၃၃ ကောင်းကင်ဘုံကို ဝင်တာကိုစောင့်ပေး
Vol. 55 Ch. 1085
ထိုအချိန်တွင်ပင်လျှင် အသစ်တည်ဆောက်ထားသည်မှာ နှစ်အနည်း ငယ်သာရှိသေးသည့် တန့်ကာမြို့၏ ကုန်သွယ်ရေးအစည်းအရုံး အဆောက်အဦးသည် စတင်ပြိုလဲစပြုလာသည်။ သို့သော် တတိယအထပ်တွင် ရှိနေသည့် လူများအားလုံးနီးပါးသည် မလှုပ်ကြပေ။ ထိုအချိန်တွင် အားလုံး၏ အကြည့်များသည် မြေပြင်အထက်မှ အကြီးအကဲကြီးဆီသို့ရောက်သွားလေ သည်။ မြေကြီးတွင် သွေးများစွန်းပေနေပြီး လူငယ်သည် ခန်းမထဲတွင်ရပ်နေ လေသည်။
လူငယ်သည် ဓားရှည်ကိုကိုင်ထားကာ မည်းနက်သောမျက်လုံးတစ်စုံ သည် အလင်းနှင့်အတူ လက်နေသည်။ သူမ၏မျက်အိမ်မှတစ်ဆင့် အားလုံး သည် နတ်ဘုရားတစ်ပါးကိုမြင်လိုက်ရသလိုပင်။
“မင်ဟွမ်က ဇာမဏီမြို့ကို စပြီးတိုက်ခိုက်နေပြီပေါ့”
လူငယ်၏အသံ ခန်းမထဲတွင် ပဲ့တင်ထပ်ရန် အချိန်အတော်ကြာလေ သည်။ သူမစကားဆုံးသည်နှင့် ရုတ်တရက်ခေါင်းလှည့်လိုက်ကာ လုကျီဆီသို့ ပြင်းထန်သည့်လူသတ်မည့်ရောင်ဝါသည် ကောင်းကင်ကိုဖြတ်ပြီး ကမ္ဘာ မြေကြီးကို ဖျက်ဆီးနိုင်သည့်ဓားအလား တိုးဝင်လေသည်။ လည်ပင်းကို ဖြတ် သွားသည့်ဓားကို ရုတ်တရက်ရှောင်ရှားလိုက်သော်လည်း သွေးဆူသည့် လူသတ်မည့်ရောင်ဝါအဖြစ်ပြောင်းသွားသည့် ကြီးမားသောဓားကို မရှောင်ရှား နိုင်ပေ။ လည်ပင်းပေါ်တွင် ပူနွေးသောသွေးစီးကြောင်း စီးကျလာသည်။
ထိုအချိန်တွင် ဤလူငယ်သည် ဒဏ္ဍာရီလာဝိညာဉ်ဂိုဏ်းသာရှိသေးသည် ဟု လုကျီတွေးလိုက်လျှင် ၃၃ ကောင်းကင်ဘုံ၏ ရက်စက်သောတိုက်ခိုက်ရေး ပတ်ဝန်းကျင်တွင် သေသွားနိုင်သည်။ ဤကဲ့သို့ရင်းနှီးသောအဆင့်အတွက် ကောင်းကင်နှင့်မြေကြီး၏ရောင်ဝါကို သုံးနိုင်ရန် ဤလူငယ်သည် နတ်ဘုရား မဖြစ်သေးလျှင်တောင် နတ်ဘုရားအဆင့်ထက် ကျော်လွန်နေပြီဖြစ်သည်။
ထိုအချိန်တွင် ကျူလင်သည် ရင်တုန်သည်ကို မချုပ်တည်းနိုင်ပေ။ သူ၏ ရင်တစ်ခုလုံး အကြမ်းပတမ်းတုန်ယင်လာသည်မှာ သူ့ကို မသက်မသာဖြစ်စေ သည်။ သူ၏မျက်နှာသည် ဖြူဖျော့လာပြီး စစ်နတ်ဘုရားနှင့်တူသည့် လူငယ်ကို ကြောက်လန့်သောမျက်လုံးများဖြင့် ကြည့်နေလေသည်။ နာရီအနည်းငယ် အတွင်းတွင် လူငယ်သည် ကောင်းကင်နှင့်မြေကြီး၏ရောင်ဝါကို ကြီးမားသော နဂါးအဖြစ် စုစည်းနိုင်ည်။ သူ၏ မျက်လုံးနှင့် ကိုယ်တိုင်မမြင်မိလျှင် ယုံမိမည် မဟုတ်ပေ။
“နာရီနည်းနည်းပဲရှိသေးတာကို သူ့ခွန်အားက ငါ့ကိုဖိနှိပ်သွားပြီ၊ ဒီလိုမျိုး အရည်အချင်းကို နားလည်တဲ့ပုံစံမျိုးနဲ့ဆိုရင် ဒဏ္ဍာရီဝင်နတ်မိစ္ဆာဧကရာဇ် တောင်မှ သူ့လောက်တော်မှာမဟုတ်ဘူး” ကျူလင်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိလေသည်။ သူ့လက်ဖဝါးတွင် ချွေးအေးများပြန်နေပြီ ဖြစ်သည်။
လုကျီ၏မျက်နှာမှပါးအို့နီနီသည် သူမ၏ဖြူဖျော့သောမျက်နှာကို မကာ နိုင်ပေ။ သူမ ပေထင်းဟွမ်၏ မေးခွန်းကိုကြားသောအခါ ခေါင်းညိတ်လေသည် “ဒီ.. ဒီကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူး ငါမဟုတ်ဘူး ငါလည်း အတူတူပဲ၊ ငါက ဒီအတိုင်းပဲ ကြား...”
