ကောင်းကင်နှင့်မြေကြီးကွဲခြင်း
Vol. 55 Ch. 1089
“မဆိုးဘူး ငါ ဒါကိုစောင့်နေတာ” နန်ကုန်းချန်းသည် ရှေ့တစ်လှမ်းတိုးပြီး မျက်နှာချင်းဆိုင်မှလူနှစ်ယောက်နှင့် ခပ်ခွာခွာရပ်လိုက်သည်။ သူသည် ကျီမင် အား အထင်သေးသောမျက်လုံးများနှင့် ကြည့်ပြီး နဂါးဝတ်ရုံနှင့်လူကို အိုမင်း သောမျက်လုံးများနှင့် တောက်ပစွာကြည့်လေသည်။ “ငါ့ဇာမဏီမြို့က ဘာမှ မထူးခြားဘူး၊ နတ်ဘုရားအဆင့် ၉ ယောက်ပဲရှိတယ်၊ သန့်စင်သောမြို့မှာ ၉ ယောက်ရှိရင် ငါတို့ခေါင်းဆောင် မီးရှို့တာကိုခံရမှာမဟုတ်ဘူး”
ဂိုဏ်းထောက်ကြီးလေးယောက်သည် သူတို့နှစ်ယောက်နှင့် ရင်ဆိုင်ရချိန် တွင် သတိမြင့်မြင့်ထားရှိထားပြီဖြစ်၏။ ထိုလူ၏လက်မြောက်တက်သွားသည် ကိုမြင်သည်နှင့် သူတို့လေးယောက်သည် ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအင်ကို တစ်ပြိုင်နက်ထုတ်ပြီးဖြစ်ကာ ရှေ့တွင် မားမားမတ်မတ်ရပ်လေသည်။ သူတို့ လေးယောက်ရှေ့တွင် ရွှေရောင်ခပ်ဖျော့ဖျော့တံတိုင်းတစ်ခုပေါ်ပေါက်လာသည်။ ထိုလူ၏လက်ထဲမှ ရွှေရောင်နတ်စွမ်းအင်သည် တံတိုင်းဆီသို့ တိုးဝင်လေသည်။
“ဟား ဟား ဟား”
လူငယ်၏လှောင်ရယ်သံသည် ဂိုဏ်းထောက်ကြီးလေးယောက်၏ နားထဲ သို့ တိုးဝင်သွားရာ အပ်ပေါင်းထောင်ချီနှင့် ထိုးလိုက်သကဲ့သို့ တစ်ကိုယ်လုံးမှ ချီစွမ်းအင်နှင့်သွေးများ တန့်ဆိုင်းသွားသည်ကိုသာ ခံစားရလေသည်။ သူ့ဆီသို့ မွန်းကြပ်စရာကောင်းသည့် ကြီးမားသောလေလှိုင်းဝင်လာလေသည်။ ရုတ်တရက်ဖြစ်ပေါ်လာသော ခံစားချက်နှင့်အတူ ရွှေရောင်ဖျော့ဖျော့နှင့် ပြုလုပ်ထားသည့် နတ်စွမ်းအင် ကာကွယ်ရေးတံတိုင်းသည် လူငယ်၏ရိုက်ချက် အောက်တွင် အသုံးမဝင်ဖြစ်ကာ သူတို့လေးယောက်၏ကိုယ်သည် မြေပေါ်သို့ တည့်တည့်လဲကျလေသည်။
လူလေးယောက်သည် လျင်မြန်စွာပင် လူစုကွဲသွားလေသည်။ သူတို့လေး ယောက်၏ စုပေါင်းအားထုတ်မှုသည် လူငယ်၏ သာမန်တိုက်ခိုက်မှုကို မခုခံနိုင် လိမ့်မည်ဟု ထင်မထားပေ။ ထိုအချိန်တွင် နတ်ဘုရားများ၏ အသေအကြေ တိုက်ခိုက်မှုကို ရှောင်ရှားပြီး အသက်မသေအောင်လုပ်ရမည်မှာ အရေးအကြီး ဆုံးကိစ္စဖြစ်သည်။ သေစေနိုင်လောက်သည့်ရိုက်ချက်ကို ရှောင်ရှားပြီးချိန်တွင် ဒဏ်ရာအနည်းနှင့်အများပင်မရကြပေ။
ထိုအခိုက်အတန့်တွင် လူငယ်၏ကျန်သည့်ရိုက်ချက်သည် ဟွမ်ချန်းဆီသို့ အညှာတာမဲ့စွာ တိုးဝင်လေသည်။ ရွှေရောင်နတ်စွမ်းအားမှဖြစ်ပေါ်လာသည့် မြင်းလေ့ကျင့်ရေးသည် အလွန်အားကောင်းသည်။ ၎င်းဖြတ်သွားသည့်နေရာ တိုင်းသည် ကြီးမားသောဘီးကြောင့် ပျက်စီးသွားသလိုပင်။ ပန်ကူး (တရုတ် ဒဏ္ဍာရီနှင့် တာအိုဘာသာရှိ ရှေးဟောင်းပုံဆန်းသတ္တဝါ) ၏ကြီးမားသော ပုဆိန်ကြီးတစ်ခု ဇာမဏီမြို့သို့ ကျလာသလိုပင်။ တောင်ပြိုမှုနှင့် မြေကြီး အက်ကွဲမှုများဖြစ်ပေါ်လာသည်။ ဇာမဏီမြို့၏ မြေကြီးတစ်ခုလုံးပေါ်တွင် ကျယ်ပြန့်သောလမ်းတစ်ခု ပေါ်လာလေသည်။ မိုင်ပေါင်းများစွာကျယ်သော လျှိုတစ်ခုသည် မြေကြီးပေါ်တွင် ဟပြီးပေါ်လာသည်။ အိမ်များနှင့် မရေမတွက် နိုင်သော သတ္တဝါများသည် ဖုန်မှုန့်များဖြစ်ပြီး ဝါးမျိုခံရလေသည်။
