သန့်စင်သောမြို့ကို မင်းဖျက်ဆီးခဲ့တာလား
Vol. 55 Ch. 1088
သခင်ကြီးလေးယောက်သည် ထိုအချိန်တွင် ဘီလူးကြီးလေးကောင်ကဲ့သို့ လျင်မြန်စွာပင် ဟွမ်ချန်း၏ကောင်းကင်အထက်သို့ ပျံသွားသည်မှာ ကောင်းကင်တွင် တံလျှပ်များသာကျန်ခဲ့လေသည်။ အားလုံးသည် သူတို့၏ ကိုယ်ပိုင်သားရဲများကို ဆင့်ခေါ်ပြီးဖြစ်သည်။ သားရဲတစ်ကောင်ချင်းစီသည် သခင်၏အဆင့်တက်မှုကြောင့် နတ်အဆင့်သို့မရောက်သေးသော်လည်း အမြင့် မြင့်ကြယ်အထွတ်အမြတ်သားရဲများဖြစ်နေကြပြီဖြစ်၏။
ဂိုဏ်းထောက်လေးယောက်သည် ခန္ဓာကိုယ်တွင် အသွင်ပြောင်းချပ်ဝတ် တန်ဆာများ တင်းကြပ်စွာဝတ်ဆင်လိုက်သည်။ သခင်လေးယောက်၏ မြင့်မြတ်ပြီး ဖုံးမရသောရောင်ဝါနှင့် ထာဝရမြင့်မြတ်မှုကြောင့် အသက်ဝင်လာ သည့် လွှမ်းမိုးနိုင်သောရောင်ဝါသည် သူတို့ကို ပိုပြီးအားကောင်းစေလေသည်။ သူတို့၏ပြိုင်ဘက်သည် တည်ငြိမ်နေပုံပေါက်သော်လည်း သူတို့၏မျက်လုံးများ သည် ကမ္ဘာတစ်ခုလုံးကို လောင်မြိုက်စေမည့် ဒေါသများဖြင့်ပြည့်နေသည်။
သူတို့၏ တံခါးသို့ တစ်စုံတစ်ယောက်ပို့ရဲသည့်ကိစ္စပင်။ ဟွမ်ချန်းကို ဤမျှ အလွယ်တကူအနိုင်ကျင့်နိုင်လိမ့်မည်ဟု ထင်နေသလားပင်။
ဤတိုက်ကြီးတွင် ယန်ချန်းမှလွဲပြီး တခြားအင်အားစုမရှိသလောက်ပင်။ ဇာမဏီမြို့၏အနောက်တွင် သန်မာသောလူများရှိကြသည်။ ပြိုင်ဘက်၏လူ များသည် ၃၃ ကောင်းကင်ဘုံမှလာသည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။ ထို့အပြင် သူတို့ထဲမှာတစ်ယောက်သည် သူတို့နှင့်အရင်က တိုက်ခိုက်ဖူးသည့် ကျိမင်ဖြစ်ကာ နောက်တစ်ယောက်သည် သံသယဝင်စရာမရှိအောင်ပင် သူတို့ ၏ပြိုင်ဘက် စီရင်ချက်ဗိမာန်မှ ဖိတ်ကြားထားသည့် ဝိညာဉ်နတ်ဘုရားမျိုးနွယ် မှဖြစ်မည်။
“နေဦး ဘယ်သူ့ကိုစောင့်နေတာလဲ မြန်မြန်ရပ်လိုက်လေ ဒါက ငါ့ရဲ့ ဇာမဏီမြို့ပဲ ဘယ်သူမှ ကောင်းကင်မှာပျံသန်းလို့မရဘူး” အဝေးတစ်နေရာမှ ပုံရိပ်နှစ်ခုသည် သူ့ရှေ့သို့ရောက်လာပြီဖြစ်ကာ ပေထင်းချင်သည် အေးစက်စွာ အော်ဟစ်လေသည်။ တစ်ဖက်လူသည် ရှေ့သို့တိုးလာကာ သူ့အသံ၏အတက် အကျနှင့်အတူ လေလှိုင်းလှိမ့်လာလေသည်။
ဇာမဏီမြို့၏ နတ်ဘုရားအဆင့်သည် ညအရှင်သခင်အိမ်တော်မှ ကိုယ်ရံ တော်လေးယောက်ဩ တိုက်ခိုက်မှုကိုခံရပြီးနောက် ကောင်းကင်နှင့်မြေကြီး စွမ်းအင်ရွှေ့ပြောင်းသည့် စည်းမျဉ်းများကို ကျွမ်းကျင်သွားကြလေသည်။ သူတို့ သည် ပေထင်းဟွမ်ကဲ့သို့ အဆင့်ကိုနားလည်ရန် လိုသေးသော်လည်း ကျိမင်ကဲ့ သို့ တုံးအသောလူထက် မြင့်လေသည်။
