← Chapters

ယောင်ယောင်၏ လုပ်ဆောင်ချက်

Vol. 19 Ch. 263

ယောင်ယောင်၏ လုပ်ဆောင်ချက်

Vol. 19 Ch. 263

ရှင်းလင်းပြီး ဂရုမထားသည့်ဟန် လေသံက သင်းရနံ့တစ်ရာ အိမ်တော်တစ်ခွင်လုံး ပျံ့နှံ့သွားပြီး လုံးဝကို တိတ်ဆိတ်သွားစေသည်။ များစွာသော အကြည့်များက တံခါးပေါက်တွင် ရပ်နေသည့် လနတ်သမီးနှင့် တူသော ပုံရိပ်ကို ကော်နှင့် ကပ်ထားသည့်အလား မခွာတန်း စိုက်ကြည့်နေကြသည်။

လူတိုင်း၏ မျက်ဝန်းတွင် အံ့အားသင့်မှုများ ယှက်သန်းသွားပြီး မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားကြသည်။

ကျောင်းခွန်၊ ချောင်းရှိုးတို့လူစုလည်း အကြည့်မခွာနိုင် ဖြစ်နေကြပြီး စုန့်ဝမ်ရှီကဲ့သို့ မိန်းကလေးပင် တောင်မှ မနေနိုင်ပဲ မှတ်ချက်ချလိုက်သည် “အရမ်း လှတာပဲ”

အပေါက်ဝတွင် ပေါ်လာသောသူကို သူတို့အားလုံး ပုံမှန်အားဖြင့် မှတ်မိပေသည်။ သူမမှာ ယောင်ယောင်ပင် ဖြစ်သည်။

သို့သော်လည်း သူတို့အားလုံးက ယောင်ယောင် ပြောလိုက်သော စကားလုံးများကြောင့် ခါးသက်သက်သာ ပြုံးနိုင်လိုက်ကြသည်။ ထိုစကားလုံများကြောင့် ယခုဖြစ်နေသည့် ကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မဖြစ်နိုင်တော့ပေ …

“ညီမလေး ယောင်ယောင်က တကယ်ကို ပြင်းထန်တာပဲ” ကျောင်းခွန်က အားတင်းပြီး ပြုံးလိုက်သည်။ လုရွှမ်းယင်၏ ပင်ကိုစရိုက်နှင့် ဆိုပါက သည်အငြင်းပွားမှု ကိစ္စမှာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြီးသွားရန် မျှော်လင့်ချက် မရှိတော့ပေ။

“မင်းအမေပဲ။ ငါတို့က သူတို့ကို ကြောက်နေရမှာလား။ အတွင်းတောင်တပည့် တစ်ယောက်က ငါတို့ အပြင်ဘက်တောင် တပည့်တွေကို လွယ်လွယ် အနိုင်ကျင့်လို့ရတယ် ဆိုတာ ငါမယုံဘူး” ချောင်းရှိုးက အံကြိတ်ကာ ပြောသည်။

တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။

ဇူယွမ်၏ တည်ငြိမ်သော မျက်နှာပေါ်တွင် ခပ်ဟဟ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ အစောပိုင်းက လုရွှမ်းယင်၏ ဗိုလ်ကျမှုကို ကြောက်ရွံ့ဟန် မပြသည်မှာ လုရွှန်းယင်အတွက် အထူးသီးသန့် အဖြစ် ယောင်ယောင်ကို ဖိတ်ကြား ထားသောကြောင့် ဖြစ်သည်။

တကယ်တော့ သူက ယောင်ယောင်ကို သူတို့နှင် ပျော်ရွှင်ပွဲတွင် ပါဝင်ရန်ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လုရွှမ်းယင်က မျှော်လင့်မထားပဲ သူတို့ကို ခက်ခဲအောင် ပြုလုပ်ကာ ပြဿနာရှာခဲ့သည်။

“ကဲ ယောင်ယောင်က သူ့အချိန်မှီ ရောက်လာပြီဆိုတော့ ငါတို့အားလုံး သည်ကိစ္စမှာ ပါဝင်စရာ မလိုတော့ဘူး” ဇူယွမ်က သူ၏ လူများကို ကြည့်ကာ ပြောလိုက်သည်။ သူ၏ နှုတ်ခမ်း ထောင့်စွန်းတွင်တော့ အတော်လေး ထူးဆန်းသည့် အပြုံးတစ်ပွင့် ဖြစ်ပေါ်နေပေသည်။

