← Chapters

မိုယွိနဲ့ ဝိညာဉ်နတ်ဘုရားမျိုးနွယ်တို့ စစ်ဖြစ်ရင်တောင် ဘာဖြစ်လဲ

Vol. 55 Ch. 1097

မိုယွိနဲ့ ဝိညာဉ်နတ်ဘုရားမျိုးနွယ်တို့ စစ်ဖြစ်ရင်တောင် ဘာဖြစ်လဲ

Vol. 55 Ch. 1097

ထိုအချိန်တွင် ချီဖေးနှင့် ချီလန်တို့ပင် ထိတ်လန့်သွားမိကြသည်။ ရှီရှောင်မိုထုတ်ပြလိုက်သည့် စစ်မှန်သောတိုက်ခိုက်ရေးစွမ်းအားကိုကြည့်ရာ သူတို့ထင်ထားသည့်နှင့် လုံးလုံးလျားလျား ကွဲပြားနေသည်ကို တွေ့ရသည်။ မိုယွိ၏မင်းသမီးလေးသည် ဖခင်နှင့်မိခင်တို့၏ ခိုင်မာသောခွန်အားကို အမွေ ဆက်ခံလိုက်သည့်ပုံပင်။

ရှီရှောင်မို၏အကြောထဲမှ နတ်စွမ်းအားမှာ အပြင်သို့ထွက်လာပြီး လက်သည်းသည် ထပ်မံအင်အားစိုက်ထုတ်ကာ သူမအား ဖိနှိပ်ထားသော လှံတံ၏စွမ်းအားကို အားပါပါတိုက်ခိုက်လေသည်။ ရှီရှောင်မို၏နတ်စွမ်းအား တဖျပ်ဖျပ်လှုပ်ခါပြီး ရှီရှောင်မို၏လက်သည်းများအား ရွှေရောင်နဂါးကဲ့သို့ နတ်စွမ်းအားအတက်အကျနှင့် ရစ်ပတ်လေသည်။ သူမ၏ခန္ဓာကိုယ်မှ ထွက် လာသည့် လွှမ်းမိုးနိုင်သောရောင်ဝါသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် စစ်နတ်ဘုရားကဲ့သို့ ချိတ်တွယ်လေသည်။

“ဝိညာဉ်နတ်ဘုရားမျိုးနွယ်က ပါရမီရှင်လို့ခေါ်တဲ့သူတွေက ဒီထက်မပို နိုင်တော့ဘူးလား” ရှီရှောင်မိုသည် လက်သည်းများကိုမြှောက်လိုက်သည်။ သူမ ၏ မျက်လုံးထဲမှအကြည့်သည် မင်ဟွမ်၏မျက်အိမ်များကို လှုပ်ခါစေသည် “ဝိညာဉ်နတ်ဘုရားသွေးရှိတဲ့ မင်းတောင်မှ သိပ်မသန်မာတဲ့ပုံပဲ”

ရှီရှောင်မို၏ မျက်လုံးများသည် ရုတ်တရက်အေးစက်သွားပြီး နဂိုက ပြုံးနေသော အမူအရာသည် ချွန်ထက်သည့်ဓားသွားအလားဖြစ်သါားပြီး လူ အများ၏နှလုံးကို ရုတ်တရက်အေးစက်သွားစေသည်။ သူမသည် လေးနက်၏။ နောက်နေခြင်းမဟုတ်ပေ။ သူမသည် အမှန်တကယ်ပင် မင်ဟွမ်အား ဤနေရာ တွင် ခေါင်းဖြတ်ချင်နေခြင်းပင်။

ရှီရှောင်မိုအား ထိုသို့မြင်ရသောအခါ မင်ဟွမ်၏ ရင်မှာလှုပ်ခါသွားသည်။ ရှီရှောင်မို ရှေ့တစ်လှမ်းတိုးလာချိန်တွင် မင်ဟွမ်သည် လက်မြှောက်ကာ အော် လေသည် “ရှီရှောင်မို မင်းက ကွေ့ရှိုမိုယွိကို ငါတို့ဝိညာဉ်နတ်ဘုရားမျိုးနွယ်နဲ့ ရန်သူဖြစ်အောင်လုပ်မလို့လား၊ မင်းက နယ်မြေနှစ်ခုကြားကို စစ်ဖြစ်အောင် လုပ်နေတာလား”

ထိုစကားကိုကြားသောအခါ ချီဖေး၏ရင်ခုန်သံမြန်လာသည်။ သူတို့ နှစ်ယောက်သည် ရှက်ရွံ့သောမျက်နှာနှင့် တစ်ယောက်နှင့်တစ်ယောက်ကြည့် ကြလေသည်။ အနက်ရောင်နယ်မြေကွေ့ရှိုနှင့် ဖန်ဆင်းရေးနတ်ဘုရားမှ ဝိညာဉ်နတ်ဘုရးမျိုးနွယ်တို့ ဆက်ခံလာသည်မှာ နှစ်တစ်သောင်းမျှသာရှိသေး သည်။ ပတ္တမြားတိုက်ရှိနေသရွေ့ ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် နှစ်ပေါင်း များစွာ ဆက်ခံနိုင်သည်။ ဧကရာဇ်မိုသည် အားကောင်းပြီး နတ်ဘုရားတစ်ပါး နီးပါးဖြစ်သော်လည်း အလုံးစုံခွန်အားတွင် ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကို မယှဉ်နိုင်ပေ။

