← Chapters

သနားပေးပါ နည်းလမ်းမရှိတော့ဘူးလား

Vol. 55 Ch. 1083

သနားပေးပါ နည်းလမ်းမရှိတော့ဘူးလား

Vol. 55 Ch. 1083

သူမ၏မျက်လုံးများထဲတွင် ကြောက်လန့်မှုများ တဖြည်းဖြည်းပေါ်ပေါက် လာပြီး ကျူထုံသည် ငေးကြောင်စွာရပ်နေသည်။ သူမတွင် ကောင်းကင်၏ ခွန်အားသာရှိသည်။ ပေထင်းဟွမ်၏ဓားပျော့ သူမဆီလိမ့်လာချိန်တွင် သူမ အနားမှ ဝိညာဉ်စွမ်းအင်များအားလုံးသည် ကုန်ခမ်းသွားလေသည်။ ဤကဲ့သို့ နယ်ပယ်ကိုသိမ်းပိုက်လိုက်ခြင်းဖြစ်၍ ကောင်းကင်အဆင့်သို့ရောက်ခါစ ကျူထုံ အတွက် မည်သို့ခံနိုင်ရည်ရှိမည်နည်း။

“မဟုတ်ဘူး မလိုချင်ဘူး”

ကျူထုံသည် ရင်ထဲမှ အားကုန်အော်နေသော်လည်း စကားတစ်လုံးမှ ထွက်မလာပေ။ သူမ၏မျက်လုံးများသည် ကြီးမားသောနဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်နှင့်မြေကြီးရောင်ဝါ ရောင်ပြန်ဟပ်နေသည်။ ပေထင်းဟွမ်၏ ဓားပျော့အောက်တွင် ကြီးမားသောနဂါးကြီးသည် ပါးစပ်ဟကာ ကျူထုံဆီသို့ ပြေးဝင်လေသည်။

“သက်ညှာပေးပါ”

တံခါးအဝင်ဝတွင် ဆေးတောင်ကြားအကြီးအကဲသည် ဒေါသတကြီး အော်ဟစ်ပြီး အမြန်ပြေးလာသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် အားကောင်းသော အင်အားတစ်ခု ဆူပွက်လာပြီဖြစ်ကာ အမြင့်ဆုံးဝိညာဉ်ဂိုဏ်းခွန်အား မိုးပြာ ရောင်စွမ်းအားသည် အရေးကြီးသည့်အချိန်တွင် လွှမ်းမိုးစွာတွန်းကန်လေ၏။ သူသည် ပါးစပ်မှ ညှာတာရန်အော်ဟစ်နေသည်။ သို့သော် သူ့လက်သည် ပေထင်းဟွမ်အတွက် အသက်ရှင်ရန်လမ်းဖယ်မပေးပေ။

အခန်းထဲမှလူများအားလုံးထွက်လာကြသည်။ ထိုအချိန်တွင် ဆိုင်ရှင် သည် ပေထင်းဟွမ်ရွေးထားသော ဆေးပစ္စည်းများကို ကိုင်ကာ ကောင်တာဘေး တွင်ပုန်းကာ တုန်ယင်နေသည်။ ချွေးအေးများပြန်လာသည်။ ပေထင်းဟွမ်၏ နာမည်သည် သူတို့၏နားထဲသို့ဝင်လာပြီဖြစ်သည်။ ပင်မတိုက်ကြီးတွင် ကြီးထွားဆဲ အလားအလာအကန့်အသတ်မရှိသည့် လူငယ်တစ်ယောက်သည် ထိုအချိန်တွင် အဘိုးကြီးတစ်ယောက်၏လက်ထဲတွင် သေတော့မလိုဖြစ်နေ သည်။

ပေထင်းဟွမ်ကို မျှော်လင့်ချက်ထားရင်း တံခါးတွင်ရပ်ကာ ပေထင်းဟွမ် ၏ ဓားပျော့မှထွက်လာသော ကြီးမားသည့်နဂါးကို ကြောက်လန့်သောမျက်လုံး များဖြင့် စိုက်ကြည့်နေသည်။ အလွန်တုန်ယင်နေသော ကျူလင်သည် ထိုအချိန် တွင် အကြီးအကဲကို တားချင်သော်လည်း ကစားတစ်ခွန်းမှထွက်မလာပေ။

ကျူလင်သည် ရုတ်တရက် မျက်လုံးများကို တင်းကြပ်စွာပိတ်လိုက်သည်။ ပင်မတိုက်ကြီးမှ ဆေးတောင်ကြားမိသားစု၏ ခွန်အားသည် အမှန်တကယ်ပင် မကောင်းပေ။ သူတို့ထဲတွင် အကြီးအကဲကြီးသည် အသန်မာဆုံးဖြစ်သည်။ သူ၏ အကြီးအကဲကြီးသည် ပင်မတိုက်ကြီးတွင် တစ်ယောက်နှင့်တစ်ယောက် မကယ်နိုင်သည့်အဖြစ်ကို မမြင်ရက်ပေ။

