Chapters

ငါ့ညီအစ်ကိုရဲ့မိသားစုက ငါ့မိသားစုပဲ

Vol. 55 Ch. 1098

ငါ့ညီအစ်ကိုရဲ့မိသားစုက ငါ့မိသားစုပဲ

Vol. 55 Ch. 1098

ကြမ်းတမ်းသောတိုက်ခိုက်မှုအောက်တွင် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် လှစ်ခနဲ သန့်စင်သောဦးချိုတပ်မြင်း၏ ကျောပေါ်သို့ ခုန်တက် လိုက်သည်။ ထိုမီးဇာမဏီ၏ အားကောင်းသောတိုက်ခိုက်မှုကိုရှောင်ပြီးနောက် တွင် မင်ဟွမ်၏ ပုံရိပ်သည် ကြယ်ကြွေသည့်အလား ကောင်းကင်တွင် ပုံရိပ်ယောင်ကိုသာ မြင်ရလေသည်။

“ဟေ့လူ ပြေးရဲတယ်ပေါ့” ရှီရှောင်မိုသည် ငယ်စဉ်က တခြားသူများနှင့် တိုက်ခိုက်ချိန်တွင် အကြိမ်များစွာ ခံစားရဖးသည်။ သူ့လက်အောက်မှ ပြေးချင် နေသည်လား။

ထိုအချိန်တွင် သူမသည် မီးဇာမဏီ၏ကျောပေါ်သို့ ခုန်တက်ပြီး မင်ဟွမ် နောက်သို့လိုက်မည်ဟန်ပြင်သည်။ မီးဇာဏမီ၏ခွန်အားနှင့်ဆိုလျှင် သားရဲပျံ ဖြစ်သဖြင့် မင်ဟွမ်ကို လိုက်မမှီမည်ကို ကြောက်ရန်မလိုပေ။ သို့သော် သူမကို ချီဖေးတို့ ညီအစ်ကိုမှတားလေသည် “ရှောင်မို ထားလိုက်ပါတော့ မင်းရဲ့ ညီအစ်ကိုမိသားစုကို နှုတ်မဆက်ရသေးဘူးလေ”

ချီဖေးတို့ညီအစ်ကို မျက်စိမှိတ်ပြသည်ကိုကြည့်ပြီး နန်လင်းတို့လည်း ရှေ့သို့တိုးလာကာ ရှီရှောင်မို၏ရှေ့တွင်ရပ်ပြီး တညီတညာတည်း အရိုအသေပြု လေသည် “သခင်ကြီး ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျုပ်တို့ ဘယ်လိုခေါ်ရမလဲမသိဘူး”

ရှီရှောင်မိုသည် မီးဇာမဏီ၏ကျောပေါ်မှ ဆင်းလိုက်သည်။ သူမသည် နန်လင်းနှင့် သခင်ကြီးလေးယောက်တို့ကို အထက်အောက်ကြည့်လေသည်။ ဖန်သားနှင့်တသောမျက်လုံးများသည် နဂိုအရောင်သို့ပြန်ရောက်လာပြီး အစော ပိုင်းက ခက်ထန်ပြီးလူသတ်မည့်မျက်လုံးနှင့်မတူဘဲ ကလေးကဲ့သို့ ဖြူစင်မှုများ ပေါ်လာသည်။ သူသည် အလိုလိုက်ခံရသည့်ကလေးတစ်ယောက်ပင်ဖြစ်သည်။

ဘာကြောင့်မှန်းတော့မသိပေ။ ရှီရှောင်မိုအား ထိုသို့မြင်ရသောအခါ ပေထင်းဟွမ်ကို တွေးမိပြီး နန်လင်းရော ပေထင်းချင်ပါ မသက်မသာခံစားရလေ သည်။

“ကျွန်မနာမည် ရှီရှောင်မိုပါ ပေထင်းဟွမ်နဲ့ ကျွန်မနဲ့က ညီအစ်ကိုတွေပါ သူ့မိသားစုလည်း ကျွန်မမိသားစုပါပဲ” ရှီရှောင်မိုသည် ပြုံးပြီးပြောလေသည်။ ထို့နောက် ရှေ့တိုးလာကာ သခင်ကြီးလေးယောက်ကို အဘိုးဟုခေါ်ပြီး နန်လင်းအား ဦးလေးနန်လင်းဟု တရင်းတနှီးခေါ်လေသည်။

