← Chapters

မင်းတို့ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကို ရှင်းထုတ်ရမယ့် အချိန်ပဲ

Vol. 55 Ch. 1086

မင်းတို့ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကို ရှင်းထုတ်ရမယ့် အချိန်ပဲ

Vol. 55 Ch. 1086

ထိုအချိန် ဇာမဏီမြို့၏ ၇ လပိုင်းသည် တစ်နှစ်ပတ်လုံး၏ အလှပဆုံး အချိန်ဖြစ်သည်။ အရင်မျိုးနွယ်ကြီးလေးခုမြို့ ယခုဇာမဏီမြို့သည် မြင့်မား သော ပလိန်းပင်အောက်၊ ကျောက်စိမ်းကဲ့သို့ပန်းခင်း၊ မျိုးနွယ်ကြီးလေးခုကို ကိုယ်စားပြုသော ပန်းအမျိုးအစားများသည် ပွင့်လန်းနေကြသည်။

မှင်ရောင်မက်မွန်သီးများသည် မည်းနက်နေပြီး ဇာမဏီအမြီးနှင့်တူသော ပွင့်ဖတ်များသည် ကောင်းကင်ဆီသို့မျှော်ကာ မြင့်မားလျက်ရှိသည်။ မိန်းကလေးတစ်ဦး ခေါင်းဖြီးလိုက်သကဲ့သို့ မွှေးရနံ့သည် လေထဲတွင် ပျံ့နေပြီး ပွင့်ဖတ်ပေါ်တွင်ရောင်ဝါ ခပ်ဖျော့ဖျော့ရှိနေသည်။

နီရဲသောငှက်မွေးသည် မီးလုံးကဲ့သို့ဖြစ်နေသည်။ အရှေ့ဘက်မှထွက်လာ သောမနက်ခင်းနေပင်လျှင် ထိုအရောင်ကို မဖိနှိပ်နိုင်ပေ။ ပွင့်ဖတ်အစွန်းများ သည် ပန်းဖွားများကဲ့သို့ဖြစ်နေပြီး လေထဲတွင် နူးညံ့စွာယိမ်းနွဲ့နေသည်မှာ မိန်းကလေးတစ်ယောက် ချည်နှောင်ထားသော ဖဲပြားခါးအနားတွင် ဝေ့‌ဝဲနေ သည်နှင့်တူပြီး ပန်းရနံ့များဖြင့် ပြည့်နှက်နေသည်။

နှင်းဖြူရောင်ကျောက်စိမ်းပန်းများသည် အဖြူရောင်ကျောက်စိမ်းကဲ့သို့ ထွင်းထုထားပြီး အညိုနုရောင်အမှတ်အသားများသည် မသိတတ်သည့် ကလေး တစ်ယောက် ပွင့်ဖတ်များကို ဆိတ်ထားသကဲ့သို့ဖြစ်နေသည်။ ပွင့်ဖတ်များ နူးညံ့စွာ လှုပ်ခါချိန်တွင် နေရောင်၏ရောင်ခြည်တန်းသည် ၎င်းတို့ပေါ် နူးညံ့စွာ ကျရောက်ပြီး ရောင်စုံအရောင်ပြန်လေသည်။

နဂါးအမြီးကဲ့သို့ဖြစ်နေသည့် ပွင့်ဖတ်သွယ်သွယ်များသည် ထူးဆန်းသော အရောင်ထွက်နေရာ မှော်နှင့်အသွင်ပြောင်းထားသကဲ့သို့ဖြစ်နေသည်။ သို့သော် ရိုးတံမှထွက်လာသည့် ပေါများသောဝိညာဉ်စွမ်းအင်များသည် မိသားစုကြီး လေးခု၏ အလှဆုံးပန်းများလိုပင်။ အခန်းထဲတွင် အိုးများနှင့်ထိုးထားပါက အိပ်နေရင်းနှင့် ခွန်အားတိုးလာတော့မလိုပင်။

ဇာမဏီမြို့တစ်ခုလုံး၏လေထုသည် တက်ကြွလျက်ရှိသည်။ မျိုးနွယ် လေးခုမှလူများသည် ဇာမဏီမြို့မှအရင်းအမြစ်တချို့ကို သားရဲတောဆီသို့ သယ်ပို့လျက်ရှိသည်။ ဇာမဏီမြို့နှင့် ငွေလမြို့အကြားရှိ ထိုနေရာသည် နတ် မိစ္ဆာသားရဲတော၏အစွန်အနီးအနားတွင်ရှိပြီး မြို့အသစ်တည်ဆောက်နေဆဲ ဖြစ်ရာ ထိုမြို့ကို ဇာမဏီမြို့သစ်ဟု ခေါ်ဆိုနေကြပြီဖြစ်သည်။

