ယန်ယဲ့ ကျေးဇူးပါ
Vol. 56 Ch. 1101
ယန်ယဲ့သည် တံတွေးကိုမျိုချရင်း ရှေ့ဆက်တိုးကာ ပေထင်းဟွမ်အား အိပ်ရာပေါ် ဘေးစောင်းလှဲလျက်တင်ပေးလိုက်သည်။ သူသည် သူမအား ရင်ခွင် ထဲထည့်ပြီး ကလေးတစ်ယောက်ကို ချော့မြူသည့်အလား သူမ၏ပခုံးကို ညင်ညင်သာသာပုတ်ပေးလေသည်။ သူမ၏ရှိုက်ငင်မှုတိုင်းသည် သူ့ရင်ကို ဓားနှင့် ခပ်ကြမ်းကြမ်းထိုးလိုက်သလိုပင်။ သူသည် ဘာမှမပြောနိုင်ဘဲ သူမ၏ အဆုံးမရှိသော မျက်ရည်များကို သုတ်ပေးနေရသည်။
အချိန်မည်မျှကြာသွားသည်မသိပေ။ သူ၏ရင်ခွင်ထဲမှလူသည် တဖြည်း ဖြည်းငြိမ်ကျသွားလေသည်။ ပေထင်းဟွမ်၏လက်သည် သူ၏လည်ပင်းကို မလွှတ်ချင်သည့်အလား တင်းကြပ်စွာပွေ့ဖက်ထားသည်။ သူမ တစီစီအသံနှင့် ပြောလာသည် “ကျွန်မ ရှောင်မိုကို အကြွေးတင်သွားပြီ နောက်တစ်ခါ ဘယ်လို ပြန်ဆပ်ရတော့မလဲ”
ယန်ယဲ့သည် ခေါင်းငုံ့ကာ သူမ၏နဖူးကို နူးညံ့စွာ အနမ်းပေးလိုက်သည် “မကြောက်နဲ့၊ ဧကရာဇ်မို မန္တလာမြေကိုဝင်ရင် ကိုယ်နဲ့တွေ့မှာပဲ၊ သူလည်း ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး ကိုယ့်ဆီက အချက်တချို့တောင်းဖူးတယ်၊ ခင်မင်လာ တာလည်းကြာပြီ၊ ၃၃ ကောင်းကင်ဘုံရဲ့ အင်အားစုတွေလည်း ရှုပ်ထွေးနေတာ၊ နောက်ဆိုရင် ပြန်ဆပ်ဖို့အခွင့်အရေးတွေ များလာမှာပါ”
“အင်း” ပေထင်းဟွမ်သည် တိုးညင်းစွာ တုံ့ပြန်လေသည်။ သူမသည် ယန်ယဲ့၏ပခုံးကို ခေါင်းအုံးသဖွယ်မှီလိုက်ပြီး မျက်လုံးကို တဖြည်းဖြည်းမှိတ် ကာ နူးညံ့စွာပြောလေသည် “ဘာလို့ ဒီကိုလာတာလဲ”
“ကိုယ် သတင်းရလို့လေ ဟွမ်ချန်းကိုသွားလိုက်တာ ကိုယ်ရောက်သွား တော့ နောက်ကျသွားပြီ အဲတော့ မင်းကိုတွေ့ဖို့ဝင်လာတာ” ယန်ယဲ့သည် တစ်ခဏအတွင်း ကိုယ်အလေးချိန်ကျသွားပုံပေါ်သော မျက်နှာလေးကို ကြည့် ပြီး စိတ်မကောင်းဖြစ်မိိလေသည်။ ညင်သာစွာဖြင့် သူမ၏ ကျောက်စိမ်းနှင့် တူသောမျက်နှာလေးကို ပွတ်သပ်ပေးနေလိုက်သည်။ သူ သတင်းကြား ပြီးနောက် ဒေါသနှင့် မဖြေရှင်းနိုင်သောရင်နာမှုများနှင့်ပြည့်ခဲ့သည်ကို မည်သူမှ မသိလိုက်ကြပေ။
“ကိုယ် အဆင်ပြေပါတယ်၊ ဒီလောက်လွယ်လွယ် ပြိုလဲမယ်ဆိုရင် ဘယ် နခါသေရမယ်မှန်းမသိဘူး” ယန်ယဲ့သည် စကားကိုအဆုံးမသတ်သော်လည်း သူ သူမကို စိုးရိမ်နေကြောင်းကို ပေထင်းဟွမ် နားလည်သည်။
ဝိညာဉ်နတ်ဘုရားမျိုးနွယ်၊ လွန်ခဲ့သည့်နှစ်တစ်သောင်းက ဖြေရှင်းရန် အချိန်မရှိပေ။ သူမ ဤတိုက်ကြီးသို့ ရောက်လာသည်မှာ ရက်ပေါင်းမည်မျှရှိပြီ နည်း။ နှစ်တစ်ဝက်အတွင်းတွင် ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် ဤမျှ မြန်မြန် ဆန်ဆန်ရောက်လာပြီး ဖြေရှင်းမရခဲ့သော အမုန်းတရားကို အကောင်အထည် ဖော်ခဲ့သည်။