ပြိုလဲသံ၊ အော်သံ၊ ကျိန်ဆဲသံများ... အမျိုးမျိုးသော မချမ်းမြေ့ဖွယ်ရာ အသံများသည် ဂုဏ်းထောက်လေးယောက်၏ နားထဲသို့ စီးကြောင်းတစ်ခုလို တိုးဝင်လာကာ သူတို့လေးယောက်၏ရင်ထဲတွင် အဆုံးမရှိသော ပူဆွေးမှုနှင့် နာကြည်းမှုတို့ပြည့်သွားလေသည်။ ဘရိုကိတ်နှင့်တူသောမြို့၊ မိန်းကလေးတစ် ယောက်၏မျက်နှာမှ ရှနာ၊ အကျည်းတန်သောဒဏ်ရာတစ်ခုမှ သွေးများ ထွက် လာသကဲ့သို့ အသက်သွေးကြောပင် တိတ်တိတ်လေး ပျောက်ကွယ်သွားလေ သည်။
ဇာမဏီမြို့တွင် မိသားစုကြီးလေးခုမှ လက်ရွေးစင်လူငယ်များသည် ဇာမဏီမြို့သစ်တည်ရန်အတွက် သွားနှင့်ကြပြီဖြစ်သည်။ ယခု မိသားစုတွင်နေ ခဲ့ကြသူများသည် လျှို့ဝှက်ကျင့်ကြံမှုရှိသည့် ကောင်းကင်အဆင့်ကျင့်ကြံသူများ နှင့် တခြားသူများသည် မိသားစုကြီးလေးခုသွေးသားအနည်းငယ်သာပါဝင်ပြီး မိသားစုကြီးလေးခုအတွက် နှစ်ပေါင်းထောင်ချီ ကြီးပွားအောင် ထောက်ပံ့ပေး လာသော သာမန်လူများဖြစ်သည်။ မိသားစုကြီးလေးခု၏ လက်ရွေးစင်များ သည် ဇာမဏီမြို့၏အရိုး၊ သွေးကြောများဖြစ်လျှင် ဇာမဏီမြို့၏ လည်ပတ်မှု နှင့် ကြွယ်ဝမှုများကို ထိန်းသိမ်းပေးသည့် အသွေးနှင့်အသားများဖြစ်ကြသည်။
နန်လင်း၏ အချက်ပေးခေါင်းလောင်းသံ ထွက်လာပြီးနောက် သူသည် ဟွမ်ချန်းမှလူများ လွတ်မြောက်နိုင်ရန် ကျင့်ကြံသူများကို စီမံပေးလေသည်။ ထိုအိုက်အတန့်တွင် နတ်အလင်းတစ်ခုပြီးတစ်ခုဆင်းသက်လာပြီး မြို့ထဲတွင် အကျည်းတန်သောဒဏ်ရာများပွင့်လာသကဲ့သို့ ကောင်းကင် အချိန်မရွေးပြိုကျ တော့မည့်အတိုင်း၊ ကမ္ဘာကြီးနှစ်ခြမ်းကွဲတော့မည့်အတိုင်းဖြစ်နေသည်။ သို့သော် အားကောင်းသောလူများသည် သာမန်လူများကို ဖြစ်နိုင်သလောက် မြန်မြန်ထွက်ခွာရန် တွန်းပို့ကြသည်။
“သေလိုက်စမ်း ဟေ့ကောင်တွေ မင်းက ငါတို့မြို့ကိုဖျက်ဆီးပြီး ပြည်သူ တွေကို ထိခိုက်အောင်လုပ်တယ်၊ တစ်နေ့ ငါတို့စစ်သည်တွေက ဒီအကြွေးကို ပြန်ဆပ်ခိုင်းမယ်”
“ပြေးကြတော့ ငါတို့ လွတ်မြောက်ချင်တယ် အသက်ရှင်ချင်တယ် လက်စားချေချင်တယ်”
“သေသွားတဲ့ညီအစ်ကိုတွေ၊ ညီအစ်မတွေ၊ အကြီးအကဲတွေကို အလဟ ဿအသေမခံနိုင်ဘူး၊ သန်မာတဲ့သူတွေ အမြန်ထွက်သွားပြီး ငါတို့ကိုချန်ထားခဲ့ လိုက်တော့”
“သား ဒီလူကြီးကို ခေါ်သွားပေးပါ၊ မင်းက ဟွမ်ချန်းကဆိုတာကို အမြဲ မှတ်မိနေရမယ်၊ ငါတို့မြို့ကိုဖျက်ဆီးပြီး ငါတို့အိမ်ကိုမီးလောင်တိုက်သွင်းတဲ့လူ ကို မှတ်ထားရမယ်၊ မင်းအသက်က ဇာမဏီမြို့စား သခင်ပေထင်းအတွက်ဖြစ်ရ မယ်”