← Chapters

ယုံကြည်မှုမပျောက်သရွေ့၊ ဆန္ဒမပျောက်သရွေ့

Vol. 55 Ch. 1099

ယုံကြည်မှုမပျောက်သရွေ့၊ ဆန္ဒမပျောက်သရွေ့

Vol. 55 Ch. 1099

ပေထင်းဟွမ်သည် မဟာမိတ်အင်ပါယာစစ်တပ်ကို ဦးဆောင်ပြီး ၃၃ ကောင်းကင်ဘုံသို့ သွားမည်ကို မည်သူမှသံသယမဝင်ကြပေ။ ပေထင်းဟွမ် သည် ယနေ့ဟွမ်ချန်းတွင်ဖြစ်သမျှကို ဝိညာဉ်နတ်ဘုရားမျိုးနွယ်အား ပြန်ပေးဆပ်ခိုင်းမည်ကို မည်သူမှသံသယမဝင်ကြပေ။ လှပသောဇာမဏီမြို့ သည် ဖွတ်ဖွတ်ညက်ညက်ကြေနေပြီဖြစ်သည်။ လမ်းမကြီးရှိ လှပေသော ဆီးပင်များ၊ အနီရောင်ငှက်မွေးများ၊ ကျောက်စိမ်းအိုးပန်းများနှင့် နဂါးလျှာအမြီး တို့သည် မြေကြီးပေါ်တွင် လဲကျလျက်ရှိသည်။ လူငယ်နှင့် မျိုးနွယ်ကြီးလေးခုမှ ချစ်မြတ်နိုးသော ပန်းများအားလုံးသည် မြေအောက်သို့မြှုပ်နှံထားလိုက်ပြီဖြစ် သည်။

မရေမတွက်နိုင်သောအိမ်များ လဲပြိုကျနေပြီးမြို့သည် ကွဲသွားကာ မြေကြီးထဲမှ အက်ကြောင်းများသည် လူငါးယောက်ရှေ့တွင်ပေါ်လာလေသည်။ ဤကပ်ဘေးတွင် ထောင်ချီသောလူများ သေဆုံးခဲ့ရသည်။ မှတ်ဉာဏ် သလင်း ကျောက်များသည် ဤနေရာမှ အဖြစ်အပျက်များအားလုံးကို မှတ်တမ်းတင် ထားကာ တိုက်ကြီးတစ်ခုလုံးသို့ ပို့လိုက်ရာ ပျံ့နှံ့သွားလေသည်။

ပေထင်းဟွမ်သည် ရှန့်ကျီတည်းခိုဆောင်အခန်းရှေ့တွင်ထိုင်ကာ မှတ်ဉာဏ်သလင်းကျောက်တွင်ပေါ်လာသည့် ပုံရိပ်များကိုကြည့်နေသည်။ ထို အခိုက်အတန့်တွင် သူမ၏တစ်ကိုယ်လုံးတောင့်တင်းနေကာ လက်နှစ်ဖက်လုံး သည် ဒူးပေါ်တွင်တင်ကာ ဆုပ်ထားပြီး မျက်လုံးများသည် တည့်တည့်စိုက် ကြည့်နေသည်။ မှတ်ဉာဏ်သလင်းကျောက်ကိုကြည့်ရင်း သူမ၏ ဦးနှောက်တစ် ခုလုံး လစ်ဟာသွားသလို ဘာမှမတွေးမိတော့သည့်ပုံပင်။

“ရှောင်ကျို့ ဒီလိုမလုပ်ပါနဲ့” သူမ၏အနောက်မှ လန်ချန်းမိုသည် ပေထင်းဟွမ်၏ပခုံးပေါ်လက်တင်ပြီး သူမအတွက် စိုးရိမ်ပေးနေသည် “သန်မာ တဲ့လူတစ်ယောက်အနေနဲ့ ဒီကမ္ဘာကြီးမှာ မတိုက်ခိုက်နိုင်တဲ့အရာမရှိဘူး၊ ငါတို့ တွေက ဒီအကြွေးကိုမှတ်ထားရမယ်၊ မင်းရဲ့ ယုံကြည်မှုတွေ ဆန္ဒတွေ မဆုံးရှုံး သရွေ့ ပြန်ယူလို့ရတယ်”

ပေထင်းဟွမ်သည် သစ်သားတုံးသဖွယ်ဖြစ်နေသည်။ ထိုစကားများကို နားထောင်နေသည်သလား နားမထောင်သည်သလားကိုမသိပေ။ ထိုအချိန်၌ မှတ်ဉာဏ်သလင်းကျောက်ထဲတွင် ပုံရိပ်ပေါ်လာပြီး သလင်းကျောက်သည် နှစ် ကြိမ်မျှ လက်သွားလေသည်။ လန်ချန်းမို သက်ပြင်းချပြီး ရှေ့တိုးကာ မှတ်ဉာဏ် သလင်းကျောက်ဆီသို့ အချက်ပြလိုက်ရာ ရေပွက်နေသည့်လှိုင်းများ ပျောက် သွားသည်ကိုမြင်လိုက်ရသည်။ အနည်းငယ်ရင်းနှီးပြီး ချောမောဆွဲဆောင်မှုရှိ သည့်မျက်နှာတစ်ခုပေါ်လာသည်။