ထိုအချိန်တွင် ပေထင်းဟွမ်သည် လက်ထဲမှဓားပျော့ကို ကြီးမားသော နဂါးနှင့်ရစ်ပတ်ပြီး ကျူထုံဆီသို့ ပြေးဝင်လေသည်။ သူမ၏ကျောပြင်သည် လစ်ဟာနေပုံပေါက်ပြီး အကြီးအကဲကြီး၏ လက်ဖဝါးမှအင်အားသည် ပေထင်းဟွမ်၏ကျောပြင်ဆီသို့ ခပ်ကြမ်းကြမ်းရိုက်လေသည်။

တတိယအထပ်၏ ခန်းမတစ်ခုလုံးတွင် လေဟာနယ်သည် ရွဲ့စောင်းသွား သည့်ပုံပင်။ ခန်းမထဲမှရောင်ဝါသည် ထိုကြီးမားသောနဂါးအဖြစ်ပြောင်းလဲသွား ပြီဖြစ်သည်။ ဖြူစွတ်ပြီး ကြွယ်ဝသောရောင်ဝါသည် ကြီးမားသောနဂါးအဖြစ် ပြောင်းသွားရာ ကျူထုံ၏မျက်လုံးထဲတွင် ရောင်ပြန်ဟပ်လေသည်။ နဂါး၏ ပါးစပ်တွင် သွေးများပြည့်နေပြီး သူမမျက်လုံးထဲမှ သွေးခဲသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားကာ ထိုင်းမှိုင်းသောမျက်လုံးတစ်စုံသာ ကျန်ခဲ့သည်။ တဖြည်းဖြည်းနှင့် မျက်လုံးထဲမှ နောက်ဆုံးအလင်းသည် နဂါးပါးစပ်ကြောင့် ကွယ်သွားပြီး သူမ၏တစ်ကိုယ်လုံးသည် ဝါးမျိုခံလိုက်ရလေသည်။

“အာ...”

ကြက်သီးထလောက်စရာအော်သံသည် တတိယအထပ်ခေါင်မိုးကို ပွင့်ထွက်တော့မည့်အလားပင်။ ထိုစိတ်မချမ်းမြေ့စရာအော်သံအောက်တွင် အကြီးအကဲကြီး၏မျက်လုံးများသည် နီရဲလာကာ ခန္ဓာကိုယ်မှ နောက်ဆုံး အသက်ကြောသည် ဆူပွက်လာသည်။ စွမ်းအင်အုပ်စုသည် ပိုပိုပြီးပြင်းထန် သည့်အဟုန်နှင့် ပေထင်းဟွမ်၏ကျောပြင်ဆီသို့ သွားလေသည်။

တိုက်စစ်သည် ရှုပ်ထွေးပြီး ညှာတာမှုကင်းသည်။ နှစ်ပေါင်းများစွာ ဝိညာဉ်းဂိုဏ်းထိပ်ဆုံးအဆင့်ရောက်နေသည့် အဘိုးကြီးပီသစွာပင် ကောင်းကင်ပြာစွမ်းအင်သည် မျှော်သလင်းကျောက်အခွံခဲ့သို့ မြို့တစ်မြို့ကို ဖျက်ဆီးရန်လုံလောက်လေသည်။ ထိုစွမ်းအင်သည် ပေထင်းဟွမ်အား ဖောက်ခွဲ နိုင်မည်ဟု မည်သူမှ သံသယမရှိကြပေ။ ထို့နောက်တွင် ပေထင်းဟွမ်သည် ဘာတစ်ခုမှမကျန်လောက်အောင် ပေါက်ကွဲသွားလိမ့်မည်။

ထိုနေရာမှလူများ၏ မျက်လုံးများထဲတွင် ကြောက်လန့်မှုအပြည့်ဖြစ်နေ ကာ ပါးစပ်များသည် ကြက်ဥဝင်ဥနိုင်လောက်အောင် အဟောင်းသားဖြစ်နေပြီး ပင်မတိုက်ကြီးအား စိုးရိမ်သောမျက်လုံးများဖြင့် ကြည့်လေသည်။

မထင်မှတ်စွာပင် တန့်ကာမြို့သို့လာစဉ်က အဂ္ဂိရတ်ပညာအစည်းအဝေး ကို အပျော်ကြည့်ရန်ဖြစ်သော်လည်း ပေထင်းဟွမ်၏ ကျရှုံးမှုကို အရင်ကြည့်ရ တော့မည်ဖြစ်သည်။

အဘိုးကြီးနှင့် သခင်ပေထင်းဟွမ်တို့ မျက်နှာချင်းဆိုင် တိုက်ခိုက်ရာတွင် အဘိုးကြီးသည် ပေထင်းဟွမ်အား အနိုင်မရနိုင်ကြောင်း သူတို့ ယုံကြည်ထား သော်လည်း ဤအဘိုးကြီးသည် ချောင်းမြောင်းတိုက်ခိုက်လိုက်ခြင်းပင်။

All Chapters