ရှီရှောင်မို မင်းပဲ
Vol. 55 Ch. 1091
နန်လင်း၏အသံဆုံးသည်နှင့် မိုးကြိုးသွားတစ်ခုအလား အားလုံး၏ အသိ စိတ်ပင်လယ်ထဲတွင် မရေမတွက်နိုင်သောအပ်များဖြင့် ထိုးလိုက်သည့်အလား အချိန်မရွေးပေါက်ကွဲတော့မည့်အတိုင်းပင်။ နန်လင်းပင်လျှင် ထိုဝိညာဉ်တိုက် ခိုက်မှု၏ အသက်ရောက်မှုကိုခံရသဖြင့် မတတ်သာစွာနှင့် ကျိန်ဆဲလိုက်သည် “ဟေ့လူ ဇာမဏီမြို့ကို ဖျက်ဆီးတော့မလို့လား”
ထိုအချိန်တွင် ဟွမ်ချန်း၏ နတ်ဘုရားငါးယောက်၏ စွမ်းအားပင်လျှင် ထို နတ်အာရုံ၏ တိုက်ခိုက်မှုကို မခုခံနိုင်ပေ။ ထိုတိုက်ခိုက်မှုမရပ်လျှင် လဲကျ သွားနိုင်ပြီး အနည်းဆုံးတော့ အသိစိတ်လွတ်သွားနိုင်ကာ အဆိုးဆုံးမှာ သေဆုံး သွားနိုင်သည်။
သို့သော် နတ်ဘုရားအဆင့်ပင်မသေချာလျှင် ဤတိုက်ခိုက်မှုမျိုးကို ခံနိုင် မည်မဟုတ်ပေ။ ထို့အပြင် လူတစ်ဦး၏ဝိညာဉ်စွမ်းအားအဆင့်သည် နတ် စွမ်းအင်နှင့် တိုက်ရိုက်အချိုးကျရန်မလိုပေ။ စိတ်စွမ်းအင်သည် ထိုလူလောက် မကောင်းလျှင် နောက်ဆက်တွဲမှာ ဆိုးဝါးသွားနိုင်သည်။
မင်ဟွမ်၏စိတ်စွမ်းအားသည် သန်မာလွန်းသည်ဟု ၃၃ ကောင်းကင်ဘုံ တွင် ကျော်ကြားသည်။ သူ၏သရုပ်မှန်ကိုပါ ထည့်ပေါင်းလိုက်လျှင် သူသည် ပင်မတိုက်ကြီးမှလူများကို အထင်သေးသည်။ သူသည် ဤကဲ့သို့စွမ်းအားကြီး သော ဝိညာဉ်စွမ်းအားဖြင့် တိုက်ခိုက်ရခြင်း၏ အကြောင်းအရင်းရှိသည်။
ဘုန်း
ဟွမ်ချန်း၏မြေကြီးထဲမှ ထိတ်လန့်ဖွယ်ရာအသံတစ်ခုထွက်ပေါ်လာ၏။ ထိုးဖောက်မြင်ရသောရေကဲ့သို့ဖြစ်နေသည့် စွမ်းအင်ဒိုင်းကာသည် ကောင်းကင် ဆီသို့ထိုးတက်ပြီး ဟွမ်ချန်းအား ကာလေသည်။ ကြီးမားသောစွမ်းအင်သည် လည်း မိုးပေါ်သို့ ထိုးတက်လေသည်။ ကောင်းကင်အထက်တွင် ကြမ်းတမ်းမှု၊ အားကောင်းသောအင်အားစုအောက်တွင် အသံမထွက်နိုင်အောင်ဖြစ်နေသည်။
“မင်ဟွမ် ရူးနေတာလား၊ သန်မာတဲ့လူက အပြစ်မရှိတဲ့လူတွေကို တိုက်ခိုက်တာကို မရှက်ဘူးလား၊ ဟေ့လူ မင်းက ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ ဧကရာဇ်ဖြစ်နေတာ အသုံးမဝင်ဘူးပဲ”
