Chapters

သူမ ဘယ်လိုလုပ်လိုက်တာလဲ

Vol. 55 Ch. 1084

သူမ ဘယ်လိုလုပ်လိုက်တာလဲ

Vol. 55 Ch. 1084

“မိုးနတ်မင်းရေ ပြီးသွားပြီ သခင်ပေထင်းဟွမ်သာ ဒီမှာကျသွားရင် ဟွမ်ချန်းနဲ့ယန်ချန်းက ငါတို့ ကုန်သွယ်ရေးအစည်းအရုံးကို ဖြိုပစ်တော့မှာ ဝူး ဒီကပ်ဘေးကို ဖြစ်စေတာ ငါပါပဲ ငိုတောင်မငိုနိုင်တော့ဘူး”

ပေထင်းဟွမ်၏ လက်ထဲမှ လွတ်မြောက်လာသော လုကျီသည် ထိုအချိန် တွင် နဂါးဝါမျိုခြင်းကိုခံရသည့် ကျူထုံကိုပင် ဂရုမစိုက်နိုင်တော့ပေ။ အကြီးအကဲကြီး ပေထင်းဟွမ်အား ချောင်းမြောင်းတိုက်ခိုက်သည်ကို ကြည့်ပြီး မျက်လုံးများသည် ကြောက်လန့်ခြင်းများနှင့်ပြည့်သွားလေသည်။

သူမသည် နောက်ပိုင်းပေါ်လာမည့် မြင်ကွင်းကို မကြည့်နိုင်သကဲ့သို့ မျက်လုံးများကို တင်းကြပ်စွာပိတ်လိုက်သည်။

ကောင်းကင်ပြာစွမ်းအင်သည် လေထဲကိုထိုးခွင်းသွားကာ ပေထင်းဟွမ်၏ ကျောပြင်အား ဖျက်ဆီးတော့မည့်အလားပင်။ သို့သော် စွမ်းအားစုသည် ပေထင်းဟွမ်အား တိုက်ခိုက်မည့်ပုံနှင့် ပေထင်းဟွမ်အား စတင်လည်ပတ်တော့ သည်။ နောက်ဆုံးတွင် ထူးဆန်းသည့်ပုံစံနှင့် ပေထင်းဟွမ်၏ဓားပျော့ပေါ်မှ ကြီးမားသောနဂါးဆီသို့ ရစ်ပတ်လေသည်။

ကြီးမားသောနဂါးသည် ထိုအချိန်တွင် မာန်ဟိန်းလိုက်ပြီး ပေထင်းဟွမ် ၏ လက်နောက်သို့လိုက်ကာ ကောင်းကင်ပေါ်တွင် အမြီးခတ်ပြီး သူမ အနောက်မှ အကြီးအကဲကြီးကို မိုးကြိုးသွားခွန်အားနှင့် ရိုက်ချလေသည်။

“မဟုတ်သေးဘူး မဖြစ်နိုင်တာ” တိုက်ပွဲသည် အလှည့်အပြောင်းဖြစ်သွား လိမ့်မည်ဟု အကြီးအကဲကြီးမမျှော်လင့်ထားပေ။ သူသည် စိတ်အားထက်သန် စွာနှင့်နောက်ဆုတ်လေသည်။ သို့သော် ခြေထောက်များသည် မြေကြီးနှင့် ကပ် နေသည့်အလား လုံးဝလှုပ်မရပေ။

ထိုအချိန်တွင် အကြီးအကဲကြီး၏အနောက် မလှမ်းမကမ်းတွင်ရပ်နေ သည့် ကျူလင်သည် အကြီးအကဲကြီးပေထင်းဟွမ်ကို တိုက်ခိုက်သည့်အချိန် ကတည်းကပင် ဘေးသို့ ရှောင်ရှားပြီးဖြစ်လေသည်။ မချမ်းမြေ့ဖွယ်ရာအော်သံ ဖြစ်သဖြင့် သူသည် မျက်လုံးကိုပင်မဖွင့်ရဲပေ။