အလွန်ကောင်းသည်။
သူမသည် လွန်ခဲ့သည့် နှစ်တစ်သောင်းက ပျောက်ရှခဲ့သော မှတ်ဉာဏ်ကို ပြန်ယူရန် တွေဝေနေတုန်းပင်ဖြစ်သည်။ ယခုအခါ သူမ စိုးရိမ်နေရန်မလိုတော့ ပေ။ တတိယဘဝ၏ နာကြည်းမှုအကြောင်း အရင်ဘဝဘုရားကျောင်းသို့သွား ခဲ့စဉ်က ဘုန်းကြီးအိုတစ်ပါးပြောခဲ့သည်ကို သူမ မယုံခဲ့ပေ။ သို့သော် ယခုအခါ ယုံကြည်ရမည်။
တတိယဘဝ၊ အရင်ဘဝနှင့် အရင့်အရင်ဘဝတွင် သူမသည် သူမ၏ ဝိညာဉ်ကို ဆုံးရှုံးခဲ့သည်။ သူမ၏ အရင်ဘဝ ၂၁ ရာစုတွင် ကြေးစားအလုပ် အကိုင်သည် ယခုအခါ နှစ်ဘဝအကြားတွင် အကူးအပြောင်းလိုပင်။ သူမ လည်ပင်းမှ နီလာခရမ်းလည်ဆွဲသည် သူမနှင့်အတူမွေးဖွားလာခဲ့သည်။ ၎င်း သည် သူမကို အလယ်ပိုင်းတိုက်သို့ ခေါ်ဆောင်လာခဲ့သလိုပင်။
“ယန်ယဲ့ ကျေးဇူးတင်ပါတယ်” ထိုအခိုက်အတွင် ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲမှ အလေးအနက်ပြောမိလေသည်။
ကျွန်မဝိညာဉ်ကို စုပြီး ပြန်ဝင်စားအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။ ကျွန်မကိုပြန်ခေါ်ပြီး လက်စားချေဖို့အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မကို ကြင်နာပေးလို့ကျေးဇူးတင်ပါတယ်။ အဲဒါကြောင့် ကျွန်မ ရှင့်ကို ထပ်ချစ်မိပြီး နောက်ထပ်ပြန်စဖို့ နောက်မကျခဲ့တာ ပါ။
ယန်ယဲ့၏ တစ်ကိုယ်လုံးသည် ရုတ်တရက်အေးခဲသွားလေသည်။ စကားလုံး သုံးလုံးမျှသာဖြစ်သော်လည်း ယန်ယဲ့သည် သူမ၏ဆိုလိုရင်းကို နားလည်သည်။ သူသည် သူမကို တင်းကြပ်စွာပွေ့ဖက်ပြီး မျက်လုံးကို တင်းတင်းမှိတ်ကာ သူ၏မျက်နှာကို သူမ၏ဆံပင်ထဲမြှုပ်ပြီး နူးညံ့စွာမေးလိုက် သည်။ “ဟွမ်အာ မင်းရဲ့ ကံကြမ္မာကို ကိုယ်စီမံတဲ့အတွက် အပြစ်မတင်ဘူးလား”
သူသည် သူမ၏ဝိညာဉ်ကို အတင်းစုဆောင်းခဲ့ပြီး ပင်မတိုက်ကြီးသို့ အတင်းပြန်ခေါ်ကာ အစပိုင်းက ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ထည့်ပေး ထားခဲ့သည်။
“ရှင်လုပ်သမျှက ချစ်လွန်းလို့လုပ်တာဆိုရင် ကျွန်မက ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ၊ ကျွန်မ ကံကြမ္မာထဲမှာ ရှင်ရှိနေတာဆို ကျွန်မက ဘယ်လို လုပ် လက်မခံဘဲနေရမှာလဲ” ပေထင်းဟွမ်သည် လက်ဆန့်ထုတ်ပြီး သူ့ကို ပွေ့ဖက်လိုက်သည်။ “အဲဘဝတုန်းက ကျွန်မတို့တွေ စစ်မြေပြင်မှာ တိုက်ခိုက်ခဲ့ ကြတယ်၊ အဲဒါတွေအကုန် ကျွန်မ မေ့သွားခဲ့ပြီ၊ ဒီဘဝမှာတော့ ရှင်နဲ့အတူတူ တိုက်ခိုက်ခွင့်ပေး၊ ဒီဘဝမှာ နာကြည်းချက်တွေအကုန်ပေးဆပ်မယ်၊ ဒီဘဝနဲ့ တင်ပြီးပြီ”