သူမ၏ဘဝကိုဝန်ခံခြင်း
Vol. 56 Ch. 1103
တစ်ယောက်နှင့်တစ်ယောက်၏ ပါးစပ်မှ သွေးနံ့မရခင်အထိပင်။ ပေထင်းဟွမ်၏မျက်လုံးအိမ်သည် သွေးများဖြင့်ပြည့်နေသည့်အလား သူမ၏ နှာခေါင်းနှင့်ပါးစပ်မှ သွေးများစီးကျလာရာ ယန်ယဲ့သည် သူမ၏ ခန္ဓာကိုယ်ပေါ် မှ ထခုန်မိလေသည်။ သူသည် သူ၏မိန်းကလေးကို ဤကဲ့သို့ မမြင်ရက်ပေ။ သူမသည် သူ့ကိုချစ်နေပြီဖြစ်ကာ ထိုအချစ်သည် ကောင်းကင်၏ သွေးစာချုပ် ၏ အပြစ်ဒဏ်ဖြစ်နေသည်။ ယန်ယဲ့သည် ထပ်မနေရဲတော့ဘဲ အခန်းထဲမှ ထွက်သွားပြီဖြစ်သည်။ သူ၏အသံသာ ဝိညာဉ်ထဲသို့ ကူးပြောင်းလာသည် “ဟွမ်အာ မင်း စိတ်ပြေရင် အဂ္ဂိရတ်ပညာပြိုင်ပွဲမှ ဝင်ပြိုင်လို့ရတယ် ကိုယ် မင်းကို ယန်ချန်းမှာစောင့်နေမယ်”
“ဟုတ်ပြီ” ခံစားချက်များကို ထိန်းချုပ်ရင်း ပေထင်းဟွမ်သည် တည်ငြိမ် စွာဖြင့် ပြန်ဖြေလေသည်။ သူ စိုးရိမ်မည်ကို စိုးသဖြင့်လည်း ပြောလိုက်သည် “ကျွန်မအဆင်ပြေတယ် သွားတော့လေ”
ယန်ယဲ့၏ပုံရိပ်သည် မိုင်ပေါင်းရာချီရောက်ကာ တိမ်တိုက်များအကြား တွင် သွားလာရင်း မိုင်းပေါင်းတစ်ရာအကွာမှ တန့်ကာမြို့ရှိ သူ၏မိန်းကလေး ရှိ သည့်အိမ်သို့ ကြည့်နေလိုက်သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ ခရမ်းရောင်မျက်လုံးမှာ နစ်ဝင်သွားပြီး လျှာဖျားထိပ်နှင့် နှုတ်ခမ်းကိုသပ်ကာ ပေထင်းဟွမ်ချန်ထားခဲ့သည့်အရသာကို သပ်မိသည်။
“သူမက သူမဘဝကို ဝန်ခံလိုက်ပြီ အကုန်လုံးကိုတော့ဝန်မခံဘူး၊ သူမရဲ့ အရင်ဘဝအတွက် ဘယ်သူမှ တာဝန်ယူဖို့မလိုဘူး၊ အရင်ဘဝမှာတောင် သူမ လက်ခံခဲ့တာမဟုတ်ဘူး” ယန်ယဲ့သည် ထိုအရာကို မပြောတတ်တော့ပေ “သူမ ဒီလိုဖြစ်နေရင် ငါ့ကိုသစ္စာဖောက်တာထက် ပိုပြီး အပြစ်လိုခံစားမိတော့မယ်၊ လွန်ခဲ့တဲ့နှစ်တစ်သောင်းကလည်း ဒီလိုပဲ၊ ဒီဘဝမှာလည်း ဒီလိုပဲ၊ ငါ့ဘဝကို သူမ ကို ပေးလိုက်ရင်တောင် ပြားတစ်ဝက်တောင် ပြန်ပေးနိုင်မှာမဟုတ်ဘူး”
အဝေးတစ်နေရာမှ သူ့နောက်လိုက်လာသည့် ကိုယ်ရံတော်လေးယောက် သည် ယန်ယဲ့အနားတွင် မြူခိုးမည်းထူထူဝန်းရံနေသည်ကိုကြည့်ပြီး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံကာ ခေါင်းငုံ့သွားကြလေသည်။ သူတို့ ယန်ယဲ့နှင့်အတူရှိလာသည်မှာ နှစ်ပေါင်းမည်မျှကြာသွားသည်မသိပေ။ သို့သော် ထိုအချိန်တွင် ယန်ယဲ့၏ ခံစားချက်သည် အလွန်ဆိုးရွားနေသည်ကို သိနိုင်သည်။
“ဧကရီက သခင့်ကိုလက်ခံလိုက်ပြီမဟုတ်ဘူးလား ဘာလို့ သခင်က မပျော်တာလဲ” ချုံချီသည် ပိုင်ဇယ်၏ဝိညာဉ်ထဲသို့ အသံဖြင့်မေးလိုက်သည်။