ခန်းမထဲတွင် အားလုံးသည် မျက်စိရှေ့မှမြင်ကွင်းကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လေသည်။ အကြီးအကဲကြီးသည် ပေထင်းဟွမ်အား သေအောင်ထိလုပ်လိမ့်မည်ဟု မည်သူမှ နားမလည်နိုင်ဖြစ်နေကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် နောက်ပင်မလှည့်ဘဲ အကြီးအကဲကြီးအား ပြိုင်ဘက်ကင်း နဂါး၏ခွန်အားနှင့် တိုက်ခိုက်ခဲ့သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“မိုးနတ်မင်းရေ ဒါ မဖြစ်နိုင်ဘူး သူ ဘယ်လိုလုပ်လိုက်တာလဲ”

“သခင်ပေထင်းဟွမ်က ဝိညာဉ်ဂိုဏ်းပဲရှိသေးတာကို ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ”

ကြီးမားသောစွမ်းအင်လှိုင်းအောက်တွင် တံခါးနှင့်ပြတင်းပေါက်များ အားလုံးသည် သေဆုံးခြင်းမတိုင်ခင်တွင် ပြိုကျသွားလေသည်။ အခန်းထဲမှ ကောင်တာသည် ဝိညာဉ်စွမ်းအင်နှစ်ခု၏ တိုက်ခိုက်မှုအောက်တွင် တုန်ခါကာ မြေကြီးနှင့်ရိုက်မိပြီး အသံများထွက်လာသည်။ နေရာတစ်ခုလုံးမှ ဝိညာဉ် စွမ်းအင်အားလုံးသည် စုပ်ယူခံလိုက်ရပြီး အားလုံးသည် အသက်မရှူနိုင် လောက်အောင် အလွန်ခက်ခဲလေသည်။

ရင်များတုန်ယင်လာသည်။ ထိုအချိန်တွင် အားလုံး၏မျက်လုံးထဲတွင် ပေထင်းဟွမ်သည် ကောင်လေးမဟုတ်တော့ဘဲ ငရဲမှတက်လာသည့် ငရဲမင်း ပင်ဖြစ်သည်။

“ဖူး”

ကြီးမားသောနဂါး၏ခေါင်းသည် အကြီးအကဲကြီးအား အညှာတာမဲ့စွာ ရိုက်ချရာ အကြီးအကဲကြီး၏ပါးစပ်မှ သွေးများစီးကျလာပြီး သူ့ တစ်ကိုယ်လုံး သည် မြင့်တက်သွားကာ ခန်းမတံခါးဆီသို့ လွင့်သွားပြီး တိုင်လုံးနှင့်ရိုက်မိလေ သည်။

ဘုန်း...

ခေါင်းအထက်မှ မျက်နှာကျက်သည် နိမ့်ကျလာသလို ခံစားလိုက်ရသည်။ သူတို့ရှေ့မှ ကျောက်စိမ်းတိုင်လုံးသည် အကြီးအကဲကြီး၏ ခန္ဓာကိုယ်ကြောင့် ကျိုးသွားလေသည်။ အကြီးအကဲကြီးသည် ကြွက်တစ်ကောင်ကဲ့သို့ မြေကြီး ပေါ်ကျသွားလေသည်။ အဆောက်အဦးသည် စတင်လဲပြိုလေသည်။

အကြီးအကဲကြီး၏ အသက်ကြောသည် တဖြည်းဖြည်းပျောက်ကွယ်နေ သည်။ ထိုအချိန်တွင် ကြီးမားသောနဂါး၏ စွမ်းအင်သည် မှေးမှိန်သွားပြီး ရောင်ဝါသည် ကောင်းကင်နှင့်မြေကြီးအကြားမှ နေရာသို့ ပြန်သွားပြီဖြစ်သည်။ မရေမတွက်နိုင်သော အသွေးနှင့်အသား အစိတ်အပိုင်းများသည် မိုးရွာသလို ကျလာတော့သည်။