ကောင်းကင်ပေါ်က ကျလာတဲ့ကောင်လေး
Vol. 56 Ch. 1106
ပေထင်းဟွမ်သည် လမ်းပေါ်တွင် ဖြည်းဖြည်းချင်းလျှောက်လာသည်။ စောနေသေးသဖြင့် ဘေးနှစ်ဖက်မှ ဆိုင်များကိုတစ်ခါတစ်ခါ ကြည့်နေမိသည်။ သူမသည် နတ်အဆင့်နှင့် တစ်လှမ်းမျှသာလိုတော့သဖြင့် သူမ၏ဝိညာဉ် စွမ်းအားသည် သာမန်လူများနှင့်မတူပေ။ သူမ၏ ဝိညာဉ်အသိစိတ်ဖြန့်ကျက် လိုက်သည်နှင့် ဆေးပင်ကောင်းများသည် သူမ၏မျက်လုံးထဲမှ ပြေးမလွတ်ပေ။
ဘယ်ဘက်မှ လေကိုခွင်းလာသည့်အသံထွက်ပေါ်လာပြီး လေးလံသော ပစ္စည်းတစ်ခုသည် သူမ၏လက်ကို လာထိမှန်လေသည်။ မလိုမုန်းထားစိတ်မရှိ သဖြင့် ပေထင်းဟွမ်သည် လက်ကိုမြှောက်ကာ ဖမ်းလိုက်သည်။ သို့သော် မည်သည့်အားမှမသုံးလိုက်ပေ။ မထင်မှတ်စွာပင် သူမ ဆုပ်ကိုင်လိုက်သည်မှာ လူတစ်ယောက်ဖြစ်လေသည်။ သူမ ခေါင်းလှည့်လိုက်ချိန်တွင် ကောင်လေး၏ မျက်နှာနှင့် ဆုံသွားလေသည်။ ကောင်လေး၏ ပါးစပ်ထဲမှ ကျလာသောသွေး များသည် ပေထင်းဟွမ်၏ ပခုံးပေါ်ကျလာသဖြင့် ခေါင်းကိုငုံ့ကြည့်လိုက်သည်။
“အစ်ကိုကြီး... အဟွတ် အဟွတ် ကျေးဇူးတင်ပါတယ်”
ကောင်မလေးသည် မည်းနက်ပြီးကြည်လင်သည့် မျက်လုံးများမှ အပြုံး တစ်ခုကို ညှစ်ထုတ်လေသည်။ သို့သော် သူ၏ တင်းကြပ်သော မျက်ခုံးများကို ကြည့်ရာ ကလေးသည် ပြင်းထန်သောနာကျင်မှုကိုခံစားနေရကြောင်းကို ပေထင်းဟွမ် ပြောနိုင်သည်။
လမ်းပေါ်တွင် လူများ စုဝေးလာပြီး ပေထင်းဟွမ်၏လက်ထဲမှ ကလေးကို ကြည့်ကြလေသည်။ ကောင်လေးသည် ဘရိုကိတ်ဝတ်စုံဝတ်ဆင်ထားပြီး ကလေး၏သွေးကြောင့် ပေကျံသွားရာ ကြည့်ရဆိုးနေသည်။ လူအများသည် လက်ညှိုးထိုးပြီး ပြောဆိုနေကြသည်။
အမျိုးသမီးကြီးတစ်ယောက်ရောက်လာပြီး ပေထင်းဟွမ်အား အသနားခံ လေသည် “သခင်ကြီး ဒီကလေးက သနားဖို့ကောင်းပါတယ်၊ သူက တမင်လုပ် တာမဟုတ်ပါဘူး၊ သူ့ကိုဖမ်းမိရင် သူ့မှာဘာမှပေးစရာမရှိပါဘူး”
“ဟုတ်တယ် ဒီကလေးက တကယ်သနားဖို့ကောင်းတယ်၊ ဒီကောင်လေး ရဲ့ အင်္ကျီကို ပြန်လျော်ဖို့ဆိုရင် သူ့ကိုယ်သူပဲရောင်းဖို့ နည်းလမ်းရှိတော့မှာ”
“ဒီကလေးက အရမ်းဉာဏ်ကောင်းတယ်၊ သူက အရင်က မြို့စားရဲ့ အိမ်တော်မှာ အစေခံလုပ်ဖူးတယ်၊ ဒါပေမေဲ့ မြို့စားအိမ်တော်က မလိုချင်တော့ တာလေ”
ကောင်လေး၏မျက်လုံးသည် ပိုပိုပြီးမည်းနက်လာကာ ပါးစပ်ထောင့်မှ သွေးများစီးကျလာလေသည်။ ထိုကလေးသည် သူမကို အစောက ဆေးရောင်း ခဲ့သည့်ကလေးဖြစ်သည်ကို ပေထင်းဟွမ်မှတ်မိသည်။ သို့သော် မည်သို့ကြောင့် ယခုလိုဖြစ်သည်ကို သူမ မသိပေ။
