← Chapters

ဇာမဏီမြို့ စွန့်ခွာခြင်း

Vol. 55 Ch. 1087

ဇာမဏီမြို့ စွန့်ခွာခြင်း

Vol. 55 Ch. 1087

“ဘယ်သူလာလည်တာလဲ”

နန်လင်းသည် အသက်ကိုပြင်းပြင်းရှူပီး နတ်စွမ်းအားဖြင့် ရစ်ပတ်ကာ အေးစက်သောအသံနှင့် ဤဦးတည်ဘက်သို့လာနေသော နတ်ပုံရိပ်နှစ်ခုရှိရာ ကောင်းကင်ပေါ်သို့ အော်ဟစ်လိုက်သည်။

သူ့အနောက်တွင် ဂိုဏ်းထောက်လေးယောက်သည်လည်း အလွန် အားကောင်းသော နတ်ဘုရားအဆင့်အာရုံကို ထိုဘက်သို့ပို့လိုက်သည်။ မယှဉ် နိုင်သောဖိအားသည် ဇာမဏီမြို့တစ်ခုလုံးကို ချုပ်နှောင်ထားပြီး ဧည့်သည်၏ ရက်စက်သောရောင်ဝါသည် ဇာမဏီမြို့တစ်ခုလုံးကိုလွှမ်းခြုံထားလေသည်။

“အခုဘာလုပ်သင့်လဲ” နန်ကုန်းချန်သည် အနည်းငယ်ပူပန်နေသည်။ ဇာမဏီမြို့တွင် နတ်ဘုရားငါးယောက်ရှိသည်ကို အာရုံခံမိပြီးဖြစ်သလို ပြိုင်ဘက်၏ခွန်အားသည် သူတို့ထက်မြင့်သည်ကို သိပြီးသားဖြစ်သည်။ သူတို့ သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လျှင် အဆုံးတွင် သေခြင်းတရား နှင့်မလွဲမသွေရင်ဆိုင်ရမည်ဖြစ်သည်။

နန်လင်း၏နတ်အာရုံသည် ပြိုင်ဘက်နှင့်တိုက်ခိုက်ပြီး သူ့မျက်နှာသည် ပိုပိုဖြူဖျော့လာကာ နဖူးတွင် ချွေးများပြန်လာသည်။ ဝတ်ရုံအရှေ့နှင့်အနောက် နှင်းဖြူရောင်အဝတ်များသည် ချွေးများဖြင့် စိုရွှဲသွားကာ အရောင်သည် ပိုပိုရင့် လာလေသည်။

ထိုအရာကိုကြည့်ပြီး ပေထင်းချင်သည် အလွန်စိုးရိမ်လာသည်။ သူသည် ခေတ္တမျှစဉ်းစားပြီးနောက် အကြံပြုလေသည် “ဇာမဏီတစ်မြို့လုံးကို စွန့်ခွာ မယ်၊ အထူးသဖြင့် မိသားစုရဲ့လက်ရွေးစင်တွေ၊ ကျုပ်တို့လေးယောက်က ခဏတော့ သွားထောက်ပံ့ပေးမယ်၊ ဇာမဏီမြို့အတွက် အကောင်းဆုံး အချိန် ဆွဲကြမယ် နောက်တစ်ဆင့်ကို ဘာလုပ်ချင်လဲ”

“ဟုတ်ပြီ” တုန်ဖန်းလုသည် တစ်ခွန်းမှမပြောဘဲ ထိုဘက်သို့ ပျံသွားလေ သည်။

နန်ကုန်းချန်နှင့်ရှီမန်ကျင်တို့သည် အနောက်မလှမ်းမကမ်းမှလိုက်လာကြ သည်။ သူတို့သည် နန်လင်း၏ခန္ဓာကိုယ်ကို ရုတ်တရက်ရိုက်ကာ နတ်ဘုရား အလင်းထုတ်လွှတ်ပြီး သူ့ကိုဆွဲကာ ပေထင်းကျင်နှင့်အတူ အနောက်ဘက်သို့ အတူဦးတည်လေသည်။ ကောင်းကင်ကိုမျက်နှာမူပြီး လနောက်သို့လိုက်သည့် ဥက္ကာခဲသို့ ဖြတ်ပျံလေသည်။

မျိုးနွယ်ကြီးလေးခု၏ သခင်များ၏ ရည်ရွယ်ချက်ကို နန်လင်းသိပြီးသား ဖြစ်သည်။ တစ်ဖက်လူ၏ခွန်အားသည် သူတို့ထက်မြင့်နေသည်ကို သူတို့ ရှင်းလင်းစွာသိထားပြီးဖြစ်သည်။ သို့သော် သတို့သည် သေရဲသည့်စိတ်ဓာတ်နှင့် တိုက်ခိုက်မည်ဖြစ်သည်။ ဟွမ်ချန်း အသက်ရှင်ရန် အခွင့်အရေးအတွက် တိုက်ခိုက်မည့်အရေးသည် အမှန်တကယ်ပင် လေးစားစရာဖြစ်သည်။

