ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရှိတယ်
Vol. 55 Ch. 1100
သို့သော် ဤအချိန်တွင် ပေထင်းဟွမ်သည် ထိုစကားများကို နားမထောင် နိုင်တော့ပေ။ သူမသည် အသက်ပြင်းပြင်းရှူပြီး မျက်ရည်ကျပြီးနောက် ထိန်းချုပ်မရတော့ဘဲ ယုံကြည်မှုလျော့သည့်အသံနှင့် ရေရွတ်လေသည် “ကျွန်မသာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ရင်၊ မထောင်လွှားခဲ့ရင်၊ သန်မာ လာတဲ့အချိန်မှတိုက်ခိုက်ရင် ဒီလိုတွေမဖြစ်ဘူး၊ မြို့သူမြို့သားတွေ သူတို့တွေ က ကျွန်တော့်ကို ဒီလောက်ယုံကြည်ထားတာ၊ သူတို့တွေက မိသားစုကြီးလေးခု ရဲ့သွေးသားတွေ ဒါပေမဲ့ ကျွန်တော့်ကြောင့်...”
“မဟုတ်ဘူး” ခြောက်သွေ့ပြီးနွေးထွေးတဲ့လက်တစ်ဖက်သည် ပခုံးပေါ် ရောက်လာရာ ပေထင်းဟွမ် နောက်သို့ဆုတ်လိုက်ကာ ရုတ်တရက်ခေါင်းကို လှည့်လိုက်သည်။ သို့သော် မှတ်ဉာဏ်သလင်းကျောက်ထဲတွင်ရှိနေသေးသည့် ပုံရိပ်သည် ဤအချိန်တွင် သူမ၏ရှေ့တွင် ရပ်နေပြီဖြစ်သည်။
ယန်ယဲ့သည် သူမရှေ့တွင ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ၏ မြင့်မား သောအသွင်အပြင်သည် ဒူးထောက်လိုက်သည့်တိုင်အောင် ပေထင်းဟွမ် ခုံအမြင့်တွင်ထိုင်နေသည်နှင့်ပင် ယှဉ်နိုင်လေသည်။ ယန်ယဲ့၏ နှင်းဖြူရောင် လက်ချောင်းများသည် နူးညံ့စွာဖြင့် သူမ၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလေသည်။
ခရမ်းရောင်မျက်လုံးထဲမှ ပူပန်မှုသည် အတိုင်းသားမြင်နေရကာ ပေထင်းဟွမ်၏ မျက်ရည်ဝဲနေသောမျက်လုံးများသည် ရောင်ပြန်ဟပ်နေကာ အလွန်ပင် သနားစရာကောင်းလေသည်။ ယန်ယဲ့သည် လက်ဆန့်ထုတ်ပြီး ပေထင်းဟွမ်အား ပွေ့ဖက်လိုက်သည် “ဟွမ်အာ မငိုပါနဲ့ မင်းက ထောင်လွှား တာမဟုတ်ဘူး ယုံကြည်မှုရှိနေပါ၊ မိုးပေါ်က ကျတာကိုမကြောက်နဲ့ ဟွမ်ချန်း ကလူတွေက မင်းကို နာခံတုန်းပဲမဟုတ်ဘူးလား၊ သူတို့က မင်းကိုအပြစ်မတင် ပါဘူး၊ အိမ်ဆုံးရှုံးလိုက်ရတဲ့သူတွေ၊ သေသွားတဲ့သူတွေက မင်း လက်စားချေမှာ ကိုစောင့်နေကြမှာ မေ့သွားပြီလား”
မေ့သွားပြီဟုတ်လား။ ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ မြေကြီးအက်ကြောင်း ထဲနစ်မြှုပ်သွားတဲ့ လူတွေ၊ စိတ်အားထက်သန်စွာအော်နေကြတဲ့သူတွေကို ဘယ်လိုမေ့နိုင်မှာလဲ။ “သခင်ပေထင်းဟွမ်က မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး”
ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲရောက်သွားပြီး သူ၏ခန္ဓာကိုယ်မှ ကြာပန်းအမြစ်ရနံ့သည် နှာခေါင်းထဲသို့ တက်လာလေသည်။ သူ၏ခန္ဓာကိုယ် ထဲမှ သန်စွမ်းသောသွေးစွမ်းအင်သည် အလွန်နွေးထွေးတဲ့ ခံစားချက်ကို ယူဆောင်လာပြီး အေးစက်သောနှလုံးသားသည် တဖြည်းဖြည်းနှင့် နွေးထွေး လာသည်။ ပေထင်းဟွမ်၏ လက်နှစ်ဖက်သည် ယန်ယဲ့၏ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်ဝတ်ရုံကို တင်းကြပ်စွာကိုင်ထားရာ ပင့်ကူနှင်းပန်းကိုးဖတ် ပန်းထိုးသည် သူမ၏လက်ဖဝါးထဲသို့ တိုးဝင်လာသလိုပင်။ အနည်းငယ် ကြမ်း သလိုခံစားရပြီး သူမကိုယ်သူမ အနည်းငယ်စီရှာဖွေတွေ့ရှိလာလေသည်။
“မကြောက်နဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် ဒီမှာရှိတယ်” ယန်ယဲ့သည် သူမ၏ ဆံပင်ကို နူးညံ့စွာ ပွတ်သပ်ပေးလေသည်။ သူမ၏ဆံပင်သည် ချွေးများနှင့် စိုရွှဲ နေပြီဖြစ်ရာ ယန်ယဲ့သည် ပွတ်သပ်ပေးရင်းနှင့် မီးတောက်နှင့် သူမ၏ ဆံပင် များကို တစ်လွှာချင်းစီ အခြောက်ခံပေးလေသည် “မင်းစိတ်ထဲမှာ အပြစ်တင် စိတ်ဖြစ်မိတယ်ဆိုရင် ငိုချလိုက်၊ ဟွမ်အာ အမြဲမှတ်ထားပါ ကိုယ်က မင်းလူပါ၊ မင်းတစ်ယောက်တည်းပိုင်တဲ့လူပါ၊ ကိုယ့်ရှေ့မှာဆိုရင် ဘာကိုမှစိတ်ပူစရာမလို ဘူး၊ ကိုယ့်ကိုယ်ကိုယ် မှားတယ်လို့ ခံစားဖို့မလိုဘူး”
“ယောက်ျားတွေ သန်မာချင်တာကလည်း သူတို့ရဲ့မိန်းကလေးကို ခိုင်မာ တဲ့ကာကွယ်မှုပေးချင်လို့ပဲ”
“၃၃ ကောင်းကင်ဘုံကို သွားတဲ့အချိန်ကျ မင်း သန်မာလာမှာ၊ ငါ့ဟွမ်အာ က ဒီကမ္ဘာထိပ်ဆုံးမှာ ရပ်တည်နိုင်လိမ့်မယ်၊ ပတ္တမြားကမ္ဘာကို အပေါ်စီးက ကြည့်နိုင်လိမ့်မယ်၊ အဲအချိန်ကျရင် ဝိညာဉ်နတ်ဘုရားမျိုးနွယ်က မင်း ခြေထောက်အောက်ရောက်လာလိမ့်မယ်”
...
ယန်ယဲ့၏အသံသည် ပထမဆုံးအနေနှင့် ဂရုမစိုက်သည့်လေသံနှင့် အလွန်နူးညံ့နေကာ တိုးညင်းပြီး အနည်းငယ်အက်ကွဲနေသည်။ သူမ၏ နားထဲ တွင် တိုးညင်းစွာကြားနေရပြီး အရင်ကကြားဖူးသည့် ကလေးတေးတစ်ပုဒ်လို ဖြစ်နေသည်။ နေဦးရာသီတွင် စိုရွှဲနေသည့်အသံကဲ့သို့ ပေထင်းဟွမ်သည် တဖြည်းဖြည်း တစ်ကိုယ်လုံး သက်တောင့်သက်သာခံစားမိပြီး ယန်ယဲ့၏ ခန္ဓာကိုယ်ပေါ်သို့ မှီလိုက်သည်။
ယန်ယဲ့သည် သူမအား ပွေ့ဖက်ကာ တဖြည်းဖြည်းထပြီး သူမ၏ပါးပြင် ကို အနမ်းပေးပြီး အိပ်ရာဆီသို့ လျှောက်သွားလေသည်။
သူ၏ရင်ခွင်ထဲတွင် ကူကယ်ရာမဲ့နေသော ကလေးတစ်ယောက်ကဲ့သို့ ညည်းနေရာ ယန်ယဲ့သည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ့လက်များ သည် အလိုလိုဆုပ်ကိုင်လေသည်။ ထိုအချိန်တွင် သူ၏မျက်လုံးများကိုမည်သူမှ မမြင်ရပေ။ လှပပြီး ထူးဆန်းသောခရမ်းရောင်သည် အနက်ရောင်ဖြစ်ကာ ညဉ့်နက်ကဲ့သို့ အဆုံးမရှိသည့်စကြာဝဠာကဲ့သို့ အလင်းတစ်ခုပင် အနားမကပ်ရဲ လောက်အောင်ဖြစ်နေသည်။