Chapters

အစ်ကိုကြီး မိုက်လိုက်တာ

Vol. 56 Ch. 1109

အစ်ကိုကြီး မိုက်လိုက်တာ

Vol. 56 Ch. 1109

ရင်ဘတ်အရိုးကိုကျိုးအောင်လုပ်နိုင်သည့်လူသည် ငယ်သေးသည်။ သူမ သည် လူဆိုးမဟုတ်လျှင် ကမ္ဘာပေါ်တွင် လူဆိုးမည်သည့်နေရာတွင်ရှိပါဦးမည် နည်း။

သို့သော် အားလုံးသည် သူမပြောသည့်စကားကို နားလည်ကြသည်။ လူကြီးများအကြား တိုက်ခိုက်သည်မှာ ဘာမှမဟုတ်ပေ။ သို့သော် လူကြီးတစ် ယောက်မှ ကလေးကို ထိုသို့လုပ်နေသည်ကို ကြည့်နေသူများစွာရှိသော်လည်း မည်သူမှ မတားဘဲ အေးအေးလူလူရှိနေကြသည်။

လူငယ်၏အသံသည် လမ်းပေါ်မှထွက်လာပြီး ခေါင်းအထက်မှ ကောင်းကင်ကိုမော့ကြည့်ကာ နှာမှုတ်ပြီးပြောလိုက်သည် “တိုက်ကြီးတစ်ခုလုံး မှာ ကြယ်နဲ့လ စွမ်းအားရှိတဲ့နေရာက အသန်မာဆုံးလို့ကြားတယ်၊ အလင်း နတ်ဘုရားက မြေကြီးကို ဒုတိယဖျက်ဆီးခဲ့တာ သန့်စင်သောမြို့ရဲ့နတ်ဘုရား၊ မင်းက ဒေသနာတော်နတ်ဘုရားရဲ့ သန့်စင်ခြင်းကိုခံရတဲ့လူတွေ ငါ့လိုလူမျိုး ထက် မင်းတို့က ပိုပြီးရက်စက်လား”

ထိုမေးခွန်းသည် သူတို့၏ခေါင်းများကို ငုံ့သွားစေသည်။ ပေထင်းဟွမ်၏ အထင်သေးသောမျက်လုံးများသည် လူအုပ်ကိုဖြတ်သွားကာ သူမ၏ ခြေထောက်အောက်မှလူဆီသို့ ရောက်သွားလေသည်။ သူမ၏အသံသည်ငရဲမှ တက်လသလိုပင်။ သူမသည် ကောင်လေး၏လက်မောင်းကို ပုတ်ကာ ပြောလိုက်သည် “မင်းက ငါ့ကို အစ်ကိုကြီးလို့ခေါ်မှတော့ အခုကစပြီး ငါ့ညီလေးလုပ်လိုက်တော့ မင်းနာမည် ဘယ်လိုခေါ်လဲ”

ဟူစန်းသည် သူမ၏ခြေထောက်အောက်တွင် တုန်ယင်နေသည်။ သူသည် ထိုလူငယ်ကိုမြင်နေရသည်။ ငယ်ရွယ်သော်လည်း သူ မော်မကြည့်နိုင်သည့် ခွန်အားရှိသည်။ ယခုအခါ သူ့အသက်ကိုညှာတာပေးရန် ကြင်နာမှုအနည်းငယ် ကျန်ရှိရန် အဘိုးကြီးမျှော်လင့်ရတော့သည်။

“ကျွန်တော့်နာမည်က ပိုင်ရုန်းပါ” ကောင်လေးသည် လုံခြုံသည်ဟု တွေး ပြီး မျက်နှာမှ ပြုံးသွားလေသည်။ သူသည် ပေထင်းဟွမ်၏ကျောပြင်ကို ပွေ့ဖက် လေသည် “အစ်ကိုကြီး အစ်ကိုကြီးကရော နာမည်ဘယ်လိုခေါ်လဲ”

“ငါလား” ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက်သည်။ သူမ၏မျက်လုံးထဲမှ မျက်နှာထားသည် နူးညံ့သွားလေသည် “ငါ့နာမည်က ပေထင်းဟွမ်ပါ”

ကျွတ်

လမ်းမပေါ်မှလူများအားလုံးသည် တညီတညာတည်း ကျွတ်သပ်မိကြ လေသည်။ အားလုံးသည် ထင်ယောင်ထင်မှား ကြားလိုက်ရသည်ဟု ထင်လိုက် ကြကာ နားကြားမမှားကြောင်းကို ဘေးနားမှလူများကို ပတ်မေးကြလေသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ သူတို့သည် ပေထင်းဟွမ်ဆိုသည့် နာမည်ကို အခု ကြားလိုက်ရသလိုပင်။

