ကျန်တဲ့ဘဝကို ရှင့်လက်ထဲထည့်မယ်
Vol. 56 Ch. 1102
“ဟုတ်ပြီ” ယန်ယဲ့၏အသံသည် အနည်းငယ် မသဲမကွဲပင်။ သူ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားသော်လည်း ပေထင်းဟွမ်အား ပွေ့ဖက်ထာသည့်လက်မှာ တောင့်တင်းနေပြီး အတန်ကြာသည်အထိ မလွှတ် ချင်ပေ။ လွန်ခဲ့သည့်နှစ်တစ်သောင်းက မြင်ကွင်းများသည် သူ့စိတ်ထဲတွင် တန်းစီပေါ်လာခဲ့သည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက ပေထင်းဟွမ်သည် သူ့ ရင်ခွင်ထဲတွင် အသက်ဆုံးရှုံးခဲ့ရသည်။ ဤနှစ်တစ်သောင်းအတွင်းတွင် သူသည် မရေမတွက်နိုင်သော ဖန်တီးရေးနတ်ဘုရားမှလွဲပြီး မသုံးသည့် နည်းလမ်းများ ကို ကြိုးစားခဲ့ပြီး ပေထင်းဟွမ်၏ ဝိညာဉ်ကို ပြန်စုရန်အတွက် နိဗ္ဗာန်ပြန်လည် မွေးဖွားနည်းကို ကြိုးစားစမ်းကြည့်ခဲ့သည်။
“ဟွမ်အာ မင်းသိလား ကိုယ်ကြောက်တယ် ကိုယ် ညတိုင်းကြောက်တယ်၊ မင်းကို ပြန်မခေါ်နိုင်မှာကိုကြောက်တယ်၊ မင်းဝိညာဉ်ကို ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းက ရှင်းထုတ်လိုက်မှာ ကြောက်တယ် မင်းက ကောင်းကင်နဲ့မြေကြီး ကြားမှာနေတဲ့ တခြားသူတွေနဲ့မတူဘူး၊ ဒါပေမဲ့ ငါ မျှော်လင့်ချက်ကို ဆုပ်ကိုင် ထားရတယ်၊ ငါ သွေးလနန်းတော်မှာထိုင်ပြီး နီလာခရမ်းလည်ဆွဲပေါ်က အလင်း ပျောက်လိုက်လင်းလိုက်ဖြစ်ရတာကို မင်းမျက်လုံးအမှောင်ထဲမှာ လက် လာသလိုမျိုး စောင့်ကြည့်နေရတယ် ကိုယ့်ကိုယ်ကိုယ်ပြောခဲ့တယ် ကိုယ် ကြိုးစားရမယ်”
ယန်ယဲ့သည် သူမ၏လည်ပင်းမှ လည်ဆွဲကိုဆွဲပြီး သူမ၏လက်ဖဝါးပေါ် တင်ပေးလိုက်သည်။ သူ၏ခရမ်းရောင်မျက်အိမ်များသည် ရေနှင့်ဆေးလိုက် သကဲ့သို့ ပေထင်းဟွမ်၏ပုံရိပ်သည် သူ၏မျက်လုံးထဲတွင် ရောင်ပြန်ဟပ်လေ သည် “ကြည့် ကိုယ် မင်းစကားကို နားထောင်တယ်၊ မင်းကိုစောင့်ဖို့ပြောခဲ့တယ် ဘယ်လောက်ကြာကြာ မင်းပြန်လာမှာဆို၊ ကိုယ် မင်းကိုစောင့်နေခဲ့တာ ဟွမ်အာ ကိုယ်လိမ္မာတယ်မလား၊ မင်း ငါ့ကိုစိတ်မပျက်စေဘဲ သေချာပေါက် ပြန်လာမယ်ဆိုတာကို သိနေတယ်”
ပေထင်းဟွမ်၏ နှလုံးသားသည် မာကြောသည်။ သို့သော် ထိုစကားကို ကြားသောအခါ သူမ၏နှလုံးသားတစ်နေရာသည် ပြိုလဲသွားသလိုခံစားရလေ သည်။ သူမသည် ထပ်နားမထောင်ရဲတော့ဘဲ ယန်ယဲ့၏နှုတ်ခမ်းကို လက်ချောင်းဖြင့် ကာလိုက်သည်။ သူမ မတွေးရဲတော့ပေ။ သူမ ပြန်လာသည့် အချိန် ပထမဆုံးတွေ့သူမှာ သူမဟုတ်ဘဲ တခြားသူဖြစ်နေလျှင် သူ မည်သို့ ဖြစ်မည်နည်း။
နှစ်ပေါင်းတစ်သောင်းတွင် တစ်စုံတစ်ယောက်ကို စောင့်ရသည်မှာ သူမ အတွက် မတွေးရဲလောက်စရာပင်ဖြစ်သည်။
