← Chapters

ရှီရှောင်မို၏ စစ်မှန်သောခွန်အား

Vol. 55 Ch. 1094

ရှီရှောင်မို၏ စစ်မှန်သောခွန်အား

Vol. 55 Ch. 1094

မီးဇာမဏီ၏ မီးတောက်နှင့်ရစ်ပတ်ကာ၊ ကြက်ခေါင်း၊ မြွေလည်ပင်း၊ လိပ်ကျောပြင်၊ ငါးအမြီးနှင့် တောက်ပသောမီးများအကြားတွင်၊ အနီရောင် ငှက်မွေးများမှ အလင်းတန်းများထွက်နေသည့်အလား ရွှေရောင်တောက်ပ သောအလင်းများထုတ်လွှတ်လေသည်။ ကျောက်စိမ်းနီနီနှင့်တူသော လုံးဝန်း သည့်မျက်လုံးများသည် သန့်စင်သောဦးချိုပါမြင်းကို အထင်သေးစွာကြည့်လေ သည်။

ထိုအချိန်တွင်ပင်လျှင် မီးတောက်များသည် တောက်လောင်နေကာ မီးတောကအစက်များသည် လေထဲတွင် လွင့်ပါနေကာ လေပါပူလောင်နေ သည်။ သို့သော် ဇာမဏီမြို့မှလူများ၏ ခံစားချက်များသည် မီးတောက်များ ထက်ပင် ပိုမြင့်မားနေသည်။

“ခန့်ညှားလိုက်တာ ဇာမဏီ၊ မီးဇာမဏီ”

“အဲဒီဦးချိုပါမြင်းကိုကြည့်လိုက် ကြောက်နေပြီ”

“ငါ့ဘဝမှာ ဇာမဏီငှက်ကို မြင်ရရင် သေသွားရင်တောင် နောင်တရစရာ မရှိတော့ဘူး”

၎င်းသည် သန့်စင်သောသွေးနှင့် ဇာမဏီငှက်ဖြစ်သည်။ ဇာမဏီသွေး၏ လက္ခဏာများ လုံးလုံးလျားလျားရှိနေကာ ၎င်း၏ခန္ဓာကိုယ်တွင် မူကွဲရှိမနေပေ။ ၎င်းသည် ပင်မတိုက်ကြီးမှလူများမြင်ဖူးကြသည့် သွေးသားအခွဲရှိသည့် ဒဏ္ဍာရီ သားရဲမဟုတ်ပေ။ သားရဲ၏အသန့်စင်ဆုံးသွေးသားရှိရာ ပိုအားကောင်းသည်။ ပင်မတိုက်ကြီးတွင် သခင်ပေထင်းဟွမ်တွင် သန့်စင်သောသွေးသားရှိသည့် သားရဲရှိသည်ကို အားလုံးသိကြသည်။ သို့သော် ထိုသားရဲကို မမြင်ဖူးကြပေ။ ဤ မီးဇာမဏီကို ယနေ့မြင်လိုက်ကြရာ မည်သို့စိတ်မလှုပ်ရှားဘဲနေမည်နည်း။

နန်လင်းနှင့်တခြားသူများပင် အလွန်အံ့အားသင့်နေကြသည်။ ဤ ကောင်လေးသည် ငယ်ရွယ်ကာ ပေထင်းဟွမ်နှင့်ရွယ်တူနီးပါးဖြစ်သော်လည်း သူ၏ကိုယ်ရည်ကိုယ်သွေးသည် ပေထင်းဟွမ်ထက်ပင် အနည်းငယ်ပို၍ တက်ကြွသည်။ တူညီသောမောက်မာမှုနှင့် အကျိုးအကြောင်းမသင့်မြတ်မှုတို့ တူညီကာ မတူသည်မှာ ပေထင်းဟွမ်သည် သူမ၏ကိုယ်ပိုင်ခွန်အားကိုမှီခိုခဲ့ရပြီး သူမသည် အလိုလိုက်ခံခဲ့ရသည်။

ကောင်းကင်နှင့်မြေကြီးကိုမကြောက်သည့် စိတ်သည်လည်း တူညီသည်။ သူမသည် သစ္စာရှိမှုကို အာရုံစိုက်ထားပြီး အဆင့်အတန်းမြင့်မှုကို သွေဖယ်ကာ ကမ္ဘာအကြားတွင် ဂုဏ်ယူစွာရပ်နေသည်။ သူမသည် ဤကမ္ဘာကြီးကို ထိန်းချုပ်ရန်မွေးဖွားလာသကဲ့သို့ပင်။ ဤကဲ့သို့ အရိုးထဲမှထွက်လာသော မောက်မာမှုသည် သန်မာသောနောက်ခံရှိမှပင်ဖြစ်နိုင်လိမ့်မည်။