ကျောင်းခွန်တို့ လူစုက နားမလည်နိုင်စွာဖြင့် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သည်မတိုင်ခင်က သူတို့အားလုံး ယောင်ယောင်၏ အစွမ်းအစကို မမြင်ဖူးကြပေ။ သူမက မူလတောင် လေ့ကျင့်ခြင်းကိုပင် မလာရောက်ပဲ အချိန်တိုင်း ဇူယွမ်၏ အိမ်ငယ်လေးထဲမှာပင် နေထိုင်ပြီး မူလမှော်စာလုံးများကိုပဲ လေ့လာနေခဲ့သည်။ ထို့ကြောင့် ယောင်ယောင်က တပည့်များ၏ အမြင်တွင် အလွန်ထူးဆန်းသည့် လူတစ်ယောက်အဖြစ် ရှိနေခဲ့သည်။

ထို့ကြောင့် သူမ၏ စွမ်းအား မည်မျှရှိသည်ကို မည်သူမှ မခန့်မှန်းနိုင်သည့် အတွက်ကြောင့် သူမ၏ နာမည်မှာလည်း ကြီးမြတ်သော အပြင်ဘက်တောင်၏ တပည့်ဆယ်ယောက် စာရင်းတွင် မပါဝင်ခဲ့ပေ။

သို့သော်လည်း လုရွှမ်းယင်မှာ ရွှေရောင် ခါးစည်းအဆင့် အတွင်းတောင် တပည့်ဖြစ်သည့် အတွက်ကြောင့် သူမ၏ သန်မာမှုမှာ အနည်းဆုံး မူလစဦး ဆဋ္ဌမအဆင့်မျှ ရောက်ရှိ နေပေလိမ့်မည်။ သည်ကဲ့သို့ စွမ်းအားမျိုးကို အပြင်ဘက်တောင်ရှိ မည်သည့်တပည့်မှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ယောင်ယောင်အနေဖြင့် မည်မျှပင် ဖြုန်းချင်စရာ ကောင်းလောက်အောင် ခံ့ညားနေပါစေ လုရွှမ်းယင်ကိုတော့ အလဲမသိပ်နိုင်ဘူးမလား …

ထို့ကြောင့် လူတိုင်းက ဇူယွမ်၏ ဂရုမစိုက်သည့်ဟန် ဖြစ်နေခြင်းကို ကိုးရိုးကားရား နိုင်သည်ဟု ခံစားမိလိုက်ကြသည်။

တံခါးနံဘေးရှိ ယောင်ယောင်မှာ ဖြည်းညင်းစွာ လမ်းလျှောက် လာခဲ့ပြီးနောက် ဇူယွမ်တို့ လူစု နံဘေးသို့ ရောက်လာခဲ့သည်။ သူမက ဇူယွမ်ကို ကြည့်လိုက်ပြီးနောက် ထန်ထန်ကို ဂရုတစိုက်နှင့် ချပေးပြီး ပြောလိုက်သည် “နင်ဖိတ်ကတည်းက ကောင်းတာတော့ မဖြစ်နိုင်မှန်း ငါသိတယ်”

ဇူယွမ်က ထိုင်နေရာမှ သူမကို ကမန်းကတန်း ထရပ်ကာ ပြောလိုက်သည် “အစ်မကို ကျွန်တော်ခေါ်ခဲ့တာ အစ်မတစ်ယောက်တည်း ပျင်းနေမှာစိုးလို့ ကျွန်တော်တို့နဲ့ ဆုံရအောင်ပါ။ ဒါပေမဲ့ …”

ယောင်ယောင်က ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီး အချိန်အတော်ကြာသည် အထိ စိုက်ကြည့်နေခဲ့ပြီးမှ သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်း လိုက်လေသည်။ ထိုအခါမှာ ဇူယွမ်လည်း အသက်ရှူ ချောင်သွားတော့သည်။ သူမက သပ်ရပ်ကျနစွာ ဇူယွမ်၏ ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး စားပွဲဝိုင်း တစ်လျှောက် ကြည့်လိုက်လျှင် ကျောင်းခွန်၊ ချောင်းရှိုး တို့လူစု၏ အမူအရာများမှာ ပျော့ပျောင်း သွားတော့သည်။