ယန်ယဲ့သည် သူမ၏လက်ကို ယူပြီး လက်ဖဝါးကိုကိုင်ကာ သူမ၏ နှုတ်ခမ်းများကို နူးညံ့စွာနမ်းလိုက်လေသည် “မင်း ဘယ်တော့မှပြန်မလာဘူး၊ မင်းဘယ်တော့မှ ပြန်မလာနိုင်ဘူး ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်၊ မင်း ပြန်လာ သရွေ့ မင်းလက်ခံတာ မခံတာကိစ္စမရှိဘူး၊ ကိုယ် မင်းရဲ့ဆက်ဆံရေးကို အပြစ် မတင်ဘူး၊ မင်း.. တခြားလူကို ရွေးရင်တောင်လေ.. ဒါပေမဲ့ ဟွမ်အာ ကိုယ်က အဲလောက်မကောင်းဘူး၊ ပြန်လည်မွေးဖွားခြင်းက ကိုယ့်ရဲ့အရင်ဘဝက မှတ်ဉာဏ်တွေကို ပျောက်ဆုံးစေခဲ့တယ်၊ ကိုယ် မင်းကို မဆုံးရှုံးချင်တော့ဘူး၊ ကိုယ် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို နှစ်တိုင်းသွားတယ် ကိုယ်တို့ကြုံခဲ့ရတဲ့ စစ်ပွဲကို ထပ်ခါထပ်ခါပြန်ကြည့်တယ်၊ ကိုယ်တွေးတဲ့အချိန်တိုင်း မင်းကို ဘယ်လိုမြင်ရတယ်ထင်လဲ”
နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းမှ သူ ပြန်လာသည်မှာ တစ်လကျော်ကြာပြီဖြစ် သည်။ ယန်ယဲ့သည် မျှော်လင့်ချက်ရှိလျှင်တောင် မမေးခဲ့ပေ။ သူသည် သူမကို ရွေးချယ်ခွင့်ပေးခဲ့သည်။ သူသည် သူမကို အလွန်ပိုင်ဆိုင်ချင်သော်လည်း သူမ အား အနှောင့်အယှက်မပေးခဲ့ပေ။
ပေထင်းဟွမ်သည် မျက်လုံးပင့်ကာ သူ့မျက်နှာကို လက်ဖြင့်အနီးကပ် ဆွဲ ယူလိုက်သည်။ သူ့ထက်မည်သူမှ မလှပနိုင်တော့ပေ။ ကမ္ဘာပေါ်တွင် သူ၏ အသွင်အပြင်ကို ပုံဖော်ပြရန်ခက်ခဲသည်။ နေ၊ လ၊ တောင်နှင့် မြစ်များပင် ဤ ကဲ့သို့ ငေးလောက်စရာအလှတရားမရှိနိုင်ပေ။ ပေထင်းဟွမ်သည် သူ၏ လက်ဖဝါးထဲမှ လက်ကိုဆွဲထုတ်ကာ သူ့မျက်နှာကို ထိတွေ့လိုက်သည် “ယန်ယဲ့ ရှင်က အကြွေးရှိလို့ စကားတည်မယ်လို့ပြောထားတယ်နော်၊ အမေနဲ့ အဖေတို့ကို ရှာတွေ့တဲ့အချိန်ထိ၊ ကျွန်မ လက်စားချေပြီးတဲ့အချိန်ထိ၊ ကျွန်မ သွေးစာချုပ် ချိုးဖျက်ပြီးသွားတဲ့အထိ နှစ်နည်းနည်းလောက်ပေးပါ၊ ကျွန်မ ဘဝ ကို ရှင့်လက်ထဲကို ကိုယ်တိုင်ထည့်ပါမယ်၊ လစွဲလမ်းတဲ့နာကျင်မှုတွေ၊ နှစ်ပေါင်း တစ်သောင်းကြာအောင် အထီးကျန်မှုတွေ အဆုံးမရှိတဲ့ညတွေကို ဖြေဖျောက် ပေးပါ့မယ်လို့ ကတိပေးပါတယ်...”
ယန်ယဲ့သည် သူမ စကားဆုံးသည်အထိမစောင့်ဘဲ အားပါပါနမ်းကာ သူမ၏ နှုတ်ခမ်းများကို ကိုက်ပြီး ပါးစပ်ထဲသို့ လျှာထည့်ကာ မုန်တိုင်းသဖွယ် မွှေနှောက်လေသည်။ ပေထင်းဟွမ်သည် မလှုပ်မယှက်တောင့်ခံသော်လည်း သူ သည် ကျေနပ်ပုံမရဘဲ သူမကို အိပ်ရာပေါ်ဖိကာ လက်နှစ်ဖက်ဖြင့် ဖိနှိပ်ထား လေသည်။ သူ၏ ပြင်းထန်သောအသက်ရှူသံ၊ ကြမ်းတမ်းသော လှုပ်ရှားမှုများ နှင့် နှစ်ပေါင်းတစ်သောင်းကြာအောင် ချုပ်တည်းခဲ့ရသော ခံစားချက်များ ဤ အခိုက်အတန့်တွင် ထွက်လာသလိုပင်။