Chapters

သူတို့သေဖို့တန်တယ်

Vol. 56 Ch. 1111

သူတို့သေဖို့တန်တယ်

Vol. 56 Ch. 1111

လမ်းပေါ်တွင် ပေထင်းဟွမ်၏ပုံရိပ်သည် ထောင့်တွင်ပျောက်ကွယ်သွား ပြီဖြစ်ကာ သူမ၏အသံသည် လေနှင့်အတူပါလာပြီး အားလုံး၏နားထဲသို့ ရောက်လာလေသည် “..တစ်ခုမှတ်ထားပါ မင်းက နောက်ဆိုရင် မဟာမိတ် အင်ပါယာရဲ့ခေါင်းဆောင်ရဲ့ညီလေးဖြစ်လာမှာ ဘယ်သူမှမင်းကိုအနိုင်မကျင့်ရ ဘူး၊ မင်းကိုအနိုင်ကျင့်တဲ့သူတွေအကုန်လုံး ပြန်ပေးဆပ်ရမယ်”

သူမစကားဆုံးသည်နှင့် မိုးပေါ်မြောက်နေသော ဟူစန်းသည် အောက်မှ ထောက်ပံ့ထားသည့်ခွန်အား ပျောက်သါားသဖြင့် မိုးပေါ်မှပြုတ်ကျလေသည်။ အရှိန်သည် တွေးမထင်ထားနိုင်လောက်အောင်ပင်။ ဗုံးတစ်လုံးလိုပင် မြေကြီး ပေါ်မှ လီအာပေါ်သို့ကျလေသည်။

၎င်းသည် အလွတ်ကျခြင်းလည်းမဟုတ်ပေ။ ကောင်းကင်ပေါ်မှ ဖိအား တစ်ခုသည် သူ့ကိုခြယ်လှယ်ပြီး အထက်မှပစ်ကျခြင်းပင်။

ဘုန်း...

ဟူစန်းသည် လီအာအား ပြင်းထန်စွာရိုက်မိပြီး လူအုပ်ထဲတွင် အဖြူရောင် အရည်များထွက်လာလေသည်။ မြေကြီးသည် ဟူစန်း၏စွမ်းအားကြောင့် အက်ကွဲပြိုလဲပြီး အဖြူရောင်ဝိညာဉ်ကျောက်တုံးလမ်းပေါ်လာလေသည်။ ကြီးမားသောလေလှိုင်းသည် သူတို့နှစ်ယောက်အနားမှ ဆေးဆိုင်များကို ရိုက်မိ ကာ ပြန့်ကျဲသွားပြီး သူတို့နှစ်ယောက်၏အောက်မှ အနီရောင်အရည်များ ပွက် ပြီးထွက်လာသည်။

ကြည့်နေသူများသည် ကြက်သေသေပြီးနောက်ဆုတ်ကြသည်။ လူအုပ် ထဲတွင် အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေသည်။ ကြောက်လန့် ပြီး ရှုပ်ထွေးသောမျက်လုံးများသည် မြေကြီးပေါ်မှ လူနှစ်ယောက်ကို စိုက်ကြည့် နေကြသည်။ သူတို့သည် မြေကြီးပေါ်တွင် သေနေသောကြွက်များကဲ့သို့ လဲနေ ကြ၏။

“သေ.. သေ.. သေကြပြီလား”

မည်သူမည်ဝါပြောလိုက်သည်တော့မသိ။ တုန်ယင်သောအသံနှင့် ပြော လာရာ အားလုံး သတိဝင်လာပြီး မြေကြီးပေါ်မှလူနှစ်ယောက်ကို ကြည့်လေ သည်။ ထိုလူနှစ်ယောက်သည် တန့်ကာတစ်မြို့လုံးတွင် အနိုင်ကျင့်သူများဖြစ် ကြသည်။ အရိုးများကွဲကြေသွားလျှင်တောင် သူတို့နှစ်ယောက်သေသွားသည် ကို မည်သူမှသံသယမဝင်ပေ။ သူတို့သည် မသေနိုင်ပေ။

ကျောရိုးအနောက်မှ အေးစိမ့်မှုများဆင်းသွားသည်။ အထူးသဖြင့် ပိုင်ရုန်း အား အနိုင်ကျင့်ရာတွင်ပါဝင်သူများပင်။ ထိုမြင်ကွင်းကိုကြည့်ပြီး သေမင်း ရောက်လာသလို၊ သေဆုံးခြင်းအရိပ်သည် သူတို့ခေါင်းပေါ်တွင် ရောက်နေ သလိုခံစားလိုက်ရ၏။ မရေမတွက်နိုင်သောလူများသည် နောင်တရမိကြသည်။ သူသည် ကလေးတစ်ယောက်သဖြစ်သည်။ သူတို့သည် ကလေးကို ဘာကြောင့် အနိုင်ကျင့်ကြသနည်း။ ဤကဲ့သို့ လွန်ကျူးသောအရာကိုလုပ်ပြီးနောက် တစ်နေ့ ဝဋ်လည်မှုကို ခံစားရမည်လား။

