အဂူး၏စိုးရိမ်မှု
Vol. 56 Ch. 1115
“ဟုတ်တယ်” အဂူးပြောလေသည် “အဲတော့ ငါ့အတွေးကလည်း ဒီဘုံက သားရဲတွေ မကြီးထွားလာခင်မှာ ငါတို့တွေ စွမ်းအားကို စုစည်းထားရမယ်၊ မဟုတ်ရင် အဲအချိန်ရောက်ရင် သားရဲတွေဖိနှိပ်တာခံရလိမ့်မယ်၊ ငါတို့တွေ ရှုံးရင် သခင်မျက်နှာပျက်ရလိမ့်မယ်”
ကျို့ယန်သည် ရုတ်တရက်မြေကြီးပေါ်မှ ထခုန်ပြီး လှည့်လိုက်ရာ အနီ ရောင်ဆံပင်နှင့် အနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ယော်ဖြစ်သွား လေသည်။ သူသည် အဂူး၏စကားများကို နားထောင်နေသလိုပင် “ပြောပါဦး ငါတို့တွေ ဘာလုပ်သင့်တယ်လို့ထင်လဲ”
ဤနယ်မြေသည် ယန်မိုထျန်းမျိုးနွယ်နေခဲ့သည့်နေရာကို အတုခိုးထား သည့် နတ်မိစ္ဆာဧကရာဇ်မှ သန့်စင်ထားသော နယ်မြေဖြစ်ပြီး ဤဧရိယာသည် ပို၍ကြီးမားသည်။ မိုင်ပေါင်းသိန်းချီကျယ်ပြန့်သောတောင်တန်းများ၊ ကျယ်ပြန့် သောသမုဒ္ဒရာများ၊ မိုင်ပေါင်းထောင်ချီသော လွင်ပြင်များနှင့် အဆုံးမရှိသောရွှံ့ နွံများရှိသည်။ ထိုအထဲတွင် နှစ်ပေါင်းတစ်သိန်းကျော်လွန်ပြီးနောက် ပေါများသော မှော်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့ ပူးတွဲတည်ရှိလာသည်။ အားကောင်းသော သားရဲများ မည်မျှ သားပေါက်ခဲ့သည်ကို မသိနိုင်ပေ။
ကျို့ယန်နှင့် အဂူးတို့ကဲ့သို့ သွေးသား သားရဲများသည် မယုံနိုင်လောက် အောင်ပင် မြန်ဆန်သောအရှိန်နှုန်းနှင့် လေ့ကျင့်နိုင်ကြသည်။
“ငါတို့တွေ ကိုယ်ပိုင်အင်အားကို တည်ထောင်ချင်တယ်” အဂူးသည် မိုင် ပေါင်းတစ်သောင်းကျယ်သော၊ တောင်များကိုကြည့်နေသည်။ တောင်ထဲတွင် ကျားများမာန်ဟိန်းနေပြီး နဂါးများသည် အသူတစ်ရာချောက်ထဲမှ ထွက်ပေါ် နေသည်။ “စခန်းတွေအများကြိး တည်ဆောက်ထားပြီး အထွတ်အမြတ်သားရဲ တွေ သန့်စင်သောသားရဲတွေ ဝိညာဉ်သားရဲတွေကို သူတို့ရဲ့ ကိုယ်ပိုင်အင်အားစု ကနေ ဆင့်ခေါ်ထားခဲ့ကြတယ်၊ ငါတို့တွေ နယ်ပယ်ကို အရှိန်မမြှင့်ရင် အဲဒီ ဒေသခံလူတွေရဲ့ စားသောက်ခြင်းကိုခံရလိမ့်မယ်”
“မင်း ဘာပြောလိုက်တာလဲ” ရှောင်ပြေးတော့မလိုဟန်ပြင်နေသည့် မိုးကြိုးသွားသည် ထိုစကားကိုကြားသောအခါ ငြိမ်မနေနိုင်တော့ဘဲ ထုံရှန်းရှိရာ ဘက်သို့ ညွှန်ပြလေသည် “ငါတို့တွေ အဲဒီဒေသခံတွေရဲ့ စားတာကိုခံရမယ်ပေါ့၊ လာနောက်နေတာလား၊ ဒီနယ်ပယ်က ဘယ်သူ့အပိုင်လဲ သခင့်အပိုင်လေ၊ ငါတို့ က သခင့်ရဲ့သားရဲတွေပဲ သူတို့တွေက ငါတို့ကို အနိုင်ကျင့်ရဲမှာလား”