သူမ၏ တည်ရှိမှုက အလွန် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

လူတိုင်း၏ ကျောပြင်များတွင် ချွေးအေးများ စိမ့်ထွက်လာသည်။ လုရွှမ်းယင်၏ မောက်မာသော အရှိန်အဝါနှင့် စာလျှင် ယောင်ယောင်က သူတို့အား ပိုမို ဖိအားဖြစ်စေပေသည်။

ထိုဖိအားမှာ စကားလုံးများဖြင့် ဖော်ပြ၍ မရသော်လည်းပဲ သူမအား ဒေါသထွက်အောင် မလုပ်သင့်ဟူသော ခံစားချက်ကို သူတို့အားလုံး ခံစားစေသည်။

ယောင်ယောင် ဝင်ရောက်ထိုင်ပြီးမှပင် လုဖန်း ဘေးနားမှ သူများသည် တဖြည်းဖြည်း လက်ရှိကိစ္စသို့ အာရုံပြန်ရောက် လာကြသည်။ များစွာသော တပည့်များသည့် သူမပေါ်မှ အကြည့်လွှဲနိုင်ခြင်း မရှိကြသေးပဲ သူတို့၏ မျက်ဝန်းထဲမှ အံ့အားသင့်မှုများ ကိုလည်း ဖုံးကွယ်နိုင်ခြင်း မရှိကြသေးပေ။

လုဖန်းပင်လျှင် အသက်ရှူမှားနေပြီး သူ၏ မျက်လုံးထဲတွင် အံအားသင့်နေသော အရောင်များ ပေါ်လွင်နေသည်။

လုရွှမ်းယင် တစ်ယောက်သာလျှင် သတိလက်လွတ် ဖြစ်မနေပေ။ သူမ၏ လှပသော မျက်နှာလေးသည် ရှုံ့မဲ့နေပြီး ယောင်ယောင်ကို မနာလိုစွာ ကြည့်နေခဲ့သည်။ ယောင်ယောင် ထွက်ပေါ်လာခြင်းက သူမ တစ်ကြိမ်တစ်ခါမှ မခံစားဖူးသည့် သိမ်ငယ်မှုမျိုးကို ခံစားရစေသည်။

ထိုခံစားချက်က လုရွှမ်းယင်၏ အသားအရောင်ကိုပင် အစိမ်းရောင် ယှက်သန်း စေလောက်အောင် ဒေါသထွက်စေပေသည်။

“အပြင်ဘက်တောင် တပည့်တစ်ယောက်က ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်တဲ့လား” လုရွှမ်းယင်က ယောင်ယောင်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ရုံမှ ပြုံးကာ “နင်က ငါ့ရဲ့ဓားချက်ကို ခံယူချင်နေတာလား။ ဒါပေမဲ့ နင်က မိန်းကလေး ဖြစ်နေလို့လည်း ငါညှာတာမှာ မဟုတ်ဘူးနော်။ ငါ့ရဲ့ဓားနဲ့ နင့်ရဲ့ လှပတဲ့မျက်နှာလေးကို မတော်တဆ ခုတ်မိသွားရင် သေရပါလိမ့်မယ်လို့ ငါ့ကို လာမခြိမ်းခြောက်နဲ့”

“နင့်ရဲ့ ဓားချက် တစ်ချက်ကို ခံယူရမယ်”

ယောင်ယောင်က ထန်ထန်ကို ညင်သာစွာ ပွတ်သပ်ရင်း သူမ၏ ဂရုမထားသော အကြည့်က လုရွှမ်းယင်ထံသို့ ရောက်သွားပြီး “အဲဒါက တကယ်ကို စိတ်ဝင်စားစရာ မကောင်းဘူး …”

သူမက အရှေ့တွင်ရှိသော ခွက်တစ်ခွက်ကို ကောက်ယူလိုက်ပြီး အထဲတွင်ရှိသော သေရည်များကို စိုက်ကြည့်ကာ အကြံပြုလိုက်သည် “ဒီလိုဆိုဘယ်လိုလဲ။ ငါ့မှာ မူလမှော်စာလုံးတစ်ခု ရှိတယ်။ နင်သာ အဲဒါကို ပယ်ဖျက်နိုင်ရင် ငါရှုံးတယ်လို့ ဝန်ခံပြီး ငါ့ကို နင်လုပ်ချင်တာ လုပ်လို့ ရတယ်”

