အခန်း (၁၁၀၇)
Vol. 56 Ch. 1107
ကောင်လေးသည် အမြောက်ဆံလုံးကဲ့သို့ မြန်ဆန်လှသည်။ သူ၏ လက် နှင့်ခြေထောက်များသည် အလွန်ပျော့ပြောင်းသည်။ သူ့လက်မှထွက်လာသည့် ဝါးခြင်းသည် ထိုလူဆီသို့ လွင့်ပျံသွားလေသည်။
ဘုန်း
ထိုလူသည် ရှောင်ချိန်ပင်မရလိုက်ဘဲ ဝါးခြင်းနှင့် အရိုက်ခံလိုက်ရသည်။ ထိုလူ၏နာကျင်စွာအော်မြည်သံကို ကြားပြီးနောက် ဝါးခြင်းတောင်းဖြင့် ခြစ်မိ သဖြင့် ဟူစန်း၏မျက်နှာတွင် ခြစ်ရာကြီးဖြစ်သွားသည်ကို အားလုံးမြင်လိုက်ရ သည်။ ဒဏ်ရာသည် မနက်သော်လည်း သူ့မျက်နှာတွင် ကြက်ခြေခတ် အနာရွတ်ဖြစ်သွားသည်မှာ မကြည့်နိုင်လောက်စရာပင်။
“အာ.. ကောင်စုတ်လေး ငါ မင်းကိုသတ်မယ်”
ဟူစန်းသည် ကျိုးနေသော ဝါးခြင်းတောင်းကို ကောက်ယူကာ ကောင်းလေးဆီသို့ ပြေးသွားလေသည်။ ကောင်လေး၏ လက်နှင့်ခြေထောက် သည် အလွန်မြန်ဆန်သည်။ သူ ခြင်းတောင်းကို ပစ်လိုက်ချိန်တွင် ကျနေခဲ့ သော ဆေးပင်များကို ကောက်ယူပြီးသားဖြစ်လေသည်။ သူ ရုတ်တရက် ဆွဲ လိုက်သောအခါ ဆေးများသည် အဘက်ဘက်သို့ ပြန့်ကျဲကုန်လေသည်။ ဟူစန်းသည် ခြင်းကို ခြေတစ်ဖက်နှင့် နင်းထားလေသည်။ ထိုအချိန်တွင် သူ၏ ခြေထောက်နင်းပြားသည် ချော်သွားပြီး နောက်သို့လှန်ကျကာ မြေကြီးနှင့် ဘုန်း ခနဲ အားပြင်းပြင်းရိုက်မိလေသည်။
ဝူး ဝူး
အားပါပါလဲကျ၍လား ဒေါသထွက်၍လားမသိပေ။ ဆိုင်ပိုင်ရှင်၏ လေးလံ သော ဟိုက်သံသည် လမ်းပေါ်တွင် ပေါ်ထွက်လာသည်။ ထိုလူသည် သူ၏လက် များကို အကြိမ်အနည်းငယ် လေ့ကျင့်လိုက်ပုံပင်။ အသက်အနည်းငယ် ရှူပြီး သည့်နောက် မြေပေါ်မှ ထခုန်လေသည်။ သူ့မျက်လုံးများသည် ဒေါသကြောင့် နီရဲနေပြီး လက်များသည် သိမ်းငှက်လက်သည်းကဲ့သို့ ကောင်လေးဆီသို့ ဆုပ် ကိုင်လေသည်။
“ငပိန်လေး မင်း ဒီနေ့ အသက်ရှင်ဖို့မတွေးနဲ့တော့”
ကောင်လေးသည် လှည့်ပြေးလေသည်။ ပြေးရင်းနှင့် အော်သွားသေး သည် “ငါ့ကို ဖမ်းလေ ဖမ်းလေ လာဖမ်း ဟင်း တစ်နေ့ ငါကြီးလာရင် မင်းကို ငါ သတ်မယ်”
ကလေးသည် အသက် ၅ နှစ် ၆ နှစ်အရွယ်သာရှိသေးကာ ဆိုင်ပိုင်ရှင် သည် ၁.၇၈ မီတာရှည်သည်။ ခြေနှစ်လှမ်းတိုးပြီး ကောင်လေးကို နောက်ကျော မှ ဆွဲပြီး လေထဲသို့မြှောက်လိုက်သည်။ သူသည် ပါးစပ်ဟပြီး ဝါကျဉ်ကျဉ် သွားများပေါ်သည်အထိ ယုတ်မာစွာ ပြုံးလိုက်သည်။ ဟူစန်းဟုခေါ်သည့် ဆိုင်ပိုင်ရှင်သည် ခပ်မာမာပြောလေသည် “ပြေး မင်းပြေးလေ ကောင်စုတ်လေး အလုပ်သမားရေးရာက နှစ်နှစ်ဆယ်ကျော်ရှိလာတာ၊ မင်းက ဘာမှဆုံးရှုံးသေး တာမဟုတ်ဘူး ဒီနေ့ မင်း အလုပ်သမားရေးရာလက်ထဲမှာ သေလိမ့်မယ်၊ အဲဒါ ကို မင်း အမြတ်ထုတ်ချင်သေးတယ်”
“ခင်ဗျား လွှတ် အဖေ အဖေ...”
