← Chapters

ကျွန်တော့်နာမည်က ပိုင်ရုန်မဟုတ်ဘူး

Vol. 56 Ch. 1113

ကျွန်တော့်နာမည်က ပိုင်ရုန်မဟုတ်ဘူး

Vol. 56 Ch. 1113

ပိုင်ရုန်၏ခန္ဓာကိုယ်သည် တုန်ယင်သွားလေသည်။ ပေထင်းဟွမ်သည် သူ့ကို ရင်ခွင်ထဲထည့်ဖက်ကာ အသာအယာပုတ်ပေးပြီး ကလေးတစ်ယောက် လို နှစ်သိမ့်၍ ဆက်ပြောလေသည် “ပုရွက်ဆိတ်တွေက အသက်ရှိတုန်းပဲ လူ သားတွေကရော.. ကျွန်တော်ထင်တာတော့ သူ အစာမစားရတာ တော်တော် ကြာပြီထင်တယ်”

ပေထင်းဟွမ်၏လက်ပေါ်သို့ မျက်ရည်တစ်စက်ကျလာသည်။ ထိုလူ၏ အကြည့်သည် ကလေးမျက်နှာပေါ်မှ မျက်ရည်နောက်သို့လိုက်သွားလေသည်။ သူသည် ကြည်လင်သောမျက်ရည်များကြောင့် ဝေဝါးလုနီးပါးပင်။ သူ ခေါင်းကို အသာခါယမ်းပြီး ပေထင်းဟွမ်အား မေးလိုက်သည် “မင်းက ဘယ်သူလဲ ဘာ ပြောချင်နေတာလဲ”

“ကျွန်တော်က ပေထင်းဟွမ်ပါ၊ တစ်ခါက ဝိညာဉ်သခင်မိသားစု လေးခုထဲ ကတစ်ခုဖြစ်တဲ့ ပေထင်းမိသားစုရဲ့ မျိုးဆက်သုံးဆက်မြောက်ပါ” ပေထင်းဟွမ် သည် ထိုလူ၏မျက်နှာအား ပြင်းထန်သောမျက်လုံးများနှင့် စိုက်ကြည့်လေ သည်။ “ကျွန်တော် ဒါကိုပြောတော့ တစ်ခါကဆိုတဲ့စကားကို ထည့်သုံးခဲ့တာပဲ”

“တစ်သက်လုံးမဟုတ်ဘူးလား” ထိုလူသည် ရုတ်တရက်ခေါင်းပြန်မော့ လာသည်။ လှုပ်ရှားမှုသည် ကြီးလွန်းသဖြင့် ထပ်မံချောင်းဆိုးသွားစေ သော်လည်း သူပြန်ပြီးချုပ်တည်းထားလိုက်သည် “ဘာအဓိပ္ပာယ်လဲ၊ မိသားစု ကြီးလေးခုက ဘာဖြစ်သွားပြီလဲ”

ပေထင်းဟွမ် သက်ပြင်းချကာ ထိုလူ၏လက်ထဲသို့ နတ်အဆင့်ဆေးကို ထည့်ပေးလိုက်သည် “ကျွန်တော်က စကားကောင်းကောင်းမပြောနိုင်တဲ့လူနဲ့ ပြောရတာမကြိုက်ဘူး၊ ဆေးသောက်ပြီးရင် ထွက်လာခဲ့လိုက်ပါ ကျွန်တော်တို့ စကားပြောကြတာပေါ့”

ပေထင်းဟွမ် စကားပြောပြီးသည်နှင့် ပိုင်ရုန်ကိုချကာ အိပ်ခန်းထဲမှ ထွက်လာပြီး ကောင်းကင်ကြီးအုပ်မိုးနေသည့် ဧည့်ခန်းတွင် ရပ်နေလေသည်။

“အစ်ကိုကြီး အဖေ နတ်အဆင့်ဆေးကို စားလား၊ ဒီဆေးက အဖေ့ရောဂါ ကို ကုနိုင်မှာလား” ပိုင်ရုန်သည် အထဲကို စိတ်လှုပ်ရှားစွာနှင့် ကြည့်ပြီး မေးလေ သည်။

“ဟုတ်တယ်” ပေထင်းဟွမ်သည် ဆောင့်ကြောင့်ထိုင်လိုက်သော်လည်း ကလေးတစ်ယောက် တစ်ရပ်စာရှိလေသည် “ပိုင်ရုန်...”

