အထိုက်အလျောက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ
Vol. 55 Ch. 1090
ဟွမ်ချန်းသည် ဘီလူးတစ်ကောင်နှင့်တူသည်။ မည်သည့်ကပ်ဘေးမျိုး ကျရောက်ပါစေ၊ မည်သို့သောရိုက်ခတ်မှုနှင့် ကြုံပါစေ၊ ဖြစ်နိုင်သည်မှာ ဤမြို့ ၏ အသွေးနှင့်အသားများ ဖြတ်ထုတ်ခံရလျှင်တောင် ကြွက်သားနှင့် အရိုးများ သည် အမြဲတမ်းသန်မာနေပြီး ခါးမှာမတ်မြဲလျက်မတ်နေပြီး စိတ်ဓာတ်လည်း မပြိုလဲတော့မည့်အတိုင်းပင်။
နန်လင်းသည် မျှော်စင်ထိပ်တွင်ရပ်နေပြီး မြေကြီးကိုကြည့်နေသည်။ ထွက်ပြေးနေသော သာမန်လူများမှာ တိုင်များနှင့် အားပြင်းစွာရိုက်မိပြီး သူတို့ ၏အိမ်များကို ဖျက်ဆီးသူများအား ကျိန်ဆဲနေသံများကို နားထောင်နေရ သည်။ အမြဲတမ်းသန်မာသည့် လူကြီးလူကောင်းသည် ထိုအချိန်တွင် မျက်လုံးများ စိုစွတ်လာသည်။
ဟွမ်ချန်းမှလူများ၏ သံမဏိအရိုးများကို ပေထင်းဟွမ်မှ ပုံလောင်းထား ပေးခြင်းဖြစ်သည်။ ဟွမ်ချန်းမှလူများ၏ ဂုဏ်ယူစရာအရိုးများကို ပေထင်းဟွမ် သန့်စင်ပေးထားခြင်းဖြစ်သည်။ ထွက်လာပြီးနောက် ဇာမဏီမြို့မှလူများသည် သေရန်မတ်တတ်ရပ်မည်ဖြစ်ပြီး ဘယ်သောအခါမှ ဒူးထောက်တော့မည် မဟုတ်ပေ။
မြို့သည် ဖျက်ဆီးခံလိုက်ရပြီး အသွေးနှင့်အသားတို့ ဖြတ်ထုတ်ခံလိုက်ရ ကာ ဝိညာဉ်များသည် အဆုံးမရှိသောညသို့ ကျရောက်ပြီး အသက်များသည် ပြန်လည်ဝင်စားကြသည်... သို့သော် မည်သူမှ အသနားမခံကြသလို၊ မည်သူမှ လက်မလျှော့၊ မည်သူမှမငိုကြွေးကြပေ။ သူတို့သည် မြို့မှထွက်ပြေးရသည့်တိုင် တည်ငြိမ်နေပုံပေါက်ပြီး အားလုံးသည် သေခြင်းတရားကို မကြောက်မရွံ့နှင့် ကောင်းကင်ကိုမော်ကြည့်နေကြသည်။ သေခြင်းတရားရောက်လာလျှင်တောင် သူတို့၏အိမ်ကို ကမ္ဘာမြေပေါ်မှ ဝိညာဉ်သန့်စင်ရာဘုံအဖြစ် ပြောင်းလဲပေး လိုက်သူကို မှတ်မိနေရမည်ဖြစ်သည်။
နန်လင်း၏ရင်ဘတ်တစ်ခုလုံးသည် မီးတောက်များဖြင့် တောက်လောင် လာသည်။ သူသည် သူ၏တပည့်အတွက် မြို့ကို အသွေးနှင့်အသားနှင့်ရင်းပြီး ကာကွယ်ချင်သည်။ သူမသည် သူ့ကိုအလွန်ယုံကြည်ကာ ဇာမဏီမြို့အား အပ်ထားခဲ့သည်။ သို့သော် သူသည် သူမအတွက် မြို့ကိုမကာကွယ်ပေးနိုင်ဘဲ မြို့သားများနှင့် သူတို့၏မိသားစုများကို မကာကွယ်နိုင်ဘဲ ဤကဲ့သို့ ကပ်ဘေး ကိုခံစားစေသည်။ သို့သော် မြို့သားများကိုကြည့်ပြီး နန်လင်း၏သေဆုံးနေ သော တိုက်ခိုက်လိုစိတ်များ ပြန်ဖြစ်ပေါ်လာသည်။ ထိုသာမန်လူများသည် လက်စားချေရန်နောက်မကျသေးသည်ကို သိနေရာ သူဘာကြောင့် မသိနိုင် သနည်း။