တောင်တန်းများနှင့်တူသော မျက်ခုံးများ၊ တောက်ပပြီး အရောင်ထွက်နေ သည့် ခရမ်းရောင်မျက်လုံးတစ်စုံ... ထိုမျက်လုံးများသည် ပေထင်းဟွမ်ကို မြင် သည်နှင့် ချစ်ခင်မှု၊ ပူပန်မှုများနက်ရှိုင်းစွာ ပေါ်ထွက်လာသည်။ ထိုအရာကို ကြည့်ပြီး လန်ချန်းမိုသည် ပေထင်းဟွမ်အား ညင်သာစွာပုတ်ပြီး ထွက်လာကာ တံခါးကိုပိတ်လိုက်သည်။

“ဟွမ်အာ ဒီကိုလာ အနားလာခဲ့”

မှတ်ဉာဏ်သလင်းကျောက်ထဲမှလူသည် ပေထင်းဟွမ်အား နူးညံ့စွာ လက်ယက်ခေါ်နေသည်။ ဟွမ်အာဆိုသည့်အသံကိုကြားပြီး ပေထင်းဟွမ်သည် ခေါင်းမော့ကြည့်လိုက်ရာ မှင်တက်သွားမိသည်။ ထိုအချိန်တွင် သူမ၏မျက်လုံး များသည် အာရုံစူးစိုက်ကြည့်ရာ တဖြည်းဖြည်းနှင့် အထဲမှလူကိုရှင်းလင်းစွာမြင် လိုက်ရသည်။ ကြီးမားသောမျက်ရည်စက်သည် မျက်လုံးထဲတွင် တွဲလွဲခိုလာ သည်။ သို့သော် အတန်ကြာသည်အထိ ကျမသွားပေ။

ပေထင်းဟွမ်သည် တံတွေးကို ခက်ခက်ခဲခဲမျိုချကာ မျက်လုံးထဲမှ မျက်ရည်များကို ချုပ်တည်းထားရန် ကြိုးစားသော်လည်း မရပေ။ သူမသည် မျက်လုံးထဲမှ မျက်ရည်ကျသွားသည်ကို မမြင်စေချင်သည့်အလား နှုတ်ခမ်းကို အနည်းငယ်ကွေးတွန့်ပြီး ခေါင်းကိုအသာလှည့်လိုက်သည်။

“ဟွမ်အာ ကိုယ့်ရှေ့မှ မျက်ရည်ကျလို့ရပါတယ် မရှက်ပါနဲ့” မှတ်ဉာဏ် သလင်းကျောက်ထဲမှလူသည် ယန်ယဲ့ဖြစ်သည်။ ဟွမ်ချန်းဖျက်ဆီးခံလိုက်ရပြီ ဆိုသည့် သတင်းကိုလက်ခံရပြီးနောက် သူသည် ပေထင်းဟွမ်အတွက် စိုးရိမ်ခဲ့ သည်။ သူမအတွက်ဆိုလျှင် ယန်ယဲ့၏ ရင်သည် ဓားတစ်ချောင်းလိုပင်။

“ယန်ယဲ့ ကျွန်မက ဟွမ်ချန်းကို ကပ်ဘေးယူလာခဲ့တာပါ” နောက်ဆုံး တော့ မျက်လုံးမှ မျက်ရည်တစ်စက်ကျလာပြီး သူမ၏မျက်လုံးကို ဆေးကြော ပေးလေသည်။ သူမသည် နှုတ်ခမ်းကို တင်းကြပ်စွာကိုက်လိုက်သည် “ကျွန်မ စိတ်လိုက်မာန်ပါလုပ်တာမဟုတ်ပါဘူး ကျွန်မ သန့်စင်သော မြို့မှာရှိတုန်းက...”

“ဟွမ်အာ ကိုယ်ပြောခဲ့တာ မှတ်မိသေးလား” ယန်ယဲ့သည် သည်အချိန် တွင် မည်သို့ပြောရမည်ကိုမသိတော့ပေ။ သူ၏ပုံရိပ်သည် သလင်းကျောက်ထဲ တွင် မှေးမှိန်နေသော်လည်း အသံကို ပေထင်းဟွမ်ရှင်းလင်းစွာကြားနေရတုန်း ပင်ဖြစ်သည်။ သူမ၏နားထဲတွင် ပတ်ပတ်လည်မှ အသံများကိုသာ ကြားရလေ သည်။ “ငါတို့က ဒီကမ္ဘာကြီးမှာ အကြောက်အလန့်မရှိ နေနိုင်ဖို့ သန်မာချင်ကြတယ်၊ မင်း သန့်စင်သောမြို့ကို တိုက်ခိုက်တာ ဘာအမှားမှမရှိ ဘူး၊ မင်းနဲ့ စီရင်ချက်ဗိမာန်၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကြားက ဆက်ဆံရေးက လွန်ခဲ့တဲ့နှစ်တစ်သောင်းကတည်းကရှိလာခဲ့ နာကြည်းချက်တွေပဲ၊ မင်းလည်း သူတို့ကိုရှောင်လို့မရဘူး၊ မင်း သူတို့ကိုမတိုက်ခိုက်ရင် သူတို့ကမင်းဆီလာလိမ့် မယ်”

All Chapters