“ဧကရီက ခုနက ဒွါရခုနစ်ပေါက်က သွေးထွက်ပြီးသေမလိုဖြစ်သွားတာ လေ၊ မမြင်ဘူးလား” ပိုင်ဇယ်သည် စိတ်ဆိုးဆိုးနှင့်ပြောလေသည်။
“မဟုတ်ဘူး ငါ သိသလောက် သခင်က ဧကရီကို ဝါးမတတ်မျိုမတတ် လေ အဲလောက်တောင် အရသာရှိတာလား” ချုံချီသည် အလိုက်မသိစွာနှင့် မေး လေသည်။
“အရူး” ပိုင်ဇယ်သည် ဘာမှပြောရန်မလိုတော့ပေ။
ပိုင်ဇယ်၊ ရွှမ်ဝူ၊ ပီဖန်းတို့သည် အစောကလောက် မအေးချမ်းနိုင်တော့ပေ။ ဧကရီကဲ့သို့ မိန်းကလေးမျိုးသည် ကောင်းသော်လည်း အလွန်သန်မာသည်။ သူတို့ လွန်ခဲ့သည့်နှစ်တစ်သောင်းကို မှတ်မိသလောက်ဆိုလျှင် ဧကရီသည် သူတို့၏သခင်ကို အလွန်ချစ်သည်။ သို့သော် သခင် သူမဆီသို့သွားတိုင်းတွင် နည်းလမ်းအမျိုးမျိုးနှင့် ထိခိုက်အောင်လုပ်ခဲ့သည်။ သူမသည် သွေးလ နန်းတော်သို့ လာခဲ့သော တစ်ဦးတည်းသောမိန်းကလေးဖြစ်သည်ကိုပင် မသိခဲ့ ပေ။ သူမသည် တကယ်တော့ ဧည့်သည်တစ်ယောက်ပင်။ ထိုလူသည် လုံဖန်းတောင်ကြားကိုယ်စား မှော်အရင်းအမြစ်ကျောက် သတ္တုကြော အကြောင်း ယန်းမိုထျန်းနှင့်ပြောရန်ရောက်လာသည့် လုံဖန်းတောင်ကြားမှ ပင်းဖန်းဖြစ်သည်။
ဧကရီသည် ထိုဆင်ခြေကိုအသုံးပြုပြီး သူတို့၏သခင်နှင့် သုံးနှစ်လုံးလုံး မတွေ့ဘဲနေခဲ့သည်။ သခင် သူမကို သွားတွေ့ချိန်တွင်လည်း ထုံရှန်းမှ စစ်သူကြီးနှင့်ပရောပရည်လုပ်ပြရာ သခင်သည် ဒေါသထွက်လွန်းသဖြင့် စစ်သူကြီးကို အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ခဲ့သည်။
ထိုအချိန်က ယန်းမိုထျန်းမျိုးနွယ်တွင် သူမကို သဘောကျသူ တစ်ယောက်မှမရှိခဲ့ပေ။ သူမသည် တိုင်းပြည်သို့ ကပ်ဘေးယူဆောင်လာခဲ့ သည့် စုန်းမဟု အားလုံးပြောခဲ့ကြသည်။
သူမသည် သူတို့၏သခင်မုန်းတီးပြီး လက်လွှတ်ပေးအောင်လုပ်နေသည် ဟု မည်သူမှမတွေးခဲ့ကြပေ။ သမသည် နှစ်ပေါင်းနှစ်ထောင်ကျော်ကြာအောင် အကျဉ်းချခံခဲ့ရသည်။ သခင် သူမကို သုံးနှစ်သည်းခံပြီးနောက် သူမကိုမတွေ့ တော့သည့်အချိန်တွင် သခင့်ကို လက်ထပ်ရန် တောင်းဆိုခဲ့ပြန်သည်။ နောက်ဆုံးတွင် ယခုလိုဖြစ်လာခဲ့သည်...
“ဟွမ်အာ မင်းရဲ့အကျင့်စရိုက်က လုံးဝမပြောင်းလဲဘူး၊ လွန်ခဲ့တဲ့ နှစ် တစ်ထောင်၊ တစ်သောင်းကလိုပဲ ငါ့ကိုဆွဲဆောင်တုန်းပဲ ဟုတ်တယ်မလား” ယန်ယဲ့သည် အနည်းငယ် ဆွံ့အမိသည် “ထုံရှန်းရဲ့ မိုင်တစ်သောင်းအကွာမှာ နှစ်နှစ်သောင်းကြာသွားတော့ အဲဒီတောင်မှာ ပိုင်ဟွာပန်းတွေအကုန်လုံး စိုက် ထားခဲ့မယ်လို့ထင်မထားဘူး၊ ကိုယ် ငယ်ငယ်တုန်းက မင်းကို လက်ထပ်စေချင် တယ်လို့ပြောတယ်၊ မင်းက ကိုယ်တို့နေတဲ့နေရာမှာ ပိုင်ဟွာပန်းစိုက်မယ်လို့ ပြောခဲ့တယ်၊ မင်းမေ့သွားတာမဟုတ်ဘူး အမြဲတမ်းမှတ်မိနေရမယ်”