“ဟင်” တစ်ဖက်မှလေလှိုင်းများရောက်လာသည်ကို အာရုံခံမိသဖြင့် တစ်ဖက်မှအားကောင်းသောလူသည် နှာမှုတ်လေသည်။ ထင်ရှားစွာပင် ပင်မ တိုက်ကြီးကဲ့သို့နေရာမျိုးတွင် နှစ်ပေါင်းတစ်သောင်းကြာမှ နတ်ဘုရားများရှိ နေလိမ့်မည်ဟု ထင်မထားပေ။ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းကို နားလည်သူများလည်းရှိနေပြီး ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို ဖြည်းဖြည်း ချင်း ထိန်းချုပ်နေလေသည်။
တစ်ဖက်လူသည် ရွှေရောင်ဝတ်ရုံနှင့် အလွန်ပင်ကြည့်ကောင်းနေသော ကျိမင်ဖြစ်ကာ မြို့ကိုဆုံးရှုံးပြီးနောက် အိမ်ခြေရာမဲ့ဖြစ်နေသည်ကို အရှက်ရ ကောင်းမှန်းမသိပုံပင်။ ထိုအချိန်တွင် ဝင့်ကြွားသည့်မျက်လုံးတစ်စုံနှင့် မြို့ရှိရာ ဘက်သို့ကြည့်နေသည်။ သူ့ဘေးမှလူငယ်သည် ၂၀ နှစ်အစောပိုင်းရှိပုံရကာ ကော်လာနှင့် အင်္ကျီလက်တွင် ရွှေရောင်နဂါးသွားနေသကဲ့သို့ ရွှေရောင် လက်သည်းငါးခုရှိသည့်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။
လူငယ်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ လက်ကိုအနောက်ပို့ထား ပြီး ထိုဘက်သို့ အထင်သေးသောမျက်လုံးများဖြင့် ကြည့်လေသည် “ဒါက ပေထင်းဟွမ်ရဲ့အိမ်လား၊ အဘိုးကြီးလေးယောက်ထဲကတစ်ယောက်က ပေထင်းဟွမ်ရဲ့အဘိုးလား”
ဂိုဏ်းထောက်လေးယောက်၏ ရင်ဘတ်များ မွန်းကြပ်လာသည်။ ဒေါသ ထွက်လာသည်မှာသေချာသည်။ တစ်ဖက်လူသည် သူတို့ထက်ပိုအားကောင်း သည့် သန်မာသောလူဖြစ်သော်လည်း သည်တစ်ခေါက်တွင် သူတို့လေးယောက် သည် ကျိန်ဆဲမိမလိုဖြစ်လေသည်။ ဒါက ဘယ်ကကောင်လဲ။ ထွက်မလာခင် မိဘတွေက မဆုံးမလိုက်ဘူးလား။
“ဟုတ်တယ် ငါတို့အဘိုးကြီးလေးယောက်က ပေထင်းဟွမ်ရဲ့အဘိုးပဲ၊ မင်းက ဘယ်သူလဲ ဘာလိုချင်တာလဲ” ပေထင်းကျင်သည် ဒေါသကို ပြန်မျိုသိပ် လိုက်သည်။ သူသည် တခြားသူ၏မျက်နှာကို ဆယ်ရန်မလိုပေ။ လှောင်ပြောင် မှုအဓိပ္ပာယ်မှာ ရှင်းလင်းလွန်းသည်။
ဟင်း ခွေးလိုမျိုးဝတ်ထားပြီးတော့ ခွေးထက်လောက်အောင် အဆင့်မရှိ ဘူး။
“ကျွတ်ကျွတ်ကျွတ် ခင်ဗျားတို့က တော်တော်မောက်မာတာပဲ” နဂါးဝတ်ရုံဝတ်ဆင်ထားသည့်လူသည် ခေါင်းညိတ်ကာ လက်ကောက်ဝတ်ကို လှည့်လေသည်။ သူ၏ထေ့လုံးငေါ့လုံးများသည် ချဲ့ကားလွန်းလေသည် “နတ်ဘုရားဖြစ်ရတာကို မိုက်လွန်းပြီဖြစ်နေတာလား၊ ဝါးလုံးခေါင်းထဲ လသာ နေတယ်၊ မေးပါဦးမယ် ခင်ဗျားတို့က သန့်စင်သောမြို့ကို ဖျက်ဆီးခဲ့တာလား”