← Chapters

အခုမသွားချင်သေးဘူး

Vol. 56 Ch. 1104

အခုမသွားချင်သေးဘူး

Vol. 56 Ch. 1104

သူတို့နှစ်ယောက်ကြားတွင် သဘာဝအတားအဆီးရှိနေရုံတင်ဖြစ်သည်။ ယင်နှင့်ယန်ကို မည်သူကမှ အဆုံးသတ်ရန် ခြေလှမ်းမလှမ်းကြပေ။ ယန်ယဲ့ သည် အမြဲတမ်းထိမ်းမြားချင်သော်လည်း ပေထင်းဟွမ်သည်ပန်းများကို စိုက်ပျိုးချင်သည်။ နှစ်ပေါင်းနှစ်ထောင်ကြာပြီးနောက် ယန်ယဲ့သည် အပြင်းအထန်ဒဏ်ရာရကာ ပေထင်းဟွမ်သည် စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့၏။ ထို့ကြောင့် သူမကိုယ်သူမ စတေးရသည်အထိ တဇွတ်ထိုးလုပ်ခဲ့ခြင်းပင်။

တကယ်တော့ သူမ လိုချင်သည်မှာ သူ၏ဇနီးမယားဖြစ်ရန်နှင့် တစ်ဖက် တွင် သူတို့နေထိုင်ရာ နေရာတွင် ပန်းများစိုက်ပျိုးရန်ဖြစ်သည်။ မနက်ခင်း လေညင်းတွင် ပန်းများ ယိမ်းနွဲ့နေသည်ကို ကြည့်ချင်သည်။

ပေထင်းဟွမ်သည် အိပ်ရာပေါ်တွင် လှဲလျောင်းနေသည်။ သူမ၏ ချီနှင့် သွေးများသည် ချောမွေ့စွာ စီးဆင်းနေသည်။ သို့သော် သူမ မနှိုးချင်ပေ။ သူမ သည် ယန်ယဲ့လှဲနေခဲ့သည့်နေရာသို့ ရွှေ့ကာ သူအိပ်ခဲ့သည့် ခေါင်းအုံးပေါ် လက်တင်လိုက်သည်။ စိတ်ညစ်ညူးမှုသည် မပျောက်ကင်းသေးပေ။

“ပြန်ဝင်စားတာက ပြန်ဝင်စားတာပဲ၊ ငါက ဒီလိုမျိုး အရပ်ရှည်ရှည်၊ ချမ်းသာပြီး ချောတဲ့ယောက်ျားနဲ့ လက်ထပ်ဖို့ ၂၁ ရာစုကနေရောက်လာတာကို က တော်တော်ကိုကောင်းနေပြီ” ပေထင်းဟွမ်သည် သက်ပြင်းချပြီးပြုံးလေ၏။

ထိုအချိန်တွင် နောက်ကျနေပြီဖြစ်သည်။ မြို့အပြင်တွင် သူမကြောင့်ဖြစ် ခဲ့သည့် ကပ်ဘေးကို သူမ၏ဆရာဖြစ်သူမှ ရှင်းလင်းနေသည်။ ပေထင်းဟွမ်၏ သုပမှန်ကိုသိပြီးနောက် ဆေးကုန်သွယ်ရေးအစည်းအရုံးသည် ပေထင်းဟွမ် ဝယ်လိုသည့် ဆေးပစ္စည်းအထုပ်များအပြင် နတ်အဆင့်ဆေးပင် ငါးမျိုးကိုပါ ထည့်ပေးလေသည်။ သေချာပေါက်ပင် ပေထင်းဟွမ်သည် သူတို့၏ဆေးပစ္စည်း များကို အခမဲ့မတောင်းပေ။ ကောင်းကင်ဝိညာဉ်ဆေးနှစ်ပုလင်းနှင့် မြေကြီး ဝိညာဉ်ဆေးနှစ်ပုလင်းတို့ကို သူမ၏ဆရာဆီမှတစ်ဆင့် ဆေးကုန်သွယ်ရေး အစည်းအရုံးသို့ ပေးခိုင်းလိုက်သည်။

“ဒီမှာ အိပ်ရအောင်လေ၊ မနက်ဖြန် အရည်အချင်းစစ်ပြိုင်ပွဲမှာဝင်ပြိုင်ဖို့ စောစောထရဦးမှာ၊ အဂ္ဂိရတ်သခင်အရည်အချင်းရမှပဲ အဂ္ဂိရတ်အစည်းအဝေး မှာ ပါတင်လို့ရမှာ” ပေထင်းဟွမ်သည် ဇာမဏီမြို့ပျက်စီးသွားသည့်အကြောင်း၊ လက်စားချေမည့်အကြောင်းများကို မတွေးတော့ဘဲ ခေတ္တမျှတည်ငြိမ်အောင် လုပ်ကာ မနက်ဖြန်မနက်ရောက်သည်အထိ စောင့်လေသည်။