သူသည်လည်း သခင်ကြီးလေးယောက်၏ ဆန္ဒကိုသိသည်။ သူတို့သည် သူ့ကို ယုံကြည်ပြီး ကြီးလေးသောတာဝန်ပေးအပ်ကာ သူ့ထက်ပင် အဆပေါင်း များစွာသန်မာသည့် ရန်သူနှင့်ရင်ဆိုင်ရန် ရွေးချယ်ခဲ့ကြသည်။
သူသည် မြို့သားများကို အကောင်းဆုံး ထိန်းထားချင်သည်။ အဆုံးအရှုံး နည်းအောင်လုပ်ချင်ကာ ဇာမဏီမြို့၏အနာဂတ်မျှော်လင့်ချက်ကို ထိန်းထား ချင်သည်။ သူသည်နတ်စွမ်းအား ထုတ်ပြီး အသံကိုရစ်ပတ်ကာ အော်ပြောလေ သည် “ဇာမဏီမြို့ရဲ့ ဖခင်၊ ဘိုးဘွားတွေနဲ့ လက်ရွေးစင်တို့ အတတ်နိုင်ဆုံး အသက်ရှင်အောင်ပြေးကြမယ်၊ တစ်နေ့ကျ ငါတို့တွေ ဒီနေ့ခံစားခဲ့ရသမျှကို အဆပေါင်းတစ်ရာပြန်ပေးဆပ်ခိုင်းမယ်၊ မင်းတို့မြို့စားကို မှတ်ထားပါ၊ မင်းတို့ အသက်ကို တန်ဖိုးထားကြ မင်းတို့ကိုယ်မင်းတို့ တတ်နိုင်သမျှ ကယ်ကြ”
နန်လင်း၏စကားလုံးများသည် သေဆုံးနေသောဇာမဏီမြို့ဆီသို့ ရောက် သွားလေသည်။ အားလုံးသည် မလွတ်မြောက်နိုင်တော့ဟု ထင်ထားကြသည်။ သို့သော် ထိုအချိန်တွင် သူတို့သည် ကြက်သွေးနှင့်အားဖြည့်လိုက်ရသကဲ့သို့ ထပ်မံအတွေးပေါက်သွားလေသည်။ သခင်နန်လင်းပြောသည်မှာ မှန်သည်။ အသက်ကိုကယ်ရမည်။ သခင်ပေထင်းဟွမ်၏ လက်စားချေမှုနှင့် ပြန်လည် တိုက်ခိုက်မှုခွန်အားကို ချွေတာရမည်။
ထိုအချိန်တွင် စီရင်ချက်ဗိမာန်ကို ရန်သွားစ၍ ဤကပ်ဘေးခံစားရသည် ဟု မည်သူမှ ပေထင်းဟွမ်အား စောဒကမတက်ကြပေ။
စီရင်ချက်ဗိမာန်သည် နန်ကုန်းမိသားစု၏ လေ့ကျင့်ရေးအဖွဲ့ကို သတ်ခဲ့ ကာ သူတို့၏သမီးကို အဆိပ်ခတ်ခဲ့ပြီး သခင်ပေထင်းဟွမ်၏ ဇနီးလောင်းကို ဖမ်းထားခဲ့ကာ မြို့ကို ဖျက်ဆီးရန်ကြံစည်ခဲ့သည်။ သခင်ပေထင်းဟွမ်သည် ရွေးချယ်စရာမရှိတော့ဘဲ သန့်စင်သောမြို့ကို ဖျက်ဆီးခဲ့ရသည်။ သူမကို တံခါး ရှေ့ထိလာပြီး အနိုင်ကျင့်သည်ကို သူမ မခုခံလျှင် သူမသည် သူတို့၏ခေါင်းဆောင်မဖြစ်ထိုက်ပေ။
သို့သော် သူမ၏လက်စားချေမှုကြောင့် ပြိုင်ဘက်သည် အားကောင်းစွာ ပြန်လာခဲ့သည်။ သူတို့သည် သွေးနှင့်ပြန်ပေးဆပ်ရမည်။ ဇာမဏီမြို့၏မြို့ခံများ သည် လိုလိုလားလားရှိရမည်။
“ဟားဟား အိပ်မက်မက်နေလိုက်၊ ဘုရင်ကြီးဒီမှာရှိနေရင် မင်းအပါအဝင် နတ်ဘုရားအဆင့်တွေ ဇာမဏီမြို့ကနေ တစ်ယောက်တည်းထွက်သွားဖို့ တွေးတောင်မတွေးနဲ့၊ နတ်ဘုရားအဆင့်လောက်ကများ၊ ဒီနတ်ဘုရင်ရှေ့မှာ ပုရွက်ဆိတ်လောက်တောင် အဖိုးမတန်ဘူး”