ဇာမဏီမြို့တွင် ကြည်လင်ပြီး လှပသောအသံတစ်ခု ထွက်ပေါ်လာကာ မြေကြီးမှ ပုံရိပ်သုံးခုတက်လာသည်။ ရှေ့တွင်ရပ်နေသူမှာ အနီရောင် ချပ်ဝတ် တန်ဆာဝတ်ဆင်ထားသည့် လူငယ်ဖြစ်သည်။ နန်လင်းသည် ပေထင်းဟွမ်ကို မြင်လိုက်ရသည်နှင့် ရင်ထဲတွင် ပျော်ရွှင်သွားလေသည်။ သူမအနောက်တွင် ငွေရောင်ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်နှစ်ယောက်သည် စစ်နတ်ဘုရားနှင့်တူနေကာ ရှေ့မှလူငယ်အား တင်းတင်းကြပ်ကြပ်စောင့်ကြပ် နေသည်။
“သူမကို ဒီလိုစောင့်ကြပ်ထားတာပဲ ဒါပေမဲ့ ငါ့ရှောင်ကျို့ကို ဘယ်သူမှ မစောင့်ကြပ်ပေးကြဘူး၊ သူမက အနားကလူတွေကို ကာကွယ်ဖို့ အမြဲကြိုးစား နေတာ” နန်လင်းသည် စိတ်ထဲမှ သက်ပြင်းချမိသည်။ သူသည် ပေထင်းဟွမ် အားပိုပိုပြီးလွမ်းလာသည်။
“ရှီရှောင်မို မင်းဖြစ်နေတာကိုး ချီဖေးချီလန် ဘာလို့ မင်းက ဒီကိုရောက် နေတာလဲ” ကောင်းကင်အထက်တွင် ရှီရှောင်မို၏ ရိုက်ချခြင်းကိုခံလိုက်ရသော မင်ဟွမ်သည် ထိုအခိုက်အတန့်တွင် အလွန်မသက်မသာဖြစ်နေသည်။ ရှီရှောင်မို၏ခွန်အားသည် သူ့ထက်မလျော့ပေ။ ရှီရှောင်မို၏တိုက်ခိုက်မှုသည် အလွန်ပြင်းထန်ကာ ရုတ်တရက်ဆန်လွန်းသဖြင့် ပြန်မတိုက်ခိုက်နိုင်လောက် အောင်ဖြစ်စေသည်။ မင်ဟွမ်သည် သုန်မှုန်သောမျက်နှာဖြင့် နှာမှုတ်လေသည် “မင်းသမီးလေးက ဘယ်တုန်းက သူတော်စင်လုပ်ပြီးတော့ ဒီပုရွက်ဆိတ်တွေရဲ့ အသက်ကို ဂရုစိုက်နေရတာလဲ”
ရှီရှောင်မိုသည် မြေပေါ်မှအသက်လုပြေးနေရသော လူများကိုကြည့်ကာ သူမ၏လှပသောမျက်ခုံးများကို ခက်ထန်စွာကြုတ်ပြီး မျက်လုံးထဲတွင် ဒေါသ များ ပေါက်ကွဲလေသည်။ သူမ၏ညာဘက်လက်တွင် လက်သည်းပေါ်လာပြီ ဖြစ်ကာ မင်ဟွမ်အား ညှာတာမှုကင်းစွာ ညွှန်ပြလေသည် “မင်ဟွမ် မင်းက ဘယ်လိုလုပ် ငါ့ညီအစ်ကိုရဲ့လူတွေကို တိုက်ခိုက်ရဲရတာလဲ၊ ဒီနေ့ မင်းက မင်ဟုန်းရဲ့ အချစ်ဆုံးသားဖြစ်ရင်တောင် ဒီမှာမင်းအသက်ကိုစတေးရလိမ့်မယ်”
ဂိုဏ်းထောက်လေးဦးနှင့်နန်လင်းတို့နှင့် မျက်နှာချင်းဆိုင်ရချိန်တွင် မင်ဟွမ်သည် လှောင်ပြောင်ကာ အထင်သေးခဲ့သည်။ သို့သော် ထိုအချိန်တွင် ရှီရှောင်မို မေးခွန်းထုတ်လာရာ မင်ဟွမ်သည် ဝတ်ကျေတမ်းကျေပင် ပြန်မဖြေ နိုင်ပေ။ ရှီရှောင်မို၏ဒေါသသည် ၃၃ ကောင်းကင်ဘုံ၏ အဓိကအင်အားစုများ တွင် အဆိုးဆုံးဖြစ်သည်။ သူသည် စိတ်တိုင်းကျပြုမူတတ်သည်။ သူ့တွင် အလွန်အားကောင်းသည့်ဖခင်နှင့် အလွန်ကာကွယ်ပေးတတ်သည့် ရှောင်ဖုန်းထျန်းယွိ၏ ဦးလေးတို့ရှိသည်။