← Chapters

ဓားလေး ၄ လက် ဘုရင်

Vol. 55 Ch. 1093

ဓားလေး ၄ လက် ဘုရင်

Vol. 55 Ch. 1093

“ရှီရှောင်မို မင်း ငါနဲ့တိုက်ခိုက်ချင်တာသေချာရဲ့လား၊ ငါက ပေထင်းဟွမ် ဖျက်ဆီးသွားတဲ့ သန့်စင်သောမြို့အတွက် တရားမျှတမှုလာရှာတာလို့ ပြောပြီး ပြီနော်” ရှီရှောင်မို၏ စကားကိုကြားသောအခါ မင်ဟွမ်သည် ဒေါသထွက်လေ သည်။ သူသည်လည်း စိတ်ကြီးသည်။ သူသည် ဇာမဏီမြို့ကို ဖျက်ဆီးရန် လာ ခြင်းဖြစ်သော်လည်း ရှီရှောင်မို လာတားကာ သူ့အား ထိခိုက်အောင် လုပ်လု နီးပါးဖြစ်သွားသေးသည်။ ယခုအခါ သူ့ကိုယ်သူ သတ်သေစေချင်နေကာ နောက်နေသလိုဖြစ်နေသည်။

ရှီရှောင်မိုသည် လက်ကိုမြှောက်ကာ စူးရှသောမေးကိုမြင့်မြင့်မော့လေ သည်။ သူမ၏ရောင်ဝါသည် ကြောက်လန့်သည့်အဆင့်သို့ တက်သွားကာ သူမ ၏ ကြည်လင်သောအသံသည် သက်တန့်သဖွယ်ဖြစ်နေသည် “မင်ဟွမ် ငါက မင်းနဲ့ စနောက်ဖို့အချိန်ရှိတယ်လို့ထင်နေတာလား၊ ငါ့ညီအစ်ကိုက ဒီမှာမရှိဘူး မင်းက သူ့ကိုဒီလိုမျိုးအနိုင်ကျင့်တာ၊ အဲအတွက် ငါက တရားမျှတမှုမရှာရတော့ ဘူးလား”

“အကျိုးအကြောင်းမသင့်လိုက်တာ” မင်ဟွမ်သည် လုံးဝဒေါသထွက်လာ သည်။ သူသည် ရှီရှောင်မို၏စိတ်ကို ကောင်းစွာသိသည်။ ယနေ့တိုက်ပွဲသည် ဧကန်ဖြစ်ပွားတော့မည်ကိုသိသည်။ သူ့ကိုယ်သူ အဆုံးမစီရင်သရွေ့ ရှီရှောင်မို သည် နောက်ဆုတ်မည်မဟုတ်ပေ။ ကြီးမားသောရွှေရောင် ကြယ်အဖွဲ့အစည်း ထွက်ပေါ်လာပြီး ၈ ထောင့်ကြယ်လက်လာကာ ရွှေရောင်သန့်စင်သော ကြက်ခြေခတ်ဓားသည် ခြေထောက်အောက်တွင် ပေါ်လာသည်။ ဝိညာဉ် နတ်ဘုရား၏သွေးသားပိုင်ဆိုင်သော လင်ရှန့်မျိုးနွယ်စုမှလူများသည် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းမှ သူတို့အတွက် လမ်းပေးလျှင် ကြယ် အဖွဲ့ အစည်းသည် ရွှေရောင်အလင်းနှင့်အတူ လင်းလက်လာသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး တခြားနေရာမှလူများသည် ထိုလူငယ်ကို အံ့ဩ ခြင်းနှင့်လေးစားခြင်းတို့ဖြစ်ပေါ်လေသည်။ သို့သော် ထိုအချိန်တွင် ထိုရွှေရောင် မြင်ကွင်းကိုမြင်ပြီးနောက် သူတို့၏ခေါင်းပေါ်တွင် ရွှေရောင်နေထွက်ပေါ်လာ သကဲ့သို့ ဇာမဏီမြို့မှလူများသည် မျက်လုံးထဲတွင် အထင်သေးမှုနှင့် အမုန်း တရားတို့ပြည့်နေသည့် ထိုနတ်ဘုရင်အားကြည့်နေလေသည်။

နတ်ဘုရားဘုရင်ကရော။ ဇာမဏီမြို့တွင် နတ်ဘုရား ၉ ယောက် ပေါ်လာ နှင့်ပြီဖြစ်သည်။ ထိုအရာသည် အနာဂတ်တွင် နတ်ဘုရားဘုရင်မပျော်လာနိုင် စရာအကြောင်းမရှိပေ။ ဤနတ်ဘုရားသည် မြင့်သည့်နေရာမှ သူတို့ကို အနိုင် ကျင့်ရန်လာခြင်းဖြစ်သည်။ ဟင်း တစ်နေ့ သူတို့၏ခေါင်းဆောင်ကြီးသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ လူလိမ်ကိုဖယ်ရှားလိမ့်မည်။ သူတို့သည် ထိုနေ့ကို စောင့်နေရမည်။