လွန်ခဲ့သည့်မိနစ်ပိုင်းကို မည်သူမှ မေ့ရမည်မဟုတ်ပေ။ ဟူစန်းသည် ကလေးကိုမြှောက်ပြီး မြေကြီးနှင့်ရိုက်ကာ ကလေးကို သေအောင်ကြံစည်ခဲ့ သည်။

ပေထင်းဟွမ်သာ ဤနေရာတွင်မရှိလျှင် ယခုအချိန်တွင် မချမ်းမြေ့ဖွယ် ရာ အခြေအနေရောက်နေသူမှာ ထိုကလေးပင်ဖြစ်လိမ့်မည်။ ထိုအချိန်တွင် အသိတရားဝင်လာကာ အားလုံး၏ရင်ထဲတွင် သေဆုံးခြင်းထက် ပိုကြောက်ဖို့ ကောင်းသော ခံစားချက်တစ်ခု လွှမ်းမိုးလေသည်။ သူတို့သည် သားရဲများ မဟုတ်ကြပေ။ သားရဲဆိုလျှင်တောင် ဗိုက်ဆာသည့်အချိန်တွင်သာ အမဲလိုက်ပြီး ပိုင်နက်တွက်သာ တိုက်ခိုက်ကာ သားရဲပေါက်များကို မသတ်ကြ ပေ။ ကလေးတစ်ယောက်သေခြင်းအစား မြေကြီးပေါ်မှလူနှစ်ယောက်သေခြင်း ကို ပျော်စရာကစားပွဲတစ်ခုလို သတ်မှတ်လိုက်ကြသည်။

“သူတို့က သေဖို့ပဲတန်တယ်”

“အဲဒီကလေးပိုင်ရုန်းက ဒီလောက်ငယ်ပေမဲ့ ချင့်ချိန်တတ်တယ်၊ ဖန်ဆင်း ရေးနတ်ဘုရားက သူ့ကိုကယ်ဖို့ သခင်ပေထင်းဟွမ်ကို လွှတ်လိုက်တာပဲ”

“မဟာမိတ်အင်ပါယာက ဒီလိုပဲလို့ကြားတယ်၊ မြို့ထဲမှာ တိုက်ခိုက်တာ ကို ခွင့်မပြုဘဲ ရန်ပွဲတွေကို အာဏာပိုင်ရုံးကို သတင်းပို့ရတယ်၊ ကိုယ့်ထက် အားနည်းတဲ့သူတွေကို အနိုင်ကျင့်ခွင့်လည်းပြုမထားဘူးဆို”

“အဲလိုဆိုရင် ငါ ပြောင်းဖို့နည်းလမ်းရှာရမယ်၊ မဟာမိတ်အင်ပါယာက ငါ့ ကိုလက်ခံမှာလားမသိဘူး ငါ အဲဒီမှာဆေးပင်ရောင်းချင်တယ်”

“သွားကြမယ် ဇာမဏီမြို့အသစ်က အရင်ဇာမဏီမြို့ဟောင်းထက် တောင် ကြီးသေးတယ် လူလည်းလိုမှာပဲ အတူသွားကြတာပေါ့၊ သားရဲတော အနီးဆိုတော့ ဆေးပစ္စည်းတွေလည်းများမှာပဲ”

ပေထင်းဟွမ်သည် တစ်ချက်လှုပ်ရှားလိုက်သည်နှင့် အားကောင်းသော ဆေးပစ္စည်းအဖွဲ့ကို ရလိုက်မည်ဟုထင်မထားပေ။ ရှင်းဟွမ်မြို့တစ်ခုလုံးသည် ဆေးပစ္စည်းအဖွဲ့များအလိုက် အပိုင်းပိုင်းပြီး တည်ဆောက်ထားသည်။

ထိုအခိုက်အတွင် သူမသည် ပိုင်ရုန်း၏လက်ကိုဆွဲပြီး အိမ်ဟုပင်မခေါ်နိုင် သည့်ပျက်စီးနေသောနေရာတွင် ရပ်နေသည်။ သူမ၏စိတ်မှာ ထိတ်လန့်နေပြီ ဖြစ်သည်။