မတို့ပြောတာကို မကြား ချင်ဘူးလား၊ ကျွန်မပြောပြရရင် အခုအချိန်မှာ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ မင်းသား သခင်မင်ဟွမ်က ဇာမဏီမြို့ကို တိုက်ခိုက်ဖို့ သွားနေပြီ၊ သခင်က မြို့ ကလူတွေကို သေစေချင်နေပြီလားဆိုတာ သိချင်တာပါ”
အခန်းငယ်ထဲတွင် စိတ်စွမ်းအင်အားကောင်းသူတစ်ယောက်ရှိနေ ကြောင်းကို ပေထင်းဟွမ်သည် အာရုံခံမိပြီးသားဖြစ်သည်။ သူမသည် ရောင်ဝါ ကို အနည်းငယ်ရင်းနှီးနေကာ ထွက်လာမှပင် ထိုလူသည် ဆေးတောင်ကြားမှ ကျူထုံဖြစ်သည်ကို သိလိုက်ရသည်။ ၃၃ ကောင်းကင်ဘုံမှ ဆေးတောင်ကြားနှင့် ဝိညာဉ်နတ်ဘုရားမျိုးနွယ်တို့ကြားမှ ဆက်ဆံရေးသည် အလွန်ရင်းနှီးသည် လား။ သို့မဟုတ် ဆေးတောင်ကြားမှ အမြင့်ဆုံးသခင်ကြီးသည် ပင်မတိုက်ကြီး တွင်နေရင်း လုကျီနှင့်များ ချိတ်မိသွားသည်လား။
ပေထင်းဟွမ်သည် ကျူထုံအား အေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်နေကာ သူမအား မျက်လုံးသေဖြင့်ကြည့်နေသည်။ သူမ၏အသံသည် ငရဲမှထွက်လာသည့်ပုံပင် “ငါမသေခင် မင်းအရင်သေလိုက်”
ထိုအချိနတွင် လုကျီသည် ပေထင်းဟွမ်အား ဘဝင်ခိုက်သောအကြည့်ဖြင့် မကြည့်တော့ပေ။ သူမ၏ဆွဲဆောင်မှုများသည် ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်မထားပေ။ သူမသည် မင်းသားမင်ရှုံ၏ အိပ်ရာပေါ်သို့ပင်တက်နိုင်ခဲ့ သော်လည်း ပေထင်းဟွမ်ကို မဆွဲဆောင်ဘဲနေလိမ့်မည်ဟု ထင်မထားပေ။ ဤလူငယ်သည် ကန်းနေခြင်းသာဖြစ်မည်။
ထိုသို့ဆိုလျှင် ပေထင်းဟွမ်အပေါ်တွင် သူမ၏အတွေးများကို ဖြုန်းတီးနေ ရန်မလိုတော့ပေ။ သူမသည် ပေထင်းဟွမ်၏လက်ကိုကိုင်ထားသော မုချင်းလင် အား မလိုလားစွာကြည့်ပြီး နှာရှုတ်ကာပြောလေသည် “သခင်ပေထင်းဟွမ်က လေကြီးတာကိုး၊ အဲဒါကြောင့်လည်း သန့်စင်သောမြို့တော်ကို မီးရှို့နိုင်ခဲ့တာပဲ၊ အဲတုန်းက သခင်ပေထင်းဟွမ်က သတို့သမီးလောင်းကို ကယ်ဖို့ကြိုးစားခဲ့တာ လို့ကြားတယ် ဒါပေမဲ့ သခင်ပေထင်းဟွမ်က အဲလောက်မေတ္တာတရားကြီးမား ပြီး ဖြောင့်မတ်လိမ့်မယ်လို့ထင်မထားဘူး”
ပေထင်းဟွမ်သည် ထိုအချိန်တွင် ထိုလူနှစ်ယောက်ကို နှုတ်ဆက်ချင်စိတ် ပင်မရှိတော့ပေ။ သူမသည် လုကျီ၏စကားများကို နားမထောင်တော့ပေ။ သူမ စိတ်ထဲမှ ဒေါသသည် မီးကိုဆီးလောင်းလိုက်သသကဲ့သို့ အားပါပါလောင်ကျွမ်း လေသည်။ သူမ၏ ဆွဲဆောင်မှုရှိသောမျက်လုံးများထဲတွင် နီရဲနေသောမီးသည် အထဲမှထွက်လာတော့မလို ရှေ့မှလူနှစ်ယောက်ကို ဝါးမျိုတော့မည့်အတိုင်းပင်။
