Chapters

အဂ္ဂိရတ်ပညာရှင် အသိအမှတ်ပြုလက်မှတ်ယူလာခဲ့

Vol. 56 Ch. 1105

အဂ္ဂိရတ်ပညာရှင် အသိအမှတ်ပြုလက်မှတ်ယူလာခဲ့

Vol. 56 Ch. 1105

ပေထင်းဟွမ်၏ခံစားချက်မှာ တည်ငြိမ်သွားသော်လည်း ဟွမ်ချန်းမြို့၏ ပျက်စီးမှုသည် သူမကို ရိုက်ခတ်မှုကြီးရာ သူမ၏ အကျင့်သဘောထားကိုလည်း အနည်းငယ်ပြောင်းလဲသွားစေသည်။ အနည်းငယ်အေးစက်သွားသည်မှာ အနည်းဆုံး ကာလတိုတစ်ခုတွင် သူမ လက်လွှတ်နိုင်မည်မဟုတ်ပေ။

တန့်ကာမြို့သည် အရင်လို ကြွယ်ဝပြီး လှုပ်လှုပ်ရှားရှားအခြေအနေသို့ ပြန်ရောက်သွားလေသည်။ ဘေးနှစ်ဖက်ရှိလမ်းပေါ်တွင် ဆိုင်များ၊ ဆေးပင်ရနံ့ များသင်းနေသည့်ဆိုင်များပြည့်နေသည်။ ပေထင်းဟွမ်သည် အဖိုးတန် ဆေးပင် များ ပျောက်ဆုံးသွားမည်ကိုစိုးသဖြင့် ဆေးပင်များကို မမေ့မလျော့ အာရုံစိုက် ထားသည်။

“အစ်ကိုကြီး ဆေးပင်တွေဝယ်ပါဦး အစ်ကိုကြီး ကျွန်တော့အဖေက ရှင်းယွဲ့မြေရဲ့ အနက်ဆုံးပိုင်းက ဆေးပင်တွေအကုန်ခူးလာခဲ့တာပါ၊ တစ်ခါ တည်းဝယ် လို့ရပါတယ်”

ပေထင်းဟွမ်၏ အင်္ကျီကို တစ်စုံတစ်ယောက်မှ ရုတ်တရက် လာဆွဲလေ သည်။ သူမသည် ခေါင်းလှည့်ကြည့်ရာ သူမ၏အင်္ကျီကို ဆွဲထားသည့် ကောင်လေးမှာ လက်မောင်းတွင် သစ်သားခြင်းကိုကိုင်ထားပြီး ထိုခြင်းထဲတွင် တွေ့နေကျ ဆေးပင်တချို့ထည့်ထားလေသည်။ ပေထင်းဟွမ်၏မျက်လုံးများ သည် ထိုကလေးပေါ်သို့ရောက်သွားသည်။ သူသည် အလွန်ကြပ်လွန်းသည့် အင်္ကျီကိုဝတ်ဆင်ထားပြီး ဘောင်းဘီမှာလည်းတိုလွန်းနေသည်။ သို့သော် ဘောင်းဘီသည် ဖြတ်ထားပုံရကာ ဖွာထွက်နေသည်။ ကလေးသည် အလွန် ဆင်းရဲသောမိသားစုမှဖြစ်သည်။

ပေထင်းဟွမ်၏မျက်လုံးများသည်အနည်းငယ်လင်းလက်သွးကာ သူမကို ဆွဲထားသည့်ကလေးကို ကြည့်မိလေသည်။ သူမသည် ခေါင်းကိုတဖြည်းဖြည်း ခါယမ်းလေသည် “ဒီဆေးပင်တွေက ပထမအဆင့် ဒါမှမဟုတ် ဒုတိယအဆင့် တွေပါ၊ ကျွန်မ အခုမလိုလို့ပါ” သူမသည် ပြောပြီးသည်နှင့် ကောင်လေးအား ရွှေဒင်္ဂါးများထုတ်ပေးလိုက်သည် “အစ်ကိုကြီး ဒီဆေးပင်တွေကို မှတ်ချက်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဆေးပင်ကောင်းကောင်းလိုရင် ရှန့်ကျီ တည်းခိုဆောင်ကို ပို့ပြီး အဲဒီကလူတွေကိုပြောလိုက်ပါ၊ သခင်က မင်းကို ပိုက်ဆံ ပေးလိမ့်မယ်”