“သူ့နာမည်က ပိုင်ရုန်မဟုတ်ဘူး” အထဲမှအသ့ထွက်လာလေသည်။ ထို့နောက် ထိုလူ၏ပုံရိပ်သည် တံခါးတွင်ပေါ်လာသည်။ သူသည် နံရံကိုမှီထားရ ၏။ သူ့မျက်နှာနှင့်မျက်လုံးများသည် အရောင်အသစ်နှင့် လင်းလက်နေသည်။ အတန်ကြာအောင် စောင့်ဆိုင်းပြီးနောက် အသက်သွေးကြောနှင့်အတူ တောက်ပလာခဲ့သည် “သူ့နာမည်က ရှီမန်ရုန်ပါ”

“ရေက သစ်ပင်ကို ကြီးထွားစေနိုင်တယ်၊ ညီအစ်ကိုရှီမန်ရဲ့နာမည်က ဘယ်လိုခေါ်လဲမသိဘူး” ပေထင်းဟွမ်သည် ရှီမန်ဆုန်းနှင့် ခပ်ဆင်ဆင်ဖြစ်နေ သည့် ထိုလူ၏မျက်လုံးများကို စိုက်ကြည့်ပြီးမေးလိုက်သည်။ ဤကဲ့သို့ နေရာ မျိုးတွင် ရှီမန်မိသားစုမှလူနှင့်တွေ့ရလိမ့်မည်ဟု သူမ ထင်မထားပေ။ ဤလူ သည် ရှီမန်မိသားစုဆီသို့ ပြန်မည့်အစား ဤနေရာတွင် ဆင်းဆင်းရဲရဲနှင့် ရောဂါ အဖြစ်ခံပြီးသေမည့်ပုံပင်။ ဘာကြောင့်နည်း။

“ငါ ပြန်သွားဖို့ မျက်နှာမရှိပါဘူး” ရှီမန်ပိုင်သည် ပေထင်းဟွမ်၏ ရင်ထဲမှ သံသယများကို မြင်နိုင်သည့်ပုံပင် “ငါက ရှီမန်ဆုန်းရဲ့ အမြွှာညီအစ်ကိုပါ၊ ဒီမှာ ပေထင်းညီအစ်ကိုနဲ့ လာတွေ့လိမ့်မယ်လို့ ထင်မထားဘူး”

ဤဝါစဉ်သည် အနည်းငယ်ရှုပ်ထွေးသည်။ ရှီမန်ရုန်သည် ပေထင်းဟွမ် အား အစ်ကိုကြီးဟုခေါ်ပြီး ရှီမန်ပိုင်သည် ပေထင်းဟွမ်အား ညီအစ်ကိုဟုခေါ် သည်။ သို့သော် ထိုအရာများသည် သေးငယ်သောကိစ္စဖြစ်၍ မည်သူမှ ဂရုမစိုက်ကြပေ။

“ပေထင်းညီအစ်ကိုက လူတွေကို အဆုံးထိကူညီတတ်တယ်ဆိုရင် ကလေးကို မျိုးနွယ်ကြီးလေးခု မြို့ကို ဘာလို့ခေါ်သွားမပေးတာလဲ” ရှီမန်ပိုင် သည် အသက်ပြင်းပြင်းရှူပြီး ဟွမ်ချန်းရှိရာဘက် ကောင်းကင်သို့ကြည့်လေ သည် “လွန်ခဲ့တဲ့ ၁၀ နှစ်က ငါ ဆေးပင်စုဆောင်းဖို့ အိမ်ကထွက်လာခဲ့တယ်၊ အဲအချိန်မှာပဲ ရှင်းယွဲ့မြေမှာ သူ့အမေနဲ့တွေ့တယ် ပြီးတော့ တချို့ကိစ္စတွေ ဖြစ်ပျက်ခဲ့တယ်၊ ငါက အလကားလူဖြစ်ခဲ့ပြီး ဝိညာဉ်သခင်မိသားစုကြီးလေးခု ဆီကို ပြန်ဖို့ မျက်နှာမရှိတော့ပါဘူး”

“အစ်ကိုရှီမန်ပိုင် ဝိညာဉ်သခင်မိသားစုကြီးလေးခုက တစ်ခုတည်းအဖြစ် ပေါင်းသွားပြီ၊ အစ်ကိုရှီမန်ပိုင်သာ ပြန်မသွားဘူးဆိုပြီး ခေါင်းမာနေရင်တော့ ညီလေးကို ပြန်ခေါ်သွားဖို့က ပြဿနာတော့မရှိပါဘူး ဒါပေမဲ့...” ပေထင်းဟွမ် ၏အသံသည် အလွန်ဝမ်းနည်းပြီး ဒေါသသံပါနေသည်။ တိတ်ဆိတ်စွာပင် “အစ်ကိုရှီမန်ပိုင် မနေ့ကတင်ပဲ မိသားစုကြီးလေးခုမြို့ ဖျက်ဆီးခံလိုက်ရတယ်၊ မရေမတွက်နိုင်တဲ့ကလေးတွေ အသတ်ခံရပြီး ဒဏ်ရာရကြတယ်၊ မြို့က မြေကြီးထဲကိုမြုပ်သွားပြီ၊ အဲဒါကို မျက်နှာလွှဲရင်တော့ ကျွန်တော်လည်း ပြော စရာမရှိတော့ဘူး”

“မင်း ဘာပြောလိုက်တယ် ဘယ်သူလုပ်တာလဲ ဘယ်သူလုပ်တာလဲ” ရှီမန်ပိုင်သည် ပြေးလာကာ အရူးတစ်ယောက်လို ပေထင်းဟွမ်အား ဆုပ်ကိုင်ပြီး မရပ်မနားလှုပ်ယမ်းလေသည် “ဘယ်သူလဲ အဲဒီကောင်ကို အပိုင်းပိုင်းဖြတ်ပစ် မယ်”

All Chapters