← Chapters

သူတို့တွေက သေသင့်တယ်

Vol. 56 Ch. 1108

သူတို့တွေက သေသင့်တယ်

Vol. 56 Ch. 1108

“ဘာ လီအာ.. ဟေ့လူ မင်းက ဘယ်လိုလုပ် ငါ့ကို အထင်သေးရဲတာလဲ” ဟူစန်းသည် လက်ထဲမှကောင်လေးကို လှုပ်ခါပြီး ပိုမြင့်မြင့်မြှောက်ကာ သဘောကျစွာနှင့်ပြောလေသည် “ဒါ သူ့ကံပဲ၊ ဒီတစ်ခါ သူ့ကံကအရမ်းကောင်း တယ်လို့ပြောလို့ရတယ်၊ သူ့ကို ကယ်မယ့်သူရှိလို့လား ကြည့်လိုက်လေ”

ဟူစန်းစကားဆုံးသည်နှင့် သူ့မျက်လုံးထဲတွင် စူးရှသောအကြည့်တစ်ခု ပေါ်လာပြီး ကလေးကိုမြှောက်လိုက်ကာ မြေကြီးဆီသို့ ရက်စက်စွာနှင့် လွှဲချ လေသည်။

“အာ...”

လူအုပ်ထဲမှ အော်သံထွက်ပေါ်လာသည်။ ထိုကဲ့သို့မြင်ကွင်းသည် စိတ်ပိုင်းဆိုင်ရာအားနည်းသူ တချို့အတွက် မေ့လဲလုနီးပါးပင်ဖြစ်သွားစေ လောက်၏။ ထိုဖြစ်ရပ်မျိုးကို မည်သူမှ မမြင်ချင်ကြပေ။ ဟူစန်းရိုက်လိုက်ချိန် တွင် အားလုံးနီးပါးသည် သူတို့၏စိတ်ထဲတွင် ထိုမြင်ကွင်းကို ပြန်မမြင်ယောင် လိုသဖြင့် မျက်လုံးမှိတ်လိုက်ကြသည်။ ထို့အပြင် သူသည် ကလေးတစ်ယောက် သာဖြစ်လေသည်။

အတန်ကြာသည်အထိ မည်သည့်အသံမှထွက်မလာပေ။ တစ်လမ်းလုံး တွင် ဆေးပင်များရောင်းသည့်အသံများမှလွဲပြီး ငြိမ်းငြိမ်းချမ်းချမ်းပင်။

ကလေး၏အော်သံကြားရသည်မှာ ကြာသွားပြီဖြစ်ရာ အားလုံးသည် အလွန်ထူးဆန်းသည်ဟု ခံစားလာရသည်။ သူတို့မျက်လုံးဖွင့်လိုက်ချိန်တွင် ကောင်လေးသည် မြေကြီးနှင့် ၃ ပေအကွာတွင်မြောက်နေပြီး ကျမလာသည်ကို တွေ့လိုက်သည်။ ဟူစန်းသည် ကလေးအား ကြောက်လန့်သောမျက်လုံးများနှင့် ကြည့်လေသည်။ သူသည် ကလေးကို ညာဘက်လက်နှင့် ဆုပ်ကိုင်ချင်သော် လည်း မလှုပ်ရဲပေ။ သူနီးသွားလေလေ နောက်ဆုတ်သွားလေဖြစ်ရာ သုံးလေး ကြိမ်မျှ သွားလိုက်ပြန်လိုက်ဖြစ်ပြီးနောက် သူ၏နဖူးပေါ်တွင် ကြောက်ရွံ့မှု ကြောင့် ချွေးသီးများပြန်လာသည်။

လူအုပ်ထဲမှ အနက်ရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ဝတ်ရုံ၏အနား ကွပ်ပေါ်တွင် ငွေရောင်ချည်ဖြင့်ထိုးထားသော ပင့်ကူနှင်းပန်းသည် သူမ၏ ခြေလှမ်းနောက်တွင် တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာသလိုပင်။ အမည်းရောင် ဆံပင်သည် ခရမ်းရောင်ဖဲပြားနှင့် ရောနှောနေကာ ၇ လပိုင်းတွင် တိုက်ခတ် သည့် နွေရာသီလေနှင့်အတူ လွင့်ပါလာသည်။ သူမသည် မျက်နှာပေါ်တွင် ငွေရောင်မျက်နှာဖုံးတပ်ထားသော်လည်း မည်းနက်သောမျက်လုံးများကို မဖုံး အုပ်နိုင်ပေ။