ဝိညာဉ်နတ်ဘုရာမျိုးနွယ်၏ အဓိပ္ပာယ်မှာ ၃၃ ကောင်းကင်ဘုံမှ အင်အား များအားလုံး ပေါင်းလိုက်လျှင်တောင် သူတို့၏ပြိုင်ဘက်မဖြစ်နိုင်ပေ။ ၎င်းတို့နှင့် ယှဉ်နိုင်သည်မှာ ရှေးဟောင်းယန်မိုထျန်းမျိုးနွယ်သာဖြစ်သည်။ ကံမကောင်းစွာ ပင် နတ်မိစ္ဆာဧကရာဇ်ကျဆုံးပြီးနောက်တွင် ယန်မိုထျန်းမျိုးနွယ်သည် နှစ်ပိုင်း ကွဲကာ ယခုအခါ သူတို့သည် ပြိုင်ဘက်မဖြစ်နိုင်တော့ပေ။

“အဲတော့ ဘာဖြစ်လဲ ငါ့ကို ဒီလိုမျိုးခြောက်လို့မရဘူး” ရှီရှောင်မိုသည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ကာ သူမ၏ မျက်လုံးများထဲတွင် အထင်သေးမှုအပြည့်နှင့်ပင် “ငါက ငါ့ညီအစ်ကိုရဲ့ဇာတိမြေကို ကာကွယ်တယ် ဆိုတာကို အဖေသိရင် သေချာပေါက် ငါ့ကိုထောက်ပံ့ပေးမှာပဲ၊ မိုယွိက ဝိညာဉ် နတ်ဘုရားမျိုးနွယ်ကို တိုက်ခိုက်ရင်တောင်ဘာဖြစ်လြ, အစွမ်းအစရှိတဲ့သူတွေ က အဲလိုမျိုး အပိုဆာဒါးတွေကို ဘယ်သူဂရုစိုက်လို့လဲ”

လူများသည် ပျော်ရွှင်စွာနေထိုင်ရမည်။ သူတို့ကို ငွေကြေး၊ စွမ်းအားများ နှင့် ချုပ်တည်းထား၍ မပျော်ရွှင်ရလျှင် ထိုအရာများသည် မထိုက်တန်လှဟု သူမ၏ဖခင် ရှီချန်းမို မကြာခဏပြောလေ့ရှိသည်။

တောင့်တင်းသောအော်သံနှင့်အတူ ကောင်းကင်ပေါ်တွင် မီးတောက် ပင်လယ်သည် ကြီးမားသောရွှေရောင်ငှက်အသွင်ပြောင်းသွားသည့်အလား မင်ဟွမ်ဆီသို့ ပြေးဝင်လေသည်။ ၎င်းသည် သန့်စင်သည့်သွေးနှင့် မီးဇာမဏီ ငှက်ဖြစ်သည်။ ဧကရာဇ်မိုသည် အမှောင်နတ်မိစ္ဆာဘုံမှ မီးဇာမဏီငှက်ဥရခဲ့ သည်ဟု ဆိုကြသည်။ ၎င်းသည် နတ်မိစ္ဆာနတ်ဘုရားထဲမှ တစ်ယောက် ချန် ထားခဲ့သည့် ဇာမဏီငှက်ဥဖြစ်သည်။ ၎င်း၏ခွန်အားမှာ အထင်သေး၍မရပေ။

မီးဇာမဏီငှက်တိုက်ခိုက်ပြီးနောက် သူ၏ဝမ်းတွင်းပါသားရဲ သန့်စင်သော ဦးချိုပါမြင်းသည် တုန်ယင်နေသည်ကို မင်ဟွမ်ခံစားမိသည်။ သူ၏ခွန်အား သည် ရှီရှောင်မိုလောက်မကောင်းပေ။ ထို့အပြင် သူ့လောက်သန်မာသည့် ဓား ဘုရင်နှစ်ယောက်သည် အစောင့်အကြပ်ဖြစ်နေကာ သားရဲ၏ခွန်အားမှာလည်း မြင့်နေသည်။ သူ အရူးမဟုတ်သရွေ့ ဆက်မတိုက်ခိုက်သင့်ပေ။

မင်ဟွမ်သည် ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားကို လှုံ့ဆော်ပြီး လက်ထဲမှ လှံတံနှင့် မီးဇာမဏီဆီသို့ ရိုက်ချလေသည်။ လှံတံပေါ်တွင် စွမ်းအင်သည် အေးစက်စွာလက်လာပြီး မီးဇာမဏီဆီသို့ တိုက်ရိုက်ပစ်လွှတ်လေသည်။

All Chapters