ရွှေရောင်အလင်းတန်းထဲတွင် နှင်းဖြူရောင်ဦးချိုပါမြင်းသည် ရှေးဟောင်း တောထဲမှ အလင်းတန်းများကိုထိုးဖောက်ထွက်လာသည်နှင့်တူနေသည်။ သမင်ခန္ဓာကိုယ်၊ မြင်းခြေထောက်၊ နွားမြီး၊ ခေါင်းပေါ်မှ လိမ်နေသောဦးချိုနှင့် တစ်ကိုယ်လုံးတွင်လည်း ငွေရောင်နှင်းကဲ့သို့ အမွေးများဖုံးအုပ်လျက်ရှိသည်။ ၎င်းသည် အလွန်ပင် အဆင့်အတန်းမြင့်ပြီး ဖြူစင်ပုံပေါက်သည်။ ငွေရောင် အတောင်ပံတစ်စုံသည် ဖြန့်ထွက်နေကာ ကောင်းကင်နှင့်နေကို ကာထားလျက် ရှိသည်။ ကောင်းကင်အထက်တွင် နတ်ဘုရားတစ်ပါး၏ ရေဖျန်းမင်္ဂလာကို လက်ခံသကဲ့သို့ ငွေရောင်အလင်းဖြင့် လွှမ်းခြုံထားလျက်ရှိလေသည်။

မင်ဟွမ် သူ၏ဝမ်းတွင်းပါသားရဲများအားလုံးကို ဆင့်ခေါ်နေသည်ကို ကြည့်ပြီး ရှီရှောင်မို၏မျက်လုံးများသည် အနည်းငယ်ခန့်ညားလာသည်။ သူမ၏ တစ်ကိုယ်လုံးသည်လည်း ရွှေရောင်အလင်းနှင့်အတူလက်လာသည်။ ၈ ထောင့် ကြယ်အဖွဲ့အစည်းထဲတွင် ငွေရောင်သန့်စင်သောကြက်ခြေခတ်ဓား ၄ လက်ရှိ နေသည်။ သူမတွင် မင်ဟွမ်ကဲ့သို့ နတ်ဘုရားများမှဆင်းသက်လာသည့် သွေးသားမရှိသော်လည်း ငွေရောင်သန့်စင်သောဓား ၄ လက်ထွက်လာချိန်တွင် ဇာမဏီမြို့တစ်ခုလုံးသည် ပျော်ရွှင်မှုများဖြင့် ပြည့်သွားလေသည်။

“သခင်ပေထင်းဟွမ်ရဲ့ သူငယ်ချင်းက ဓား ၄ လက်ဘုရင်ပဲ”

“မိုးနတ်မင်းရေ အားကောင်းလိုက်တာ”

“အဲဒီနတ်ဘုရားကောင်ကို ချေမှုန်းဖို့လောက်ပြီ”

ထိုအခိုက်အတန့်တွင် ငွေရောင်အလင်းကိုဖြတ်ကာ ပုလွေသံကဲ့သို့ ကြည် လင်သည့် ကျီကျီကျာကျာအသံထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးသည် မိုးပေါ်တွင် နေထွက်လာသကဲ့သို့ ရုတ်တရက်ပူလောင်လာလေသည်။ ထိုအချိန် တွင် အနီရောင်ချပ်ဝတ်တန်ဆာဝတ်ထားသော ကောင်လေး၏ဘေးတွင် မီးတောက်များဖြင့်ပြည့်နေသော ခက်ထန်သည့်သားရဲတစ်ကောင် ထွက်ပေါ် လာသည်။

မီးတောက်ဖြင့် လွှမ်းခြုံထားသည့် သားရဲကိုကြည့်ပြီး အားလုံးသည် တစ်ညီတည်း နောက်ဆုတ်ကြလေသည်။ ကောင်လေးနောက်မှ လူငယ် နှစ် ယောက်ပင်လျှင် မီးတောက်များ၏ပူလောင်မှုကြောင့် စိတ်မရှည်ပုံနှင့် ဘေးသို့ တစ်လှမ်းဆီ ရွှေ့ကြလေသည်။ သူမ၏မျက်နှာချင်းဆိုင်တွင် မင်ဟွမ်နှင့် လရောင်ကဲ့သို့ သန့်စင်သော ဦးချိုပါမြင်းတို့သည် မျက်လုံးထဲတွင် ကြောက်လန့်မှုပေါ်လာလေသည်။

“ရူးလိုက်တာ” မင်ဟွမ်သည် ဒေါသနှင့် အံကြိတ်လိုက်သည်။ ရှီရှောင်မို သည် ပေထင်းဟွမ်အတွက် ထိုသို့လုပ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမသည် ဝမ်းတွင်းပါသားရဲကိုပင် ဆင့်ခေါ်ရန် တွေဝေခြင်းမရှိပေ။

All Chapters