တဖြည်းဖြည်းချင်း အိပ်ပျော်သွားပြီးနောက် တစ်စုံတစ်ယောက်သည် ပေထင်းဟွမ်၏ ခေါင်မိုးပေါ်တွင် ပြန်ပေါ်လာလေသည်။ ခေါင်မိုးပေါ်တွင်ထိုင် ပြီး သူ၏အသိစိတ်ကို အိပ်ရာပေါ်မှလူဆီသို့ ပို့ထားပြီး တစ်ညလုံးထိုင်စောင့် ပေးလေသည်။ အနက်ရောင်ဝတ်ရုံထွက်လာပြီး ‌ရွှေရောင်ချည်ဖြင့်ထိုးထား သည့် ပန်းများသည် ညအချိန်တွင် ပို၍ညှို့ဓာတ်ပြင်းပြနေပြီး ခရမ်းရောင် မျက်လုံးများသည် လအလင်းရောင်အောက်တွင် ပို၍နွေးထွေးနေသည်။

သူ၏ အသိစိတ်သည် လက်တစ်ဖက်ကဲ့သို့ အိပ်ရာပေါ်မှ လူကို ပွတ်သပ် ပေးလေသည်။ ယခုအခါ ထွက်မသွားချင်တော့ပေ။

နောက်နေ့မနက်တွင် ပေထင်းဟွမ်သည် အိပ်ရာမှနိုးလာသည်။ နေရောင် ခြည်သည် ပြတင်းပေါက်မှ ထိုးဖောက်ဝင်ရောက်ပြီး စားပွဲပေါ်သို့ ကျရောက်နေ သည်။ သူမသည် ရှုပ်ပွနေသော ဆံပင်ကိုပွတ်သပ်ပြီး ထကာ အိပ်ရာခေါင်းရင်း ကိုမှီလိုက်သည်။ မုချင်းလင် ဤနေရာတွင်မရှိပေ။ သူမကို မနေ့က ချုံချီတို့ ခေါ်သွားပြီဖြစ်ရာ ယန်ချန်းသို့ ဦးစွာသွားနှင့်ပြီဖြစ်သည်။

သူမကို အိပ်ရာမှထရန် မည်သူမှ လာမနှိုးကြပေ။ ပေထင်းဟွမ်သည် အနည်းငယ် မသက်မသာဖြစ်မိတုန်းပင်။

ဆရာလန်ချန်းမိုပင် ဤနေရာတွင်မရှိပေ။ သူသည် ဟွမ်ချန်း ပြန်လည် တည်ဆောက်ရာတွင် ကူညီရန်အတွက် ခရီးနှင်သွားပြီဖြစ်သည်။ ကံကောင်းစွာ ပင် သူထွက်မသွားခင်တွင် ဘဏ္ဍာထိန်းနှင့် စားပွဲထိုးလှလှလေးကို အပြင်တွင် စောင့်ရန် မှာကြားထားခဲ့သည်။ ပေထင်းဟွမ်သည် အင်္ကျီလဲပြီးနောက် ဝင်ခဲ့ရန် ခေါ်လိုက်သည်။ ကိုယ်လက်သန့်စင်ပြီးနောက် မနက်စာစားပြီးသည်နှင့် ထွက်ခဲ့ လိုက်သည်။

တစ်ညတည်းတွင် တန့်ကာမြို့သည် ပြီးလုနီးပါးဖြစ်လေသည်။ ပေထင်းဟွမ်ကြောင့် ပျက်စီးသွားသည်မှာ သေးငယ်သောဧရိယာသာဖြစ်ပြီး ဆေးကုန်သွယ်ရေးအစည်းအရုံး၊ ရှန့်ကျီကုန်သွယ်ရေးအစည်းအရုံးတို့သည် တစ်ချိန်တည်းရောက်လာကြသည်။ တန့်ကမြို့စားသည် နောက်ကြောင်း ဆက် မလိုက်ရဲဘဲ ပျက်စီးသွားသောအိမ်များအတွက် အသနားခံပြီး ပိုက်ဆံသာ ပေး နိုင်လေသည်။ ကုသရန်အတွက် ဆေးပေးသည်။ အသေအပျောက်မရှိသဖြင့် ဖြေရှင်းရန် လွယ်ကူသေးသည်။

သို့သော် မကြာခင်တွင် ဟွမ်ချန်း ပြန်တည်ဆောက်သည့်သတင်း ရောက် လာပြီး တန့်ကာ၏လူများသည် ပေထင်းဟွမ် အထိန်းအကွပ်မဲ့သွားခြင်း၏ အကြောင်းအရင်းကို သိသွားကြပြီး သူမ၏ဆုံးရှုံးမှုကိုသာ တမ်းတကြလေ၏။

သူမ၏အဝတ်အစားကို မူလအနေအထားသို့ ပြန်ဆင်ရင်လေသည်။ ပြောင်မြောက်သော ငွေချည်ပင့်ကူနှင်းပန်းထိုးထားသော အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ပြီး သူမ၏ရှည်လျားသော ခရမ်းရောင်ဖဲပြားဖြင့်ချည်နှောင်ကာ ကျောနောက်တွင်ချထားသည်မှာ ဆွဲဆောင်မှုရှိပြီး လွတ်လပ်လှသည်။ မျက်နှာ တွင် ငွေရောင်မျက်နှာဖုံးသည် မနက်ခင်းနေရောင်အောက်တွင် တလက်လက် တောက်နေပြီး သူမ၏အနက်ရောင်မျက်အိမ်များသည် ရေကဲ့သို့တည်ငြိမ်ပြီး ရှေးဟောင်းရေတွင်း တည်ငြိမ်နေသလိုပင်။ သို့သော် အန္တရာယ်ရောင်ဝါလည်း ရှိနေသည်။

All Chapters