← Chapters

နတ်ဘုရားအဆင့်ဆေး၊ စားလိုက်

Vol. 56 Ch. 1112

နတ်ဘုရားအဆင့်ဆေး၊ စားလိုက်

Vol. 56 Ch. 1112

“ညီလေး ဒါက မင်းရဲ့အိမ်လား” ပေထင်ငးဟွမ်သည် ခေါင်းငုံ့ပြီး တတ်နိုင် သလောက် အသံကိုနိမ့်နိုင်သလောက် နိမ့်ရန်ကြိုးစားလေသည်။

ပိုင်ရုန်းသည် အားပါပါခေါင်းညိတ်ကာ ပေထင်းဟွမ်၏လက်ကိုလွှတ်ပြီး အရောင်အမှန်ကိုပင် မမြင်နိုင်လောက်အောင် ညစ်ပတ်သော ကန့်လန့်ကာကို မ,ကာ အော်ရင်းပြေးဝင်သွားလေသည် “အဖေ အဖေ ဘယ်သူ့ကိုခေါ်လာလဲ ကြည့်လိုက်”

ပေထင်းဟွမ်သည် ခေါင်းဝေ့ဝဲရင်း လမ်းတစ်လျှောက် ကြည့်လာလေ၏။ ဤနေရာသည် တန့်ကာမြို့၏ ဆင်းရဲသောဧရိယာဖြစ်သည်။ ဤခြံဝင်းသည် အနည်းငယ် ကျယ်ဝန်းသော်လည်း ခေါင်မိုးမရှိ၊ တံခါးမရှိ၊ ပြတင်းပေါက်မရှိနှင့် နံရံလေးဖက်သာ ကျန်ခဲ့လေသည်။ ဤဆင်းရဲသားရပ်ကွက်တွင် အဆင်းရဲဆုံး မိသားစုပင်ဖြစ်သည်။

အထဲမှ ချောင်းဆိုးသံထွက်လာသည်။ ပေထင်းဟွမ်သည် ဧည့်ခန်း အဟောင်းမှ ဖြတ်လျှောက်လာသည်နှင့် ပေါင်းရိုးများနှင့်တည်ဆောက်ထား သော သစ်သားကုတင်ပေါ်တွင် လှဲလျောင်းနေသည့် ပိုင်ရုန်း၏ဖခင်ကို တွေ့ လိုက်ရလေသည်။

ကိုယ်တိုင်မျက်လုံးနှင့်မတွေ့ရလျှင် ပိုင်ရုန်းမှာ ငယ်ရွယ်သော်လည်း သူ၏ ဖခင်မှာ ဤမျှအသက်ကြီးလိမ့်မည်ဟု ယုံကြည်နိုင်မည်မဟုတ်ပေ။ ဆံပင်များသည် မီးခိုးရောင်ပေါက်နေပြီး မျက်လုံးများသည် ထိုင်းမှိုင်းနေကာ မုတ်ဆိတ်များကိုပင် ရိတ်မထားပေ။ နှလုံးစူးလောက်သည့် ချောင်းဆိုးမှုနှင့် အတူ နှုတ်ခမ်းထောင့်မှ သွေးများထွက်လာလေသည်။

ဖခင်ကို ထိုအတိုင်းမြင်လိုက်ရသဖြင့် ပိုင်ရုန်းသည် စိတ်ပူပန်စွာနှင့် ငိုယို ကာ သူ့ဘေးမှ စုတ်ပြတ်နေသောအိပ်ရာဖုံးကို ဖယ်ပစ်ပြီး ဖခင်၏ပါးစပ်မှ သွေး များကို သုတ်ပေးလေသည်။

ပေထင်းဟွမ်သည် ထိုလူအား သေချာကြည့်နေမိသည်။ သူ အသက် မည်မျှရှိသည်ကိုပင် မသိနိုင်ပေ။ သို့သော် သူ့မျက်နှာတွင် အရေများတွန့်နေပြီ ဖြစ်သည်။ ထိုပါးရေနားရေများ ချောမွေ့သွားလျှင် ပေထင်းဟွမ်သည် သူ၏ မျက်နှာမှ ရင်းနှီးသော ကောက်ကြောင်းကို မြင်နိုင်မည်ဖြစ်သည်။

“ညီလေး ငါ့ကိုလာခွင့်ပြုနော်” ပေထင်းဟွမ်သည် လျှောက်သွားကာ ပိုင်ရုန်းကို ဖယ်ခိုင်းလိုက်သည်။ လက်ကောက်ဝတ်လှည့်လိုက်သည်နှင့် သူမ၏ လက်ဖဝါးပေါ်တွင် ဆေးတစ်လုံးရောက်လာကာ ထိုလူ့ကိုပေးလိုက်သည် “စားလိုက်”

ဆေးတွင် အဝါခပ်ဖျော့ဖျော့အလင်းတွယ်ငြိနေပြီး ရွှေရောင်မျဉ်းကြောင်း စီးဆင်းနေသလို ရွှေရောင်နဂါးပုံစံပေါ်နေပြီး ဆေးမှ ရောင်ဝါပေါပေါများများ ထွက်နေသည်။