“အို …” လုရွှမ်းယင်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး ယောင်ယောင်ကို စိုက်ကြည့်ကာ သရော်လိုက်သည် “ဘယ်လောက်တောင် မောက်မာလိုက်လဲ။ ကန်ရွှမ်းကလန်မှာ ငါ့ကို သည်လိုပြောရဲတဲ့သူ တစ်ယောက်မှ မရှိဘူး”

“အဲဒါဆိုရင် ဘယ်လိုလဲ” ယောင်ယောင်က သူ၏ သေရည်ခွက်အား ကိုင်လျက် ပြောသည်။

လုရွှမ်းယင်၏ လက်က ဖြည်းညင်းစွာ သူမ၏ ဓားပေါ်သို့ ရောက်ရှိသွားပြီး လှောင်ရယ်ကာ အဖြေပေးလိုက်သည် “နင်ကိုယ်တိုင်ကာ အရှက်ကွဲချင်မှတော့ နင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးရမှာပေါ့”

ထပ် ...

ယောင်ယောင်က သူမ၏ လက်ထဲမှ ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချ လိုက်သည်နှင့် သေရည်များက လေထဲသို့ ဖိတ်ကျလာပြီး မရေမတွက်နိုင်သော ရေစက်ရေပေါက်များ အဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်ဘုံ ယွင်စုတ်တံက ယောင်ယောင်၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ ထိုအရာက အလင်းတန်းနှင့်အတူ စုတ်တံပုံရိပ်များစွာ ဖြစ်ပေါ်လာပြီး ခက်ခဲရှုပ်ထွေးသော စုတ်ချက်များစွာကို ရေးဆွဲလိုက်သည်။

များစွာသော သေရည်စက်များသည် ဖြည်းဖြည်းချင်း ယှက်နွှယ်လာခဲ့ပြီး ခက်ခဲနက်နဲသော မူလမှော်စာလုံး တစ်ခုအဖြစ် ယောင်ယောင်၏ အထက်တွင် ပေါ်လာခဲ့သည်။

“သွား ...”

နောက်ဆုံး စုတ်ချက်တစ်ချက်နှင့် အတူ မူလမှော်စာလုံးက ပတ်ဝန်းကျင်မှ မူလချီများကို ဆွဲယူက အရှေ့သို့ တိုးဝင်သွားခဲ့သည်။

အားလုံး၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင် မူလမှော်စာလုံးက မူလချီများကို သယ်ဆောင်ပြီး ကြီးမားသော ရေနဂါးကြီး တစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။

နဂါးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရှေးကျပြီး ရှုပ်ထွေးသော မူလမှော်စာလုံးများ ဖုံးအုပ်လျက်ရှိပြီး ကျယ်လောင်ပြီး ရုန်ရမ်းသော နဂါးဟိန်းသံကြီးက မိုးခြိန်းသံအလားပင် …

ဝရုန်း …

ရေနဂါးကြီးမှာ ဟိန်းသံပြုလျက် အဆုံးမဲ့သော စွမ်းအားများကို သယ်ဆောင်ကာ လုရွှမ်းယင်ထံသို့ တိုးဝင်သည်။

မူလမှော်စာလုံး ရေနဂါးကြီး ပေါ်လာခဲ့သည်နှင့် လုရွှမ်းယင် အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။ သူမက ယောင်ယောင်၏ မူလမှော်စာလုံးမှ မည်မျှစွမ်းအား ပြည့်ဝသည်ကို နားလည်သွားခဲ့သည်။

“ဒီမိန်းမ … သူ့ရဲ့ မူလမှော်စာလုံး ကျွမ်းကျင်မှုက အံ့အားသင့်စရာ ကောင်းနေပြီလို့များ ထင်နေတာလား”

သူမ၏ နှလုံးသားမှာ ဒေါသများ တလိပ်လိပ် ထိုးတက်လာပြီး သူမ၏ အမူအရာလည်း ရုတ်တရက် တင်းမာသွားခဲ့သည်။

သူမ၏ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် ချက်ချင်းပင် ဓားအိမ်မှ ဆွဲထုတ် လိုက်တော့သည်။

ရွမ်း …

“ဆောင်းဦး၏ လဝန်း ဓားကွက်၊ ဓားအလင်းတန်း …”