ပေထင်းဟွမ်သည် မုချင်းလင်၏လက်ကို ဆုပ်ကိုင်ပြီး ခပ်ကြမ်းကြမ်းဆွဲ ကာ မုချင်းလင်အား သူမ၏ကိုယ်ပိုင်နေရာထဲသို့ ပို့လိုက်သည်။ သူမ၏ လက်ကောက်ဝတ်ကို ခက်ကြမ်းကြမ်းယမ်းလိုက်ရာ ဓားပျော့သည် လေထဲတွင် လူးလှိမ့်သွားလေသည်။ ထိုအချိန်၌ တတိယအထပ်ခန်းမထဲတွင် မုန်တိုင်းတစ် ခုတိုက်လာသလိုမျိုး ဝိညာည်စွမ်းအင်အလွှာသည် ပေထင်းဟွမ်၏ဓားပျော့ဆီ သို့ အမြန်ဆုံးပြေးလာလေသည်။ ဓားပျေားအား ရစ်ပတ်သည့် သူမ၏ရောင်ဝါ သည် ကြီးမားသည့်ပိုးကောင်အလားပင်။ သို့သော်ပါဝင်သည့်ရောင်ဝါသည် လူ တစ်ယောက်ကို ဆွဲဖြဲပစ်ရန်လုံလောက်လေသည်။
ပေထင်းဟွမ် မုချင်းလင်အား ပို့လိုက်သည်နှင့် လုကျီသည် သတိရှိနေပြီ ဖြစ်သည်။ ဤလူငယ်သည် မီးတစ်ခုတည်းနှင့် သန့်စင်သောမြို့ကို ပြာချခဲ့သည် ကို သူမ ကောင်းစွာသိသည်။ သူ၏ခွန်အားကို အထင်သေး၍မရပေ။ သူမ၏ ခွန်အားတွင် ၃၃ ကောင်းကင်ဘုံတွင် သခင်အဆင့်ရှိလျှင်တောင် ဤနေရာသို့ ရောက်လာပြီးနောက် ထိပ်ဆုံးနတ်ဘုရားအဆင့်ခွန်အားဖြစ်သွားနိုင်သည်။ သို့သော် ထိုအရာသည် ကျူလင်ကဲ့သို့ လူမျိုးကို ကြောက်အောင်လုပ်ရန်မဖြစ် နိုင်ပေ။
သို့သော် ပေထင်းဟွမ်၏ လှုပ်ရှားမှုများအားလုံးသည် လျင်မြန်ပြီး ကြမ်းတမ်းသည်။ သူမ သတိပေးရန်အချိန်မရလိုက်ခင်မှာပင်၊ သတိထားဆို သည့်စကားလုံးမှာ သူမ၏လည်ချောင်းထဲရှိနေဆဲမှာပင် ပေထင်းဟွမ်၏ ဓားပျော့သည် ကျူထုံအား တိုက်ခိုက်နေပြီဖြစ်သည်။
ကျူထုံ၏ခွန်အားသည် ပေထင်းဟွမ်၏ ခန္ဓာကိုယ်ထဲမှ အသက်ကြောကို တက်ကြွအောင်လုပ်ရန် မလုံလောက်ပေ။ ကမ္ဘာကြီးကို အုပ်စိုးထိန်းချုပ်နိုင် သည့်ပေထင်းဟွမ်သည် ဓား ၉ လက်ဝိညာဉ်သခင်ကြီးအဆင့်သာဖြစ်သော်ငြား ခြေဟန်လက်ဟန်တိုင်းနှင့် ကမ္ဘာကြီးကို ရွှေ့ပြောင်းနိုင်ပြီဖြစ်သည်။
ကြောက်စရာကောင်းလွန်းသောလှိုင်းများသည် ကျူထုံဆီသို့ပြေးလာရာ မည်သူမှ သူမကို မကယ်နိုင်တော့ပေ။ လုကျီနှင့်သူမအကြားမှ အကွာအဝေး သည် တစ်ပေပင်မကွာသော်လည်း ထိုအချိန်တွင် လုကျီသည် သူမကိုယ်သူမ ကယ်တင်နေရသဖြင့် ကျူထုံကို မည်သို့ဂရုစိုက်နိုင်မည်နည်း။