ဆွေးနွေးမှုများကို နားထောင်ကြည့်ပြီး ကောင်လေးသည် သတိပြန်ဝင် လာသည်။ သူသည် ပေထင်းဟွမ်၏လက်ထဲတွင် ရုန်းကန်ပြီး ခေါင်းကို အတင်း ကာရော ခါယမ်းကာပြောလေသည် “မဟုတ်ဘူး ကျွန်တော်က အစ်ကိုကြီးရဲ့ အစေခံမဖြစ်နိုင်ဘူး၊ အစ်ကိုကြီးက ဘယ်ကလာလဲမသိဘူး ကျွန်တော် အဖေ့ ကို ထောက်ပံ့ချင်သေးတယ်”
ပေထင်းဟွမ်သည် မျက်မှောင်ကြုတ်ကာ ၁ မီတာအမြင့်ပင်မရှိသည့် ကလေးကို ငုံ့ကြည့်လိုက်သည်။ သူသည် ငယ်သေးသော်လည်း ဖခင်ဖြစ်သူကို ထောက်ပံ့ပေးချင်သည်။ သူမကို ဈေးရောင်းခဲ့သည်မှာလည်း အတုအယောင် ဖြစ်သည်ကို ပြောရဲသည်။ သူ၏ဖခင်သည် ရှင်းယွဲ့မြေအနက်ပိုင်းထဲမှ ဆေးပင် များခူးလာခဲ့သည်ဆိုသည်မှာလည်း မဟုတ်တမ်းတရားများပင်ဖြစ်မည်။
“အိုး နှမြောစရာပဲ၊ အဲတုန်းက သခင်ပိုင်မုကလည်း အဂ္ဂိရတ်ပညာရှင်ကြီး ပဲထင်တယ်”
“ဟုတ်တယ် ဒီလိုအဆုံးသတ်သွားရတယ်လို့”
ပေထင်းဟွမ်၏အကြည့်သည် ပိုပိုပြီးခက်ထန်လာသည်ကိုကြည့်ပြီး မောဟိုက်နေသောကောင်လေးသည် သတိပြန်ကပ်ကာ ပေထင်းဟွမ်အား သတိရှိရှိနှင့်ပြောလေသည် “ဟုတ်တယ်... ကျွန်တော် တောင်းပန်ပါတယ်”
“စကားမပြောနဲ့” ပေထင်းဟွမ်သည် ကောင်လေးအား ခပ်မာမာကြည့် ကာ ကောင်လေး မည်မျှညစ်ပတ်သည်ကိုပင် ဂရုမစိုက်တော့ဘဲ ရင်ခွင်ထဲထည့် ပြီး လက်ထဲတွင်ရှိသောဆေးကို ကောင်လေး၏ပါးစပ်ထဲထည့်လိုက်လေသည် “စားလိုက်”
တစ်ဒင်္ဂအတွင်းတွင် နွေးထွေးပြီး အေးစက်သည်ခံစားချက်သည် တစ် ကိုယ်လုံးကို ပြန့်သွားလေသည်။ အစတော့ ပေထင်းဟွမ် သူ့ကို အဆိပ်ကျွေး မည်ကို ကောင်လေး ကြောက်ပြီး ထွေးထုတ်ချင်ခဲ့သည်။ ယခုအချိန်တွင်တော့ အတွင်းအင်္ဂါထဲမှ ပြင်းထန်သောနာကျင်မှုသည် ဆေးကြောင့် ချက်ချင်း သက်သာသွားကာ သူသည် နာကျင်စွာဖြင့် မျက်မှောင်ကြုတ်မိသည်။ ထွမ်၏ မျက်နှာသည် အနည်းငယ် ပြေလျော့သွားသည်။ တစ်ခဏအတွင်းမှာပင် သေသွားသည့်အသက် ပြန်ရှင်လာသလိုပင်။ သူသည် ပေထင်းဟွမ်အား အားပါပါတွန်းကာ သူမ၏ခန္ဓာကိုယ်မှ လျှောဆင်းကာ သူ ကန်ထုတ်ခံရသည့် ဘက်သို့ပြေးသွားလေသည်။
“ဟူစန်း ဟေ့လူ မင်းက ကလေးကိုအနိုင်ကျင့်တာ ခင်ဗျားကို သေအောင် မရိုက်နိုင်ဘူးလားဆိုတာ ကြည့်တာပေါ့” ကောင်လေးသည် ဆိုင်ပိုင်ရှင်နှစ် ယောက်ဆီသို့ ပြေးသွားရာတွင် ဝါးခြင်းကိုကောက်ယူကာ ဟူစန်းဆိုသည့် ဆိုင်ပိုင်ရှင်ဆီသို့ပြေးကာ လွှဲရိုက်လေသည်။
သူသာ ဤသဘောထားကြီးသော အစ်ကိုကြီးနှင့်မတွေ့လျှင် အစောက သေသွားနိုင်သည်။ သူ၏ဖခင်ကို ထပ်မံတွေ့ရတော့မည်မဟုတ်ပေ။