ချီဖေးနှင့် ချီလန်တို့သည် ခေါင်းကိုက်လာသည်။ ရှီရှောင်မိုတွင် ဆွေမျိုး နှင့် သူငယ်ချင်းများစွာရှိသော်လည်း ပင်မတိုက်ကြီးသို့ လာပြီးမှပင် ဤမျှ မေတ္တာကြီးမားလိမ့်မည်ဟု ထင်မထားပေ။ သို့သော် သူတို့နှစ်ယောက်သည် မင်ဟွမ်နောက်သို့လိုက်ရန် တားလိုက်သည်မှာ အမိန့်မနာခံခြင်းပင်ဖြစ်သည်။ သည်တစ်ခါပါ ထပ်တားလိုက်ပါက သူတို့၏ဘိုးဘေးလေးသည် သူတို့ကို အားပါပါတိုက်ခိုက်လာနိုင်သည်။

သူတို့နှစ်ယောက်သည် ဘာမှမပြောတော့ဘဲ ရှီရှောင်မို၏နောက်သို့ လိုက်ကာ သူမပြောသမျှ လုပ်သမျှကို ခွင့်ပြုလိုက်ရတော့သည်။

နန်လင်းနှင့် ဂိုဏ်းထောက်ကြီးလေးယောက်တို့လည်း ရှီရှောင်မိုအား အလွန်သဘောကျကြသဖြင့် မြို့တွင်နားနေရန် ဖိတ်ကြားချင်ကြသည်။ ရှီရှောင်မိုသည် တစ်ဝက်နီးပါးပျက်စီးနေသည့် မြို့ကိုကြည့်ပြီး ရင်ထဲမှ ဒေါသ များထပ်ထွက်လာသည်။ သူခေါင်းခါလေသည် “ရပါတယ် ကျွန်မ နောက်တစ်ခါ ပြန်လာပါ့မယ်၊ အဘိုးတို့ လေးယောက် ဦးလေးနန်လင်းတို့လည်း အလုပ်များ နေမှာပဲ ကျွန်မ အဲဒီမင်ဟွမ်နောက်ကို လိုက်ချင်သေးတယ်”

သူမပြောပြီးနောက်တွင် ခေါင်းမာစွာနှင့် မီးဇာမဏီငှက်ကျောပေါ်သို့ တက်လိုက်ပြီး ကြာပွတ်ကို ထုတ်လိုက်လေသည်။ ချီဖေးနှင့်ချီလန်တို့သည် တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ မီးဇာမဏီပေါ်သို့တက်ကာ မင်ဟွမ်ပြေးသွားသည့် ဘက်သို့လိုက်ကြလေသည်။

မြို့သည် ပျက်စီးသွားပြီဖြစ်က ဒဏ်ရာအပြင်းအထန်ရသူများလည်း များပြားလှသည်။ နွေရာသီဖြစ်သဖြင့် သေချာဂရုစိုက်မကိုင်တွယ်လျှင် ကပ်ဆိုး ကြီးဖြစ်သွားနိုင်သည်။ ထိုအရာကို ဇာမဏီမြို့မှလူများ မကြည့်လိုကြပေ။

“အဲလူတော့” နန်လင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ သူ ၏ နွေးထွေးသောမျက်လုံးများသည် ထိုအချိန်တွင် ဒေါသများနှင့် လက်လာ သည် “ကံကောင်းလို့ ဒီကလေးက အချိန်မှီရောက်လာတာ မဟုတ်ရင် ငါ သေသွားလောက်တယ်၊ အခု ဆုံးရှုံးတာတွေ ရေတွက်ပြီးတော့ မြို့သားတွေကို ပြောင်းပေးမယ်၊ ရှောင်ကျို့ကို ဒီကကိစ္စတွေကို သတင်းပို့လိုက်ပြီးရင် နောက်နေ့ထိစောင့်ကြတာပေါ့၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကနေ ဒီအကြွေး ပြန်တောင်းဖို့ ၃၃ ကောင်းကင်ဘုံကိုသွားရမယ်”

ပေထင်းချင်နှင့်တခြားဂိုဏ်းထောက်တို့သည် လေးလေးပင်ပင်အသက် ရှူကာ ခေါင်းညိတ်လေသည်။ အားလုံး၏မျက်လုံးများသည် ထိုင်းမှိုင်းသွားပြီး တညီတညာတည်းပြောကြလေသည် “နောက်နေ့ဆိုတာရှိလာဦးမှာပါ”