လုရွှမ်းယင်၏ ပါးစပ်မှ အော်သံနှင့်အတူ လူတိုင်းက ဓားအလင်းမှ ထွက်ပေါ်လာသော လရောင်ကို ခံစားမိလိုက်ပြီး ထိုဓားအလင်း၏ ထက်ရှမှုက လေဟာနယ်ကိုပင် အနည်းငယ် တုန်ခါသွားစေသည်။

လရောင်ကဲ့သို့ ဓားအလင်းတန်းသည် အေးစက်စက် ထက်ရှမှုနှင့်အတူ သေစေနိုင်သော အရှိန်အဝါနှင့် ဆင်းသက်လာခဲ့သည်။

အင်အားပြည့်ဝပြီး ထိတ်လန့်ဖွယ် ကောင်းသော ရေနဂါးကြီးနှင့် ရင်ဆိုင်ရချိန်တွင် လုရွှမ်းယင်မှာ တုံ့ဆိုင်းမနေရဲပဲ ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။

ထိုဓားချီများနှင့် ရင်ဆိုင်မိချိန်တွင် ဇူယွမ်၊ လုဖန်းနှင့် အခြားသူများ အမူအရာအားလုံး ပြောင်းလဲ သွားကြတော့သည်။ ထိုသို့သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပါက မူလစဦး ပဉ္စမ အဆင့်ပင်လျှင် ရှံးနိမ့်သွားပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိ သွားပေလိမ့်မည်။

လုရွှမ်းယင်မှာ အလွန် စိတ်ကြီးဝင်နေသူ တစ်ယောက် ဖြစ်သော်လည်း သူမ၏ သန်မာမှုမှာ ရွှေရောင်ခါးစည်း တပည့်အဆင့် ပီသပေသည်။

ကြောက်လန့်စွာ ကြည့်နေသော တပည့်များ၏ အကြည့်များအောက်တွင် လရောင်ဓားချီများသည် ဟိန်းသံပြုနေသော ရေနဂါးကြီးထံသို့ တိုးဝင်သွားခဲ့သည်။

ဖန်း …

အားနှစ်ခု ရင်ဆိုင်မိသည်နှင့် အံ့အားသင့်ဖွယ် ကောင်းသော မူလချီလှိုင်းက ပျံ့နှံလာခဲ့သည်။

သို့သော်လည်း ဓားအလင်း ဖြတ်သန်းသွားချိန်တွင် ရေနဂါးကြီး ပိုင်းဖြတ် ခံလိုက်ရသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။

ဓားလင်းက ဆက်လက် ဖြတ်သန်းသွားခဲ့ပြီး စူးရှသော အလင်းတန်းက ဝင်းနံရံကို ကျော်လွန်ကာ ညအမှောင်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားခဲ့သည်။

သေရည်များနှင့် ပြင်းထန်သော သေရည်နံများက သင်းရနံ့တစ်ရာ အိမ်တော်တွင် ပျံ့နှံ့သွားခဲ့သည်။

ယောင်ယောင်၏ မူလမှော်စာလုံးနဂါးကြီး ဖြတ်ပိုင်း ခံလိုက်ရသည်ကို မြင်သည်နှင့် ကျောင်းခွန်၊ စုန့်ဝမ်ရှီတို့ လူစု၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ လုရွှမ်းယင်၏ ဓားချီမှာ စိတ်ကူး၍ မရနိုင်အောင်ပင် စွမ်းအား ပြည့်ဝလှပေသည်။

သည့်အရာကို ကြည့်ရသည်မှာ သည်နေရာ တစ်ခုလုံး လုရွှမ်းယင်၏ ထိန်းချုပ်ခြင်းကို ခံရတော့မည် ဖြစ်သည်။

လုဖန်း၏ နံဘေးရှိ လူအုပ်က သူတို့၏ အောင်မြင်မှုအတွက် စတင်ပြီး ရယ်မော လိုက်ကြသည်။

လုရွှမ်းယင်ကလည်း သူမ၏ ဓားကို ဆုပ်ကိုင်ထားရင်းမှ ယောင်ယောင်ကို အထက်စီးမှ ကြည့်လိုက်ပြီး ကစားစရာ တစ်ခုအား ရလိုက်သည့် ဟန်မျိုးဖြင့် သူ၏ နှုတ်ခမ်း ထောင့်စွန်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး “နင့်ရဲ့ မူလမှော်စာလုံးက ကောင်းမွန်ပေမဲ့လည်း ငါ့ရဲ့ဓားကို တောင့်မခံနိုင်ပါဘူး”