“ဘယ်တုန်းကလဲ” ပေထင်းဟွမ်၏တစ်ကိုယ်လုံးမှ ရောင်ဝါသည် ဖောင်း လာသကဲ့သို့ မြင့်တက်လာရာ အားလုံးသည် သူမ၏ ဆွဲဆောင်မှုရှိသောရောင်ဝါ ကို ခံစားမိလေသည်။ သူမ၏မျက်လုံးများသည် နီရဲလျက်ရှိပြီး အော်ဟစ်ပြော လေသည် “ငါ မင်းကိုမေးနေတယ် ဘယ်တုန်းကလဲလို့”
အခု.. အခုပြန်သွားရင် အချိန်မှီသေးလား။
“မသိဘူး မသိဘူး ငါမသိဘူး သူရောက်နေပြီလို့ပဲ ငါကြားတာ” လုကျီ သည် ခက်ခက်ခဲခဲပြန်ဖြေလေသည်။ ပေထင်းဟွမ်၏ အတွေးလှိုင်းများသည် ကောင်းကင်နှင့်မြေကြီးရောင်ဝါကို လှုံ့ဆော်လိုက်ပြီး လုကျီခံစားရသည့် ဖိအား သည် အကြီးဆုံးဖြစ်သည်။ သူမအနောက်တွင် အိမ်နံရံများသည် ပြိုကျလျက်ရှိ နေပြီး သူမခြေထောက်အောက်မှ ကြမ်းခင်းသည် စတင်ပြိုလဲလေသည်။ သူမ သည် တစ်လက်မမျှမလှုပ်ရဲပေ။
“ဟား ဟား ဟား”
ရယ်မောသည် ခေါင်မိုးကိုဖြတ်လာပြီး တန့်ကာမြို့၏ကောင်းကင်တစ်ခု လုံးကို လှုပ်ခါလေသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ယခုလိုမြင်ကွင်းကို ကြုံတွေ့ဖူးသူများသည် ရှင်းလင်းစွာသိမြင်ကြသည်။ ကောင်းကင်ပေါ်တွင် တိမ်တိုက်မည်းများ လှိမ့်တက်နေပြီး မိုးကြိုးနှင့်လျှပ်စီးများလက်နေကာ သခင်ပေထင်းဟွမ်ရှိသည့်နေရာတွင် အသံသည် ကောင်းကင်ကိုထိုးဖောက် သွားပြီး ကြီးမားသောအပေါက်နက်ကြီး ပေါ်လာကာ ကြီးမားသောစွမ်းအင်မှာ လိမ်ယှက်သွားပြီး ရစ်ပတ်လေသည်။ မူလကကြည်လင်သောကောင်းကင်မှ ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီး မြို့တစ်ခုလုံးကို မိုးကြိုးပစ်ရာ မရေမတွက်နိုင်သောအိမ်များ မီးစွဲပြိး တန့်ကာတစ်မြို့လုံးသည် ငရဲသို့ကျသွား လေသည်။
“မင်ဟုန် မင်ရှို့ ဝိညာဉ်နတ်ဘုရားမျိုးနွယ် ဆုသာတောင်းထားကြတော့ မင်ဟွမ်က ငါ့ဇာမဏီမြို့ကလူတွေကို လှုပ်အောင်လုပ်လို့မရဘူး၊ ငါ့ဇာမဏီမြို့ တစ်ဝက်ကို ဆုံးရှုံးလိုက်ရရင်တောင် တစ်ယောက်သေရင် ငါ ၃၃ ကောင်းကင် ဘုံကို တက်တဲ့တစ်နေ့ မင်းတို့ဝိညာဉ်နတ်ဘုရားမျိုးနွယ် ချေမှုန်းခံရမယ်” ပေထင်းဟွမ်၏ အသံသည် ပင်မတိုက်ကြီး၏ နယ်မြေတစ်ခုလုံးကို အားပြင်းစွာ ပဲ့တင်ထပ်သွားလေသည်။