ဝိညာဉ်စွမ်းအားအလင်းတန်းကို အနံ့ခံပြီးနောက် ထိုလူသည် ချောင်းဆိုး ရပ်တန့်သွားလေသည်။ သူသည် မျက်လုံးကို ခပ်ကျယ်ကျယ်ဖွင့်ကာ ဆေးအား မယုံကြည်နိုင်စွာဖြင့် အတန်ကြာအောင် စိုက်ကြည့်ပြီးနောက် ခေါင်းမော့ကာ ပေထင်းဟွမအား စိုက်ကြည့်လေသည်။ စဉ်းစားကြည့်ရာ သားဖြစ်သူခေါ်လာ သည့် ဧည့်သည်သည် ဤကောင်လေးဟုတ်ပါသလား။

“ဒါက နတ်ဘုရားအဆင့်ဆေးမဟုတ်လား၊ အဖေ ဒါက အဖေ ကျွန်တော့် ကိုပြောတဲ့ နတ်ဘုရားအဆင့်ဆေးလား” ပိုင်ရုန်းသည် လက်ထဲမှ နတ်ဘုရား အဆင့်ဆေးကို ဆုပ်ကိုင်ပြီး ဖခင်ဖြစ်သူဆီသို့ ပေးလိုက်သည် “အဖေ စားလေ၊ နတ်ဘုရားအဆင့်ဆေးကပဲ အဖေ့ကို ကုနိုင်မှာလို့ မပြောခဲ့ဘူးလား”

ထိုလူသည် နတ်အဆင့်ဆေးမှအကြည့်လွှဲလိုက်သည်။ ထိုဆေးသည် နတ်အဆင့်ဆေးဖြစ်သည်ကို သူ သေချာပေါက်သိသည်။ နတ်အဆင့်ဆေးသည် ရွှေရောင်ခပ်ဖျော့ဖျော့ရှိပြီး ကိုယ်ထည်ကို နဂါးအစစ်နှင့်ရစ်ပတ်ထားသည်ဟု သားဖြစ်သူကို ပြောခဲ့သူမှာ သူကိုယ်တိုင်ပင်ဖြစ်သည်။ သူ၏မျက်လုံးများ ပိုင်ရုန်း၏ခန္ဓာကိုယ်ပေါ်ကျရောက်သွားပြီး ချက်ချင်းပင် စိတ်ဆိုးဆိုးနှင့် မျက်လုံးပြူးပြကာ အော်လိုက်လေသည် “ချထားလိုက် မင်းကို ဘယ်သူ လုပ်ခိုင်းလို့လဲ”

အနည်းငယ် အားထုတ်လိုက်သည်နှင့် ထိုလူသည် ပြင်းထန်စွာ ချောင်းဆိုးပြီး ပါးစပ်ထဲမှ သွေးများစွာ ပန်းထွက်ကာ အိပ်ရာပေါ်တွင် စွန်းထင်း သွားလေသည်။

ဖခင်ဖြစ်သူ၏ ဆူငေါက်ခြင်းကို ခံလိုက်ရသဖြင့် လွန်စွာထိတ်လန့်သွားရာ ပိုင်ရုန်းသည် လုံးလုံးလျားလျား ငေးငိုင်သွားသည်။ လက်ဖဝါးထဲတွင် ရွှေရောင် ဆေးကို ကိုင်ထားပြီး ပါးစပ်မှာရှုံ့သွားပြီး မျက်လုံးထဲတွင် မျက်ရည်များဝဲလာ သည်။ သို့သော် သူမငိုရဲပေ။

“ငါမမှားရင် ဒီကလေးက ၅ နှစ် ၆ နှစ်ပဲရှိဦးမယ်” ပေထင်းဟွမ် ပြော လိုက်သည်နှင့် ထိုလူ၏ခန္ဓာကိုယ်သည် အေးခဲသွားပြီး အိပ်ရာဘေးတွင် ခွေး သေတစ်ကောင်လို ခံစားချက်မဲ့စွာ လဲလျောင်းနေသည်။ သူမသည် ခေါင်း အနည်းငယ်မော့ကာ ဆက်ပြောလေသည် “သူနဲ့ လမ်းပေါ်မှာတွေ့တုန်းက ခြင်းနဲ့ဆေးပင်တွေရောင်းနေတာ...”

ထိုလူသည် ရုတ်တရက် ခေါင်းမော့လာသည်။ နှုတ်ခမ်းပေါ်တွင် သွေး စီးကြောင်းရှိနေပြီး ကလေးငယ်အား ခက်ထန်သောမျက်လုံးများနှင့် ကြည့်လေ သည် “မင်း ဆေးပင်တွေ သွားရောင်းပြန်ပြီလား မင်းကို ဘယ်သူသွားခိုင်းလို့လဲ”

All Chapters