ကောင်လေးသည် ဆယ်ကျော်သက်အရွယ်မျှသာရှိသေးကာ အစောက ကလေးကိုဖမ်းလိုက်သည့်လူဖြစ်သည်။ အခု ကလေးကိုကယ်လိုက်သည်မှာ လည်း သူပဲလားမသိပေ။ သို့သော် သူမ မည်သို့လုပ်လိုက်သည်ကို မည်သူမှ မသိကြပေ။

ပေထင်းဟွမ်သည် ကောင်လေးဆီသို့ လျှောက်သွားပြီး လက်ဆန့်ထုတ် ကာ မြောက်တက်နေသော ကောင်လေးကို လက်ဖြင့်ပွေ့ဖက်လိုက်သည်။ သူမ လက်ဆန့်ထုတ်လိုက်သည်နှင့် ကလေးကို ထောက်ပံ့ပေးထားသည့် ကောင်းကင်နှင့်မြေကြီး အင်အားသည် ပျောက်ကွယ်သွားလေသည်။ သူမသည် အနည်းငယ် ခေါင်းငုံ့လိုက်ကာ ကလေး၏မျက်လုံးမျာကိုကြည့်ပြီး မချမ်းမြေ့ သည့်လေသံနှင့်ပြောလေသည် “ငါ့ကို မြန်မြန်ကြီးတွန်းထုတ်သွားတာ ဒီကိုလာ ပြီး သေလမ်းရှာဖို့လား”

သူမ၏အသံသည် အနည်းငယ်စူးရှသော်လည်း မျက်လုံးထဲမှ စိုးရိမ်မှု သည် မည်သူ့ကိုမှ လိမ်မရပေ။ ဤကဲ့သို့သန်မာသောကလေးသည် ထိုအချိန်တွင် နှုတ်ခမ်းများဟလာကာ မျက်လုံးများမှ မျက်ရည်များကျလာပြီး ပေထင်းဟွမ်၏ လည်ပင်းကို လက်နှင့်သိုင်းဖက်ကာ အော်လိုက်သည် “အစ်ကို ကြီး သူတို့က ကျွန်တော့်အဖေနဲ့အမေကို ကျိန်ဆဲနေတာ”

“သူတို့တွေ သူတို့တွေသေသင့်တယ်” ပေထင်းဟွမ်သည် လက်မြှောက် ကာ ကောင်လေး၏ကျောပြင်ကို ပုတ်ပေးပြီး ဟူစန်းအား အေးစက်သည့် မြား တစ်စင်းနှင့်တူသော အကြည့်နှင့်ကြည့်လေသည်။ သူမ၏မျက်လုံးထဲမှ နက်မှောင်သောအလင်းသည် ငရဲကိုမြင်လိုက်ရသလိုဖြစ်စေသည် “သူ့ကို သေအောင်မရိုက်နိုင်ရင် သူ့အသက်က ရှည်မှာလို့ပြောခဲ့တာမလား၊ သူ့အသက် ကတကယ်ပြင်းတာပဲ အခုမင်းတို့အလှည့်ပဲ”

“မင်း မင်း မင်းကဘယ်သူလဲ၊ မင်းနဲ့ဘာဆိုင်လို့လဲ” ဟူစန်းသည် ထိုမျက်လုံးများကို ကြည့်ရင်းနှင့် တစ်ကိုယ်လုံးချွေးများရွှဲလာကာ နောက်သို့ ဆုတ်မိလေသည်။

“ငါ့နာမည်ကိုမေးနေတာလား” ပေထင်းဟွမ်သည် ဟူစန်းဆီသို့ တစ်လှမ်းချင်းစီလျှောက်သွားကာ သူ့အားတစ်လှမ်းချင်းနောက်ဆုတ်ရန် ဖိအား ပေးလေသည်။ ထိုလူ နောက်ပြန်လဲကျသည်နှင့် သူမသည် ဟူစန်း၏ရင်ဘတ် ကို ခြေချောင်းများဖြင့်နင်းလိုက်သည်။ အနည်းငယ်အားထည့်လိုက်သည်နှင့် အရိုးအက်ကွဲသံများထွက်လာပြီး တစ်ဖက်လူသည် ကြေကွဲစွာအော်လေတော့ သည်။ ရင်ခွင်ထဲမှကလေးသည် တုန်ယင်လာသည်ကိုခံစားမိပြီး ပေထင်းဟွမ် လွှတ်ပြီးပြောလိုက်သည် “ငါက လူကောင်းမဟုတ်ဘူး၊ ငါ့လက်ထဲမှာ ဘယ်သူမှ အသက်မရှင်နိုင်ဘူး၊ ငါ့ကိုယ်ငါ ဆိုးပြီလို့ထင်နေတာ ဒါပေမဲ့ မင်းတို့ကိုတွေ့ပြီး သွားတော့ ငါက အဆိုးဆုံးမဟုတ်တာကို သိလိုက်ရပြီ”

All Chapters