Chapters

မင်းက သူ့ကိုဦးလေးလို့ခေါ်ဖို့တန်လို့လား

Vol. 56 Ch. 1110

မင်းက သူ့ကိုဦးလေးလို့ခေါ်ဖို့တန်လို့လား

Vol. 56 Ch. 1110

စကားပြောရင်းနှင့် ဟူစန်းသည် မြေကြီးနှင့် ပိုပိုဝေးသွားသလိုခံစားရလေ သည်။ မြေကြီးကိုမနင်းရသည့် မလုံခြုံမှုသည် သူ့ကိုကြောက်လန့်စေသည်။

ပိုင်ရုန်း မပြေပြစ်စွာ ခေါင်းလှည့်လိုက်သည်နှင့် ဟူစန်းသည် ကောင်းကင် ဆီသို့ လေတံခွန်အလား တဖြည်းဖြည်းလွင့်သွားပြီး မကြာမီတွင် ခေါင်းကို ကျော်သွားမတတ်ဖြစ်လေသည်။ ကောင်လေးသည် ဝမ်းနည်းလာပြီး သူ၏ ပန်းရောင်နှုတ်ခမ်းလေးကို စူလေသည် “အစ်ကိုကြီး သူကလူဆိုးကြီးကို ဘာလို့ သူနဲ့ ဒီကစားပွဲ ကစားချင်တာလဲ”

ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်လုနီးပါးဖြစ်သွားကာ ပိုင်ရုန်းသည် ကလေးတစ်ယောက်သာဖြစ်နေသေးသည်ကို သတိရသွားလေသည်။ သူသည် ဘာကိုမှနားမလည်သေးပေ။ သူ၏နှလုံးသားသည် စက္ကူပြောင်သားကဲ့သို့ ဖြူစင်သည်။ သူ၏မျက်လုံးထဲတွင် အကောင်းနှင့်အဆိုးသာရှိပြီး လှည့်ကွက် များကို ကစားရန်သင်မထားပေ။

“ဟုတ်တယ် အစ်ကိုကြီးမှားသွားတာပါ၊ သူက လူဆိုးပဲ သူနဲ့ မကစား တော့ဘူး” ပေထင်းဟွမ်သည် ဟူစန်းအား စူးရှသောမျက်လုံးများဖြင့် ကြည့်လေ သည်။

ဟူစန်းသည် အသက်ကယ်ကြိုးကို တွေ့လိုက်ရသလိုပင် လေထဲတွင် က ခုန်ကာ အော်ဟစ်လေသည် “ဟုတ်တယ် ဟုတ်တယ် ငါကလူဆိုးပါ ရှောင်ရုန်းအာ မင်းက လူကောင်းလေး ဦးလေးဟူစန်းကို ခွင့်လွှတ်ပါ၊ မင်းက သန်မာပါတယ် နောက်ဆိုရင် မင်းကိုအနိုင်မကျင့်ရဲတော့ပါဘူး ဦးလေးဟူစန်း ကို ခွင့်လွှတ်ပါနော် ဟင်”

ဖြန်း ဖြန်း ဖြန်း

ဟူစန်းသည် စိတ်ရင်းကို ဖော်ပြရန်အတွက် သူ့ကိုယ်သူ သုံးကြိမ်သုံးခါ ရိုက်လေသည်။

လူအုပ်ထဲတွင် သက်ပြင်းချသံများ ထွက်ပေါ်လာသည်။ တစ်လမ်းလုံး တွင် ပေထင်းဟွမ်လုပ်ခဲ့သမျှကို မသိသူမှာ ပိုင်ရုန်းတစ်ယောက်သာရှိလိမ့်မည်။ ထိုလူများသည် ကမ္ဘာကြီး၏ကူးစက်မှုကိုခံရသဖြင့် ပေထင်းဟွမ် သုံးသည့် နည်းလမ်းများကိုမည်သို့ နားမလည်ဘဲရှိမည်နည်း။

လီအာဟုခေါ်သည့် ဆိုင်ပိုင်ရှင်သည် ထိုအချိန်တွင် တစ်ကိုယ်လုံး ပျော့ခွေသွားပြီး မတ်မတ်ပင်မရပ်နိုင်တော့ပေ။ သူသည် မြေကြီးပေါ်တွင် ပစ်လှဲပြီး နောက်သို့ ဆက်ရွှေ့လေသည်။ ပေထင်းဟွမ်ကဲ့သို့လူမျိုးကို အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုနိုင်သည့် ကော်စုတ်လေးပိုင်ရုန်းသည် မည်မျှ ကံကောင်းနေသည်ကို သူ နားမလည်နိုင်တော့ပေ။