“အရင်းအမြစ်တွေကို အကုန်ပြောင်းပြီးလုနီးပါးပဲ၊ တစ်လအတွင်း မြို့ တည်ဆောက်တာပြီးမယ်လို့ ပေထင်းကျင်ပြောတယ်၊ သားရဲတောနဲ့နီးတာ လည်းကောင်းတယ်၊ အရင်းအမြစ်တွေကို အနီးအနားကနေပဲရတော့ တခြား နေရာကနေ ပြောင်းနေဖို့မလိုတော့ဘူး၊ မြို့တည်ဆောက်တဲ့နှုန်းကတော့ မြန် တဘ်၊ ရှောင်ကျို့ ဒီတိုက်ကြီးက ထွက်မသွားခင် အနည်းဆုံးတော့ ဇာမဏီမြို့ သစ်ရဲ့ရှေ့ပြေးပုံစံကို မြင်သွားစေချင်တယ်”

ကျယ်ပြန့်သောမြို့လမ်းမကြီးတွင် လူငါးယောက်သည် အုပ်စုဖွဲ့ လမ်းလျှောက်လာသည်။ ရှေ့ဆုံးမှလျှောက်လာသူသည် ဇာမဏီမြို့စားဖြစ်ခဲ့ပြီး လက်ရှိ မဟာမိတ်အင်ပါယာ၏ ပြောရေးဆိုခွင့်ရှိသူ နန်လင်းဖြစ်သည်။ အဓိက ကောင်စီလေးခု၏ အကြီးအကဲများသည် နန်လင်းပြောလိုက်သောစကားကို ကြားသောအခါ အားလုံးသဘောတူကြလေသည်။

ဂိုဏ်းထောက်တုန်ဖန်းလုသည် သက်ပြင်းချပြီး ခံစားချက်ပါပါပြောလေ သည် “ဒီတိုက်ကြီးက သေးလွန်းတယ်၊ ၃၃ ကောင်းကင်ဘုံက တွေ့ကရာလူ ဆင်းလာတာတောင် နတ်ဘုရားအဆင့်ကိုတက်ဖို့ ကြိုးစားနေတဲ့ကျုပ်တို့ထက် သန်မာနေတယ်၊ ကျုပ်တို့က ခေါင်းဆောင်ကို မသွားစေချင်ပေမဲ့ ထွက်သွားတာ ကိုထောက်ခံပေးရမယ်”

“ထွက်သွားတာ ခဏပါပဲ၊ ခေါင်းဆောင်ကြီးရဲ့ ပခုံးပေါ်မှာက လေးလံတဲ့ တာဝန်ယူမှုတွေအများကြီးပဲ၊ ကျုပ်တို့လုပ်နိုင်တာက သူ့ရဲ့ပူပန်မှုတွေကို ဖြေရှင်းပေးပြီး လူငယ်ပညာရှင်တွေ လေ့ကျင့်ပေးဖို့ပဲ၊ အနာဂတ်မှာ သူတို့ကို လည်း ၃၃ ကောင်းကင်ဘုံကို ပို့ရမှာပဲ၊ တစ်ယောက်ယောက်တော့ သူ့ကို နည်းနည်းလောက်ကူညီနိုင်မှာပါ၊ ကျုပ်တို့ကတော့ ကိုယ့်တာဝန်ကို ပြီးမြောက် အောင်လုပ်ရုံတင်ပဲ” ရှီမန်ကျင်သည် မျက်လုံးအိုကြီးများကို ကျဉ်းမြောင်းကာ ပြတ်သားစွာပြောလေသည်။

သူစကားဆုံးသည်နှင့် ရုတ်တရက်ခေါင်းမော့လိုက်ပြီး မျက်လုံးများသည် အဝေးရှိ မိုးကုတ်စက်ဝိုင်းဆီသို့ မျှော်လင့်ကာ သူ၏မျက်အိမ်များသည် ရုတ်တရက် လှုပ်ခါသွားကာ အန္တရာယ်ရှိသောအကြည့်သည် သူ၏စူးရှသော မျက်လုံးများမှထွက်ပေါ်လာလေသည်။

ထိုအချိန်တွင် နန်လင်းတို့သည်လည်း အနောက်ဘက်ကောင်းကင်ရှိရ ဘက်သို့ ကြည့်လိုက်ရာ အားလုံး၏မျက်အိမ်များ လှုပ်ခါသွားလေသည်။ သူတို့ အားလုံးသည် နတ်ဘုရားအဆင့်သို့ ရောက်ပြီးသောအခါ သူတို့၏ထိုးထွင်း ဉာဏ်သည် သန်မာနေပြီဖြစ်ပြီး ကျရောက်လာမည့်အန္တရာယ်ကို ရှင်းလင်းစွာ ခန့်မှန်းနိုင်ကြသည်။ အားကောင်းသောနတ်အာရုံ ပြန့်ထွက်လာပြီး တစ်ဖက်လူ ၏ နတ်အာရုံသည် ဇာမဏီမြို့တစ်ခုလုံးကို လွှမ်းခြုံလေသည်။

All Chapters