ပြည်မကြီးတွင် ပေထင်းဟွမ်ဆိုသည့်နာမည်နှင့် ဒုတိယလူရှိသေးနေ သည်လား။ ရှိလျှင် မဟာမိတ်အင်ပါယာ၏ ခေါင်းဆောင်ကဲ့သို့ သန်မာသောလူ ဖြစ်မည်လား။

“မဟုတ်သေးဘူး ငါကြားတာ မှန်ရဲ့လား မင်းမြင်တဲ့အတိုင်းပဲ ဒီသခင်ကြီး က ဒဏ္ဍာရီဝင် ပင့်ကူနှင်းပန်းကိုးလွှာကို ဝတ်ထားတာလေ”

“ပင့်ကူနှင်းပန်းကိုးလွှာ အဲဒါက ယန်ချန်းကမလား”

“မင်းက မန္တလာမြေက ပြန်လာတာမလား၊ သခင်ပေထင်းဟွမ်ရဲ့ အဓိက သင်္ကေတနှစ်ခုကို မသိသေးဘူးလား ငွေရောင်မျက်နှာဖုံးနဲ့ ကိုးလွှာပန်းပွင့်လေ”

“ဟုတ်တယ် သခင်ပေထင်းဟွမ်က တကယ်ဒီရောက်နေတာပဲ၊ သူ မနေ့ က လူတစ်ယောက်နဲ့ တိုက်ခိုက်လို့ ဆေးဆိုင်တောင် ပျက်စီးသွားသေးတယ်”

“မိုးနတ်မင်းရေ”

အမှန်တကယ်ပင် ပေထင်းဟွမ်ဖြစ်သည်။ အားလုံးသည် တညီတည်း နောက်တစ်လှမ်းဆုတ်မိကြလေသည်။ ပေထင်းဟွမ်အား နတ်ဘုရားကဲ့သို့ ကိုးကွယ်သည့်မျက်လုံးများဖြင့် သေချာစိုက်ကြည့်ကြရ ပိုင်ရုန်းသည် လွန်စွာ ဂုဏ်ယူနေသည်။ သူသည် ခေါင်းမော့ပြီး မျက်ရည်ဝဲနေသောမျက်အိမ်များကို လှိမ့်ကာ သူ့ကိုအထင်သေးပြီး ခွေးတစ်ကောင်လိုနှစ်ထုတ်၊ အနိုင်ကျင့်သော ထိုလူများကို ကြည့်လေသည်။သူ၏ရင်ဘတ်ထဲမှ စီးဆင်းနေသော နာကြည်းမှု နှင့် ဒေါသများသည် တက်ကြွသောခံစားချက်ဖြင့် အစားထိုးဝင်ရောက်လေ သည်။

“အစ်ကိုကြီး အစ်ကိုကြီးက အရမ်းကောင်းတာလား” ပိုင်ရုန်းသည် ပေထင်းဟွမ်ဆိုသည့်အဓိပ္ပာယ်ကို မသိပေ။ သူသိသည်မှာ အစ်ကိုကြီးသာရှိ လျှင် နောက်ဆိုလျှင် မည်သူမှ အနိုင်ကျင့်ကြမည်မဟုတ်တော့ပေ။

“ဒါပေါ့ တစ်နေ့ မင်းလည်း ငါ့လိုမျိုး အားကောင်းလာမှာ” ပေထင်းဟွမ်၏ ခြေချောင်းများသည် ဟူစန်း၏ခန္ဓာကိုယ်ကို ကန်လိုက်ရာ ဟူစန်းသည် အစော က ပိုင်ရုန်းကဲ့သို့ ကောင်းကင်နှင့်မြေကြီးခွန်အားကြောင့် မြောက်တက်သွား လေသည်။ သူသည် ကောင်းကင်သို့ တဖြည်းဖြည်းမြင့်တက်သွားပြီး ပေထင်းဟွမ်၏ နတ်မိစ္ဆာဆန်သောအသံကိုသာ ကြားလိုက်ရတော့လေသည် “ကစားပွဲ ကစားကြမလား၊ အစ်ကိုကြီးက သူ့ကို ဘယ်လောက်မြင့်မြင့် မြှောက် နိုင်မလဲကြည့်ကြမယ်”