ထိုအချိန်တွင် စကားပြောနေရန်မလိုတော့ပေ။ နန်လင်းသည် ဇာမဏီ တစ်မြို့လုံး၏အမြင့်ဆုံး မျှော်စင်ဆီသို့ ပျံသွားလေသည်။ နတ်စွမ်းအားသည် ခေါင်းလောင်းကို မြည်စေပြီး လေးလံသောအသံကိုးခုသည် ဇာမဏီမြို့တစ်ခု လုံးတွင် ပဲ့တင်ထပ်သွားသည်မှာ ဇာမဏီမြို့သို့ အမြင့်ဆုံးသတိပေးချက်ဝင် ရောက်ကြောင်းကို ညွှန်ပြနေသည်။

ဇာမဏီမြို့တွင် ပထမဆုံးနတ်ဘုရားအဆင့် ၇ ယေက်အပြင်၊ ဝိညာဉ်ခွဲ ဆေးသောက်ပြီးနောက် နတ်ဘုရားအဆင့်သို့တက်သွားသော ဝိညာဉ်ဂိုဏ်း ထိပ်ဆုံးအဆင့်နှစ်ယောက်ရှိသည်။ ဇာမဏီမြို့တွင် အားလုံးပေါင်း နတ်ဘုရား အဆင့်ငါးယောက်ရှိပြီး တခြားလေးယောက်သည်လည်း ဇာမဏီမြို့သစ်ဆီသို့ အပြေးနှင်လာပြီဖြစ်သည်။

သို့သော် မြို့ထဲတွင် သခင်မရှားပါးလှပေ။ ဝိညာဉ်ဂိုဏ်းအထက် ခွန်အား ရှိသူ အယောက် ၂၀ မျှရှိသည်။ သို့သော် အားလုံးသည် အဆင့်နိမ့်ဓားသမားများ ဖြစ်ကြသည်။ ထိုဖိနှိပ်မှုနောက်တွင် ထိုအားကောင်းသောဝိညာဉ်ဂိုဏ်းများ အားလုံးသည် အန္တရာယ်တစ်ခု ချဉ်းကပ်လာသည်ကို အာရုံခံမိကြသည်။ ထို အချိန်တွင် အချက်ပေးခေါင်းလောင်းသံကို ကြားလိုက်ရာ ဟွမ်ချန်းမှလူများကို တတ်နိုင်သမျှ ခပ်မြန်မြန်ရွှေ့ပြောင်းကြသည်။

ဤအချိန်တွင် ဇာမဏီမြို့သို့ မည်သူလာတိုက်ခိုက်သည်ကို မေးရန်ပင် မလိုတော့ပေ။ အစိမ်းရောင်တောင်များကို ချန်ထားလျှင် ထင်းမီးအတွက် စိတ်ပူရန်မလိုကြောင်းကို ဟွမ်ချန်းမှလူတိုင်း သိကြသည်။ သူတို့သာ အသက် ရှင်နေသရွေ့ ရှင်သန်သေးသရွေ့ အနာဂတ်တွင် လက်စားချေရန် အခွင့်အရေး များစွာရျိသည်။

ဇာမဏီမြို့မှ လူများ ဘာကြောင့် ထိုသို့တွေးသလဲဆိုသည်ကို မေးရန်ပင် မလိုပေ။ သူတို့၏မြို့စားသည် ၁၄ နှစ်ကြာ အမှိုက်ဖြစ်ခဲ့ပြီးနောက် ထပ်ဆုံးသို့ ရောက်သောအခါ သူမ၏အတွေ့အကြုံသည် ဇာမဏီမြို့မှလူတိုင်းကို သင်ယူ စေခဲ့သည်။ အခက်ခဲဆုံးအချိန်မှာပင် မည်သို့ရှင်သန်ရမည်ကို သင်ကြားခဲ့ရပြီး နတ်ဘုရားမှပေးသနားသည့် အခွင့်အရေးကိုစောင့်ရမည့်နည်းလမ်းကို ပြသခဲ့ သည်။

မြေပေါ်တွင် အားလုံးသည် အစဉ်လိုက်ရွှေ့ပြောင်းနေကြသည်။ အနီးအနားမှ အရေးအကြီးဆုံးအရင်းအမြစ်များကို အမြန်ဆုံးနှုန်းဖြင့် ရွှေ့ပြောင်းချိန်တွင် အနောက်ဘက်ကောင်းကင်သို့ ကြည့်ရန်မမေ့လျော့ကြ ပေ။ အားလုံးသည် ပြိုင်ဘက်၏အသွင်အပြင်ကို မှတ်မိရန်ကြိုးစားလျက်ရှိကြ သည်။

All Chapters