လင်းမိုသည် မြေပေါ်မှထပြီး သူ၏ခေါင်းသုံးလုံးကို ခါယမ်းလိုက်သည်။ သူသည် မိုးကြိုးသွားအား ငတုံးဟု အမှန်တကယ်ခေါ်ချင်သော်လည်း မခေါ်ရဲ ပေ။ ထို့ကြောင့် သူပြောလိုက်သည် “ဒီနယ်ပယ်က သခင့်အပိုင်ဆိုပေမဲ့ သူတို့ တွေက ဒီမှာပဲမွေးပြီး သားပေါက် နေခဲ့တာကိုတော့ ဘယ်သူမှ မငြင်းနိုင်ဘူး လေ၊ ပုရွက်ဆိတ်က ဆင်ဖြစ်လာမှာပဲ ငါတို့တွေ ကိုယ့်မြေကိုယ်မလုပ်ရင် သူတို့ တွေက ငါတို့ကို တစ်ယောက်ချင်းစီ သတ်ပစ်ကြလိမ့်မယ်”
ရှောင်ကျောက် ခေါင်းညိတ်လေသည်။ သူ၏ဦးခေါင်းမှ လုံးဝန်းသော နားရွက်နှစ်ခု တုန်ယင်သွားလေသည် “လွန်ခဲ့တဲ့ရက်ပိုင်းက ငါ ရေသောက်ဖို့ တာဝန်ကန်ကိုသွားခဲ့တယ်၊ အဲဒီမှာ စပါးအုံးအကြီးကြီးက ငါ့နောက်ကိုလိုက် လာတာ၊ ဘုရားရေ ငါက သူ့နယ်နိမိတ်ထဲမှာ ရပ်နေတာလို့ သူကပြောလိုက် သေးတယ်၊ မင်းသိတဲ့အတိုင်းပဲ ငါက အမွေးရှည်မြွေပါလေ၊ ငါ့အကြိုက် အစားအသောက်က မြွေသားပဲ၊ အဲတော့ ဒေါသထွက်ပြီး သူနဲ့တိုက်ခိုက်ပြီး နေက်ဆုံးတော့ ငါသတ်နိုင်လိုက်ခဲ့တယ်၊ ငါ့မှာ မြွေသည်းခြေအိတ်ရှိတုန်းပဲ၊ မင်းတို့ကိုပေးမယ် ဆရာလည်း ဆေးသန့်စင်လို့ရတယ်”
“အဲလိုကိစ္စရှိသေးတာလား” ကျင့်ကြံရန်မှော်စွမ်းအင်စုစည်းနေသော ရှောင်ထန်းပင်လျှင် မတည်ငြိမ်နိုင်တော့ပေ။ သူသည် မြေကြီးမှလှုပ်ရှားပြီး ဆွေးနွေးမှုထဲဝင်ပါလေတော့သည် “ဘယ်ဟာက သေလောက်အောင် ကြောက် ဖို့ကောင်းတယ်လို့ ပြောလိုက်တာလဲ၊ ဒီနယ်ပယ်ထဲက သားရဲတွေက ရူးနေကြ တာလား၊ စပါးအုံးအကြီးကြီးက သားရဲအဆင့်မြွေပါကို ရန်စရဲယ်ပေါ့”
“မဖြစ်နိုင်တာ သူတို့က ဘာမှသိတဲ့ကောင်တွေလေ၊ ငါက ဘာမျိုးစိတ်လဲ ဆိုတာကိုတောင်သိတာမဟုတ်ဘူး ငါဘာလုပ်နိုင်မှာလဲ” ရွှေရောင်မျက်လုံးနှင့် ရှောင်ကျောက်သည် အနောက်မှ အမွေးပွအမြီးကို ခါယမ်းကာ လက်သည်း ဖြန့်ထုတ်ပြီး ကူကယ်ရာမဲ့စွာပြောလေသည်။
အဂူးသည်လည်း ခေတ္တမျှဆွံ့အသွားလေသည် “ဒီကမျိုးစိတ်တွေက ၃၃ ကောင်းကင်ဘုံက မျိုးစိတ်တွေအဓိကရှိတယ်၊ ပြီးတော့ တချို့မျိုးစိတ်တွေက ဒီနေရာမှာပဲ နှစ်တစ်သိန်းလောက် မွေးပြီးကြီးလာခဲ့တာ၊ ရှောင်ကျောက်ကို မသိတာ သဘာဝပဲ၊ အဲတော့ ပြောရရင် ငါတို့တွေ စောစောပြင်ဆင်ရမယ်”
“ဒါဆိုလည်း အခုပဲစကြတာပေါ့ မြို့တည်ပြီး တပ်သားစုဆောင်းမယ်၊ တစ်ဖက်မှာ ငါတို့တွေ နေရာအတည်တကျဖြစ်သွားမယ်၊ တစ်ဖက်မှာ သခင့် အတွက် သားရဲတပ်တည်ထောင်နိုင်မယ်” ကျို့ယန်ပြောလေသည်။