ပေထင်းဟွမ်တွင်လည်း ထိုကဲ့သို့ ထောင်လွှားမှုမရှိသော်လည်း ထိုစိတ် သည် သူမ၏မိသားစုကြောင့် ရလာခြင်းမဟုတ်ပေ။ သူမ၏မောက်မာမှုသည် ဓားတစ်ချောင်း သေနတ်တစ်လက်နှင့် တိုက်ခိုက်သည့် ကိုယ်ပိုင်ခွန်အားကို မှီခိုသည့်လူမျိုးများသာ ပိုင်ဆိုင်နိုင်ကြသည်။ ပေထင်းဟွမ်၏ ထောင်လွှားမှု သည် အလွန်အေးစက်ပြီး ရက်စက်ချင်ရက်စက်လိမ့်မည်။ သို့သော် ဤလူငယ် သည် ထိုသို့မဟုတ်ပေ။ သူမသည် အပြင်မှအတွင်းထိ စိတ်အားထက်သန်လျက် ရှိသည်။ သူမသည် မည်သည့် အောက်ကျခံမှုမှမရှိဘဲ ဘဝတွင် အားကောင်း သော ယုံကြည်မှုနှင့်နေခဲ့ရသည်။

သူမဘေးမှလူငယ်နှစ်ယောက်သည် ကြည့်လိုက်သည်နှင့် အားကောင်း ကြောင်းကိုသိနိုင်သည်။ ထိုအခိုက်အတန့်တွင် သူတို့သည် တစ်ယောက်ပြီး တစ်ယောက် ဓားရှည်များကို ထုတ်ကြလေသည်။ သူတို့သည် စစ်ပွဲထဲတွင် ပါဝင်ရန်ပြင်ဆင်နေခြင်းမဟုတ်ဘဲ ထိုလူငယ် ထိခိုက်မည့်အရေးကို အချိန်မရွေးကာကွယ်ရန်အတွက်ဖြစ်သည်။

မင်ဟွမ်၏တစ်ကိုယ်လုံးကို နတ်အလင်းအလွှာဖြင့် လွှမ်းခြုံထားသော် လည်း သူ ခံစားနိုင်သည်။ အပူလှိုင်းအလွှာသည် သူ့ဆီသို့လာနေပြီး သူ၏ အသိ စိတ်ကို ခံစားရကာ စိတ်ဆိုးမာန်ဆိုးနှင့်ပြောလိုက်သည် “ဧကရာဇ်မိုက မင်းကို ဘယ်လိုလုပ် ဒီလိုဆက်ဆံနိုင်တာလဲ လူတွေလွှတ်လိုက်တာလား၊ ဒီမှာကျသွား မှာကို မကြောက်ဘူးလား”

ရှီရှောင်မို၏ ဖန်နှင့်တူသောမျက်လုံးများသည် ထိုအချိန်တွင် ထူးဆန်း သောအရောင်နှင့် ကျောက်တုံးများလက်သွားသကဲ့သို့ နီရဲသွားကာ နှာမှုတ်လေ သည် “မင်း ကျသွားလိုက်ရင် ငါ့အလှည့်မရောက်တော့ဘူး” သူမသည် မင်ဟွမ် ၏ဘေးမှ ကျိမင်ကိုကြည့်လိုက်သည်။ တစ်ချက်ကြည့်ပြီးနောက် “ချီဖေး ချီလန် ဒီအမှိုက်ကို မင်းတို့လက်ထဲအပ်လိုက်ပြီ၊ ဒီလူက ၃၃ ကောင်းကင်ဘုံကမဟုတ် ဘူး၊ သူက မင်ဟွမ်ကို လှုံ့ဆော်တာဖြစ်မယ် သူ့ကိုအရှင်ထားလို့မရဘူး”

“သခင်” ပေထင်းကျင်သည် အချန်မီပင် မတ်တတ်ထရပ်လေသည် “ဒီလူကစီရင်ချက်ဗိမာန်က ဧကရာဇ်ပါ၊ သူ့ခွန်အားက နတ်ဘုရားအဆင့်ပဲရှိ တယ်၊ သူက ဇာမဏီမြို့ရဲ့အကြီးဆုံး ရန်သူပါ ကျုပ်တို့ကိုသာ အပ်ထားလိုက်ပါ”

ရှီရှောင်မိုသည် ခေါင်းလှည့်ပြီးနောက် အချိန်မှီရောက်လာသော သခင်ကြီးလေးယောက်နှင့် နန်လင်းကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည် “ဟုတ်ပြီ ဒါဆိုလည်း ခင်ဗျားတို့ကို အပ်ထားလိုက်တော့မယ်၊ ရန်သူဆိုမှတော့ ကိုယ့်လက်နဲ့သတ်တာအကောင်းဆုံးပဲ”

ထိုအချိန်တွင် ကျီမင်သည် လူသေတစ်ကောင်ဖြစ်သွားသလိုပင်။

All Chapters