“အဖေ ဟုတ်လား ဟား ဟား” ဆိုင်ပိုင်ရှင်သည် အရိုင်းဆန်စွာ ရယ်မော လေသည် “မင်းက မင်းအဖေ လာကယ်ဖို့ကို မျှော်လင့်သေးတာလား”
ဆိုင်ပိုင်ရှင်သည် ကောင်လေးကို မြှောက်ကာ မြေကြီးနှင့်ရိုက်ချရန် ပြင်ဆင်လေသည်။ သူ မြေကြီးနှင့်မြင့်မြင့်ရောက်လေ ကောင်လေး၏ မျက်လုံး ထဲတွင် အကြောက်တရားပေါ်လာလေလေဖြစ်သည်။ သူ၏မျက်လုံးများသည် အနည်းငယ်ပျာယာခတ်နေသည်။ သို့သော် တင်းမာသောမျက်နှာထားနှင့်ရှိ တုန်းပင်။ သူသည် လူအုပ်ထဲတွင် ပတ်ရှာကာ ပါးစပ်မှရေရွတ်လေသည် “အစ်ကိုကြီး အစ်ကိုကြီး...”
“အစ်ကိုကြီးနဲ့ အစ်မဟုတ်လား၊ သူဆင်းရဲလေး မင်းက မင်းကိုလာကယ် မယ့်သူကိုမျှော်နေတုန်းလား” ဆိုင်ပိုင်ရှင်သည် သူ၏မျက်နှာကို တခြားလက် တစ်ဖက်နှင့်သုတ်လိုက်သည်။ ဒဏ်ရာသည် စပ်ဖျဉ်းဖျဉ်းနှင့်။ အနားမှလူများ ကလည်း ဝိုင်းကြည့်နေကြသည်။ “လောင်ကျီကို ဒီလိုဖြစ်အောင်လုပ်တဲ့ ဒီ ကောင်စုတ်လေးကို အကုန်မြင်ဖူးကြတာပဲ၊ ဒီကောင်လေးက တန့်ကာမြို့မှာ တစ်နေကုန် စိတ်ရှုပ်ဖို့ကောင်းတဲ့ကြွက်ပဲ၊ လူဆိုးဖြစ်တာမဖြစ်တာကို ဂရုမစိုက် ဘူး၊ သူ ငါ့လက်ထဲမှာ အသက်ရှင်ရင် သူ့ကံဘဲ၊ အသက်မရှင်ရင်တော့ ငါ့ကို လာအပြစ်မတင်ကြနဲ့”
လူအုပ်ထဲတွင် မည်သူမှ အသံမထွက်ရဲကြပေ။ အစောက ကောင်လေး အတွက် ပေထင်းဟွမ်အား အသနားခံခဲ့သည့်လူပင်လျှင် ယခုအခါ နှုတ်ဆိတ် နေသည်။ သူ၏မျက်လုံးထဲမှ သနားသည့်အကြည့်မှလွဲပြီး မည်သူမှ သူ့ကို မတားရဲကြပေ။ ထင်ရှားစွာပင် ထိုလူများသည် ဟူစန်းဟုခေါ်သည့် ဆိုင်ပိုင်ရှင် ကိုကြောက်နေကြခြင်းပင်။
“ဟီး ဟီး ဟူစန်း ငါ လောင်းလိုက်မယ်၊ မင်း ဒီငပိန်လေးကို သေအောင် ရိုက်လို့မရဘူး၊ ခုနက မင်း နည်းနည်းလေးကန်လိုက်တာမလား၊ သူအသက်ရှင် ပြီးပြန်လာတာ ဘယ်လောက်မှမကြာလိုက်ဘူး၊ ဒီကောင်လေးက နတ်ဆိုးပဲ အရမ်းကောင်းတယ်” ဟူစန်း၏ဆိုင်ဘေးမှ ဟူစန်းနှင့် ကောင်လေးနောက်သို့ လိုက်ခဲ့သော ဆိုင်ပိုင်ရှင်သည် ပြောလေသည်။
ထိုလူသည် ကြီးမားသောကျောပြင်၊ ခက်ထန်သောအကြည့်တို့နှင့် မွေးဖွားလာသူဖြစ်သည်။ သူသည် ဟူစန်း၏လက်ထဲမှ ကောင်လေးကို အထင် သေးစွာကြည့်ပြီး ပြောလေသည်။