ဟွမ်ချန်းအကြောင်းမသိသူ..မဟုတ်လျှင် မဟာမိတ်အင်ပါယာမှလူများ သည် မည်သို့ကာကွယ်ခံထားရသည်ဟု ပြောရပေမည်။ ပေထင်းဟွမ်သည် အပြောနှင့်အလုပ်ညီသူဖြစ်သည်။ သူမ ပြောလိုက်သည်နှင့်၊ ထိုကောင်စုတ် လေးကို ညီလေးအဖြစ်သတ်မှတ်လိုက်သည်နှင့် သူ့ကိုသေချာပေါက် ကာကွယ် ပေးမည်ဖြစ်သည်။

“ဦးလေးဟုတ်လား” ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည်။ သူမ၏ အသံသည်ဓားကဲ့သို့ချွန်ထက်နေပြီး ဟူစန်းအား ညှာတာမဲ့စွာရိုက်လေသည် “ငါ ပေထင်းဟွမ်ရဲ့ ညီလေးက မင်းကို ဦးလေးလို့ ခေါ်ဖို့တန်လို့လား”

အားလုံးသည် ဟူစန်း၏ခန္ဓာကိုယ်ပေါ်မှ လက်သွားသော အလင်းတစ်ခု ကိုသာမြင်လိုက်ရသည်။ အော်သံသည် ကောင်းကင်ကို ထိုးဖောက်တော့မည့် အတိုင်း အားလုံးကို တုန်ယင်သွားစေကာ ကျောပြင်တွင် ချွေးသီးများကို ကျစေ သည်။

ကောင်းကင်မှ သွေးမိုးများရွာလာသကဲ့သို့ပင်။ ထိုအချိန်တွင် ပေထင်းဟွမ်သည် ပိုင်ရုန်းအား ပွေ့ပြီးထွက်သွားပြီဖြစ်သည်။ ကောင်လေးသည် သူ၏ကျိုးပဲ့နေသောခြင်းတောင်းကို ပြန်သွားယူချင်မိ သော်လည်း ပေထင်းဟွမ်မှတားလေသည် “အစ်ကိုကြီးမှာ ဆေးပင်တွေ အများကြီးရှိတယ်၊ မင်းရောင်းချင်ရင် အစ်ကိုကြီး နည်းနည်းပေးမယ် သွားမယ် မင်းအဖေဆီကို အရင်သွားလည်တာပေါ့”

သူတို့နှစ်ယောက်သည် ထွက်သွားကြလေသည်။ ထိုအချိန်တွင် ဟူစန်း သည် မိုးပေါ်တွင်မြောက်နေဆဲဖြစ်ကာ အလျားလိုက်ရွေ့လျားနေပြီး အရိပ် သည် လီအာ၏ကိုယ်ပေါ်သို့ ကျနေသည်။

အဲဒါဘာအတွက်လဲ။

ပေထင်းဟွမ်နှင့် ပိုင်ရုန်းတို့ ထွက်သွားသော်လည်း ထိုအချိန်တွင် လူအုပ် ထဲတွင် မည်သူမှ ခြေလှမ်းမကြွကြပေ။ အားလုံး၏မျက်လုံးထဲတွင် ကြောက်လန့်မှုအရိပ်အယောင်ရှိနေပြီး မိုးပေါ်သို့ ပိုပိုမြင့်သွားသည့် ဟူစန်းကို စိုက်ကြည့်ပြီး ရင်ထဲမှနှလုံးခုန်ထွက်မတတ်ပင်။ ထိုခံစားချက်ကိုမည်သူမှ မခံစားချင်ကြပေ။

မြေကြီးပေါ်တွင် လီအာသည် ဝိညာဉ်ထွက်သွားသည့်အလား ပျာယာခတ်စွာ တွားသွားနေပြီး ခေါင်းပေါ်တွင် ဝဲနေသည့်ဓားကို ရှောင်ရှားရန် ကြိုးစားလေသည်။ သူ နေရာတိုင်းတွင် ပုန်းအောင်းသော်လည်း မည်သူမှ အနားအကပ်မခံရဲကြပေ။