ရွှေဒင်္ဂါးကိုကြည့်ပြီး ကောင်လေး၏မျက်လုံးထဲတွင် လောဘတက်သွား လေသည်။ သို့သော် မကြာခင်တွင် အကြည့်သည် ပိုးစုန်းကြူးကဲ့သို့ ချက်ချင်း ပင် ပျောက်ကွယ်သွားလေသည်။ သူသည် ရွှေဒင်္ဂါးကြောင့် လက်လောင်သွား သည့်အလား အလျင်အမြန်ပင်နောက်ဆုတ်ကာ လက်ကိုယမ်းကာပြောလေ သည် “မဟုတ်ဘူး ကျွန်တော်မယူနိုင်ဘူး အစ်ကိုကြီးမလိုရင် တခြားသူကို ရောင်းလိုက်ပါမယ်”

ကောင်လေးသည် ပြောပြီးသည်နှင့်ပြေးထွက်သွားကာ လမ်းဘေးနှစ်ဖက် ရှိ ဆိုင်ကြားတွင်ရပ်ရန်သွားလေသည်။ သူ မရပ်သေးခင်မှာပင် ဆိုင်နှစ်ဆိုင်မှ ပိုင်ရှင်များသည် နှင်ထုတ်ကြလေသည်။

“ဆင်းရဲသားလေး ထွက်သွားလေ ဒါကမင်းရှိရမယ့်နေရာမဟုတ်ဘူး”

“ငပိန်လေး မင်းကို အလုပ်သမားရေးရာကို မပို့စေချင်တာလား သေချင် နေတာလား”

ကောင်လေးသည် ဆံပင်တိုနှင့် အသက် ၅ နှစ် ၆ နှစ်အရွယ်သာရှိသေးပြီး မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးများသည် ကောင်းကင်ပေါ်မှ ကြယ်များကဲ့သို့ တောက်ပနေပြီး အလွန်လှပသည့် မျက်နှာအချိုးအစားရှိသည်။ နဂိုက လှပ သည့်မျက်နှာသည် ပေကျံနေရာ လက်တွေ့မဆန်လှပေ။

“ဒီကောင်လေးက သူ့အဖေအတိုင်းပဲ၊ ခုနက လူကြီးကပေးတဲ့ ရွှေဒင်္ဂါး ပြားကိုတောင်မလိုချင်ဘူး၊ ဆင်းရဲတာနဲ့ပဲတန်တယ်”

“ဟုတ်တယ် ဟုတ်တယ် အဲလိုမဟုတ်ရင် သူ့အမေက တခြားသူနဲ့ လိုက် ပြေးပါ့မလား ဟား ဟား သူ့အဖေက ညံ့ဖျင်းတာလေ.. ဒါပေမဲ့ အဲမိန်းမက...”

ကောင်လေးသည် ဆိုင်ကြားထဲမှထွက်လာပြီး သူ့အနောက်မှ ထိုလူနှစ် ယောက် ဆွေးနွေးသည်ကိုကြားသောအခါ လုံးဝန်းသောမျက်လုံးလေးများ သည် ထိုအခိုက်တွင် ရဲတက်သွားလေသည်။ ထိုဆွေးနွေးချက်သည် သည်းမခံ နိုင်လောက်အောင်ဖြစ်လာသောအခါ သူသည် ဒေါသကိုမထိန်းနိုင်တော့သည့် ပုံပင်။ လက်ထဲမှခြင်းကိုမြေပေါ်ချကာ လှည့်ပြီး ခပ်ရင့်ရင့်ရယ်နေသော ဆိုင် ပိုင်ရှင်ဆီသို့ ပြေးသွားလေသည်။ သူ၏ အားနည်းသောလက်သီးဆုပ်ဖြင့် ထိုလူ ကိုခပ်ကြမ်းကြမ်းထိုးလေသည် “ကျွန်တော့်အမေအကြောင်းမပြောနဲ့ ကျွန်တော့်အဖေအကြောင်းမပြောနဲ့”

“အိုး ဒီကောင်လေးက လူရိုက်ရဲသေးတာလား” ဆိုင်ပိုင်ရှင်သည် သတိ လက်လွတ်ဖြစ်သွားပြီး မြေပေါ်သို့ကျသွားလေသည်။ မျက်နှာကို နှစ်ကြိမ်မျှ အရိုက်ခံရပြီးနောက်တွင် သူသည် မြေပေါ်မှမတ်တတ်ရပ်လိုက်သည်။ ဆိုင် ပိုင်ရှင်သည် အရပ်ရှည်ပြီး ဖိုင့်သည်။ ကောင်လေးသည် သူ့ကို မြေပေါ်သို့ တွန်းလှဲခဲ့သည်။ ထိုလူသည် မတ်တတ်ရပ်သည်နှင့် ခြေထောက်မြှောက်ကာ ကောင်လေးအား ကန်တော့သည်။