“နင်အစောပိုင်းတုန်းက နင့်ကို ဘာမဆို လုပ်လို့ရတယ်လို့ နင်ပြောခဲ့တယ်မလား”

ယောင်ယောင်က အနိုင်ရလဒ်က သူ့လက်ထဲတွင် ရှိနေသည့်ဟု ထင်နေသော လုရွှမ်းယင်ကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏ အမူအရာက အရင်တိုင်း ပြောင်းလဲခြင်းမရှိဘဲ ပြောသည် “နင့်ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် အနိုင်ရပြီလို့ ထင်နေတဲ့ပုံပဲ”

“မဟုတ်လို့လား” လုရွှမ်းယင်က ယောင်ယောင်အား ခေါင်းမာ လွန်းသည်ကို ထင်မြင်လိုက်ပြီး ငေါ့တော့တော့ ပြောလိုက်သည်။

သို့သော်လည်း ထိုသို့ပြောပြီး နောက်တွင် သူမ၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူမ၏ ကိုယ်ပေါ်သို့ တိုက်ပွဲတုန်းက သူမ သတိမပြုမိချိန်၌ ကျဆင်းခဲ့သည့် ရေစက်မှုန်များသည် အခိုးအငွေ့များ ဖြစ်လာခဲ့သည်။

ထိုရေခိုးရေငွေ့များသည် အစိုင်အခဲအဖြစ်သို့ ပြောင်းလဲသွားကာ ရေမြွေများ အဖြစ်နှင့် သူမ၏ လက်များ ခြေထောက်များပေါ်တွင် ခုန်ပေါက် သွားနေခဲ့ကြသည်။

လုရွှမ်းယင်၏ ကိုယ်ထဲမှ မူလချီများ ထွက်ပေါ်လာခဲ့ပြီး ထိုရေမြွေများကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရေမြွေများ၏ ကိုယ်ပေါ်မှ မူလ နေမှော်စာလုံးများက ရုတ်တရက် တောက်ပလာခဲ့ပြီး လုရွှမ်းယင်၏ မူလချီများ ထွက်ပေါ်လာသည်နှင့် ပမာဏ လျော့နည်းသွားအောင် ထိုမှော်စာလုံးများက ချိပ်ပိတ်ထားလေသည်။

ရေများက သူမ၏ အဝတ်များပေါ်တွင် စိုစွတ်နေပြီး လုရွှမ်းယင်၏ စွဲမက်ဖွယ်ကောင်းသော ကိုယ်လုံးကိုယ်ပေါက်ပင် ပေါ်လာခဲ့သည်။

အစောပိုင်းက ရယ်မောနေကြသော အခြား ရှန်ဇူတိုက်ကြီးမှ တပည့်များသည် သူတို့၏ လည်ပင်းများကို တစ်စုံတစ်ယောက်က လာရောက် ဆုပ်ကိုင်လိုက်သည့် အလား ရပ်တန့်သွားကြသည်။ လူတိုင်း၏ မျက်လုံးများမှာ တောက်ပသွားပြီး ခုန်ပေါက်နေသော လုရွှမ်းယင်ကို စိုက်ကြည့်လိုက်ကြသည်။

သူတို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ အတွင်းတောင်၏ ရွှေရောင် ခါးစည်းတပည့်က အပြင်ဘက်တောင်၏ တပည့်တစ်ယောက် လက်အောက်သို့ လွယ်လွယ်ကူကူ ရောက်သွားလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးဖူးပေ။

သူတို့၏ အကြည့်များက ယောင်ယောင်ထံသို့ ရောက်ရှိသွားချိန်တွင် ကြောက်ရွံ့ တုန်လှုပ်နေသော မျက်ဝန်းများ အဖြစ် ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်များပင် တုန်ယင်သွားခဲ့သည်။

ယောင်ယောင်ကာ သူတို့၏ အကြည့်များကို ဂရုမစိုက်နေပဲ လေထဲတွင် ခုန်ပေါက်နေသည့် လုရွှမ်းယင်ကို မျက်လုံးတစ်ချက်ပင့် ကြည့်လိုက်ပြီး မပြောင်းလဲသော အသံဖြင့်ပင် ပြောလိုက်သည်။

“ကြည့်ရတာ နင်ရှုံးပြီ …”

All Chapters